လွမ်းရက်တွေအကြောင်း

မောင် ပေApril 1, 20131min16012

လွမ်းရက်တွေအကြောင်း လို ့ဆိုရမယ်ဆိုရင်
ဘဝကြီးကို ပြန်လှည့်ကြည့်လိုက်တော့ လွမ်းစရာတွေက တော်တော်များခဲ့တာကလား
မှတ်မှတ်ရရ လေးဖြူ ရဲ ့ကမ္ဘာသစ်တေး အခွေ ထွက်ချိန်တုန်းက ကျုပ်က တောင်ကြီးကို ရောက်နေခဲ့တာပေါ့။
အဲ့တုန်းကပေါ့နော်…….



သဂျီး ရဲ ့ဆာဗာ ကို တော်တော်လေး လေမိတယ်ဗျာ
ဘယ်နှယ့်ဗျာ
အမှန်က သည်ပို ့စ်ကို အေးဆေးရေးမလို ့ခေါင်းစဉ်လေးတပ်ပြီး စကဒ်ဒျူလေးဆွဲ ၊ ရေးမယ်ကြံတိုင်း ဘောပွဲနဲ ့တိုက်တိုက်နေလို ့ ၊ နေ ့ပြန်ပြန် ပြောင်းရင်း ပြောင်းရင်း နဲ ့… နောက်ဆုံးအကြိမ်ပြောင်းတဲ့ နေ ့စွဲအထိ မရောက်တော့ပဲ ၊ ဒီနေ ့မှ ဘယ်ကနေဘယ်လို သည်ပို ့စ်က ဧပရယ်လကုန်မှာ တပ်မယ့်ဥစ္စာ ခပ်တည်တည်နဲ ့တက်သွားပါရောလား ။
ဆိုတော့က ၊ မောင်ပေ ဧပရယ်ဖူးလ် လုပ်တယ်လို ့ပဲ မှတ်ကြပေါ့ဗျာ….
အဲဒါနဲ ့ပဲ မထူးတော့မယ့်အတူတူ ၊ ကျုပ်လဲ ပေါတောတောနဲ ့ရူးချင်ဟန်ဆောင်ပြီး ဒီလိုလေး ရေးမိလိုက်တယ် ။
ကိုယ်ပေါတယ်လို ့ပြောရင်ပြောပါ လို ့ ကျုပ်ကတော့ လေချိုလေးသွေးရင်းနဲ ့ပေါ့
အဲဒါ အဲဒါ…….။

“““ လွမ်းရက်တွေအကြောင်း ”””

လွမ်းရက်တွေအကြောင်း
ထန်းအရက်တွေလောင်း
နှမ်းထွက်တွေမရောင်း
ဖမ်းကြက်တွေတပေါင်း
လမ်းထွက်ရေမကောင်း ။

သမ်းရှက်နေအစောင်း
မှန်းဘတ်ငွေမကောင်း
စမ်းလက်ရှည်အပြောင်း
ပန်းထွက်နွေအနှောင်း
မှန်းကပ်စေဖယောင်း ။

*********************

12 comments

  • Myo Thant

    April 1, 2013 at 10:54 am

    ဆရာပေရယ်
    ဘာလို့ အဲလို အရှည်ကြီးရေးပြီးလွမ်းရတာတုန်း
    ဖတ်ရတာ မျက်စိကို ညောင်း လို့

  • တိမ်မည်း

    April 1, 2013 at 11:01 am

    လွမ်းချက်က နိုင်းလောက် ရှိတယ်…. အံ့ရော အံ့ရော…………..
    ကျွန်တော်တောင် လွမ်းချင်သလိုလို ဖြစ်လာပီ………… 🙁

  • ရွာသူ jujuma .

    April 1, 2013 at 11:59 am

    အဲ ကမ္ဘာသစ်အခွေထွက်တုန်းက ကျုပ်ဆေးရုံရောက်နေတယ်အေ…
    ဟွင့် လွမ်းထှာအေ .. :hee:

  • Ma Ei

    April 1, 2013 at 1:49 pm

    လွမ်းရက်တွေ အကြောင်းကလဲ
    Copy/Paste ဆိုပါလားနော်….

  • ဗုံ ဗုံ

    April 1, 2013 at 3:12 pm

    ဒီပိုစ့်ကို ဖတ်ရင်းနဲ့ မဖတ်ခင်က အချိန်ကို ပြန်လွမ်းသွားတယ် ကပေရယ် :mrgreen:

  • garuda

    April 1, 2013 at 5:49 pm

    အဲ..ကြားဖူးတာက..ဝေးဝေးကသာလွမ်းပါမည်တဲ့…
    ဆြာပေ ကတော့…တိုတိုလေးသာလွမ်းပါမည်…ပေါ့။
    :hee:

  • MaMa

    April 1, 2013 at 6:38 pm

    ထူးထူးခြားခြား ကပေရဲ့ အလွမ်းများးးးးးးးးး :kwi:

  • အရီးခင်လတ်

    April 1, 2013 at 7:53 pm

    အဲလက်စ် ရဲ့ သီချင်း “လွမ်းရက်တွေအကြောင်း” ကို အတော်လေးကြိုက်ခဲ့ဖူးတယ်။
    မောင်ပေ့ “လွမ်းရက်တွေအကြောင်း” ကတော့ မစသေးခင် ဆုံးနေပါရောလား။ 😛

  • နေဝန်းနီ

    April 1, 2013 at 8:27 pm

    အေးပါ ဧပရယ်ဖူးလ် လို့သာ သဘောထားတော်မူကြပါ ဆိုတော့လည်း မောင်ပေ ဖူးလ် လို့ပဲ မှတ်ထားလိုက်တော့မယ် နော် :kwi:

  • ဟေ့လူ …
    ဘာမှ လာရှင်းပြ မနေနဲ့
    ခညား ခုလို ဖြစ်တာ နှစ်ခိရှာ နှစ်ခါရှိပြီ ..
    နောက်ခါ ခုလို ဖြစ်ရင်
    ကျုပ် အဆိုးမဆိုနဲ့ ဒါဘဲ … ဟဲဟဲ ..

  • ကို ငြိမ်းမောင်

    April 2, 2013 at 1:04 pm

    ဒါဆို ကိုပေက ဟို အရေးပေါ်ကြားဖြတ်သတင်း ဆိုပြီး သတင်းကြေငြာချိန် မရောက်မှီ ကြေငြာသလိုမျိုးပေါ့နော်။
    ဘာဘဲဖြစ်ဖြစ် ဆက်ရေးလိုက်တဲ့ ကဗျာလေးကတော့ ကောင်းပါ၏။

Leave a Reply