အမွေရဖို့ အမေရိကသွားတဲ့ခရီး (Story 6)

ဒီတစ်ခေါက်တော့ အမေရိကမှာ စားသောက်ဆိုင်ဝင် နေ့လည်စာ စားတဲ့အခန်းလေးပေါ့။ သိပ်လည်း ထင်မထားနဲ့ဦး.. အမွေလက်ထဲမရောက်သေးလို့ ချွေတာရေး ပေါင်မုန့်နဲ့ အသုပ်ပဲ စားခဲ့တာနော်။

<iframe width=”420″ height=”315″ src=”http://www.youtube.com/embed/FzF3PsuDRGE?rel=0″ frameborder=”0″ allowfullscreen></iframe>

Video ထဲက စကားပြောတွေ

Hostess       Hi, will you be having lunch?

ဟိုင်း..။ နေ့လည်စာ သုံးဆောင်မှာပါလား။

Alex            Yes, but I’m not very hungry.

ဟုတ်တယ်။ ဒါပေမယ့်.. သိပ်ဆာလို့မဟုတ်ဘူး။

Alex            It’s too hot outside.

အပြင်မှာ သိပ်ပူတာနဲ့..။

Hostess       I know what you mean. It’s a scorcher today.

လူကြီးမင်းပြောတာ သဘောပေါက်ပါတယ်။ ဒီနေ့ အရမ်းပူခြစ်နေတာပဲ။

Alex            I’m not used to this kind of weather. I’m glad that everything is air conditioned here.

ကျွန်တော် ဒီလို ရာသီဥတုနဲ့ နေသားမကျဘူး။ ဒဲမှာ အားလုံးက လေအေးစက်တပ်ထားတာ ဝမ်းသာလှပါရဲ့။

… xxx … ooo … xxx …

Waiter          Hi, my name is Carl and I’ll be serving you today.

ကျွန်တော့်နာမည် ကားလ် ပါ။ လူကြီးမင်းကို ဝန်ဆောင်မှုပေးမယ့်သူပါ။

Waiter         Can I get you something to drink?

သောက်စရာတစ်ခုခု ယူမလားခင်ဗျာ။

Alex            Just water, please, with ice.

ကျေးဇူးပြုပြီး ရေပဲပေးပါဗျာ။ ရေခဲနဲ့ပေါ့။

Waiter         Of course. I’ll be back in a moment.

ရပါတယ်။ ခဏအတွင်း ယူလာခဲ့ပါမယ်။

Waiter         Would you like to hear about our house specials?

ကျွန်တော်တို့ဆိုင်ရဲ့ အထူးစားစရာစာရင်း သိချင်ပါသလားခင်ဗျာ။

Alex            I think I’ll just have a salad, bread, and a glass of white wine.

ဝိုင်ဖြူလေး တစ်ခွက်ရယ်၊ ပေါင်မုန့်နဲ့ အသီးအရွက်သုပ်လေးလောက်ပဲ စားမှထင်တယ်။

Waiter        O.K. What kind of wine? Our house wine is quite good.

အိုကေ။ ဘာ ဝိုင်အမျိုးအစားပါလဲ။ ကျွန်တော်တို့ ဟောက်စ်ဝိုင်ကလည်း အတော်ကောင်းပါတယ်။

Alex           Fine, I’ll have a glass of that.

ကောင်းပြီ။ ကျွန်တော့်ကို အဲဒါ တစ်ခွက်ပေးပါ။

Waiter       I’ll be right back with your wine.

ဆရာ့ဝိုင်ကိုယူပြီး ပြန်လာခဲ့ပါမယ်ဗျ။

… xxx … ooo … xxx …

Waiter         Would you like some dessert? We have a delicious chocolate cheesecake.

အချိုပွဲ တည်းဦးမလားခင်ဗျာ။ အရသာရှိတဲ့ ချောကလက်ချိစ်ကိတ် ရှိပါတယ်။

Alex           I don’t think so. I’m on a diet.

အချိုမတည်းတော့ဘူးဗျာ။ ဝိတ်ချနေလို့

Alex           Just bring the check, please.

ကျေးဇူးပြုပြီး ချက် ယူခဲ့ပါလား။

… xxx … ooo … xxx …

ထပ်မံ လေ့လာစရာ နောက်ဆက်တွဲ သင်ခန်းစာ

 

Ordering Meals (အစားအသောက်မှာခြင်း)

–          Shall we go out for dinner? What about YKKO Restaurant?

ညစာကို အပြင်ထွက်စားရရင်ကောင်းမလား။ ဝိုင်ကေကေအို စားသောက်ဆိုင်ဆိုရင်ကော။

–          I don’t know. Anywhere you like.

မသိဘူးလေ။ ခင်ဗျားကြိုက်တဲ့ဆိုင်သွားပါ။

–          Good. It’s not very crowded. Let’s have coffee.

ကောင်းလိုက်တာ။ လူသိပ် မများဘူး။ ကော်ဖီသောက်ကြရအောင်။

–          Could you tell me what pizza is, please? (မသိလို့ မေးချင်တာကို pizza နေရာမှာ အစားထိုးကြပါ)

ကျေးဇူးပြုပြီး ပီဇာဆိုတာ ဘာလဲ ကျနော့်ကို ပြောပြနိုင်မလား။

–          What’s mohinga? (အတို တစ်နည်း)

မုန့်ဟင်းခါးဆိုတာ ဘာလဲဗျ။

–          That mohinga is mouth-watering.    What’s that fragrance?

အဲဒီ မုန့်ဟင်းခါးက စားချင်စရာပဲ (သရေတောင်ကျလာပြီ)။ ဘာအမွှေးနံ့လဲ။

–          That’s quite delicious. Has it got fish in it?

အရသာ တော်တော်လေးရှိတယ်။ ဟင်းထဲမှာ ငါးပါလား။

–          I’ll have the fish and vegetable soup.

ကျွန်တော် ငါးနဲ့ အသီးအရွက်စွပ်ပြုပ် သောက်မယ်။

–          He’ll have the chicken curry and rice.

သူကတော့ ကြက်သားဟင်းနဲ့ ထမင်းစားမယ်။

–          I’m going to have fried noodle.

ကျနော် ခေါက်ဆွဲကြော် စားမယ်။

–          What’s there in the chicken tripe curry?

ကြက်ကလီစာဟင်းထဲမှာ ဘာတွေ ပါသေးလဲ။

–          I’ll try salmon steak cause I’ve never eaten it before.

ကျွန်တော်ကတော့ ဆော်လမွန်ငါးလွှာကြော် စားကြည့်မယ်။ တစ်ခါမှ မစားဘူးလို့။

–          What fried vegetables can I have for dinner?

ညစာအတွက် ဘာအသီးအရွက်ကြော် ရနိုင်သလဲ။

–          May I have French fries?

အာလူးကြော်ရနိုင်မလား။

–          What did you say the fishes were?

ဘယ်လိုငါးဟင်းမျိုးတွေလဲ။

–          David’s having beef steak. What about you, Henry?

ဒေးဗစ်ကတော့ အမဲလွှာကြော် စားနေလေရဲ့။ ဟင်နရီ ခင်ဗျားကရော..။

–          Are we all going to have the same thing or …?

ကျနော်တို့အားလုံး တမျိုးတည်းစားကြမလား…။ ဒါမှမဟုတ်..

–          Do you want something to eat?   This shop is famous for chop suey.

ခင်ဗျား တစ်ခုခု စားချင်သလား။ ဒီဆိုင်က ထမင်းပေါင်းဆို နာမည်ကြီးပဲ။

–          You love Chinese steamed pork. Shall I order some?

ခင်ဗျား ဝက်သားပေါင်း ကြိုက်တာပဲ။ ကျွန်တော် မှာလိုက်ရမလား။

–          No, I’m not hungry. I’ll have tea.

ဟင့်အင်း. ကျွန်တော်မဆာဘူး။ လဘက်ရည်ပဲ သောက်တော့မယ်။

–          Black or white coffee?

ကော်ဖီပဲလား.. နွားနို့နဲ့လား။

–          Could I have a tomato sandwich?

ခရမ်းချဉ်သီး အဆာညှပ်ပေါင်မုန့် ရနိုင်မလား။

–          The foods’ really great and I ended up making a real pig of myself.

အစားအစာတွေက တကယ့်ကို ကောင်းတာပဲ၊ ကျွန်တော် အငမ်းမရ စားပစ်လိုက်တယ်။

–          I’ve never seen such a greedy pig.. ha ha.

ဒီလောက်အစားကျူးတဲ့လူ မတွေ့ဖူးဘူးဗျို့..ဟား ဟား ။

–          The restaurant looked nice but the meal was awful/terrible.

စားတော်ဆက်ကတော့ ထယ်ဝါပါရဲ့ ..ဒါပေမယ့် အစားအသောက်ကတော့ ညံ့တယ်။

xxxxx —– xxxxx

ဗဟုသုတ တိုးပွားကြပါစေ..

9 comments

  • ဗီဒီယို တင်လို့ ရပီဆိုလို့ လာကျည့်ဒါ ..
    ဒါ့ထက် အောက်က မန်မာချာ ဒွေဂ ဘိုဂျီး ဖစ်နေဒါဒုံးဟင်င် …
    Myanmar3 များလား သိဝူးးးး

    • မင်းနန္ဓာ

      January 15, 2013 at 10:06 pm

      ဟီး ဟုတ်တယ်ဗျို့ ရုံးမှာ မို်င်မာ၂ နဲ့ရိုက်ထားတာ ကော်ပီပေ့စ်လိုက်တာ
      ဒီညတော့ ပြင်တော့ဘူးဗျာ အိပ်တော့မယ်..
      သိုင်းကျူးဗျာ အကြံဉာဏ်တွေအတွက်..

  • မင်းနန္ဓာ

    January 16, 2013 at 11:19 am

    ဖောင့်တွေ လွဲနေတာ ပြင်လိုက်ပါပြီနော်.. အားပေးကြပါအုံး

  • mamanoyar

    January 16, 2013 at 3:52 pm

    ဗဟုသုတတွေမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

    • မင်းနန္ဓာ

      January 17, 2013 at 10:23 am

      You’re welcome, noyar.
      ဟိ

  • မောင်ပေ

    January 16, 2013 at 7:49 pm

    ပလဲဆင့် တီချာ
    မောင်ပေ အစ် ပလဲဆင့်
    သေချာမှတ်သွားပါတယ် ဆရာမင်း

    • မင်းနန္ဓာ

      January 17, 2013 at 11:52 am

      All right.
      Have you done your homework?
      :kwi:

  • ခိုင်ဇာ

    January 17, 2013 at 10:30 am

    ပညာ ယူဖို့လာတာပဲ။
    ဖတ်ပြီး ဗိုက်ဆာလာတာတော့ ဘယ်သူ့ အပြစ်တုန်း။
    ဆရာ့ အပြစ်ဟုတ်ပါဘူး။
    ဒီ တပည့် အပြစ်ပါလေ။ :kwi:

    • မောင်ပေ

      January 19, 2013 at 9:02 pm

      ဇာလေးစားချင်တာမှန်သမျှ
      ဟောဒီက မောင်ပေ က ကျွေးမှာပါကွယ်

Leave a Reply