ကျောက်ခေတ်ကြီး ပျက်သုန်းသွားတော့ လူနေမှု အဆင့်စနစ်တွေ တိုးတက်လာတယ်

ဗိုက်ကင်းတွေ ပျက်စီးတော့ လူတွေအကြား စည်းလုံးစွာ နေထိုင်တဲ့ စနစ်အဆင့်တွေ တိုးတက်လာတယ်

ဒေ၀ဒတ်သေတော့ ….

အနော်ရထာမင်းသေတော့ ….

အေဗရာဟင်လင်ကွန်းသေတော့ …

ဟစ်တလာသေတော့ …

မူဆိုလီနီသေတော့ …

ခရူးရှက်သေတော့ …

ကွမ်ဖြူးရှက်သေတော့ ..

ဗိုလ်ချုပ်သေတော့ ..

တိန့်ရှောင်ဖိန်သေတော့ ….

ဦးနုသေတော့ …

မော်စီတုန်းသေတော့ ….

ဗိုလ်ချုပ်နေ၀င်းသေတော့ …

ပိုပေါ့သေတော့

ဗိုလ်ချုပ်စောမောင်သေတော့ …

ဆက်ဒမ်ဟူစိန်သေတော့ ..

ဘိုမြသေတော့ …

ကဒါဖီသေတော့ …

အိုစမာဘလာဒင်သေတော့ ….

တိုင်းပြည်၊ နယ်မြေ၊ လူ့အဖွဲ့အစည်း ၊ စနစ်ခေတ်၊ အစရှိတာတွေ ကြားမှာ ထင်ပေါ်သူ ဦးစီးဦးဆောင်သူတွေ ကွယ်လွန် အနိစ္စရောက်ကြတဲ့ အခါ သူတို့ရဲ့ စနစ်တွေ အယူအဆတွေတွေဟာ လက်ဆင့်ကမ်းကျန်ခဲ့တာတွေ ( ကောင်းခြင်း၊ ဆိုးခြင်း မူတည်) ရှိခဲ့သလို ဆိတ်သုန်းပျောက်ကွယ် ခဲ့တာတွေ ရှိခဲ့ကြတယ်။ တဖက်မှာလဲ တိုးတက်ကောင်းမွန်လာတာတွေ ရှိပြန်ရော …….. ပြောင်းလဲဖြစ်ပျက်နေတဲ့ ကမ္ဘာလောကကြီးမှာ ဘယ်အရာမှ မတည်မြဲသလို ဘယ်အရာကိုမှလဲ ခိုင်တည်အောင် ရပ်တန့်ပီး ထိန်းမထားနိုင်ဘူး ..။

ဆိုတော့ကာ ယနေ့ခေတ်မှာ အမြန်ဆုံး ကောင်းတာရော ဆိုးတာပါ ပြောင်းလဲတိုးတက်ချင်ရင်

အယူအဆဟောင်း ၊ စနစ်ဟောင်း၊ အတွေးအခေါ်အဟောင်းတွေ ပျက်သုန်းပေးရမယ်၊ အဲ့ပိုင်ရှင်တွေ သေပေးကြရမယ်။

ကျုပ်တို့တိုင်းပြည်ကြီး တိုးတက်ပြောင်းလဲ(အမြန်တကာ့ အမြန်ဆုံး) စေချင်ရင်တော့

ဦးသန်းရွှေကြီး အပါအ၀င် အစိုးရဟောင်း ဗိုလ်ချုပ်ဟောင်း ၊ သူပုန်ဗိုလ်အဟောင်း၊ တိုင်းရင်းသားခေါင်းဆောင် အဟောင်း၊ ခရိုနီအဟောင်း၊ အရင်းရှင်အဟောင်း ၊ နိုင်ငံရေးသမားအဟောင်း

စီးပွားရေးသမားအဟောင်း ၊ ကွန်မြူနစ်အဟောင်း၊ လစ်ဘရယ်အဟောင်း၊ ဆိုရှယ်လစ်အဟောင်း၊ ဒီမိုကရေစီအဟောင်း ရှိရှိသမျှ အဟောင်းတွေ

၄၀ဘွန်းတွေ

၅၀ဘွန်းတွေ

၆၀ဘွန်းတွေ

၇၀ ဘွန်းတွေ

အားလုံး လျော့ဈေးမရှိ ၊ လက်ကျန်မရှိ အကုန်သေပေးကြပါ …။

ကျုပ်တို့ အသစ်တွေ ခေတ်သစ်၊ စနစ်သစ်၊ နိုင်ငံသစ်၊ မူဝါဒသစ်၊ စိတ်သစ် လူသစ်နဲ့ အသစ်သစ်တွေ ဖန်တီးတည်ဆောက်ကြမယ်…..။

ရီဗော်လူးရှင်း၊  + ရီဖော်မေးရှင်း = ရီဖော်လူးရှင်း ( ရီဗယ်လေးရှင်း )

အဲ … တခုကျန်သေးလို့ မန်းဂဇက်ကြီးလဲ အမြန်ဆုံး ပြုပြင်ပြောင်းလဲမှု အသစ်တွေနဲ့ တိုးတက်ခြင်ရင် …

…………………………………………………………………………………………………………………………………………

…………………………………………………………………………………………………………………………………………

ရဲစည် မင်း……………ချက်ချင်း လဲသာ သေလိုက်တော့ကွာ

မေတ္တာ စေတနာများစွာဖြင့်

အာဇာနည် ခေါင်းဆောင်များအနက် ရဲဘော်ကိုထွေးကို အားကျသူ ….. ကိုဖုန်းမော်လို အသက်ပေးလိုသူ

ရွာ့ချဉ်ဖတ်လေး …..

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း