ဂျီင်္အိုတက်

ဂျီအိုတက် ဆိုလို့ ကိုရီးယားမင်းသား ဂျီဟို ကိုပြောတာ မဟုတ်ဘူးဗျို့ .  Google Map ရဲ့ GEO Tag  ဖြစ်ပါတယ်..တည်နေရာ အတိအကျကို ပြောချင်၊ သိချင်တယ် ဆိုရင် အဲဒီနေရာ ရဲ့ လတ်/လောင် ကိုဖတ်ပြီး ဒါမှမဟုတ် ရှာလိုက်တာနဲ့ တည်နေရာ အတိအကျကို သိရမှာ ဖြစ်ပါတယ်.

ကန်တော်ကြီးစားသောက်ဆိုင်ကို ညွှန်အပြီး နောက်ပို့စ် တွေမှာ လတ်/လောင်  ကိုဖော်ပြထားမှာ ဖြစ်တဲ့အတွက် ကြို သိရအောင် ဖော်ပြပေးလိုက်ပါတယ်.. ဘာဖြစ်လို့ ဖော်ပြချင်တာလဲဆိုတော့ နေရာ အတိအကျ သိစေချင်လို့ပါ။

ကိုကို မမတို့ ချစ်သူတွေ ချိန်းတွေ့ကြရင်လည်း  ကန်တော်ကြီးထဲက ကရဝိတ်ဥယဉ်ကမ္ဘာထဲက ရိုမန်တစ်ကျောက်တုန်းကြီး ပေါ်လို့ပြောမယ့် အစား 16.794796,96.169338  မှာ စောင့်နေမယ် ဆိုရင် ပိုပြီး တိကျသွားမှာ ဖြစ်ပါတယ်.. ပြီးတော့မှာ ကိုယ့် smart ဖုံးလေးကို ဖွင့် GPS လေးကိုဖွင့် google map ကလေးကိုဖွင့်ပြီး သွားလိုက်တာနဲ့ စွတ်ကနဲ.. ရောက်သွားမှာ ဖြစ်ပါတယ်.. IT ခေတ်မှာ ဂလောက်တော့ ခေတ်မီ ဖို့ လိုပါပြီဗျို့

ကဲဘယ်လိုစကြမလဲ.. ကြည့်လိုက်ကြရအောင်

မိမိသိချင်တဲ့ နေရာရဲ့ လတ်/လောင် ကိုရှာမယ်

1. Maps.google.com ကိုဝင်ပါ

2. မိမိသိချင်တဲ့နေရာကို ကျေနပ်လောက်တဲ့ အထိ အကြီးချဲ့ပါ

3. အဲဒီနေရာ ကို right click လုပ်ပြီး ‘Whats here” ကို click လုပ်ပါ..

Right Click and Click "Whats here"
Right Click and Click “Whats here”

4. google map ရဲ့ search box မှာ အဲဒီနေရာရဲ့ လတ်/လောင် ဖြစ်တဲ့ (16.795307,96.16912) ဆိုတဲ့တန်ဖိုးရလာပါလိမ့်မယ်

Latitude and Longitude
Latitude and Longitude

5. အဲဒီ လတ်/လောင် ဂဏန်းလေးတွေကိုပဲ မိမိ သိစေချင်တဲ့သူဆီကို လှမ်းပို့လိုက်ရင်ရပါပြီ

လတ်/လောင် ကနေ နေရာရှာ မယ်

1.Maps.google.com ကိုဝင်ပါ
2.google map ရဲ့ search box မှာ  ရလာတဲ့ လတ်/လောင် ကိုထဲ့ပြီးsearch လိုက်တာနဲ့ တည်နေရာ ကို တွေ့ရမှာ ဖြစ်ပါတယ်

GPS and Smart Phone

ခုထွက်နေတဲ့ smart phone တွေရဲ့ ကင်မလာ setting မှာ Geo Tag ပါ ပါတယ်.. အဲဒါကြောင့် မိမိ ရိုက်ခဲ့တဲ့ နေရာတွေရဲ့ လတ်/လောင် တွေကို လွယ်လွယ်လေးရနိုင်ပါတယ်။

  1. ဓာတ်သေရိုက်တော့မယ်ဆိုရင် GPS ကိုအရင်ဖွင့်ပါ
  2. ပြီးရင် ကင်မလာဖွင့်ပြီး setting ထဲမှာ store location or GPS ဆိုတာကိုရှာပြီး on ပါ.. ဖုံးအမျိုးအစား Apps version ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ ပြောင်းလဲ နိုင်ပါတယ်။
  3. ရိုက်ပြီးရင် details မှာ လတ်/လောင် ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
  4. အဲဒီပုံကို picasa ပါ်တင်လိုက်ရင်လည်း မြေပုံပေါ်က ရိုက်ခဲ့တဲ့နေရာ မှာ ဓာတ်ပုံလေးကသွားပေါ်နေမှာဖြစ်ပါတယ် ..

13 comments

  • ချစ်ခလေးရေ ….
    ဒီနေရာဂနေ လူသိရှင်ဂျား အော်လိုက်မဂွယ် …
    ကိုယ်ဒို့ ဟိုလတ်/ဟိုလောင်မှာ ဟိုနေ့ဂျ တွေ့ဂျမယ်နော် … :mrgreen:
    ဆြာအုပ် ပြောတဲ့အတိုင်း စမ်းကျည့်လိုက်အုံးမယ် ..
    ရှဲရှဲ … သန်းကျူး ……

  • kai

    January 15, 2013 at 4:28 am

    ကိုကို မမတို့ ချစ်သူတွေ ချိန်းတွေ့ကြရင်လည်း ကန်တော်ကြီးထဲက ကရဝိတ်ဥယဉ်ကမ္ဘာထဲက ရိုမန်တစ်ကျောက်တုန်းကြီး ပေါ်လို့ပြောမယ့် အစား 16.794796,96.169338 မှာ စောင့်နေမယ် ဆိုရင် ပိုပြီး တိကျသွားမှာ ဖြစ်ပါတယ်..

    အဲဒီလတ်လောင်တွေနဲ့.. မှတ်ရခက်.. အလုပ်ရှုပ်သမို့..ဂျီပီအက်စ်ဆော့ဖ်ဝဲလေးလုပ်…နေရာဒေသအမည်ကို.. ဒေတာအန်ထရီလုပ်.. ဆော့ဝဲလ် ရောင်းကြတာမဟုတ်လားဟင်င်င်…
    ပြောင်းပြန်ကြီး..
    လောင်လတ်..လောင်လတ်… :kwi:

    • ဂန္ဓာရီ ဆြာအုပ်

      January 15, 2013 at 9:17 am

      တဂျီးပြောတာတော့ဟုတ်ပါတယ်.. နို့ပေမဲ့ Map ထဲမှာမပါတဲ့ နေရာချိုရင်ဘယ်လိုလုပ်မတုန်း..
      ဥမာ P3 restaurant.ဆိုပါတောာ့
      အနော်ချိုလိုချင်တာက မှတ်ဖို့မဟုတ်ဘဲတစ်ခါသုံးအတွက် လောက်ပါပဲ

  • သကြားလုုံးကြော်

    January 15, 2013 at 8:13 am

    ခေတ်မှီအောင်လိုု့ အခုုကစပြီး ဂဏန်းတွေနဲ့ပဲပြောတော့မယ်။ ” မနက်ဖြန် 16.798502,96.163352 ကိုုသွားမယ်၊ သဘက်ခါ 16.779982,96.155573 မှာဈေးဝယ်မယ်၊ နောက်နှစ် 16.798502,96.163352 ထဲမှာ သင်္ဘောစီးမယ်။”

    ဒါနဲ့ Geo Tech အစား Geo Tag ဖြစ်သင့်တယ်ထင်တယ်။ Geotech/ Geotechnology ဆိုုတာ ဦးကျောက်လဲတိုု့လိုု ကျောက်သမားတွေနဲ့ မြို့ပြအင်ဂျင်နီယာတွေရဲ့ ဝေါဟာရသပ်သပ်။

    • ဂန္ဓာရီ ဆြာအုပ်

      January 15, 2013 at 9:04 am

      ဟုတ်ပ ပြင်လိုက်ပီ .ကျေးဂျူးပါဂျို့

    • ဦး ကျောက်ခဲ

      January 15, 2013 at 11:09 am

      ဟမ်မလေး တူမရယ်

      ဦးကျောက်ခဲ မ “လဲ” ပါရစေနဲ့ဦး….
      အင်း ဟိုဘက်ပို့စ်မှာလဲ အိမ်ထောင်သည် အထင်ခံရ ဒီနေ့ ကံမကောင်း ပါလားကွယ်

      ဆြာအုပ်ရေ
      Geo Tech က Geo-technical ကို အတိုသုံးတာပါ…
      လတ် / လောင် ထက်စာရင် အမြှောက်တပ်နဲ့ မြို့ပြအင်ဂျင်နီယာတွေ သုံးတဲ့…
      Universal Transverse Mercator (UTM) က ပိုတိကျ သလားလို့ပါ….

      • ဂန္ဓာရီ ဆြာအုပ်

        January 15, 2013 at 11:33 am

        ဟုတ်တော့ဟုတ်တယ် ဦးကျောက်ရေ ဒါပေမယ် ့အနော်ပြောတာက Google Map ပေါ်က Goe Tag ကိုပြောချင်တာပါဗျို့ ..
        ဦးကျောက်ကတော့ လုပ်ရော့မယ်.. Googel Map မှာက လတ်/လောင်ပဲ ပြတာဂျ..

      • kai

        January 16, 2013 at 7:11 am

        ဂျင်မီဂျက်ကြိး.. မြန်မာပြည်ရောက်နေတုံး.. သူ့သီချင်းစာသားနဲ့..ဟဲပြချင်တယ်ပေါ့…
        ဘာတဲ့.. “လူပျိုဆိုတာ..ဂုဏ်ရှိတယ်”.. တဲ့..
        စာသားအပြည့်ကတော့ မမှတ်မိတော့…။

        ဒါပေမယ့်…
        အိမ်ထောင်သည် အထင်ခံရ ဒီနေ့ ကံကောင်းတယ်လုပ်ပါကွယ်..
        လောကမှာ..ပိုင်ရဆိုင်ရ..တခုပိုရင်.. တခုပိုကောင်းတာပေါ့….
        သုံးတတ်ညှိတတ်ဖို့ပဲလိုတာ…
        ( အိမ်ထောင်သည်မှ ပြောစကား)

        ဒါမှ..ရွာအပြန်မှာ.. ငယ်ချစ်တွေပိပြီး.. ကျောက်က,မလဲပဲ.. ထောင်လာမှာ..
        ( ရွာက ဦးလူပျိုကြီး.. စ,ရတာ.. ပျော်စရာ.. )
        ကွိကွိ…

  • mamanoyar

    January 15, 2013 at 9:35 am

    ကိုကို မမတို့ ချစ်သူတွေ ချိန်းတွေ့ကြရင်လည်း ကန်တော်ကြီးထဲက ကရဝိတ်ဥယဉ်ကမ္ဘာထဲက ရိုမန်တစ်ကျောက်တုန်းကြီး ပေါ်လို့ပြောမယ့် အစား 16.794796,96.169338 မှာ စောင့်နေမယ် ဆိုရင် ပိုပြီး တိကျသွားမှာ ဖြစ်ပါတယ်..
    အတွဲမရှိလို့ စောင့်နေပါ့မယ်ပြောမယ့်သူလဲမရှိဘူး
    အားငယ်တယ် ဟီးးးးးးးးးးးးးးးးးးးးးးး

    • ဂန္ဓာရီ ဆြာအုပ်

      January 15, 2013 at 11:35 am

      ရော် ခက်ကပြီ ခဏခဏ ငြီး နေတာပဲ
      ရှာပေးပါမယ်ချို

  • မောင်ပေ

    January 15, 2013 at 9:16 pm

    ဆြာအုပ်ရေ
    ဖုန်းနဲ ့ စမ်းကြည့်တာ သိပ်အဆင်မပြေဘူးဗျို ့
    ဖုန်းဂျီပီအက်စ်ကို ကောင်း၂မသုံးတတ်လို ့ထင်တယ်
    သင်ကြားပြသတော်မူပါဦး

    • ဂန္ဓာရီ ဆြာအုပ်

      January 16, 2013 at 9:22 pm

      ဘယ်နေရာ.. မရတာလဲဗျ..

  • Foreign Resident

    January 17, 2013 at 7:43 am

    ကျေးကျေးပဲ ဆြာအုပ် ရေ ။
    Phone Camera မှာ စမ်း လုပ်ကြည့်တာ Lat, Long ပေါ်တယ် ။
    ဓါတ်ပုံ ရိုက်တာတော့ တော်တော် နှေးသွားတယ် ။

Leave a Reply