“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”

1 အာရုဏ်တက်မှာဖူးမြင်ရတဲ့ရွှေတိဂုံ
1 အာရုဏ်တက်မှာဖူးမြင်ရတဲ့ရွှေတိဂုံ

“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”

 

 

ကန်တော်ကြီးကထွက်လာတော့လမ်းမလျောက်ချင်တာနဲ့တက္ကဆီငှားလိုက်ပါတယ်။

ဓါတ်လှေကားနားအရောက် တစ်ထောင်။

ဝင်ခါနီးမှာ၂၀ဝကျပ်ကိုအဆင်သင့်ထုတ်ထားလိုက်ပါတယ်။

ဂိတ်ဝင်ကြေးပေးဘို့။

ဓါတ်လှေကားနားရောက်တော့ အသင့်ယူလာတဲ့ ပလပ်စတစ်အိတ်လေးထုတ်ပြီးဖိနပ်ထည့်။

ယူမလာရင် တစ်အိတ်ငါးဆယ် ထပ်ကုန်မယ်လေ။

ဒါနဲ့ဘဲဓါတ်လှေကားထဲဝင် အထွက်ရောက်တော့ ပန်းရောင်းနေသူတွေကိုတို့ဝှေ့လို့ထွက် ဓါတ်လှေကားအသုံးပြုတဲ့အတွက် အလှူငွေထည့်ပြီး  ရင်ပြင်တော်ပေါ်ကိုရောက်လာပါတယ်။

မနက်စောစောပေမယ့် ဘုရားဖူးတွေနဲ့စည်ကားနေပါတယ်။

2 မလင်းတလင်း နေရောင်အောက်မှာ
2 မလင်းတလင်း နေရောင်အောက်မှာ

 

3 အပြာရောင်သန်းစပြုတဲ့ကောင်းကင်အောက် က ရွှေစေတီ
3 အပြာရောင်သန်းစပြုတဲ့ကောင်းကင်အောက် က ရွှေစေတီ
4 ယုံကြည်စွာပူဇော်ခြင်း
4 ယုံကြည်စွာပူဇော်ခြင်း

 

5 နိုင်ငံခြားသူအမျိုးသမီးကလြေးမြန်မာဝတ်စုံနဲ့လိုက်ဖက်လွန်းလို့ မှတ်တမ်းယူခဲ့ပါတယ်။
5 နိုင်ငံခြားသူအမျိုးသမီးကလြေးမြန်မာဝတ်စုံနဲ့လိုက်ဖက်လွန်းလို့ မှတ်တမ်းယူခဲ့ပါတယ်။

 

6 ကျွန်ုပ်ကဲ့သို့လက်ဆော့သူတစ်ဦး
6 ကျွန်ုပ်ကဲ့သို့လက်ဆော့သူတစ်ဦး

 

မဒမ်ပေါက်က လူနည်းနည်းရှင်းတဲ့ဇရပ်တစ်ဆောင်မှာ ဘုရားဝတ်ပြုနေတုန်း ကျနော်ကတော့

လက်ဆော့ဘို့ရင်ပြင်ပေါ်မှာလမ်းသလားပါတယ်။

ရောက်တိုင်းရိုက်နေကျ ထန်းပင်နဲ့စေတီကိုရိုက်ပါတယ်။

ရင်ပြင်ပေါ်မှာကျနော်လို့ဘဲ လက်ဆော့နေသူရှိတယ်။

 

မြန်မာဝတ်စုံလေးနဲ့နိုင်ငံခြားသူလေးကိုတွေ့တယ်။

နံနက်စောစောအလုပ်မသွားခင်ဘုရားလာပြီးဆီမီးပူဇော်သူရှိတယ်။

အဝေးက ဘုရားဖူးသူတွေရှိတယ်။

မပြောင်းမလဲ အိန္ဒြေကြီးစွာနဲ့သပ္ပါယ်လွန်းတဲ့ရွှေစေတီရှိတယ်။

7အလင်းရောက်စ ရွှေစေတီ
7အလင်းရောက်စ ရွှေစေတီ
8 ရောက်တိုင်းရိုက်ဖြစ်တဲ့နေရာ ရိုက်လို့ မဝနိုင်အောင်ပါဘဲ
8 ရောက်တိုင်းရိုက်ဖြစ်တဲ့နေရာ ရိုက်လို့ မဝနိုင်အောင်ပါဘဲ

 

9အပူအအေး
9အပူအအေး

 

10 စောင့်မျှော်ခိုနား
10 စောင့်မျှော်ခိုနား

ကြောက်စရာကောင်းတဲ့ဘီလူးရုပ်ကြီးနားမှာ ဆီမီးအမွှေးတိုင်ပူဇော်ထားတာရှိတယ်။

ကျနော် မဒမ်ပေါက်နားရောက်တော့ အစာတောင်းပြီးနားနေတဲ့ကျီးကန်းနှစ်ကောင်တွေ့တယ်။

ဒါပေမယ့် ကျနော်က တော့ ပျောက်ဆုံးနေသလိုလို။

 

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

(16-1-2013)

 

11 comments

  • ဗုံဗုံ

    January 20, 2013 at 10:11 am

    လေးပေါက်ရဲ့ ကောင်းမှုနဲ့ မနက်စောစော ရွေတိဂုံဘုရားကို ဖူးမျှော်လိုက်ရပါတယ် ထန်းပင်နဲ့ပုံလေးက ပိုလှတယ် အခုစတော်ဘယ်ရီသီးလေးလည်း လှပါတယ် ကော့ပျံနေတာဘဲ ကြိုးနဲ့ဆွဲပြီးရိုက်ထားတာလားလေးပေါက်

    • ထန်းပင်လေးကတော့ သဘောကျလို့ရောက်တိုင်းရိုက်ပါတယ်။
      စတော်ဘယ်ရီလေးက ခုံပေါ်တင်ရိုက်ထားတာပါကွဲ့။

  • cherry kyawlin

    January 20, 2013 at 11:30 am

    ရန်ကုန်မှာနေပြီး ရွှေတိဂုံဘုရားကို သိပ်မရောက်ဖြစ်ဘူး
    လေးပေါက်တင်ထားတဲ့ပုံကိုကြည့်ပြီး ဖူးမျှော်လိုက်ပါတယ်
    လေးပေါက်တင်ထားတဲ့အပူနဲ့အအေး ကဘယ်နားမှာလဲလေးပေါက်
    မြောက်ဘက်မုဒ်မှာတော့ ယက္ခမယ်တော် တော့ရှိတယ်
    ဆုတောင်းပြည့်တယ်လိုပြောတယ် တခါတော့သွားဆုတောင်းဖူးတယ်

    • အပူအအေး က တောင်ဘက်အခြမ်းမှာရှိတာပါ။
      သူများမီးပူဇော်ထားတာကိုမြင်ပြီး သဘောကျတာနဲ့လက်ဆော့လာတာပါ။

  • magic ladylay

    January 20, 2013 at 2:42 pm

    ရွာသူအသစ်လေးပါ
    ဒီဆိုဒ်လေးကို အရမ်းသဘောကျလို
    မန်ဘာအဖြစ်ဝင်လိုက်တာ
    ဂျူနီယာလေးအဖြစ်လက်ခံပေးပါနော်
    ဦးပေါက်ရဲ့ပုံတွေအားလုံးကို အရမ်းသဘောကျပါတယ်

    • မျက်လှည့်ဆရာမလေးရေ
      ဒီနေ့ အသစ်ဆိုပေမယ့် တစ်ညကုန်လွန်သွားတာနဲ့ လူရင်း လူဟောင်းဖြစ်သွားပါပြီ။
      နောက်ဝင်လာမယ့်အသစ်တွေကို ပြန်ကြိုဆိုပေးဘို့ တာဝန်ရှိသွားပါပြီ။
      ကြာကြာနေနော်

      • မောင်ပေ

        January 20, 2013 at 9:10 pm

        အဲဒီ မက်ဂျစ်လေဒီ လေးကို
        ဟောဒီက မောင်ပေ က ခြစ်ခြစ်ခင်ခင် နဲ ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် လို ့
        အဲဒါ အဲဒါ

  • aye.kk

    January 20, 2013 at 3:33 pm

    ဘယ်နှစ်ခါဖူးဖူး။
    ဖူးလို ့မဝနိုင်ပါ။
    လေးဆူဓါတ်ပုံရွှတိဂုံစေတော်မြတ်ကြီးကိုဖူးမျှော်ရတာ။
    ကုသိုလ်တွေမျှဝေလိုက်တဲ့ကိုပေါက်ကိုကျေးဇူးပါ။။
    အမအေး။

  • ကျေးကျေးပါ အမအေးရေ
    အမမေးလ်ထဲကို ကော်နက်ရှင်ကောင်းတဲ့ရက် ပုံတော်တွေပို့ပေးထားပါမည်။

  • sadabawa

    January 20, 2013 at 10:41 pm

    cherry kyawlin says:
    အပူအအေး က အဂါင်္ထောင့် ညောင်ပင်ကြီး နားမှာရှိပါတယ်။ အတိအကျ ဆိုရရင် အရှေ့ တောင် ထောင့် (တောင်ဘက် ဓါတ်လှေခါး လျောက်လမ်းဆုံးရင် ဆိုရင် အုတ်နံရန် ကပ်ပြီး ညာဘက်ကွေ့သွားပါ။) အဂါင်္ထောင့် ညောင်ပင်ကြီး အကျော်မှာရှိပါတယ်။

  • ကျေးဇူးပါ sadabawaရေ
    ကျနော်က လျောက်သာရိုက်သွားတာ နေရာနဲ့ပြောပါဆိုရင်အတိအကျမမှတ်မိပါဘူး။
    အခုလိုညွှန်ပြပေးတာ ကျေးဇူးတင်ပါ၏

Leave a Reply