တူယှဉ်နွှဲပျော် စုံညီပွဲတော် (ဂဇက်ရွာ)

 

 

 

 

 

 

 

 

 

 

 

 

MG

ကျွန်တော်များ ရွာဆော်မှာ ဖြစ်သော ကျွန်တော်ရွှေတိုက်နဲ. ပါဝင်ကူညီဆောင်ရွက်ပေးသူ ကိုအမတ်မင်းတို. ပွဲစီစဉ်ထားပါတယ်..ဗျာ..

အခုလက်ရှိ တွေ.ဆုံပွဲနဲ.ဆုပေးပွဲတက်ရောက်သူ စာရင်းပေးထားတာ. စုစုပေါင်း အယောက် ၅ဝ ရှိပါပြီး..

ဖုန်းဆက်စာရင်းပေးသူတစ်ယောက်မှမရှိပါ။…

ကဲစာရင်းပေးထားသူများကိုတော့ အောက်မှာဖော်ပြထားပါတယ်..

မပဒုမ္မာ၊ မမ၊ မဝေဝေ၊ ဆူး၊ ကိုဖေါရိန်း၊ ကိုကြီးမိုက်၊ ကိုဘလက်ချော၊ ဦးပါ၊ ရွှေတိုက်၊ အမတ်မင်း ၊ကြောင်ဝတုတ် ၊ အံစာတုံး၊ Mလုလင်

ကိုအံစာတုံး၊လုံမလေးမွန်မွန်၊ ကိုနေချား၊ဂျူးဂျူးမ၊ကိုနွေဦး၊ကိုအလင်းဆက်၊

ကိုအာဂ၊မနွယ်ပင်

မသျှားသက်မန်၊မနိုဗွီ၊ကိုမင်းသုဝေ၊မခိုင်ခိုင်၊P Chogyi

Water polo၊Water Fish၊ကိုကမ်းဝေး၊ပန်ပန်ချစ်၊သူရဿဝါ၊ရင်နင့်အောင်

ဦးကျောက်ခဲ၊ဂန္ဓာရီ ဆြာအုပ်၊Cobra၊မိုချို (ကိုယ်စား-အမေ)၊ကိုဆာမိ

ငြိမ်းငြိမ်း၊Kthwinzayarmyo၊မအိတုံ၊AKKO၊Rose Minn၊အိုဗားမား၊ရွှေအိ၊ကိုရဲစည်

ရင်ငြိမ်းနွေ၊တင်တင်၊Green Rose၊မအိ၊ဦးမာဃ၊ချာတူးလန်၊ကိုမင်နန္ဒာ

ကဲဒါတွေကတော့ ကော်မန်.နဲ.စာရင်းပေးထားကြသူများပါ….

အစီအစဉ်တွေကတော့…

https://myanmargazette.net/163470/travel ဟောဒီက ဆရာအုပ် လမ်းညွှန်လေးအတိုင်း ဝင်လာခဲ့ပါ..

ပထမဦးဆုံး လူအယောက် ၃ဝ ကို ဝင်းကြေး ၃၀ဝ လွတ်ကင်းခွင့်ရမှာပါ…. မြန်မြန်နဲ.စောစောလာနော်..

လာရင်လဲ မန္တလေး ဂဇတ်ပွဲသွားမလို. P3 စားသောက်ဆိုင်လို. ပြောဖို.မမေ့နဲ.အုံး……..

ကဲ…ဒါဆို အထဲသာဝင်လာခဲ့တော့.. P3 ကိုတွေ.ရင်ဖြင့် ဆရာအုပ်လမ်းညွှန်ထဲက R11 ဝင်ပေါက်ကနေ ဝင်ပေးကြနော်.. ရွာသူားတို.ရေ..

အဲဒီမှာ ဧည့်မှတ်တမ်းလေး လက်မှတ်ထိုးရင်……..ရေးချင်ရာရေးဘုတ်မှာ အမှတ်တရလေးတွေ ရေးပေးခဲ့ကြအုံး……….

ပြီးရင်တော့ ဆယ်ယောက်ကိုတစ်ဝိုင်းစီနဲ. စီစဉ်ထားတယ်.. ခုံသာပြေးလုထိုင်ကြတော့..ဟဲဟဲဟဲ အလကားစတာပါ……ကိုယ်ကြိုက်တဲ့နေရာထိုင်ကြပါ….

အဲအဲ ရှေ.ဆုံးက ဝိုင်းကိုတော့ ဆုရတဲ့သူ တွေထိုင်ဖို.လုပ်ပေးထားတယ်နော်… ဆုရတဲ့သူ ကိုယ်ဆိုရင် အဲဒီ ရှေ.ဆုံးဝိုင်းမှာ ခါးမတ် ရင်ကော့ပြီးသာ ဝင်ထိုင်ပလိုက်တော့ဗျာ…….

ထိုင်ပြီးသွားရင် အဲဒီဆိုင်က Waiter လေးတွေ ဘာသောက်မလဲကို ဆိုပြီး လာမေးလိမ့်မယ်.သောက်ချင်တဲ့ သစ်သီးဖျော်ရည်ကို သူတို.လာပြတဲ့ Menu ထဲကနေသာ မှာလိုက်တော့…

အဲအဲ..တစ်ခုတော့ရှိတယ်နော် အဲဒီ Menu ထဲမှာ မြန်မာဘီယာ၊တိုက်ဂါး၊ဒဂုံ၊စပီရိုလိုင်းနား၊စပိုင်ဝိုင် ဆိုတာတွေတော့ ပါဘူးနော်………အဟီးးးးးးးးးး

ကဲဒါဆို အမောပြေလေးနဲ. အဆာခံလေး ဖျော်ရည်သောက်ရင်း ဥက္ကဋ္ဌ ကြီးရဲ. အဖွင့်အမှာစကားလေး နားထောင်၊ တာဝန်ရှိသူများ စကားလေးပြော၊ ကြွရောက်လာကြတဲ့ရွာသူားများက မိတ်ဆက်စကားပြော၊ ဆုရတဲ့သူတွေ ဆုပေး၊ ဆုရတဲ့သူတွေက ကျေးဇူးတင်စကားပြော ကြား……..ဒါလေး ကို ဖျော်ရည်လေးနဲ. ထိုင်နားထောင်ပြီး လက်ခုပ်တီးပေး ယုံပါပဲ…

ဟဲဟဲဟဲ…… အချိန်တော့နဲနဲကြာမယ်နော်.. ဖျော်ရည်မှာတဲ့ အပေါ်မူတည်ပြီး အဆာခံနိုင်မခံနိုင် ကိုယ့်ဟာကို စဉ်းစားကြနော်..

ကျွန်တော်ကတော့ အဲဒီအချိန်ကို ဖြတ်သန်းဖို. ထောပတ်သီးဖျော်ရည် အခုကတည်းက မှာထားပြီးပြီး အဆာခံအောင်လေ………..အဟိဟိဟိ..

ကဲ အားလုံးပြီးသွားတော……စပါပြီး ဝါးတီးကိစ္စ..

ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ. ယိုးဒယား ဟင်ချိုလေးသောက်ပြီး အာလပသလာပလေးတွေပြော ပျော်ပျော်ရွှင်ရွှင်စားသောက်ကြရအောင်………..

အဲအဲ စားသောက်ပြီးလို. ထပြန်မသွားနဲ.အုံးနော်………

ကံစမ်းမဲအစီအစဉ်ကျန်သေးတယ်နောာာာာာာာာာာာာာ…

ပေါက်မဲတွေကတော့………..

အင်းနောက်မှပဲပြောပြတော့မယ်…….. :kiwi: :kiwi:

ဒါနဲ.တစ်ခုပြောအုံးမယ်.. ဦးပါလေရာကလဲ ဓာတ်ပုံရိုက်တဲ့ကိစ္စလေးနဲ. ဒီလိုလေးပြောထားတယ်.. အဲဒီအကြောင်းလေးကိုတော့ ရွာသူားတွေ အနူးအညွတ်တောင်းပန်ရင်း သိစေချင်ပါတယ်ဗျာ..

ကျုပ်တို့လို အွန်လိုင်းမှာသိကျွမ်းခင်မင်ကြပြီး အပြင်မှာတွေ့ဆုံရင်းနှီးသူများဟာ တစ်ချို့ ကိစ္စလေးတွေမှာ အမှတ်မထင် အမှားအယွင်းရှိတတ်တာမို့ ကိုလို့ သတိပေး အသိပေး ပါရစေဗျာ…။ ဒီလို တွေ့ဆုံကြရာမှာ ခင်မင်ရင်းနှီးပြီးသူအချင်းချင်း နားလည်မှု့ရှိပြီးသူအချင်းချင်းအနေနဲ့ တစ်ဦးချင်းဖြစ်စေ  အုပ်စုလိုက်ဖြစ်စေ ဓါတ်ပုံဗွီဒီယိုများ ရိုက်ကူးနိုင်ကြပေမယ့် ကြိုတင်ခွင့်ပြုမထားတဲ့ ၊ ခွင့်ပြုမယ်မှန်းမသေချာတဲ့ အခြားသူများကိုတော့ ဓါတ်ပုံ ဗွီဒီယိုများ မရိုက်ကူးသင့်ပါကြောင်း…..။ ရိုက်လဲ မရိုက်သင့်သလို မတော်တဆ တနည်းနည်းနဲ့ ကြိုတင်ခွင့်ပြုမထားသူများရဲ့ဓါတ်ပုံတွေ ရခဲ့ရင်လဲ-on line ( ရွာထဲမှာ၊ FB မှာ၊ အခြားဆိုက်တွေမှာတင်တာ၊ အခြားသူများနဲ့ ရှဲတာ) သော်၎င်း…. ဝff line (ကင်မရာချင်း ဖုံးချင်း ပို့တာ၊ ရှဲတာ၊ ဓါတ်ပုံထုတ်ယူပြသတာ) သော်၎င်း…. ဖြန့်ဝေခြင်း မပြုကြသင့်ကြောင်း အကြံပြုပါတယ်။ ကျုပ်တို့ဟာ လူအချင်းချင်းရဲ့ ကိုယ်ရေးလွတ်လပ်ခွင့်ကို အပြန်အလှန် လေးစားတဲ့ ရွာသူားများဖြစ်ကြောင်း ပြသကြပါစို့ …… အခန်းအနားကို မှတ်တမ်းတင်ဖို့တော့ ကိုဘလက်ချောနဲ့ Mလုလင် တို့ တာဝန်ယူပြီးဖြစ်ပါတယ်။ သူတို့ထဲကတယောက်ယောက်က ပိုစ့်ရေးမှတ်တမ်းတင်မှာ ဖြစ်ပါကြောင်း….။

ကဲအစီအစဉ်ပြီးကြောင်းကြေငြာလိုက်တာနဲ. ကိုယ့်ပစ္စည်းမေ့မကျန်ခဲ့လေအောင် သေချာစိစစ်ပြီး အိမ်ပြန်ကြ ရအောင်……

69 comments

    • မင်းနန္ဓာ

      January 16, 2013 at 11:18 am

      ကျုပ်နာမည်ကျတော့ စာရင်းထဲ မပါခဲ့ဘူး (နှစ်ခေါက်ဖတ်ပြီးဘီ)
      ကားလက်မှတ် ဖြတ်ပြီးသားနော်
      ပွဲရောက်မှ ထိုင်စရာမရှိ၊ စားစရာမရလို့ကတော့
      မိတိုက်ဟာ လုမှာ.. ဒါဗျဲ
      … 😎

      • ရွှေတိုက်စိုး

        January 16, 2013 at 11:24 am

        အော်ကိုနန္ဒာရယ်.. ထည့်လိုက်ပါပြီအေ…
        သများဟာဒေါ့မလုပါနဲ.အေ.. ဥမကွဲသိုက်မပျက်လေးနေချင်လို.ဘာ…..ခိခိခိ

    • ရွှေတိုက်စိုး

      January 16, 2013 at 11:25 am

      မလာရင်တော့ နောက်ပေါက်က ဝက်စာပုံးကြီးတော့ အလကားဖစ်တော့မယ်..
      လာခဲ့ပါဟယ်.. ညည်းဟာကြီးကို သများက သိမ်းထားပေးရအုံးမှာအေ…..

      • ဟဲ့ .. မိတိုက် ..
        ညည်းဂ နာကြောဒါ နားလည်ဝူးးလားးး
        ဟိုးပေါ်မှာ အံစာတုံး နဲ့
        ကိုအံစာတုံး၊လုံမလေးမွန်မွန်၊ ဆိုပြီး .. :mrgreen:
        နှီခုဂျီး ဖစ်နေဒယ်အေ့ …
        အိုက်ဒါဂျောင့် နှစ်ကိုယ်ခွဲပြီး လာနိုင်ဝူးးလို့ ကြောဒါ …

    • Khaing Khaing

      January 16, 2013 at 11:30 am

      မောင်မောင်အံ …. ညည်းက နှစ်ကိုယ်မလာနိုင်ပေမယ့် … ငါက နှစ်ကိုယ်တစိပ်လာမှာနော် … ဟိုကောင်မ ချောတိုင်မ မိတိုက် ငါ့ကို တစ်နေရာစာပဲလုပ်ထားတယ် …. ငါ့သမီးလေးဘယ်နားသွားထားရမလဲ ……

      • ကိုရင်စည်သူ

        January 16, 2013 at 11:33 am

        ဒေါ်ခိုင်ကလည်း.. ပေါ်ပေါ်တင်ထားလိုက်လေဗျာ.. အဟီးး :mrgreen:
        ဘိုက်ထဲမှာ တစ်ယောက် ပေါင်ပေါ်မှာ တစ်ယောက်ဆိုတော့
        ခိုင်ခိုင်မှ တခိုင်လုံးခိုင်ဖြစ်သွားပီး.. 😳
        နော့… ယောက်ခမဂျီး..။ :kwi:

  • ကိုရင်စည်သူ

    January 16, 2013 at 11:18 am

    အစောဆုံးထ မျက်နှာသစ်ပြီး ဘယ်ပို့စ်ကွန့်မန့်ပေးမလဲ
    ဖတ်နေတာ… လူအယောက်ငါးဆယ်လောက်ရှိတော့
    တော်တော်စည်ကားမှာပဲဗျာ.. ဓါတ်ပုံတွေပဲ စောင့်ကြည့်ပီး
    အားပေးရတော့မှာ….။ လာချင်တာမှ အဝှာကိုယားနေဒါဘဲ..
    သင်္ဘော ဦးလှည့်ပြီးလာရင်တောင် ထန်ကုန်မောင်းရင်တောင်
    ၂လလောက်ကြာမလားပဲ… အင်း.. 🙄
    ၂ဝရက်နေ့တော့… အလုပ်ထဲ စိတ်မပါတော့မှာ.. အသေအချာပဲ..
    ဦးအံ့ချာ.. အူးဆာမိတို့ ကျနော့်အစား.. ပိုသောက်… အဲ.. ပိုစားလာခဲ့ဂျဘာဗျာ.. :gee:

    • ရွှေတိုက်စိုး

      January 16, 2013 at 11:27 am

      ဒါများကိုရင်ရယ် ဦးမာဃကို လှမ်းအကြောင်းကြားလိုက်
      သူလိင်ပျံစီးလာမယ်ပြောဒယ် လမ်းကြုံဝင်ခေါ်ခိုင်းလိုက်ပါလား..
      သင်းဘောကြီးပေါ်က လွမ်းနေဒေါ့ဗျာ……..

      • Mr. MarGa

        January 16, 2013 at 8:48 pm

        ဦးမာဃက လိင်ပျံမစီးပါဘူး
        နတ်ရထားနဲ့ လာမှာ
        :kwi:

  • weiwei

    January 16, 2013 at 11:31 am

    အစီအစဉ်ထဲမှာ အဆို အက မပါဘူးပေါ့နော် … :kwi:
    အစီအစဉ်တွေကလဲကောင်း … လမ်းညွှန်ထားတာလဲကောင်း ..
    ရောက်တုန်းရောက်ခိုက် ကန်တော်ကြီးထဲ လမ်းလျှောက်ချင်စိတ်ပေါက်မိတယ် ..

  • ရွာသူ jujuma .

    January 16, 2013 at 11:58 am

    ဂျူးမ က ရွာသူဆိုတော့ တစ်ခါမှလည်းမလာဖူးဘူးအေ့ .. မက်စိလည်နေမှဒက်ခ …
    မင်္ဂလာဈေးဘက်ကဝင်ရင် ပိုအဆင်ပြေမယ်ထင်ပ ..
    ဝင်ကြေးကင်းလွတ်ခွင့်က ဘယ်အပေါက်လဲ ပြောအုံးလေအေ .. :kwi:

    • ရွှေတိုက်စိုး

      January 16, 2013 at 12:00 pm

      အကုန်လုံးဝင်လို.ရတယ် ဘယ်အပေါက်ကဝင်ဝင်.. မန္တလေးဂဇတ်ပွဲသာပြောထည့်လိုက် ဘယ်သူ.မျက်နှာမှထောက်မနေနဲ. အာဟိ

  • မိတိုက်ရေ မလာဖြစ်တာ 90 လာဖြစ်တာ 10
    ကံမျက်နှာသာပေးလို့ရောက်ခဲ့ရင်တော့
    ဘယ်နေရာ ထိုင်ရ ထို်င်ရ နော်

    • ရွှေတိုက်စိုး

      January 16, 2013 at 12:34 pm

      ရပါတယ်လေးပေါက်ရာ..ကန်တော်ကြီးရေပြင်မှာ ဘောလေးတစ်လုံးချပြီး ထိုင်ဖို.စီစဉ်ပေးမယ်..ဟိဟိ..
      လာစေချင်ပါတယ်ဗျာ..လေးပေါက်ရာ..
      ဖရဲသီးပါခေါ်လာခဲ့….

      • မလာနိုင်တာ သေချာသွားပါပြီ။
        ရန်ကုန်ကို 2013 ပထမပါတ်လာရမယ်ဆိုတာ ကြိုသိနေတာအေ့.။
        ဒါကြောင့်အစက လွတ်လပ်ရေးနေ့လုပ်ပါလားလို့ပြောကြည့်တာအေ့။
        ဒါပေမယ့်အများသဘောတူတဲ့20-1-2013 ဆို လာလို့မရတာ ကြိုသိနေပါတယ်.။
        တကယ်လို့များ ဆရာ ခရီးမထွက်ဖြစ်ရင်ဆိုတဲ့မျော်လင့်ချက်(10%)နဲ့နေတာအေ့.။
        ငါက သူများလခစားဆိုတော့လဲ့ ကိုယ်စိတ်ကို ကိုယ်မပိုင်ပါအေ့။
        သူကလဲ ရန်ကုန်ကို သွားမှာများအလိုက်တသိနဲ့မင်းလိုက်အုံးမလားလို့မခေါ်ဘူးအေ့
        သူကလဲ ဒီဇန်နဝါရီလထဲမှာ မင်္ဂလဆောင်ရှိတာကို ကြိုပြောထားတာအေ့ ။
        ဘယ်နေ့မှန်းမသိလို့ ပါအေ့
        ဒီလိုရွာပွဲဖြစ်မယ်မှန်းသိရင် တူမလေး မင်္ဂလာဆောင်ကိုရက်ရွှေ့ခိုင်းပါတယ်အေ့။
        နာတာအေ့။
        လုင်ကို ငါ့ကိုယ်စားလှယ်လို့သဘောထားပြီး အအေးတစ်ခွက်ပိုုတို်က်လိုက်ပါအေ့။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 16, 2013 at 12:35 pm

    ရောက်အောင်လာပါ့မယ်ဗျို့….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မိတိုက်နဲ့ကိုမတ် ကိုပီချိုကြီးက အမှတ်တရ သော့ချိတ်လေးတွေဝေချင်ပါတယ်တဲ့။
    မင်းတို့နှစ်ယောက်ဖုန်းနံပါတ်ပေးလိုက်ပါသည်။

    • Foreign Resident

      January 16, 2013 at 12:57 pm

      အဘ ကြားတော့ ကြားနေရတယ် ၊
      လက်ဆောင်တွေ မဲဖေါက်ပေးမှာ ၊
      သူကြီး ဦး Kai တစ်ယောက်တည်း မဟုတ်ဘူးတဲ့ ၊
      တခြား စေတနာရှင် လဲရှိသေးတယ်တဲ့ ။

      ဘယ်သူများလည်း မသိဘူး ။

      • Novy

        January 18, 2013 at 1:53 pm

        ဗလာမပါ ကံစမ်းမဲဖေါက်ပေးမှာတဲ့
        ခိုင်လုံတဲ့ သတင်းရပ်ကွက်က သတင်းရတာပဲ
        ဒီနေ့လိုနေတဲ့ ပစ္စည်းတွေသွားဝယ်နေတယ်တဲ့
        ၅၅ ယောက်စာဆိုလား :harr:

    • ရွှေတိုက်စိုး

      January 16, 2013 at 1:02 pm

      ဟုတ်ကဲ့လေးပေါက် လက်ဆောင်ပေးမှာဂို ချိတ်ချိုးဘူးနော်ဗျာ…….ခစ်ခစ်ခစ်

  • water fish

    January 16, 2013 at 12:54 pm

    အာပုဂျီးရေ……..ကံစမ်းမဲဆိုတာဘာတွေဖောက်ပေးမှာယဲဟင်…..
    ပျော်စရာကြီးနော် လူတွေစုံစုံညီညီနဲ့ တက်ရောက်ကျမဲ့ပွဲဆိုတော့….

  • မင်းနန္ဓာ

    January 16, 2013 at 1:14 pm

    ၁- မပဒုမ္မာ၊
    ၂- မမ၊
    ၃- မဝေဝေ၊
    ၄- ဆူး၊
    ၅- ကိုဖေါရိန်း၊
    ၆- ကိုကြီးမိုက်၊
    ၇- ကိုဘလက်ချော၊
    ၈- ဦးဦးပါလေရာ၊
    ၉- ရွှေတိုက်၊
    ၁၀- အမတ်မင်း
    ၁၁- ကြောင်ဝတုတ် ၊
    ၁၂- အံစာတုံး၊
    ၁၃- Mလုလင်
    ၁၄- လုံမလေးမွန်မွန်၊
    ၁၅- ကိုနေချား၊
    ၁၆- ဂျူးဂျူးမ၊
    ၁၇- ကိုနွေဦး၊
    ၁၈- ကိုအလင်းဆက်၊
    ၁၉-၂ဝ = ကိုအာဂ+မနွယ်ပင်
    ၂၁- မသျှားသက်မန်၊
    ၂၂- မနိုဗွီ၊
    ၂၃- ကိုမင်းသုဝေ၊
    ၂၄- မခိုင်ခိုင်၊
    ၂၅- P Chogyi
    ၂၆- Water polo၊
    ၂၇- Water Fish၊
    ၂၈- ကိုကမ်းဝေး၊
    ၂၉- ချာတူးလန်၊
    ၃၀- ပန်ပန်ချစ်၊
    ၃၁- သူရဿဝါ၊
    ၃၂- ရင်နင့်အောင်
    ၃၃- ဦးကျောက်ခဲ၊
    ၃၄- ဂန္ဓာရီ ဆြာအုပ်၊
    ၃၅- Cobra၊
    ၃၆- မိုချို (ကိုယ်စား-အမေ)၊
    ၃၇- ကိုဆာမိ
    ၃၈- ငြိမ်းငြိမ်း၊
    ၃၉- Kthwinzayarmyo၊
    ၄၀-၄၁ = မအိတုံ+AKKO၊
    ၄၂- Rose Minn၊
    ၄၃- အိုဗားမား
    ၄၄- ၊ရွှေအိ၊
    ၄၅- ကိုရဲစည်
    ၄၆- ရင်ငြိမ်းနွေး၊
    ၄၇- တင်တင်၊
    ၄၈- Green Rose၊
    ၄၉- မအိ၊
    ၅၀- ဦးမာဃ၊
    ၅၁- ကိုမင်းနန္ဓာ + ယုသနာ္တတင်(သို့) ဖွေးဖွေး (ရှင်မွေးလွန်း ခရီးဝေးမလိုက်နိုင်ပါသဖြင့် ၎င်းမော်ဒယ်နှစ်ဦးအနက်မှ တစ်ဦးဦးလိုက်ပါမည်) :kwi:
    ၅၂- ကိုမိုးမင်းသာ (reserve)

    • အာဂ

      January 16, 2013 at 4:03 pm

      ကိုကမ်းဝေးကြီး ဘေးမှာ ပလပ် ထည့်ပေးပါရန်..

    • nature

      January 16, 2013 at 6:34 pm

      ဟွန်း …..မျက်နှာလိုက်တယ်။ နောက်ဆုံးစာရင်းပိတ်ပြီးမှ စာရင်းပေးတဲ့သူကိုထိတ်မှာရေးထားတယ်။ 😛
      ….ငြိမ်းငြိမ်း၊Kthwinzayarmyo၊မအိတုံ၊AKKO၊Rose Minn၊အိုဗားမား၊ရွှေအိ၊ကိုရဲစည်…..
      အိုဗားမားက ဘယ်ကလမ်းကြုံလို့ ပါလာတာတုန်း…။

      • အရီးခင်လတ်

        January 16, 2013 at 6:54 pm

        အဲလာ အဲလာ
        အရေးအကြီးဆုံး ဥကထကြီး။
        ဘာမှတ်တုန်း။ 😆

  • Novy

    January 16, 2013 at 1:44 pm

    မိတိုက်ရေ..
    တိုရဲ့ အုပ်ထိန်းသူ ဂျူနိုကိုလည်း တစ်နေရာလောက်ပေးပါနော် :harr:

  • surmi

    January 16, 2013 at 3:14 pm

    ကိုထူဆန်း မတွေ ့ပါလား …..

    ကဲဗျာ ….. ငံပိရည်လေးဆမ်း …ငရုပ်သီးမှုန် ့လှော်ထောင်းလေးဖြူး…..
    ပြီးတော ့ လမ်းထိတ်က အကြော်လေးနဲ ့ အဆာပြေအရင်ဆွဲပြီးမှ
    လာခဲ ့ မယ်ဗျို ့……….
    ဂျလေဘီပစ္စည်းပြတ်နေလို ့ လက်ဆောင်မဝေနိုင်တာခွေးလွှတ်ဗျို ့……..
    :harr: :harr:

    • ကထူးဆန်း

      January 17, 2013 at 9:38 am

      ဆံဖြူ သွားကျိုး မဲမဲ ဝဝ ရုပ်ဆိုး အဖိုးကြီးဆိုတာ ရွာသူတွေ သိ သွားမှာ စိုးလို့ လာတော့ ဘူးရယ် .. :harr:

  • ဦး ကျောက်ခဲ

    January 16, 2013 at 3:39 pm

    လုံခြုံရေးအစီအစဉ်လေးသိပါရစေ ခင်ဗျာ….

    ရွာသူများ တဂျီးအကြံပေးသလို ကတ်ကြေးဆောင်လာရင် ရန်ကြွင်းရန်စများတဲ့ ဦးကျောက် ကိုယ်ကျိုးနဲရမှာမို့ပါ…..

    ဓာတ်ပုံကတော့ ဦးကျောက်အတွက် ပြဿနာမရှိပါဘူး….
    ဟောသည့် ချောချောခန့်ခန့်ကို ရုပ်ပျက်ဆင်းပျက် မရိုက်ရင်…
    အိမ်သာ နဲ့ ရဲစခန်းမှာ ကပ်မထားရင် ရပါတယ်….
    :harr:

  • အရီးခင်လတ်

    January 16, 2013 at 4:36 pm

    အမှန်ကတော့ စာရင်းပေး အတိုင်းဘဲ လက်ခံသင့်တယ် ထင်ပါတယ်။
    စာရင်းမပါရင် ပွဲမတက်သင့်ပါ။
    စာရင်းကို တစ်လလောက်ကြို တောင်းထားတာဘဲ မဟုတ်လား။
    အခုလဲ ဖုန်းဆက်ပြီး စာရင်း ပေးနိုင်သေးတာဘဲ။
    ကြုံလို့ ဝင်လိုက်မယ် ဆိုတာကတော့ တာဝန်မဲ့ ပါတယ်။
    ကြပ်တာ မဟုတ်။ လုပ်သင့်တာလုပ်တာပါ။
    ဒါမှ စီစဉ်သူတွေ အဆင်ပြေမယ် လို့ ထင်ပါတယ်။
    စီစဉ်သူတွေ က အင်မတန်ချစ်ဖို့ကောင်းအောင် သဘောကောင်းပုံရပါတယ်။
    အဲဒီအပေါ်မှာတော့ အခွင့်အရေးမယူသင့်ကြောင်းလေး။
    😉

      • အရီးခင်လတ်

        January 16, 2013 at 5:07 pm

        ဘူသူမှ ဝုတ်သေးပါဘူး။
        အနီးကပ် မကူနိုင်တော့ အဝေးက နေ နှမ်းဖြူးနေတာ။
        ဖြစ်တတ်တာလေး တွေ မို့။
        မင်းနန်နဝါ နဲ့ မနောဖြူလေး တို့ကိုလဲ စာရင်းထဲ တို့ထားလိုက်ပါဦး။
        :hee:

  • ကိုရင်စည်သူ

    January 16, 2013 at 5:09 pm

    ဒီလို ရွာသူရွာသားတွေ လူစုံချိန်မှာ ပိုပြီး အကျိုးရှိ ဒါနမြောက်သွားအောင်
    ကိုကြောင်ဝတုတ်တို့ ဦးစီးမယ့်… ဒါနခြေလှမ်းအတွက် နည်းများမဆို အလှူငွေ
    ကောက်ခံပြီး ဂေဇက်ရွာ ရန်ပုံငွေထဲထည့်ပြီး စုပေါင်းလှူဒါန်းကျရင်..
    ဒါန ကုသိုလ်တွေတိုးပြီး
    နောက်ဘဝများရှိရင်လဲ.. အင်တာနက်က မကပဲ ဆွေမျိုးများအဖြစ်… ရေစက်ပြန်ဆုံကြမယ်ထင်ပါ့ဒယ်..။ :kwi:

  • မောင်ပေ

    January 16, 2013 at 9:00 pm

    တူယှဉ်နွှဲပျော်
    ယူကင်ပဲကြော်
    ဆူနှင်ကဲလျော်
    မူပြင်မြဲခေါ်
    သူယဉ်စွဲမျှော်

    • ကထူးဆန်း

      January 17, 2013 at 9:34 am

      ကိုပေရေ .. အခု လက်ရှိ မန်းဂဇက်မှာ အပုဒ်ရေ အများဆုံး တင်ထား သူ နဲ့ ကွန်မန့် အများဆုံးပေးထားသူ နှစ်ယောက်ကိုလည်း အမှတ်တရ လက်ဆောင်ပေးဖို့ ရှိပါတယ် ။
      အဲ့ဒီ့ လက်ဆောင်နှစ်ခု လုံးကို မန္တလေး ကဘဲ ဦးဆောင် ရရှိသွားပါတယ် ။
      ပုဒ်ရေ အများဆုံးက လေးပေါက် နဲ့ ကွန်မန့် အများဆုံးက ကိုပေပါ ။
      လေးပေါက် က မလာ ရောက်နိုင်လို့ ကိုယ်စားလှယ် အနေနဲ့ လုလင်ကို လွှဲပေးထားပါတယ် ။ ကိုပေ လည်း မလာရောက်နိုင်ရင် ကိုုယ်စားလှယ ်လွှဲပေးပါဦးနော် ..

      • မောင်ပေ

        January 17, 2013 at 9:17 pm

        ဟေဟေဟေးးး
        ပျော်စရာကြီး
        ဒါနဲ ့
        အဲဒီဆု က ဒေါ်လာတစ်သန်းများလား ဟင်
        ဟီးဟီး
        ကျုပ်အတွက် ကိုယ်စားလှယ် အဖြစ် ကမ်းဝေး ကို အကူအညီတောင်းပြီးပါပြီ ခင်ဗျ
        ကျုပ်ကိုဆုပေးမယ်ဆိုရင် ကမ်းဝေး ကို ပေး ပေးပါ လို ့
        အဲဒါ အဲဒါ
        ဒေါ်လှ တစ်သန်း ဆိုရင်တော့
        နောက်နေ ့မနက် လင်ပျံစီးပြီး လာကဲပစ်လိုက်မယ်

        • ကထူးဆန်း

          January 18, 2013 at 8:53 am

          ပုံနှိပ်တိုက် က တနင်္ဂနွေ အမီ ဒေါ်လာ တစ်သန်း ရိုက်ပေးနိုင်မယ် ဆို ပေးမယ် ဗျာ..
          :kwi:

  • ကြက်ဖင် ( အကယ်ဒမီ )

    January 16, 2013 at 9:19 pm

    ဟ !!!!!!!!!!!!!!!!!
    တော်တော်ဆိုးတဲ့လူတွေပါလားဗျ
    အဖွဲ့သားတွေစုံတာ လူစုပြီးအရက်မသောက်ဘဲနဲ့ ထမင်းကြော်စားမယ်တဲ့
    တောသားတွေ
    ဝဲတွေ
    ဒိုက်တွေ 👿
    ကျုပ်တို့ဆို ဘော်ဘော်တွေစုံရင် အနဲဆုံး ဖဲရိုက်တယ် :mrgreen:
    ခေတ်မှီခြင်သလား
    တစ်ယောက်ခြင်းစီ လက်ဆောင်တစ်ယောက်တစ်မျိုးယူလာ
    ဘယ်သူ့ဟာကို ဘယ်သူ့ဟာမှန်းမသိစေနဲ့
    ပြီးရင် မဲဖေါက် ကိုယ်ရတာကိုယ်ယူ
    အမလေးပျော်စရာကောင်းလိုက်တာ
    ကျုပ်ဆို ဘရာစီယာတွေ ပါကင်ထုပ်ပြီးခပ်တည်တည်းနဲ့

    • ဦးဦးပါလေရာ

      January 17, 2013 at 2:32 pm

      ကိုကြက်ဟိုဒင်းရဲ့-
      :harr:
      တကယ်တော့ ညပိုင်းမှာ နောက်ဆက်တွဲတပွဲရှိသေးသဗျ…
      အိုက်ဒါ စပွတ်ဆာရှာနေတာ- အတော်ပဲဖြစ်သွားတယ်…။
      လာခဲ့ပါလား…
      ဒါနလေးမြောက်သွားအောင်ဝိုင်းအားပေးကြမယ်ဗျို့…
      မဲဆောက်နဲ့ရန်ကုန်ဆိုဒါ ဈာန်ရရင် အနီးလေးရယ်…
      :harr:

      • အာဂ

        January 17, 2013 at 3:59 pm

        ဦးဦးပါလေရာ ရဲ့ အဆိုကိုထောက်ခံအပ်ပါတယ်။ အခုမှစပြီး ညနေပိုင်းအတွက် အလှူငွေများကို ပိုးစိုးပက်စက် လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

  • ဂန္ဓာရီ ဆြာအုပ်

    January 16, 2013 at 9:37 pm

    ( မြန်မာဘီယာ၊တိုက်ဂါး၊ဒဂုံ၊စပီရိုလိုင်းနား၊စပိုင်ဝိုင် ပါဘူးနော်)ဆိုတော့ အဲဒါတွေမဟုတ်ရင် ရတယ်နော်..

  • ခိုင်ဇာ

    January 17, 2013 at 10:08 am

    ပျော်စရာကြီးပဲ။
    အစ်မတော့ ဓာတ်ပုံတွေ စောင့်ကြည့်ပြီးပဲ ပျော်တော့မယ် တိုက်တိုက်။ :hee:

  • ဆူး

    January 17, 2013 at 11:06 am

    အဲ့ဒိနေ့ လာမယ်. စောစော လာပြိး ခုံနေရာ လာ လုမယ်..

  • မိုချို

    January 17, 2013 at 12:02 pm

    မိုချို့ အမေ က သူ့ သား ကို အဖေါ် လုပ်ပြီး လာ ပါလိမ့် မယ်။ သူက မသေချာ တာရယ်၊ ကိုယ်စား ကို ၂ ယောက် မထည့် ချင်တာကြောင့် အမေ ၁ ယောက်စာပဲ စာရင်း ပေး ခဲ့ ပါတယ်။ သူ့ အတွက် တစ်နေရာ ထပ်မှာ ရမှာ အား နာ မိပါတယ်(စား စရာ မပါရင်လည်း ရပါတယ်၊ ဝင်ထိုင်လို့ ရရင်တော် ပါပြီ ) ။ မရ လည်း ကိစ္စ မရှိ ပါ၊ ယောက်ျားလေး ဆိုတော့ သူကအမေ့ ကို ကြုံ သလို စောင့်နေ ပေး ပါလိမ့် မယ်။

  • ရွာသူ jujuma .

    January 17, 2013 at 12:02 pm

    ဂျူးမက ရွာကနေလာရမှာဆိုတော့ ၉ နာရီတောင် ရောက်ပါ့မလားမသိ..

    နဲနဲ လေး နောက်ကျရင်ရတယ်မလား..

    ဒါမမဟုတ် ခုံတစ်ခုံလောက်ဘယ်သူဦးထားပေးမလဲ နော် .. :kwi:
    (အဲဂလို နေရာလိုချင်တာ .. ဟီးးး)

    • ရွှေတိုက်စိုး

      January 17, 2013 at 1:22 pm

      ဦးစရာမလိုပါဘူး ခင်ဗျ လာတဲ့သူအကုန်ထိုင်လို.ရအောင်လုပ်ပေးထားမှာပါ… လာဖို.သာကြိုးစားကြပါဗျာ

  • Thu Wai

    January 17, 2013 at 12:27 pm

    စနေည နည်းနည်းလျှော့သောက်ရမယ် တော်ကြာ အရက်နာကျပြီး မလာနိုင်မှာနဲ့ လာခဲ့ရင်တောင် အရက် နံ့မွှေးမွှေး လေးတွေထွက်နေရင် တခြားလူတွေ လေချင်တွေတက်ပြီး သောက်ချင်နေအုံးမယ်
    ရက်လေဘယ် လေးတော့ ဖြေဖို့ အတွက် နှစ်ပက်လောက် ချပေးရင်ကောင်းမယ်

  • mamanoyar

    January 17, 2013 at 4:00 pm

    ဟီးးးးးးးးးးးးးးးးးး လာချင်တယ် ဘယ်ရိုလုပ်ရမလဲ

  • လူကလေး

    January 17, 2013 at 4:47 pm

    အသစ်ကလေးတွေကော လာလို့ရလားဗျို့.. ??

    • ရွှေတိုက်စိုး

      January 17, 2013 at 4:53 pm

      အလာကောင်းပေမယ့် အခါနှောင်းသွားပြီး လူကလေးရယ်.. အဘတို. ပို.စ်တွေစောစောတင်ထားပါတယ်ကွယ်… ဘကြီးအောင် စိတ်မကောင်းပါဘူး.. လူကလေးရယ်..
      လူကလေးအတွက် ဘကြီးအောင်တို. ဓာတ်ရှင်ရိုက်လာခဲ့မယ်…..သိလား လူကလေး ရွှေသွေးရယ်…

  • လုံမလေးမွန်မွန်

    January 17, 2013 at 10:19 pm

    ကိုရွှေတိုက်..
    ပြောတော့ နံပါတ် (၄) ဆို… 🙂
    စတာပါ… အနော်လည်း စောစောရောက်အောင် ကြိုးစားမည်ဖြစ်ကြောင်း…

  • အလင်းဆက်

    January 17, 2013 at 10:21 pm

    ကို မင်းနန္ဓာ စီကာ စသ်ကာရေးလိုက်တဲ ့..နံပါတ် ..
    18 . ဟာ.တားတားရဲ ့မွေးရက်..ပါပဲ ။
    ဒီလောက် တိုက်ဆိုင်နေမှတော့….
    .. ..မနက်ဖြန်… 18… R မယ်..။
    ================

    အဟမ်း…အဟမ်း…
    သားသား အလက်ဆင်းကလည်း…

    ကင်မရာလေးတစ်လုံးနဲ ့
    အမှတ်တရ ပုံရိပ်လေးများ..ရိုက် မည်…ဖြစ်ပါကြောင်း……
    ဖေ့စဘွတ်..မှာတော့.. တင်ဖြစ်မည်..ထင်ပါကြောင်း…
    အဲဒါ..လေး….
    ခွင့်ပြု မှာ လား ဟင်…..
    🙂

    • ဦးဦးပါလေရာ

      January 17, 2013 at 11:07 pm

      ရိုက်ဖို့ ကြိုပြီးခွင့်ပြုထားတဲ့သူတွေကို ရိုက်နိုင်ပါတယ်ကွယ်..

      အွန်လိုင်းမှာရှယ်မယ်ဆိုတာတော့ ကြိုပြောထားခွင့်တောင်းထားတာအကောင်းဆုံးပါ…

      🙂

    • Mr. MarGa

      January 18, 2013 at 8:28 pm

      ဘာနဲ့ရိုက်ရိုက် ရိုက်လို့ရတယ်
      တစ်ခုပဲ
      တုတ်နဲ့တော့ မရိုက်နဲ့
      :hee:

  • ဦးကြောင်ကြီး

    January 18, 2013 at 10:11 am

    စုံညီပွဲ
    လုံခြည်မြဲ
    အုံဖီဝဲ
    ဂုဏ်ရည်ခဲ
    ဗုံဟီသဲ
    ယုန်နီကဲ
    ပြုံထီနွှဲ
    ချုံဆီဆွဲ…

  • htet way

    January 18, 2013 at 2:58 pm

    အင်းးး တော်တော် ပျော်စရာကောင်းမယ့် ပွဲံ ဖြစ် သလို တကယ့် စာပေ ချစ်သူ
    စာပေသမား စိတ် ရှိသူတွေရဲ့ ဆုံ ဆည်းပွဲ ပဲလို့ မှတ်ယူ ဂုဏ်ယူ မိပါတယ်။
    (ပုံနိပ်)စာပေလောက သားတွေတောင် ဒီလို ချစ်ခင် စည်လုံး မူမျိုး မတွေ့ ဖူးသေး
    ( စာပေညီလာခံမှ အပ)။ညီလာခံမှာလည်း တူညီ နွှဲပျော်တာတွေ ဘာတွေ မရှိ…
    အွန်လိုင်း မီဒီယာကို မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ညီလာခံမှာ အဖွဲ့ ဝင် အဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။မန်းဂေဇက်က ရင် ထဲမှာ စွဲလမ်း တန်ဖိုး ထား တဲ့ ဆိုက်တစ်ခုပါ။
    သို့သော် ဒီပွဲ.. တူယဉ်ပွဲတော် စုံညီ ပွဲတော်ကို စိတ် ပါနေ၍ လိပ်ပြာပဲစေ လိုက်ရပါကြောင်း လေးစား
    ချစ်ခင်ရပါသော ဦးဦးပါလေရာနဲ့ မိတ်ဆွေများ ခင်ဗျား။

    • ဝင့်ပြုံးမြင့်

      January 18, 2013 at 5:46 pm

      ဆရာထက်နဲ့ တစ်သဘောတည်းဖြစ်ပါကြောင်း။ ပွဲစီစဉ်သူများနဲ့ ပွဲဖြစ်လာအောင် အကြံဉာဏ် ပေးသူများ အားလုံးကို ခင်မင်မိပါကြောင်း။

  • aung moethu

    January 18, 2013 at 3:00 pm

    လာခဲ့မယ်ဟေး ဟေးးးးးးးးးးး

    • MaMa

      January 18, 2013 at 6:06 pm

      ဆုရသူမို့ မျှော်နေတာ အောင်မိုးသူတစ်ယောက် ဆုရတုန်းက လာမယ်လို့ ပြောထားတာကို သတိရတယ်။
      ခုဆုပေးပွဲကျတော့ အသံမကြားမိလို့……..

  • စောဦး

    January 18, 2013 at 7:23 pm

    ပျော်စရာကောင်းမဲ. ပွဲလေးတခုဖြစ်မှာ သေချာပါတယ်ဗျာ….
    ဆုရတဲ. သူတွေအတွက်လဲ ပျော်မိပါတယ်….
    ရွာသားတွေအားလုံး ကိုလဲ လေးစားမိပါတယ်…
    ရန်ကုန်မှာရှိနေရင် ပွဲတက်ရောက်သူအဖြစ် အားပေးရင်းနဲ. ကြည်နူးနေမိမှာပါ…….
    အားလုံးပဲ ပျော်ရွှင် ချမ်းမြေ.ကြပါစေ…..

  • မိုချို

    January 19, 2013 at 8:32 am

    အောင်မိုးသူ ကို မနေ့ အထိ မတွေ့ သေးလို့ မသိများ မသိဘူးလား လို့ သူ့ ဘလော့ ထဲ သွား အကြောင်း ကြားမလို့ ဖွင့် တောင် ဖွင့် ပြီး ပြီ။ ဆရာ သမားလေး က ဒီဇင်ဘာ ၂၄ က အပ်ဒိတ် လုပ်ထား ပြီး နောက်ပိုင်း မတွေ့ တော့ အဲဒီ ပိုစ့် ထဲ ပဲ မှာခဲ့ ရမလား စဉ်းစား ရင်း ကိုယ့် ရွာ ထဲ ပြန် ဝင် လိုက် တော့ မှ သူ့ ကွန့် မန့် တွေ တွေ့ တော့ တယ်။

    • ဆူး

      January 19, 2013 at 9:49 am

      မနေ့က ဆူး ဖဘ ကနေ လှမ်း အကြောင်းကြားပေးလိုက်တာပါ။

  • ရွှေ ကြည်

    January 19, 2013 at 12:34 pm

    ဪ ပျော်စရာကြီးပါလားကွယ်တို့ …။ အဝေးကနေမှန်းပြီးပျော်လိုက်မယ်ဗျာ ကိုရင်စည်ပြောသလိုပဲ အဲဒိနေ့မှာတော့ ဘာလုပ်လုပ်စိတ်ဝင်စားမိပါ့မလားမသိတတ်တော့။

  • cobra

    January 19, 2013 at 6:47 pm

    မနက်ဖြန် ကိုတွေးပြီး
    စိတ်ကူးနဲ့တင်ပီတိဖြစ်နေပြီ။
    မနက်ဖြန်မြန်မြန် ရောက်အောင် စောစောအိပ်ရမယ်။
    ဒါမှမိုးမြန်မြန် လင်းမှာ
    အဲ…..
    ဒါနဲ ့ ညနေပိုင်းပွဲကိုဘယ်သူတွေကတိုက်ကြမှာလဲ?

  • အလင်းဆက်

    January 19, 2013 at 7:24 pm

    သားသား..နာမည်ဘေးမှာလည်း. + လေး.နဲ ့..
    ချစ်တုဝေ ရှိုတဲ ့ နာမည်လေး.. ထည့်ပေးလို ့ရမလား..ခညာ…။

    တူလေးက လည်း..လက်ချင်းချိတ်ပြီး..လိုက်ခဲ့ချင်လို့ပါ ..ဒဲ ့..

    ( မှတ်ချက် = ဆိုက်ကားနင်းတဲ ့ ချစ်သုဝေ မဟုတ်ပါ )
    :kwi:

  • အလင်းဆက်

    January 20, 2013 at 1:31 pm

    အခု ပဲ.ဆုပေးပွဲကပြန်လာတယ် ။

    ပျော်လွန်းမက.ပျော်ခဲ့ရတဲ ့တွေ ့ဆုံ ပွဲလေး..။
    စီစဉ်ပေးတဲ ့သူတွေနဲ ့ ကူညီ ကြသူတွေ အားလုံးကို.
    ကျေးဇူးတင်ပါတယ် ။

Leave a Reply