Release Counter for NIKON

ကင်မလာမှာ ဘယ်နှချက်ရိုက်ပြီးပြီလဲ ဆိုတာကို ပြန်ကြည့်ဖို့အတွက်ပါ..

canon အတွက် ရှာကြည့်ပေမယ့် မတွေ့တာကြောင့် nikon ကိုကြည့်တဲ့ နည်းကိုပဲ ဖော်ပြလိုက်ပါတယ်။ ပထမနည်းက online ပေါ်မှာ တိုက်ရိုက် တက်ပြီး စစ်တဲ့ နည်း ဖြစ်ပါတယ်။

  • http://regex.info/exif.cgi ကိုသွားပါ
  • Local Image File ဆိုတဲ့နေရာမှာ Choose File ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ကိုယ်ကြည့်ချင်တဲ့ ဓာတ်ပုံကိုရွေးပါ
  • ပြီးရင် ဘေးက View Image From File ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် ကိုယ်ရွေးလိုက်တဲ့ ပုံကို upload လုပ်ပြီး ဒီ ကင်မလာနဲ့ ရိုက်ခဲ့တဲ့ ဘယ်နှပုံမြောက်လဲ ဆိုတာ  ကို  Shutter Count ဆိုတဲ့နေရာမှာ ကြည့်ပြိး သိနိုင်ပါတယ်။ အခြား အသေးစိတ်အချက်အလက်တွေ ကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ upload လုပ်ပြီးမှ ပြတာ ဖြစ်တဲ့ အတွက် အချိန် နဲနဲတော့ စောင့်ရပါတယ်။ connection နဲ့ file size ပေါ်မူ တည်ပြီး ကြာနိုင်ပါတယ်။

 

Software နဲ့ကြည့်တာကတော့ စက်ထဲကို install လုပ်ရမယ်.. အမြဲတမ်းမလိုအပ်တဲ့ အတွက် အပိုလို့ ပြောရင် ရနိုင်ပါတယ်…ဒါပေမယ့် install လုပ်ပြီး offline မှာကြည့်တဲ့အတွက်

Opanda IExif

  • Opanda IExif  software ကို အရင် ဒီမှာ download လုပ်ပါမယ်။ Freeware ဖြစ်တာကြောင့် အခမဲ့ ရနိုင်ပါတယ်။ software size ကတော့ 2.5MB ပဲရှိပြီး
  • download လုပ်ပြီး ရင် install လုပ်ပါ။
  • ပြီးရင် software ကို ဖွင့်ပြီး open ကိုနှိပ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ရွေးလိုက်ရင် အဲဒီ ဓာတ်ပုံဟာ ဒီ ကင်မလာနဲ့ ရိုက်ခဲ့တဲ့ ဘယ်နှပုံမြောက်လဲ ဆိုတာ သိနိုင်ပါတယ်။ အခြား အသေးစိတ်အချက်အလက်တွေ ကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။

 

 

9 comments

  • ကင်မလာလည်း ချိဘူးးးး
    ကျည့်စရာလည်း ချိဘူးးးးးး
    ဒေါင်းလည်း ဒေါင်းဘူးဂျာ …
    ဘာဖစ်ဂျင်ဒုံးးး
    အဟီးးး နောက်တာဘာလို့ … :mrgreen:

  • mamanoyar

    January 16, 2013 at 9:46 am

    မျှဝေပေးတဲ့ ဦးဦးဆြာ
    ကျေးဂျူးကြီးလှပါဘိ

  • မင်းနန္ဓာ

    January 16, 2013 at 10:43 am

    Sony ကင်မလာအတွက်ရော ရှိဝူးလား
    ဆြာအုပ်

  • P chogyi

    January 16, 2013 at 3:47 pm

    Sony နဲ့ မရဘူးဗျ ကျွန်တော်စမ်းကြည့်တာ
    တစ်ခြား အချက်အလက်တွေပဲပြတယ်
    ဘယ်နှစ်ပုံမြောက်လဲဆိုတာမပါဘူး။

  • မောင်ပေ

    January 16, 2013 at 7:40 pm

    အိုခေဗျာ
    ကျုပ်မှာလောလောဆယ် ကင်မလာမရှိသေးပေမယ့် ( ရှိတဲ့ ကင်မလာက ခြစ်သူကိုပေးလိုက်ပါပြီ )
    မှတ်သွားပါတယ်နော

  • ဂန္ဓာရီ ဆြာအုပ်

    January 16, 2013 at 9:26 pm

    ကို မင်းနန္ဓာ၊ ကို P chogyi ရေ ခု software က nikon ကင်မလာအတွက်ပဲဗျ.. တခြားကင်မလာဆိုရင် shutter count မပြဘူးဗျ.. ရှာကြည့်ပြီး နောက်တွေ့ရင်ပြောပါမယ်
    ခြစ်သူဆိုတာ ခြစ်ခြုပ်ပြီးယူသွားတဲ့သူကိုပြောတာလား

  • kai

    January 17, 2013 at 2:21 am

    Shutter Count သိတော့ ဘာဖြစ်တာလည်းခင်ဗျ…
    သက်တန်းရှိလို့လား.. ဥပမာ.. Shutter Count ဘယ်လောက်ဆို.. ပျက်တာမျိုး..

    • မောင့်ကျက်သရေ ဂီ့

      January 17, 2013 at 4:09 am

      ဝရမ်တီ နဲ့ဆိုင်သဗျ. အချက်ဘယ်နှသောင်း ဘယ်နှသိန်း ရိုက်နိုင်သည် ဆိုတာမျိုးကြော်ငြာကြတာကိုး.
      ယူဇာမရိုသေလို့ပါဆိုတဲ့ အချက်နဲ့တော့ ငြင်းချက်ထုတ်နိုင် ထုတ်ခွင့်ရှိပါရဲ့
      သို့သော် နောက်တချက် used ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားကြတဲ့လောကမှာတော့
      အနှီ ဂဏန်းဟာ အရေးပါပါကြောင်း.

      • kai

        January 17, 2013 at 5:11 am

        စကားအတင်းစပ်..
        ဓါတ်ပုံဆြာတွေ.
        မိုင်၁၀၀ဝ ခရီးစဉ် အပိုင်း၂ ဆက်တင်ဦးမယ်..။
        အဲဒါ.. ကျုပ်ရိုက်ထားတဲ့ဓါတ်ပုံတွေ.. ဝေဖန်ပေးဦးလေ…

        ဝေဖန်ပေးမှ.. တိုးတက်သဗျ… :harr:

Leave a Reply