စာလင့်ခ် ထည့်၊ ပုံ ဘောင်ထည့်နဲ့ ဟိုကလိ ဒီကလိ

++++++++++++++++++++++++++++++++++++++++++++++

ယခုပို့စ်မှာ ကျွန်ုပ်၏ စာနွေးခြင်း ပို့စ်တစ်ပုဒ်သာ ဖြစ်ပါကြောင်း …….။

++++++++++++++++++++++++++++++++++++++++++++++

စာ လင့်ခ် ထည့်

စာကို လင့်ခ် ထည့်တာများ လွယ်လွယ်လေး ….။

လင့်ခ် ထည့်ချင်တဲ့ စာကို Select မှတ်၊ ပြီးရင် လင့်ခ် icon လေးကို နှိပ်ပြီး ထည့်လိုက်ရုံပေါ့ ….။

သိပြီးသား ဖြစ်ပေမယ့် ….. ကလိမိရာ ဖြစ်လို့ ဒီထဲ ထည့်လိုက်တယ်ဗျာ …..။

++++++++++++++++++++++++++++

လင့်ခ် ထည့်ချင်တဲ့ စာကို အရင်ဆုံး Select မှတ်
လင့်ခ် ထည့်ချင်တဲ့ စာကို အရင်ဆုံး Select မှတ်၊ ပြီးရင် လင့်ခ် ပုံစံလေးကို နှိပ်

ဒီလိုလေး ပေါ်လာတဲ့အခါ .. အပေါ်က http:// ဆိုတဲ့ နေရာမှာ ကိုယ်သွားချင်တဲ့၊ ညွှန်းချင်တဲ့ လင့်ခ်ကို ထည့်ပါ။ အောက်က Box လေးကို ခေါက်ခြစ်မယ် ဆိုရင်တော့ အဲ့ဒီ လင့်ခ်က နောက် Tab တစ်ခုမှာ ပွင့်ပါလိမ့်မယ်။
ဒီလိုလေး ပေါ်လာတဲ့အခါ .. အပေါ်က http:// ဆိုတဲ့ နေရာမှာ ကိုယ်သွားချင်တဲ့၊ ညွှန်းချင်တဲ့ လင့်ခ်ကို ထည့်ပါ။ အောက်က Box လေးကို ခေါက်ခြစ်မယ် ဆိုရင်တော့ အဲ့ဒီ လင့်ခ်က နောက် Tab တစ်ခုမှာ ပွင့်ပါလိမ့်မယ်။

ဒါကတော့ နမူနာပုံစံ ပေါ့ဗျာ
ဒါကတော့ နမူနာပုံစံ ပေါ့ဗျာ

အကယ်၍များ ကိုယ်ထည့်မယ့် ပို့စ်ရဲ့ လင့်ခ်ကို ရှာချင်ရင်တော့ အောက်မြှားပြထားတဲ့ နေရာလေးကို နှိပ်၊ ပြီးရင် Search ဆိုတဲ့ နေရာလေးမှာ ကိုယ် လင့်ခ် ထည့်မယ့် ပို့စ်ခေါင်းစဉ်ကို ရိုက်ပြီး တိုက်ရိုက် ရှာဖွေနိုင်ပါတယ်။ တွေ့ပြီဆို ကလစ်လိုက်ရုံပါပဲ။
အကယ်၍များ ကိုယ်ထည့်မယ့် ပို့စ်ရဲ့ လင့်ခ်ကို ရှာချင်ရင်တော့ အောက်မြှားပြထားတဲ့ နေရာလေးကို နှိပ်၊ ပြီးရင် Search ဆိုတဲ့ နေရာလေးမှာ ကိုယ် လင့်ခ် ထည့်မယ့် ပို့စ်ခေါင်းစဉ်ကို ရိုက်ပြီး တိုက်ရိုက် ရှာဖွေနိုင်ပါတယ်။ တွေ့ပြီဆို ကလစ်လိုက်ရုံပါပဲ။

++++++++++++++++++++++++++++

ပုံ ဘောင်ထည့်

ပုံ အကြောင်း ပြောမယ် ဆိုတော့ ….

ကိုဂီ ရေးထားတဲ့ ပို့စ် တစ်ခု ရှိပါတယ်။

လက်ရှိ WP Version ရဲ့ ပိုမို မြန်ဆန်တဲ့ ပုံထည့်တဲ့ နည်းစနစ်လေးပေါ့ ….။

ဒါကို ကိုဂီ က နေပြီး “ရွာထဲမှာ ပုံတွေ တင်ဖို့ အတွက်” ဆိုကာ ပို့စ်တစ်ပုဒ် တင်ထားပါတယ်။ ပုံထည့်မယ်ဆို ဒါလေးကို ညွှန်းဆိုပါတယ်။

ကျနော် အခု ပြောမှာကတော့ အောက်က Caption ဆိုတဲ့ ရှင်းလင်းချက် စာတွေ မပါတဲ့ ပုံတွေ အတွက်ပါပဲ

ဒီပုံတွေက ဘောင်ကွပ်ပြီးသား ဆိုရင် သိပ်မဟုတ်လှပေမယ့် ….။

ဘောင် မကွပ်ရသေးတဲ့ ပုံတွေကို ဒီထဲမှာပဲ ဘောင်ကွပ်ချင်တယ် ဆိုပါက ဟောဒီလိုလေးသာ လုပ်လိုက်ပါ ….။

ပုံက ဘောင်လေးတွေနဲ့ ပိုပြီးများ ကြည့်ကောင်း သွားလေမလားပဲ ….။

++++++++++++++++++++++++++++

MG မှာ ပုံတင်မယ် ဆိုရင် ပုံရဲ့ အရွယ်အစားဟာ 600px x 400px ဟာ အနေတော်ပါပဲ။
MG မှာ ပုံတင်မယ် ဆိုရင် ပုံရဲ့ အရွယ်အစားဟာ 600px x 400px ဟာ အနေတော်ပါပဲ။

Save လုပ်တဲ့အခါမှာလည်း နံပါတ် (၈) ဟာ အနေတောပါတဲ့။
Save လုပ်တဲ့အခါမှာလည်း နံပါတ် (၈) ဟာ အနေတော်ပါတဲ့။

ပုံလေးကို Upload တင်ပြီးလို့ ပေါ်လာရင် ဘောင်လေး ထည့်ဖို့အတွက် ပုံပေါ်ကို တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် ဘယ်ဘက်က ဟာလေးကို ထပ်နှိပ်လိုက်ပါ။
ပုံလေးကို Upload တင်ပြီးလို့ ပေါ်လာရင် ဘောင်လေး ထည့်ဖို့အတွက် ပုံပေါ်ကို တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် ဘယ်ဘက်က ဟာလေးကို ထပ်နှိပ်လိုက်ပါ။

ဒီအခါ ဒီလိုလေး ပေါ်လာလိမ့်မယ်။ ဟိုးး အပေါ်နားက Advanced Settings ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ။
ဒီအခါ ဒီလိုလေး ပေါ်လာလိမ့်မယ်။ ဟိုးး အပေါ်နားက Advanced Settings ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ။

ဒီနေရာကို ရောက်ရင် Border ဆိုတဲ့ နေရာလေးမှာ ကိုယ်ထည့်ချင်တဲ့ ဘောင်အတွက် နံပါတ်ကလေး ရေးပေးပါ။ ဘောင် ထူထူ ထားချင်ရင် နံပါတ် ကြီးကြီးရေးပေါ့ ခင်ဗျာ။ ရေးပြီးရင် အဲ့ဒီထဲက နေရာလွတ်လေးမှာ ကလစ်နှိပ်လိုက်ပါ။ ဒီအခါ ကိုယ်ထည့်လိုက်တဲ့ ဘောင်အနေအထားကို ဖော်ပြပေးပါလိမ့်မယ်။

ဒါကတော့ ပို့စ်တင်တဲ့ ထဲမှာ မြင်ရမယ့် ပုံစံလေးပေါ့။
ဒါကတော့ ပို့စ်တင်တဲ့ ထဲမှာ မြင်ရမယ့် ပုံစံလေးပေါ့။

++++++++++++++++++++++++++++

Youtube Video တွေထည့်

ဘဂျီးရဲ့ MandalayTube က ဗီဒီယိုကုတ်တွေကတော့ ကျုပ်တို့ ထည့်လို့ အဆင်မပြေဘူး။

ဒီတော့ Video ထည့်မယ်ဆို ကျုပ်ကတော့ Youtube က ဗီဒီယိုတွေပဲ ထည့်တတ်တယ်။

ဒီလို ထည့်ဖို့ဆို ဒီလိုလေးတွေ လုပ်လိုက်တာပဲ ……။

++++++++++++++++++++++++++++

**************************************

**************************************

ဒီစာဒွေဂ နောက်မှ ပြန်ထည့်ဒါ …… အဟီးးးး :mrgreen: :mrgreen:

အစကတော့ အောက်က ပုံတွေထဲကအတိုင်း ရမ်းတုတ်ပြီး ထည့်လိုက်တာ …. ပေါ်ဘူးရယ် …

ဒါနဲ့ …. ခုလိုလေး ထည့်ကြည့်တော့ ပေါ်တယ်ဂျ …..။

သူ့ဟာက ဘာမှ မဟုတ်ဘူးးး Text လည်း ပြောင်းစရာ မလိုတော့ဘူး …။

Visual ထဲမှာပဲ Youtube Video ဖွင့်တဲ့အခါ တွေ့ရတဲ့ Address ကိုပဲ ဒီအတိုင်း ထည့်လိုက်ရုံလေးပါပဲ ….။

ဥပမာ အားဖြင့် …. (youtube..com/watch?v=h93PJO37xEk) ဆိုပြီး ဒီအတိုင်း ပို့စ်ထဲမှာ ထည့်လိုက်တာနဲ့

Video ပေါ်ပါကြောင်း …. Update လုပ်အပ်ပါသည် ခင်ဗျာ ………။

**************************************

**************************************

++++++++++++++++++++++++++++

Youtube ကို အရင်သွား၊ ဗီဒီယိုလေး ဖွင့်၊ Right Click နှိပ်၊ ပေါ်လာတဲ့ ထဲက ဒါလေးကို နှိပ်။
Youtube ကို အရင်သွား၊ ဗီဒီယိုလေး ဖွင့်၊ Right Click နှိပ်၊ ပေါ်လာတဲ့ ထဲက ဒါလေးကို နှိပ်။

ပို့စ် တင်တဲ့ထဲက Text ဆိုတာလေးကို နှိပ်
ပို့စ် တင်တဲ့ထဲက Text ဆိုတာလေးကို နှိပ်

ပြီးရင် Paste လုပ်လိုက်ပါ။
ပြီးရင် Paste လုပ်လိုက်ပါ

ပြီးရင် Visual ကို ပြန်နှိပ်၊ ဒီအခါ ဒါမျိုးလေး မြင်ရပါလိမ့်မယ်။
ပြီးရင် Visual ကို ပြန်နှိပ်၊ ဒီအခါ ဒါမျိုးလေး မြင်ရပါလိမ့်မယ်။

Video ရဲ့ ဆိုက်ကို ချုံ့ချင် ချဲ့ချင်ရင်တော့ အဲ့ဒီပေါ် ကလစ်နှိပ်၊ ထောင့်လေးကနေပြီး မြှားကလေးကို နှိပ်ဆွဲရင်း လုပ်နိုင်ပါတယ်။ Align ချိန်မယ်ဆိုရင်လည်း စာတွေကို Align ချိန်တဲ့အတိုင်း အပေါ်က Align Icon လေးတွေနဲ့ ချိန်နိုင်ပါတယ်။
Video ရဲ့ ဆိုက်ကို ချုံ့ချင် ချဲ့ချင်ရင်တော့ အဲ့ဒီပေါ် ကလစ်နှိပ်၊ ထောင့်လေးကနေပြီး မြှားကလေးကို နှိပ်ဆွဲရင်း လုပ်နိုင်ပါတယ်။ Align ချိန်မယ်ဆိုရင်လည်း စာတွေကို Align ချိန်တဲ့အတိုင်း အပေါ်က Align Icon လေးတွေနဲ့ ချိန်နိုင်ပါတယ်။

++++++++++++++++++++++++++++

Youtube Video နမူနာ ထည့်ကြည့်တာ …

( ဥုံ ….. ဖွ …… ပေါ်စေဒဒီးးးးး :mrgreen: :mrgreen: )

http://www.youtube.com/watch?v=h93PJO37xEk

++++++++++++++++++++++++++++

22 comments

  • သကြားလုုံးကြော်

    January 15, 2013 at 6:53 am

    ဆရာသမားချင့် … ကွန်မန့်ထဲမှာ ပုုံထည့်ချင်ရင် ဘယ်လိုုထည့်ရမလဲ။ သဂျီးကလွဲလိုု့ တခြားသူတွေထည့်တာလဲမတွေ့ရဘူးဆိုုတော့ သဂျီးလိုု ဘီဒိုု အာဏာရှိတဲ့သူတွေပဲ လုုပ်လိုု့ရတာလား။

    ပြီးတော့ သူများတွေကွန်မန့်ထဲမှာတွေ့နေကျ လျှာထွက်နေတဲ့ စမိုုင်လီတိုု့၊ သွားကျိုးနေတဲ့ စမိုုင်လီအမဲရောင်တိုု့ကိုု ရော ဘယ်လိုုထည့်ရမလဲ။
    အက်စကီး စမိုုင်လီပဲလုုပ်ရတာ ပျင်းစရာ။ 🙂

  • surmi

    January 15, 2013 at 8:37 am

    လုပ်တတ်ဘူးကွာ …… ပျင်းတယ်
    ပညာတွေက သင်လို ့မဆုံးနိုင်တော ့ဘူး
    ကဲ ကဲ ကျုပ်ထည် ့ချင်ရင် မောင်ရင် ့ကိုပဲ အပူကပ်တော ့မယ်
    ကျုပ်တို ့က စာတောင်မနဲ ရိုက်ရတာ
    လောလောဆယ်တော ့ ကူးထားဦးမယ် ။နောင်အတွက်……….

    • ဟေ့လူ ဥဆာမိ …
      ကျုပ်က အိုက်ဂျရင် မသိချင်ယောင် ဆောင်နေမှာ … :mrgreen:
      စာတောင် မနည်း ရိုက်ရလို့ …
      ဖုန်းနဲ့ ချက်တာများ မြန်မှမြန် ….
      ကျုပ်ဆို တစ်လုံးစီ မနည်း ရိုက်နေရတယ် …

  • Thu Wai

    January 15, 2013 at 9:33 am

    ဟုတ်တယ် ဟုတ်တယ် တားတား တို့လဲ comment ထဲမှာပုံထည့်ဂျင်ဒယ် ။
    ပုံနဲ့ မန့် ဂျင်တယ် …..ပုံ နဲ့ မန့် ဂျင်တယ်။
    အစ ဆွဲထုတ်ပြီး မှ အဆုံး ထိ ထုတ်ပြ ဦးဦး အံဂျာဒုံး
    ပုံ နဲ့ မန့် ဂျင် ဒယ်……………… ပုံနဲ့ မန့်ဂျင်တယ်။

  • ဘဲဥ

    January 15, 2013 at 9:52 am

    နာ့ဆီဂ ကိုးနတ်ရှင်ဆိုဒဲ့ကောင် အသုံးကို မကျဘူး
    ဘီဒိုတင်ချင်ထာ ပေါ်လည်းပေါ်ဘူးအေ့

  • ကြည်ဆောင်း

    January 15, 2013 at 9:52 am

    ဘာမှမလုပ်တတ်ဘူး
    မန့်ရုံဘဲမန့်ပြီး စာလဲမရေးဘူးဆိုတော့
    Bookmarks လုပ်ထားလိုက်တယ်..
    မတော်တဆ ရေးချင်တာများရှိရင် ပြန်ကြည့်ဖို့
    အပင်ပန်းခံလုပ်ပြီးမျှဝေပေးတာကျေးကျေးဘာ…

  • mamanoyar

    January 15, 2013 at 10:05 am

    ကျေးချူးပါ ဦးဦးအံစာ
    အရမ်းကိုအကျိုးရှိပါတယ်

  • မင်းနန္ဓာ

    January 15, 2013 at 10:30 am

    video ထည့်တာလေး try ကြည့်လိုက်အုံးမယ်ဗျို့
    ကျေးဇူး

  • ဟုတ်ကဲ့ဘာ ….။
    အားပေးတွားဒူ အပေါင်းဂို ကျေးကျေးဘာလို့ ..

    ကွန်မန့်ထဲကို ပုံထည့်ချင်ရင်ဒေါ့ ..
    သဂျီး သမီးကို ယူမှ …
    သဂျီး သားကို ယူမှ …. :mrgreen:

    အားလုံးဘဲ .. ရှဲရှဲ .. သန်းကျူးးး

    • မင်းနန္ဓာ

      January 15, 2013 at 9:12 pm

      အိုင်ဆေး ကိုအံဇာ၊
      မိုင်ပွိုင့်ရဲ့အောက် Rank နောက်မှာ ကိုအံဇာ ဘယ်အဆင့်ပါလိမ့်ဗျ
      ကျနော်က ခု Bronze ဖြစ်ပါတယ်
      အဲဒါ ပို့စ်ထဲ ဗွီဒီယို ထည့်ရတဲ့ အဆင့် ဟုတ်သေးဘူးထင်ပါထယ်

      • မဆိုင်လောက် ပါဘူးဗျာ ……..
        ပို့စ်ထဲ ဗီဒီယို ထည့်ချင်ရင် …
        Youtube ရဲ့ လင့်ခ်လေးကိုသာ ထည့်လိုက် …
        ဘယ်အဆင့် မဆို ရလောက်တယ် ထင်ပါတယ်ဗျ …

        ပြီးတော့လည်း ….
        အိုက်ဒီ ဘရွန့်ဒွေ .. ဆေးဗား ဆိုတာတွေက
        ပိုက်ပိုက်ပေါ် မူတည်ပြီး ပြောင်းသွားခြင်းသာ ဖြစ်ပါကြောင်း ….

    • မင်းနန္ဓာ

      January 15, 2013 at 9:15 pm

      ပေါ်သွားဘီဗျို့…. :hee:

  • Mr. MarGa

    January 15, 2013 at 6:57 pm

    အပျင်းပြေ လက်ကမြင်းနိုင်စေဖို့ မှတ်သားသွားပါတယ်ဗျ

  • မောင်ပေ

    January 15, 2013 at 8:50 pm

    ပျင်းတာအေ
    အဆင့်တွေကများတာ
    တော်ဘီ လုပ်တော့ဘူး
    ဒါပေမယ့်
    သင်ပေးလို ့ကျေးကျေးပါ

    • ဒါမျိုးကျ …
      အဆင့် များတယ်လေး ဘာလေးနဲ့ ..
      ဟိုဟာမျိုးဆို ..
      ဓါးမကြီး ပဲ့ပဲ့ ဆိုသလိုမျိုး နေလောက်တယ် … :mrgreen:

  • အလင်းဆက်

    January 15, 2013 at 9:38 pm

    ဒါဆိုလည်း.ပြီးရော…
    သူကြီးသမီးက..
    အသက်ဘယ်လောက်ရှ်ိပြီလဲ..
    :kwi:
    မသိလို့မေးတာပါ ။
    အဟိ ။

    • ဦးကြောင်ကြီး

      January 16, 2013 at 11:24 am

      ဂျီးသမီးအသက်က ဦးကြောင်နဲ့ မတိမ်းမယိမ်းပဲ။ ကြေးမုံဂျီးကတော့ အနော့် ဘွားအေလောက် ရှိပြီ။ :harr:

      ဘောင်ကွပ်ဖို့ သင်ပေးတဲ့ ဆြာအံဇာကို ကျေးဇူးပါ.။

  • အရီး လေး

    January 16, 2013 at 3:52 pm

    :hee:
    အသုံးပြုပုံ ရေးပေး ထားတာ ကျေးဇူးပါ အံစာတုံးရေ

  • အာဂ

    January 16, 2013 at 5:31 pm

    တိုအံဂျီး မိုက်တယ်ဗျာ..။ လူဆိုး နောက်တာ ခရီးက ပြန်လာတာ ဘာလက်ဆောင်ပါလဲ..။ ဘာပဲဖြစ်ဖြစ် အခုလို အကျိုးရှိတာလေးတွေတင် ပေးလို့ ကျေးဇူးပဲ..။

Leave a Reply