နေပြည်တော်မှာရှိတဲ့ ဆာဖာရီတရိစ္ဆာန်ဘေးမဲ့ဥယျာဉ်ကိုအလည်ရောက်ခဲ့ပါတယ်

ရုံးပိတ်ရက်ဖြစ်နေတော့ လူတွေတော်တော်များပါတယ်

ဥယျာဉ်ထဲကို ၀င်ဖို့ ကားလက်မှတ်ဝယ်တဲ့နေရာမှာ လူတွေ၂၀၀လောက်ရှိတယ်

ကားစောင့်နေကျတာ ဂိတ်ကိုမေးလိုက်တော့ လူစာရင်း အရင်ပေးထားပါတဲ့

ဘယ်လိုကာမျိုးစီမှာလဲတဲ့ တစ်ယောက်ကို ၂၀၀၀ နဲ့ အများစီးတဲ့ဘစ်ကားရှိသလို

၂၀၀၀၀ ကနေ 40၀၀၀ အထိစင်းလုံးငှားတဲ့ ကားတွေလည်းရှိတယ်တဲ့

နိုဗွီတို့ကလူငါးရောက် ဆိုတော့ ဘယ်ကားရရ စီးပါ့မယ် မြန်ရင်ပြီးရောလို့ပြောပြီးစောင့်နေရပါတယ်

တစ်နာရီလောက်စောင့်လိုက်တော့ ကိုယ်နံမည်ခေါ်သံကြားရပါတယ်

သွားမေးတော့ ၂၅၀၀၀ တန်း ၇စီးကားရမယ်တဲ့ လိုက်မယ်ဆိုရင် လက်မှတ်ဖြစ်ပါတဲ့

ကျေးဇူးတင်စွာနဲ့လက်မှတ်ဖြတ် ခဏနေတော့ ကားရောက်လာတယ်

ကားတွေအားလုံးကိုတော့ အပြင်ကနေသံဇကာနဲ့ ကာထားပါတယ်

တရိစ္ဆာန်တွေကို ဒီအတိုင်းလွတ်ထားတာဆိုတော့ လူတွေကို အန္တရယ်ပြုမှဆိုးလို့ပါတဲ့

ကျားတွေ ခြင်္သေ့တွေကိုတော့ ၂ထပ်သံတံကားကြီးတွေ ၂ဆင့်ပိတ်ထားပါတယ်

ကားလာမှ တံကားတွေကို ဖွင့်ပေးပါတယ် ကားဝင်ပြီးတာနဲ့ တံကားကချက်ချင်းပိတ်ပါတယ်

ကျားတွေခြသေ့င်္တွေထားတဲ့တောထဲကို ကားရောက်တော့ ကိုယ့်ကားကိုများ ကျားတွေရန်မူမလားလို့ကြောက်မိပါရဲ့ရှင်

တော်သေးတယ် ကားနားကို သိပ်ကပ်မလားလို့ ဓာတ်ပုံတွေကိုတော့ အမိအရရိုက်နိုင်ခဲ့တယ်

လှောင်ထားတဲ့ ကျားဖြူကြီးနဲ့ ခြင်္သေ့ကြီးဘာဘူးကို အသာတွေဝယ်ကျွေးခဲ့ပါသေးတယ်

တစ်ဗန်းကို ၅၀၀၀နဲ့ပေါ့ ကိုယ်နဲ့ အမျိုးတူတဲ့ သစ်ကုလားအုပ်တွေကိုလည်းအစာတစ်ဗုံး

၃၀၀၀နဲ့ကျွေးခဲ့သေးရဲ့

ရိုက်လို့ရသမျှလေးတွေကို မျှဝေခံစားကြည့်ပါအုံးနော်

 

DSCN1391

အ၀ါကြားက တစ်ယောက်၂၀၀၀

အစိမ်းကြားက ၇ယောက်စီး ၂၅၀၀၀

DSCN1333

မြင်းကျား

DSCN1334

တောင်ဆိတ်

DSCN1336

 

DSCN1337

DSCN1350

ကျားဖြူ

DSCN1370

ခြင်္သေ့ကြီးဘာဘူ

DSCN1363

DSCN1361

DSCN1354

လွတ်ထားတဲ့ကျား

DSCN1355

DSCN1357

လွတ်ထားတဲ့ခြင်္သေ့အမတွေ

DSCN1356

DSCN1372

ကြံ့

DSCN1377

အစာတောင်းနေတဲ့ သစ်ကုလားတွေ

DSCN1378

DSCN1382

အစာလည်းကျွေးခဲ့သေးတယ်

DSCN1386

ငှက်ကုလားအုပ်ဥတွေ

DSCN1389

သူတို့ကလည်းတစ်နာရီကို မိုင်၄၀လောက်ပြေးနိုင်တယ်တဲ့

DSCN1390

ကားလှောင်အိမ်ထဲမှလွတ်မြောက်သူများ

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011