နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ထံသို့ အိတ်ဖွင့်ပေးစာ

mi npJanuary 16, 20131min1228

သို့

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်မှ ကျာင်း ဆင်း သူနာပြုနှင့် ဆေးဘက်ပညာသယ်များဖြစ်ကြပါသည်။ ကျွန်တော်တို့ သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သက်ဆိုင်ရာပညာရပ်တို့ အလိုက် ( ၄ ) နှစ်တာ ပညာသင်ကြားခဲ့ရပါသည်။ ထို့အတူ တပ်မတော်သား တစ် ဦးအဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက်လည်း တပ်မတော်သားတစ်ဦး တက်မြောက်အပ်သော စစ်ပညာရပ်များကို စာပေပညာ ရပ်များနှင့်အတူ ပူးတွဲ၍ လေ့ လာသင်ယူခဲ့ရပါသည်။ အခြေခံစစ်ပညာ ရပ်များမှ သည် ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ပညာရပ် များကို တပ်ခွဲအဆင့်ထိလေ့ကျင့် သင်ကြားခဲ့ ရပါသည်။

စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသောတပ်မတော်မှဖွင့်လှစ်ထား သည့် တက္ကသိုလ်များနည်းတူသင်ယူတက်မြောက် အောင်မြင်ပြီးပါက သက်ဆိုင် ရာပညာရပ်အလိုက် ဘွဲ့အသီးသီးကို ချီးမြှင့်ခံခဲ့ ကြရပြီး ကျောင်း ဆင်းပွဲအခမ်း အနားတွင် လည်း တပ်မတော်အကြီးအကဲများမှ အခြားသောကျောင်းဆင်းပွဲအခမ်းအနားများ နည်း တူ ဂုဏ်ပြုတက်ရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

ထို့နောက်တာဝန်ပေးအပ်ခြင်းခံရသော သက်ဆိုင်ရာတာဝန်ကျရာနေရာ များတွင် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ခဲ့ကြပါ သည်။ နိုင်ငံတော် မှလည်း ကျွန်တော်တို့ကျောင်းဆင်းပြီး သူနာပြုနှင့် ကျွမ်းကျင်သူများကို အဆင့်မြင့် စစ်ပညာရပ် နှင့် သက်ဆိုင်ရာဆေးပညာရပ်တို့ကို သင်ကြားနိုင်စေရန် စစ်ပညာ ရပ်ပိုင်းအတွက် အထူးခြေလျှင်တပ်စုမှုး၊ တပ်ခွဲမှုး၊ တပ်ရင်းမှုး သင်တန်းများ တက်ရောက်စေ၍ လည်း ကောင်း၊ သက်ဆိုင်ရာ ပညာရပ်တို့အတွက် မဟာသိပ္ပံဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင် တန်းများ ဖွင့်လှစ်ပေး၍လည်းကောင်း ချီးမြှောက် ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့သည် ထိုသို့နိုင်ငံတော်မှချီးမြှောက်ခဲ့သော်လည်း ယနေ့ချိန်ထိတိုင် တပ်မတော်မှသတ်မှတ်ပေးသော တပ်မတော်သားတစ်ဦး၏ အဆင့်သက်မှတ် ချက်ကို မရရှိသေးပဲ အသိအမှတ်ပြုမခံရသေးသော “သား” များ သဖွယ် ခံစားနေရ ပါသည်။ လူသားတိုင်း သည် မျှော်လင့်ချက် ရည်မှန်းချက်ထားရှိ၍ ထိုရည်မှန်း ချက်ပြည့်ဝရန်ကြိုးစားအားထုတ် နေကြရမြဲဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် မှ ကျောင်း ဆင်းသူနာပြုနှင့် ဆေးဘက်ပညာသည်တို့သည် တပ်မတော်၏ တပ်မတော်သားတစ်ဦး အလိုက်ရရှိကြသော အဆင့်သက်မှတ်ချက် တစ်ခုကို မရှိသေးပဲ နိုင်ငံတော်၏တာဝန်များ ကို ထမ်းဆောင်လာခဲ့ကြ သည်မှာ ကျောင်းဆင်းအမှတ်စဉ် ( ၁ဝ ) ထိ တိုင်ရှိခဲ့ပြီဖြစ်ပါ သည်။ လူသားတိုင်း၊ တပ်မတော်သားတိုင်း ရည်မှန်းချက်ကိုယ်စီ၊ မျော်လင့်ချက်ကိုယ် စီဖြင့် တာဝန်ထမ်းဆောင်ကြိုးပမ်းနေချိန်တွင် ကျွန်တော်တို့ကျောင်းဆင်းများမှာ မည် သည်ကိုမျှော်မှန်းရမည်မသိပဲ ရည်ရွယ်ချက်၊ ဦးတည်ချက် လမ်းများ ပျောက်ဆုံး လျှက် ရှိနေကြရပါသည်။

တပ်မတော်၏တူညီဝတ်စုံဝတ် တပ်မတော်သားများဖြစ်သည့်အားလျှော်စွာ တပ်မတော် သားတိုင်းခံစားခွင့်ရှိနေသော အခွင့်အရေးအား အခြားသော တပ်မတော်သားများနည်းတူ ရရှိခံစားခွင့်ရချင်ပါသည်။ တပ်မတော်တွင် ရှိနေသောအဆင့်သက်မှတ်ချက်၊ ခံစား ခွင့်၊ လိုက်နာရမည့်စည်းကမ်းများကို တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ် တစ်ဝမ်းတည်းဖြင့် ရရှိခံစားလိုပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ယခုအခါတွင် ကျွန်တော်တို့ကျောင်းဆင်းများမှာ တပ်မတော်၏ အဆင့်သက် မှတ်ချက်မရှိပဲ သူနာပြု ၊ အတက်တန်းသူနာပြု ၊ သူနာပြုဆရာကြီး ၊ ဆေးဝါးကျွမ်းကျင်( ပထမတန်း )၊ ဆေးဝါးကျွမ်းကျင် ( ဒုတိယတန်း )၊ ဆေးဝါးကျွမ်းကျင်( တတိယတန်း)၊ ဓါတ်ခွဲကျွမ်းကျင်( ပထမတန်း )၊ ဓါတ်ခွဲကျွမ်းကျင်( ဒုတိယတန်း )၊ ဓါတ်ခွဲကျွမ်းကျင် ( တတိယတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ပထမတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ဒုတိယတန်း ) ဓါတ်မှန်ကျွမ်းကျင် ( တတိယတန်း )၊ ကာယကုကျွမ်းကျင်( ပထမတန်း )၊ ကာယကု ကျွမ်းကျင် ( ဒုတိယတန်း )၊ ကာယကုကျွမ်းကျင် ( တတိယတန်း ) ဟူသော သက်ဆိုင်ရာပညာရပ်အလိုက် အရပ်ဘက်အခေါ်အဝေါ် အဆင့်သတ် မှတ်ချက်သာ ပေးအပ်ထား ခံရပါသည်။

ထိုသို့ တပ်မတော်၏အဆင့်သက်မှတ်ချက်မရှိသဖြင့် တပ်မတော်၏ အုပ်ချုပ်မှု ကိစ္စများ တွင် အဆင်မပြေမှုများကြုံတွေ့ရလျှက်ရှိနေပါသည်။ တပ်သားမှစ၍ အရာရှိကြီးများထိ ကျွန်တော်တို့ကျောင်းဆင်းများအား မည်သည့်အဆင့်ဆို သည် ကိုမသိပဲ “ မင်း တို့က ဘာတွေလဲ “ ဟုသာအမေးခံနေကြရပါသည်။ အချို့တပ်မှုးများမှာ စစ်ကျောင်းကြီးတစ်ကျောင်းမှ နိုင်ငံတော်အဆင့်ဖြင့် ကျောင်းဆင်းသောသူများဟု အခြားသောကျောင်းဆင်းများကဲ့သို့ အခွင့်အရေး ့ပေး၍ဆက်ဆံသကဲ့သို့ အချို့သောတပ်မှုးများမှာ အရာခံ ဗိုလ်ဆရာကြီး များနှင့် အခြားအဆင့်လောက်ပင် အဆင့်မရှိ၊ ဘာမှန်းမသိသော မယ်သီလလို ကောင်များ ဟု ပြောဆိုမှု၊ ဆက်ဆံခံရမှုများဖြင့် တစ်ကျောင်းတည်းမှဆင်းသော ကျောင်းဆင်း ချင်း အတူပင်လျှင် အခွင့်အရေး၊ ဆက်ဆံခံရပုံမတူပဲ တန်းတူအခွင့်အရေးမရ ဖြစ်နေကြရ ပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ထိုထက်မက များလှစွာသော အဆင်မပြေမှုများဖြင့် ကျွန်တော်တို့ကျောင်းဆင်း များမှာ နေ့စဉ်ကြုံတွေ့ရလျှက်ရှိနေရပါသည်။ တပ်မတော်၏ တူညီဝတ်စုံကို ဝတ်ဆင်ခွင့်ရရှိ ထားသော်လည်း အခြားသော တပ်မတော်သားများနည်းတူ နိုင်ငံတော်တာဝန်ကိုထမ်း ဆောင်နေကြရသော်လည်း တပ်မတော်တစ်ရပ်လုံးနှင့် တစ်ပေါင်းတစ်စည်းတည်း မရှိသကဲ့သို့ဖြစ်နေရပါသည်။ အခြားသောတပ်မတော် သားများ၊ ကျောင်းဆင်းများကဲ့သို့ရည်မှန်းမျှော်လင့်ကြိုးစားရာ အခွင့်အရေးများ ပျောက်ဆုံးနေရပါသည်။ လမ်းလျှောက်ရင်း လမ်းသာတွေ့၍ ဘယ်ကိုလျှောက် ကာ ဘယ်ကိုရောက်မည်မှန်းမသိသော ဘဝသို့ရောက်ရှိနေရပါသည်။

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသော ပညာအရည်ချင်းတူ၊ သင်ကြားရသောကျောင်း အတူတူူ( ယခင် ဆေးတက္ကသိုလ်လက်အောက်ခံဖြစ်သော်လည်း ယခုအခါတွင် သူနာပြုသိပ္ပံဘွဲ့ပေါင်းကူနှင့် သူနာပြုမဟာသိပ္ပံဘွဲ့များကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တွင်ပင် တစ်ပေါင်းတည်းသင်ကြားလျှက်ရှိသော ) အမျိုးသမီး သူနာပြုအရာရှိများကပင်လျှင် အသိအမှတ်မပြုပဲ ” ငါတို့ကအရာရှိသူနာပြု ၊ နင်တို့က ဘာကောင်မှန်းမသိတဲ့သူနာပြု၊ အဆင့်မရှိတဲ့သူနာပြု ” ဟု ပြောဆိုခံ ကာ အခြားအဆင်မပြေမှုများဖြင့်လည်းကြုံတွေ့နေရပါသည်။ ထို့ပြင် ကျွန်တော်တို့ ၏ မိခင်တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှာပင် လျှင် ကျွန်တော်တို့အတွက် ခန့်အပ်တာဝန်ထမ်းဆောင်ရန် ရာထူးနေရာမရှိဟုသိရပါ သည်။ ဆေးရုံများတွင်သာ တာဝန်ချထားပေးကာ ကျောင်းတွင်တွဲဘက်တာဝန်သာ ထမ်းဆောင်နေကြရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

တပ်မတော်တွင် တပ်သားအဆင့်မှသည် ကာကွယ်ရေးဦးစီးချုပ်ထိ အဆင့်ဆင့်ရှိနေသော် လည်း ကျွန်တော်တို့ ကျောင်းဆင်းများမှာ မည်သည့်အဆင့် ဆိုသည်ကို ယနေ့ထိတိုင် တရားဝင် သတ်မှတ်ပြဋ္ဌာန်းပေးခြင်းမရှိသေးပါ။ အခြေခံအကျဆုံး တပ်သားအဆင့်သည်ပင် လျှင် ဆယ်တန်းအောင်မြင်ပြီးပါက တပ်ကြပ်ကြီး/စာရေး လျှောက်ထား၍ အောင်မြင်ပါက တက်ရောက်ကာ တပ်ကြပ်ကြီးအဖြစ်တက်လှမ်းခွင့်ရှိပါသည်။ ဘွဲ့ရ တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီး/စာရေး၊ ဒုတပ်ကြပ်တို့သည် သက်မှတ် စစ်သက်နှင့် သက်မှတ်အရည်အချင်းများ ပြည့်မှီပါက ဗိုလ်သင်တန်းလျှောက်ထားခွင့်ရှိကာ အောင်မြင်ပါက ဗိုလ်သင်တန်းတက်ရောက် ၍ ဘဝတက်လမ်းအတွက်ကြိုးစားခွင့် အခွင့်အရေးများရှိပါသည်။ ထို့ပြင် ထိုအခွင့်အရေးများ တွင် အကြောင်းကြောင်း ကြောင့် လွဲချော်ကာအောင်မြင်မှုမရရှိသူများ နှင့် အခြားသော ဆယ်တန်းအောင်သည်ဖြစ်စေ ၊ မအောင်သည် ဖြစ်စေ၊ ဘွဲ့ရသူဖြစ်စေ မရသူဖြစ်စေ အခြားအဆင့်များအားလုံးအတွက် အခွင့်အရေးအဖြစ် အဆင့်လိုက်တက်လှမ်းကာ (ပ)အရာခံဗိုလ်မှသည် သက်မှတ်ချက်နှင့်ပြည့်မှီသူအားလုံး အရာရှိအဖြစ်တက်လှမ်း ကြိုးစား ဖွယ် အခွင့်အရေးများရရှိ သက်မှတ်ထားပေးပြီးဖြစ်ပါသည်။ ထို့ပြင်လည်း သက်ဆိုင်ရာဘွဲ့ အလိုက် မဟာသိပ္ပံဘွဲ့အထိ အောင်မြင်ပြီးဆုံးပါက အရေးပေါ်ပြန်တမ်းဝင်ခန့်အပ်နိုင်သည် အထိ အခွင့်အရေးများလည်းသတ်မှတ်ပေးအပ်ထားပါသည်။

သို့သော် ကျွန်တော်တို့ကျောင်းဆင်းများမှာ သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိထားပြီးဖြစ်ကြသော်လည်း၊ အချို့သောကျောင်းဆင်းများမှာ မဟာသိပ္ပံဘွဲ့အထိတက်ရောက်ရရှိပြီးသော်လည်း မရေရာ၍ ဘာမှန်းမသိသောသူများပင် ဖြစ်နေရပါသည်။ နိုင်ငံတော်မှ သင်တန်းများတက်ရောက်စေရာတွင်လည်း အထူးခြေလျှင် တပ်စုမှူးသင်တန်း ၊ အထူးတိုက်စည်းသင်တန်း စသဖြင့်သင်ကြားတက်မြောက်စေခဲ့သော် လည်း ဘာမှန်းမသိသောဘဝများဖြစ်နေသဖြင့် “ အထူးအထူးဖြင့် ရူးနေကြသူများ ” ဟု၎င်း၊ “ ဟုတ်လှပြီထင်မနေနဲ့ကွ မင်းတို့ကို နှစ်သိမ့်နေတာ ” ဟု တစ်ဖုံ အမျိုးမျိုးသော ပြောဆို ဖိနှိပ်မှုတို့ဖြင့်သာ တွေ့ကြုံနေရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့၏ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဝင်ခွင့်ကြော်ငြာများ ဖော်ပြရာတွင် ယခင်က အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) ထိ သတင်းစာကြော်ငြာများတွင် ဒုဗိုလ်လစာနှင့်အညီ လစာနှုန်းထားများ ပေးအပ်မည်ဟုခေါ်ဆိုခံခဲ့ရသော်လည်း လစာနှုန်း ထားများတိုးမြှင့်ပေးသောအခါတွင် ဖော်ပြပါသတင်းနှင့်အညီမရရှိတော့ပဲ (ပ)အရာခံဗိုလ် နှင့် ဒုဗိုလ် အကြား လစာနှုန်းထားသို့ ပြင်ဆင်ပေးအပ်ခဲ့ပါသည်။ အမှတ်စဉ် (၅) မှ စ၍ ယနေ့ထိတိုင် ခေါ်ယူမှုကြော်ငြာတွင်မှူ ထိုကဲ့သို့ မပါရှိတော့ပဲ ရေးဖြေအောင်မြင်သူများ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် စစ်ဆေးခံရမည်ဟု ပြောင်းလဲပါရှိ လာပါသည်။ အခြားသော တပ်မတော်မှဖွင့်လှစ်သော်တက္ကသိုလ် များတွင် လူတွေ့စစ်ဆေး၍ ကျရှုံးသူများမှာ ထပ်မံစစ် ဆေးဖြေဆိုရန်မလိုလဲ ဆန္ဒရှိပါက တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တွင် တိုက်ရိုက်တက် ရောက်ခွင့်ရှိနေပါ သည်။ ထို့ကြောင့် “ ကျန်ကောက် ကျောင်းဆင်း ” ဟူ၍၎င်း၊ “ သီလရှင်ကျောင်းထွက် များ ၊ ရှိခိုး၍လည်းမရ ၊ ခေါင်းခေါက်လို့လည်းမရတဲ့သူများ ” ဟူ၍၎င်း အမျိုးမျိုးပြောဆို နှိပ်ကွပ်ခံနေရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်းရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။ ထိုသက်မှတ်ပေးမည့် အဆင့်နှင့်အညီလည်း ခံစားခွင့်ရရှိလိုပါသည်ခင်ဗျား။ လူသားတိုင်းတွင် အခွင့်အရေး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ တန်းတူထားနိုင်၊ တန်းတူရှိနိုင်သကဲ့သို့ တပ်မတော်သားတစ်ဦးတွင်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် အခွင့်အရေးများ တန်းတူထားနိုင်၊ ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကို ဝတ်ဆင် ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင် ရသကဲ့ သို့၊ အခြားသောကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများ သင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော်သားများကဲ့ သို့ပင် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်မှ အသိအမှတ်ပြုသော ” သား ” တစ်ဦးအဖြစ် တပ်မတော်၏ သင့်လျှော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ် ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက်တင်ပြအပ်ပါသည်ခင်ဗျား

8 comments

  • ကထူးဆန်း

    January 16, 2013 at 12:49 pm

    အောင်မြင်ပါစေ။

    • mi np

      January 16, 2013 at 12:53 pm

      ကျေးဇူးပါ .. ဘာလုပ်ရမယ်မသိလို့ဗျာ .. ရှယ်ပေးလို့ရရင် ကူညီပေးပါလို့ တောင်းပန်ပါရစေ

  • Green Rose

    January 16, 2013 at 2:32 pm

    ဘာလုပ်ရမှန်းမသိလို့ဆိုတော့ mi np က အဲဒီ့အိတ်ဖွင့်ပေးစာ ပေးတဲ့သူတွေထဲက တစ်ယောက်လို့ယူဆလိုက်ပါ့မယ်..
    Green Rose အကြံပေးရရင်တော့ ဒီစာမှာ အောက်ကနေ မည်သူတွေက တောင်းဆိုသလဲဆိုတာ အသိပေးရပါမယ်..။ တောင်းဆိုသူအားလုံး (သို့) တောင်းဆိုသူများကိုယ်စား တစ်ယောက်ရဲ့ လက်မှတ်လည်းပါရပါမယ်။ နောက် စာပို့တဲ့နေ့စွဲ ပါရပါမယ်။ ပြီးရင်.. အဲဒီ့စာကို ကာကွယ်ရေးဝန်ကြီးဌာန ကိုရော နိုင်ငံတော်သမ္မတရုံးကိုရော .. ၂ နေရာစလုံးကိုပို့မယ်ဆိုရင် နိုင်ငံတော်သမ္မတရုံးကို မူရင်းပို့ပြီး ကော်ပီကိုတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လိပ်မူပြီးပို့ရပါမယ်။ ပို့မယ့်နေရာ ၂ ခုက လက်ရှိ အရေးအပါဆုံး ဌာန ၂ ခုဖြစ်တာကြောင့် စာကိုသေချာ စီစစ်ပြီး official letter ပုံစံဝင်အောင် ရေးသင့်ပါတယ်။ နောက်ပြီး ခုလို post ထဲမှာ ဝင်ရေးတာမျိုးမဟုတ်ပဲ scan ဖတ်ထားတဲ့ စာကိုတင်တာမျိုးဆို ပိုပြီးအဆင်ပြေပါလိမ့်မယ်။
    http://www.president-office.gov.mm/zg/contact အဲဒီ့မှာ ပြည်သူ့အသံကဏ္ဍ မှာ E-mail နဲ့ ပို့လို့ရပါတယ်။ attached file နဲ့သော်လည်းကောင်း သို့မဟုတ် အခုလိုပဲ စာရိုက်ပြီးတော့သော်လည်းကောင်းပို့လို့ရပါတယ်။ အဆင်ပြေမယ်လို့ထင်ပါတယ်။ Green Rose လည်းခုပဲရှာကြည့်လိုက်တာပါ..

    အဲဒါက သမ္မတရုံးကို တိုက်ရိုက်ပါ။ ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ ဘယ်လိုပို့လို့ရ မလဲမသိပါဘူး..

    လေးစားလျှက်

    (Green Rose)

    • mi np

      January 16, 2013 at 2:59 pm

      ဟုတ်ကဲ့ပါ ခင်ဗျာ .. ခုလိုကောင်းမွန်တဲ့အကြံတွေပေးတွက် ဝမ်းသာကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အရင်စစ်အစိုးရလက်ထက်ကထဲက သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ရုံးတွေကို ပြောထားသလိုပဲ စာတိုက်ကနေမှတဆင့် register လုပ်တင်ပါတယ် .. မထူးခြားပါဘူး ။ ခု နိုင်ငံတော်သမ္မတရုံးလိပ်စာနဲ့ mail ပို့တာလည်း ( ၃ ) ကြိမ်ရှိပါပြီ … auto reply ကစာပြန်တာကလွဲရင် ဘာမှမထူးခြားလို့ပါ။ အကြံပေးထားသလို လက်မှတ်ထိုးတင်ဖို့လုပ်ပြန်တော့ ခိုင်းတာမဟုတ်ပဲ တခြားသောကိစ္စဆိုတပ်မတော်မှာ (၂) ယောက်ထက်ကျော်ရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ညှိနေပြန်တယ်ဗျာ .. ကျောင်းဆင်းတာလည်း (၁၀)ပါတ်စဉ်ရှိပြီဆိုတော့ တချို့သော ကျောင်းဆင်းတွေဆို ကလေးတွေတောင်ရပြီလေ။ ကြိုးစားခဲ့ဘူးပါတယ် မတင်ဖြစ်ခဲ့တာပါ။ ဘာလို့ဒီလောက်ကြာတြ့ထိ ဒီလိုနေရတာလဲဆို တကယ်တော့ ကျွန်တော်တို့အားလုံးက အညာခံနေရယ်ဗျ..။ ဒီနေ့ဒါဖြစ်မလို၊ မနက်ဖြန်ပေးမလိုနဲ့ပဲ ခေါ်စာမှာလည်း မလိမ့်တပါတ်လုပ်ခေါ်တယ်၊ ကျောင်းဆင်းတော့လည်း မလိမ့်တပါတ်လုပ်ခံနေရပြန်တယ်။ တကယ်တော့ ကျွန်တော်တို့လည်း လူ့အခွင့်အရေးဆုံးရှုံးနေရတဲ့သူတွေပဲမလို့ အကြံလေးများထပ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့အတွက်မထူးခြားတောင်မှ နောက်ထပ်ခေါ်လို့သင်လာမယ့်သူတွေရှိခဲ့ရင် အမှန်အတိုင်းသိစေချင်၊ ကြိုစဉ်းစားစေချင်ပါတယ်။ ဒါလေးအောင်မြင်ခဲ့တယ်ဆိုပဲ နောက်ဆုံးကျေနပ်ပါတယ်။ ကျေးဇူးတင်လေးစားစွာဖြင့်

      • kai

        January 16, 2013 at 4:11 pm

        အော်..
        ဒါကြောင့်ကိုး..
        တော်တော်ကြာကထဲက.. ဒီလိုစာမျိုး တွေ့ဖူး..ဖတ်ဖူးပါတယ်အောင့်မေ့နေတာ..။

        ဆိုတော့..
        “သမ္မတအကြံပေးများတို့ရေ”… လို့ပဲကူအော်ပေးလိုက်ပါကြောင်း..။ :kwi:

        • mi np

          January 17, 2013 at 1:05 am

          ဟုတ်ကဲ့ အော်ပေးတာအတွက်တော့ ကျေးဇူးပါ

  • kokothandar

    January 17, 2013 at 10:23 am

    သမ္မတကြီးရုံးကို mail ပိုတာပိုကောင်းမယ် ဒီလို ပို့စ် ထိ သူတို့ လိုက်ကြည့်မယ်မထင်ပါ ဖတ်ပြီးသမ္မတကို ရှင်းပြမဲ့လူလဲ ရှိမယ်မထင်ပါ ဒါမှမဟုတ် သစ်ထူးလွင်ရဲ့ ပေးစာကဏဏ္ဍမှာ ထည့်တာပိုကောင်းပါမယ်

    • mi np

      January 20, 2013 at 6:37 pm

      ဟုတ်ကဲ့ အကြံပေးတာကျေးဇူးတင်ပါတယ်.. သိသမျှသတင်းဋ္ဌာနတွေတော့ ပို့ပေးထားပေမယ့် ဘယ်ကမှ တင်မပေးဘူးဗျ… လူ့အခွင့်အရေးတန်းတူရရှိရေးအော်နေတဲ့ ဆိုဒ်တွေက သွေးထိုးဖို့ပဲအော်ချင်တာလားမသိဘူး ၊ ဒါမှမဟုတ် တပ်ကကောင်တွေမို့ဆိုပြီးပဲ လစ်လျူရှုသလားမသိတော့ဘူးဗျာ .. တကယ်ဆို တပ်ထဲရောက်လာတဲ့သူအတော်များများက ဝင်ချင်လို့မဟုတ်ဘူးဗျ .. အရင်က ဆယ်တန်းအောင်ရင် မိဘလုပ်ငန်းကောင်းကောင်းရှိတဲ့သူကလွဲရင် ကျန်တာဘာလမ်းကြောင်းမှမရှိကြဘူးလေဗျာ .. ဒီတစ်ပေါက်ပဲဖွင့်ပေးထားတဲ့ကာလမှာ တပ်ထဲကိုရောက်လာကြရတာကိုတော့ မပြောကြဘူးဗျ .. ကျေးဇူးပါဗျာ .. ပါအောင်တော့မလုပ်တက်တော့ဘူး .. အားလုံးကိုတော့ ပို့ထားတာပဲ .. အကြံကောင်းလေးထပ်ပေးစေချင်ပါတယ်ဗျာ …

Leave a Reply