မိသားစုတိုင်းကြည့်သင့်တာလေးက

taare+zameen+par

ကျွန်မက နိုင်ငံခြား ရုပ်ရှင်တော်တော်ကြည့်သူတစ်ဦးပါ။

အထူးသဖြင့် ရိုမန့်တစ်နဲ့ဒရမ်မာတွေပါ။ အက်ရှင်တွေလည်း မကြည့်ဖူးလားဆိုတော့ တော်တော်ကြည့်ပါတယ်။

ဒါပေမယ့် အက်ရှင်တွေကိုကျတော့ ကိုယ်ကြိုက်လို့ ရွေးထုတ်ကြည့်လိုက်တာမျိုးမဟုတ်ပဲ တခြားသူကြည့်နေတာကို ဝင်ကြည့်ပြီး မထတမ်းဖြစ်သွားတာပါ။

ဒီဘောလိဝုဒ်ရုပ်ရှင်လေးကို ကြည့်ကြဖို့ ညွှန်းပေးချင်တဲ့ဆန္ဒလေးတစ်ရပ်ပေါ်လာခဲ့မိပါတယ်။

အရင်က ဘောလိဝုဒ်ရုပ်ရှင်တွေဆို ဟင့်အင်း လို့ချည့်ငြင်းမိနေကျပါ။

အခုနောက်ပိုင်း ရိုက်ကူးပုံတွေပြောင်းလဲ တိုးတက်လာတဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေကို သဘောကျလာပါတယ်။

ကုလားကားဝယ်ခဲ့ပါ လို့ သီးသန့်မမှာကြားတတ်ပေမယ့်…ဒီကုလားကားအရမ်းကောင်းတယ် လို့ညွှန်းပြီးဝယ်လာပေးရင်တော့ ကြည့်ဖြစ်ရင်း ကုလားကား ကောင်းကောင်း။ ၄၊၅ကားလောက် စုမိနေပါပြီ။

အခုကားလေးက ကြည့်ဖူးသူတွေလည်းကြည့်ဖူးလောက်ပါပြီ။

https://www.google.com/search?hl=en&tbo=d&noj=1&q=taare+zameen+par+movie+online&revid=935999765&sa=X&ei=_Qb0UN-pHsbprAfKp4CACA&ved=0CG8Q1QIoAA&biw=1366&bih=662

အဓိကပေးချင်တဲ့ မက်ဆေ့က ကလေးတွေရဲ့အားနည်းမှုနဲ့စိတ်ခံစားမှုကို အုပ်ထိန်းသူ လူကြီးတွေ၊ဆရာတွေအနေနဲ့ နားလည်ပေးနိုင်ရမယ်။

ဆိုတဲ့သဘောလေးပါ။

watch-taare-zameer-par-online

 

33 comments

  • Mr. MarGa

    January 14, 2013 at 8:46 pm

    ကြည့်ဖူးတယ်
    အဲဒီကားကို
    ကလေးက ပုံမှန်မဟုတ်တဲ့ အမြင်အာရုံရှိတာလေ
    အဲဒါ မင်းသားနဲ့တွေ့မှ လူမှန် နေရာမှန် ရောက်သွားတာ
    ကုလားကားကို သိပ်မကြည့်ဘူး
    ကြည့်ရင် တခြားကားတွေပါ ထပ်ကြည့်ချင်လို့
    ဖြတ်ထားတာ
    လက်ရှိတော့ eega ဆိုတာလေး မနေ့ကမှ ကြည့်လို့ပြီးတယ်

    • EEGA ကတော့ ပထမပတ်က ကြည့်ဖြစ်တယ်သကြားရေ။ယင်ကောင်လေး လေ့ကျင့်ခန်းလုပ်တာအရမ်းသဘောကျမိတယ်။
      Hunted ကောကြည့်ဖူးလား။သူလည်းမဆိုးဘူး။

  • Don Juan Ronald

    January 14, 2013 at 9:02 pm

    ဒီကုလားကားကအရမ်းကောင်းတယ်။
    မိဘများတွေဒီကားကိုကြည့်ပြီးသင်ခန်းစာယူသင့်ပြီး၊
    ဆရာ၊ဆရာမများတွေဒီကားကိုကြည့်ပြီးအတုယူသင့်ပါကြောင်း။

    • အမှန်ပါပဲDon Juan Ronald ရှင့်။တကယ်ကောင်းတဲ့ရုပ်ရှင်ပါ။

      မကြည့်ရသေးတဲ့ဦးပေလည်း ကြည့်ကြည့်ပေါ့။
      ကလေးက စာမှတ်ရတာ မရှင်းတဲ့ရောဂါရတာတဲ့။
      ပြောင်းပြန်တွေမှတ်တယ်။စာနဲ့စိတ်ကူးယဉ်တာတွေနဲ့ရောပြီး သူနားလည်သလိုတွေ ဖန်တီးတယ်။
      အဲ့လိုပုံစံပေါ့နော်။
      မိဘတွေတိုင်း နံပါတ်တစ်တွေကိုချည့်မမျှော်မှန်းသင့်ကြောင်း၊ကလေးရဲ့အားသာချက်နဲ့လိုက်ဖက်တာကို တွန်းအားပေးသင့်ကြောင်း လေ့လာမိတယ်။
      စာကောင်းကောင်းမသင်ခဲ့တဲ့ ကမာ္ဘကျော်တွေနဲ့ဥပမာပြတယ်။
      တော်တော်ကောင်းတာပါ။
      ှုီဦးပေပြောတဲ့ ကားတော့ကြည့်ရသေးဝူး

  • မောင်ပေ

    January 14, 2013 at 9:10 pm

    ကျုပ်ကတော့ ကုလားကားထဲမှာဆိုရင် အွန်ရှန်ဒီအွန် ရုံတင်တုန်းက ၂ခါသွားကြည့်တယ်
    နောက်ပြီး ၊ အခုနဲနဲနာမည်ရနေတဲ့ ဟာသမင်းသား (တရုတ်သိုင်းကားရိုက်တဲ့တစ်ယောက်) သူ ့ကားတွေ ဆိုရင် မလွတ်တမ်းကြည့်တယ်

  • kai

    January 15, 2013 at 2:13 am

    ယူအက်စ်မှာ ကုလားကားတွေငှားကြည့်ရခက်ပါတယ်..။
    အိမ်နားမှာတော့.. ကုလားကားတင်တဲ့..ရုပ်ရှင်ရုံလေးရှိတယ်..။ သွားတော့မကြည့်ဖြစ်သေးဘူး..

    အခုယူထားတဲ့… Netflix ထဲမှာတော့ အခုကား မတွေ့မိဘူး..
    အဲဒါ.. Google TV, apps တွေထဲများ ရှိမလား.. သွားရှာတော့.. အောက်က App လေးတွေ့တယ်..။
    စိတ်ဝင်စားစရာက.. အဲဒီ Appရဲ့.. Description ပါ…။
    https://play.google.com/store/apps/details?id=com.softcell.hindimovies&hl=en
    Description
    !!!Watch High Definition Hindi movies!!!

    You can search movies by Movie Name, Artists and by Genre. You will find most popular movies, from old classics to latest bollywood movies in this app.

    ****NOTE****
    This app requires 3G/WiFi Internet Connection. It will work in 2G also but will take time to buffer and you will see more of “Can not play this video” messages.
    If you get message “Cannot play this video” please Retry it. This problem occurs due to connection time out from YouTube server.

    DISCLAIMER: The content provided in this app is hosted by YouTube and is available in public domain. We do not upload any Hindi Movies to YouTube. This app is just an organized way to browse and view these YouTube Videos

    ဘာပဲဖြစ်ဖြစ်..
    ရုပ်ရှင်ဆို.. ဘီလူးသရဲစီးကြိုက်တာမို့.. ကားကောင်းလေးတွေ..ညွှန်းဆို.. တင်ပေးစေလိုပါကြောင်းရယ်.. :kwi:

    • အရီးခင်လတ်

      January 15, 2013 at 4:42 am

      သူကြီးက ဘီလူးကား ကြိုက်ကြောင်း ကြေငြာ နေတယ်ဟေ့။ 😆

    • Khaing Khaing

      January 15, 2013 at 12:57 pm

      သူကြီးက ဘီလူးသရဲစီးတာကြိုက်တယ်ဆို ….. ကုလားကားထဲမှာ အဲဒီကားတွေရှိတယ် … ဟိုတစ်လောက ကြည့်တာ တော်တော်ကောင်းတယ် ….. ဇာတ်လမ်းဇာတ်အိမ်ဖွဲ့တာ ယိုးဒယား၊ ဒရက်ဂူလာ၊ ဂျပန်၊ တရုတ်၊ မလေးအားလုံးထက်သာတယ် …. သီချင်းဆိုခန်းတွေလည်းမပါဘူး …… မနက်ဖြန်ကျမှ ကားနံမည်တွေတင်ပေးမယ် …… ဒီက သရဲဘီလူးကားတွေဆို အရမ်းကြိုက်တာ … ဇာတ်လမ်းတွဲဆိုရင်တော့ မကြည့်ဘူး ….. မကြည့်ဖူးတဲ့သရဲကားက တော်တော်တော့ ရှားတယ် … အခုက အဲဒီကားတွေကြည့်တာ ရပ်ထားတယ် ……

      • kai

        January 15, 2013 at 4:24 pm

        “ဘီလူးသရဲစီးတာကြိုက်တာ”မဟုတ်ဖူးဟေ့…
        “ဘီလူးသရဲစီးကြိုက်တာ”… :buu:

        အဲဒီ.. အတင်းဖြဲခြောက်ပြတဲ့ကားတွေများ.. ဘီလူးသရဲစီးမုန်း… မုန်း…. လွန့်လွန်လွန်းလို့.. :harr:

    • တဂျီးရေ ရုပ်ရှင်အညွှန်းတွေတင်ပေးပါလို့ တောင်းဆိုလို့ကတော့ ဘီလူးသရဲစီးတင်ပေးလိုစိတ်ရှိပါတယ်။
      တော်ကြာ ရုပ်ရှင်ကိုယ်စားလှယ်မှတ်ပြီး ကြော်ငြာတယ်ထင်မှာဆိုးလို့
      :kwi:

      နောက်လည်း ကားကောင်းလေးတွေ အဆက်မပြတ် တင်ပေးချင်ပါတယ်။

  • အရီးခင်လတ်

    January 15, 2013 at 4:58 am

    အရီး အဒေါ်က ကုလားကား အင်မတန်ကြိုက်လို့ ငယ်တုန်းက အရမ်းကြည့်ရတာ။
    အခုတော့ မကြည့်ရတာကြာပြီ။
    Post လေးတွေကို ဖတ်ပေမဲ့ ဒီရက် မှတ်ချက်တွေ မပေးဖြစ်တာ စိတ်မရှိပါနဲ့ မနန်းရေ။
    အလုပ်နဲနဲလေး များနေလို့။
    :hee:

  • ဗုံဗုံ

    January 15, 2013 at 9:40 am

    မမနန်းပြောမှ ကြည့်လိုက်အုံးမယ် နောက်ဆိုအသုံးဝင်လာမယ်လေ ကြိုတင်လေ့လာထားမှ တော်ကာကျမယ် :harr:

    • အရီးရေ မှတ်ချက်မပေးဖြစ်တာကိုနားလည်ပါတယ်။မှတ်ချက်ပေးရတာလဲ အချိန်တစ်ခုပေးရတာပဲလေ။အဆင်မပြေတဲ့အချိန်တွေဘယ်ပေးနိုင်မလဲ။ဝင်ဖတ်ပေးတာကိုပဲကျေးဇူးတင်ပါတယ်ရှင်။

      ဗုံဗုံကော အရီးပါ ဒီကုလားကားလေးကြည့်ကြည့်ပေါ့။ကျွန်မလည်း သူများဝယ်လာပေးလို့ ကြည့်ဖြစ်ရင်းကြိုက်သွားတာပါ။

  • mamanoyar

    January 15, 2013 at 9:50 am

    ကျေးချူးပါ မမနန်းတော်ရာသူရေ
    ကြည့်လိုက်ဦးမယ်နော်

    • mamanoyar ရေ ကြည့်လိုက်ပါ။နောက်လဲ ကားကောင်းလေးတွေညွှန်းပေးဦးမယ်။

      ကိုThu Wai ပြောတဲံကားတော့ ကျွန်မမကြည့်ရသေးဘူး။ကျွန်မက ကုလားကားအကြည့်နည်းလို့ပါ။
      ကောင်းရင် ဝယ်ဦးမယ်။

  • Thu Wai

    January 15, 2013 at 10:19 am

    အဲဒီမင်းသားပါပဲ 3 idiot နောက်ပြီး အခု ထွက်နေတဲ့ကား Berfil ဘာဖေး ဆိုတဲ့ကားအဲဒီမင်းသားတော့မဟုတ်ဘူး တော်တော့်ကို ကောင်းတဲ့ ဇာတ်လမ်းလေးတွေပါ တအားလည်းရယ်ရတယ်။

  • Tin Tin

    January 15, 2013 at 10:43 am

    မနန်းရေ… မှတ်ထားလိုက်ပါပြီ .. ရှာဝယ်ပြီး ကြည့်လိုက်ပါ့မယ်နော်…
    ကျေးဇူးတင်ပါတယ်..

  • ဂန္ဓာရီ ဆြာအုပ်

    January 15, 2013 at 11:42 am

    ရှာကြည့်လိုက်ဦးမယ်ဗျို့..

  • မင်းနန္ဓာ

    January 15, 2013 at 1:22 pm

    ကိုယ့်မှာလည်း ကလေးတွေနဲ့ဆိုတော့
    ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးမယ်ဗျ

    • Tin Tin၊ ဆြာအုပ်နဲ့ ကိုမင်းနန္ဓာ ရေ ကလေးတွေအတွက် အုပ်ထိန်းသူတိုင်းကြည့်သင့်ပါတယ်။
      ဝင်မန့်အားပေးတာကျေးဇူးပါရှင်။

  • Khaing Khaing

    January 15, 2013 at 1:30 pm

    ဒေါင်းကြည့်တာ ရုံးကစက်ကလေးနေတယ် …. အခွေရှာငှားကြည့်မှပဲ ကြည့်ဖြစ်ပါလိမ့်မယ် …. မိသားစုကားလေးဆိုတော့ စိတ်ဝင်စားပါတယ် ….

  • တိမ်မည်း

    January 15, 2013 at 5:06 pm

    မှတ်မှတ် သားသား အဲ့ မင်းသား ပါတဲ့ကားတွေ ကောင်းတာများပါတယ်….

    အခုထိ ခနခန ပြန်ကြည့်မိတဲ့ကားကတော့ 3Idiots ပါ

    • မKhaing Khaingရေ အခွေသာဝယ်ကြည့်လိုက်။ဝယ်လို့လွယ်ပါတယ်။
      ကျွန်မကတော့ ဘာကိုမှဒေါင်းကြည့်လို့အဆင်မပြေဘူး။ဝယ်ပဲကြည့်လိုက်တယ်။

      ကိုတိမ်မည်းရေ အဲ့ဒီမင်းသားရဲ့ သရုပ်ဆောင်ချက်က ကျွန်မကိုယ်တိုင်တောင် မျက်ရည်ဝဲမိတယ်။
      ကားကဝမ်းနည်းစရာဒီလောက်မကောင်းပေမယ့် သူ့မျက်လုံးကိုကြည့်တာနဲ့ပါ။

  • Mr. MarGa

    January 15, 2013 at 7:03 pm

    3 idiots ကိုတော့ တော်တော်ကြိုက်မိပါ့
    ပညာရေးနဲ့ ပတ်သက်တာမို့လို့
    အရမ်းကြည့်ချင်တဲ့ ကား တစ်ကားရှိတယ်
    နာမည်မသိဘူး
    ဇာတ်လမ်းမှာတော့ မင်းသားက စကားမပြောတတ်ဘူးဗျ
    နာမည်မေ့နေလို့ အခုထိ မကြည့်ရသေးဘူး

    • Khaing Khaing

      January 16, 2013 at 11:49 am

      မင်းသားက စကားမပြောတတ်ဘူး …. မင်းသမီးက ကျပ်မပြည့်ဘူး …. သူတို့နှစ်ယောက်ယူသွားတယ် …. အဲဒါကို ဦးနှောက်ပြည့်တဲ့မင်းသမီးက သူတို့နဲ့အတူ သက်ဆုံးတိုင်နေသွားတယ် …. အဲဒီကားလား ….. ကြည့်ချင်ရင် ခွေဝယ်ကြည့် နံမည်ပြောပြပေးမယ် … ခုတော့ မမှတ်မိဘူး ….

  • ဒီဇာတ်ကားကို …
    ကျုပ်တော့ ကျည့်ဖူးဘူး ယောက်ခမဂျီးရေ …
    နောက်တော့ ဒေါင်းပီး ကြည့်လိုက်အုံးမယ် …
    ကုလား ကားတွေလည်း ..
    ကောင်းတဲ့ကား တော်တော် ကောင်းဒယ်ဂျ …
    အက လေးတွေကသာ နည်းနည်း ရှည်နေတာ …

  • ခမည်းခမက်သကြားပုလင်းပြောတဲ့ကားကို ကျွန်မကြည့်ဖူးသလိုပဲ သိပ်တော့မမှတ်မိတော့ဘူး။
    နောက်မှ ရှာဖွေပေးဦးမယ်။

    မောင်အံရေ အခုကုလားကားတွေက ရိုက်ကူးပုံပြောင်းလာပါပြီ။အကတွေနဲ့ပေရှည်နေတဲ့ကုလားကားတွေတော့ အစ်မလဲမကြိုက်ပါဘူး။
    အဲသဟာကြောင့် ကုလားကားဆို ဟင့်အင်း ခဲ့တာပေါ့။
    အခုနောက်ပိုင်းကားတွေ ကြည့်ကြည့် မကတော့ဘူး။
    နောက်ခံသီချင်းလေးတွေလဲ ကောင်းလာတယ်။

  • ကုလားကား ကျနော်နှစ်သက်တဲ့ကားကတော့
    water ဆိုတဲ့ကားဗျ။
    အပျိုမုဆိုးမတွေအကြောင်းရိုက်ထားတဲ့ကားပါ။

  • kyeemite

    January 16, 2013 at 1:38 pm

    3 idiot က အဲဒီမင်းသားပဲ
    တော်တော်ကောင်းတယ်ဗျာ..
    ပညာပေးသဘောလည်းပါတယ်…ရီစရာလည်းပါသလို ငိုလောက်ချင်စရာလည်းပါတဲ့ကားကောင်းလေးပါ..
    •*¨နန်းတော်ရာသူ •*¨ညွှန်းတဲ့ကားလေးလည်းကြည့်ဖူးတယ်…ကားကောင်းတစ်ကားပါပဲ.. :hee:

    • ကိုပေါက်ပြောတဲ့ကားလည်း စိတ်ဝင်စားဖွယ်ရာပဲ။

      ဦးကြီးမိုက်ပြောတဲ့ကားက တော်တာ်လေးပြောနေကြပါလား။တော်တော်ကောင်းလိမ့်မယ်။
      မဖြစ်မနေရှာကြည့်ရမယ်။
      မန့်ပေးကြတာ ကျေးဇူးပါရှင်။

      • ဝါးတား =ရေ
        ဆိုတဲ့ကားလေးကို ကျနော်အကြိမ်ကြိမ်ပြန်ကြည့်မိတယ်။
        ပထမတစ်ခါ ခွေဆိုင်ကငှားကြည့်တော့ ဘာစာတန်းမှမပါဘူး။
        ကုလားစကားလည်းနားမလည်ဘူး။
        ဒါပေမယ့် ခံစားရ၏
        နောက်တစ်ခါ တရုပ်ပြည်ဘက်ကလာတဲ့ အတွဲကားထဲမှာပါလာတယ်။
        ရှင်းရှင်းပြောရရင်ဒီလိုကားမျိုးက မူရင်းခွေဝယ်ချင်ပါတယ်ပြောလဲ ရောင်းပေးမယ့်ဆို်င်မရှိဘူး။
        အဲတော့ လွယ်တာဘဲဝယ်ကြည့်လိုက်ရတယ်။
        နောက်တစ်ခါဝယ်တော့ အင်္ဂလိပ်စာတန်းထိုး.
        ဘယ်အားလုံးတော့နားလည်ပါ့မလဲနော်။
        သို့သော်ခံစားရပါ၏။
        ကြုံရင်ကြည့် နော်
        ဝါးတား ဝါးတား

  • surmi

    January 17, 2013 at 9:30 am

    အိမ်ကအမျိုးသမီးကတော ့ အလွန်ကြိုက်
    ကျုပ်ကတော ့ မျက်စိမှိတ်ထားတာ ။သူတို ့ကျေနပ်အောင် လိုက်ပြပေမဲ ့
    နားတွေညီး မျက်စိတွေနောက်လို ့ မကြည် ့တာ
    မကြိုက်ရကောင်းလားဆိုပြီးတောင်မှ အပြောခံရသေး

  • luu noutlay

    August 1, 2013 at 12:10 am

    ကုလားကား တွေက ကောင်းပါတယ် (အကတွေ တိုတိုတုတ်တုတ်လုပ်ရင်ပေါ့)

Leave a Reply