စစ်အစိုးရပြုပြင်ပြောင်းလည်းရေးတွင် အိနိ္ဒယနိုင်ငံအရေးပါမှု အပေါ် ဝါရှင်တန်ပြောကြား

cobraJuly 19, 20101min590

အိနိ္ဒယအစိုးရ အနေနဲ့ မြန်နိုင်ငံဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုမှာ စတင်တိုက်တွန်းခဲ့ပြီးဖြစ်သလိုဆက်လက်အကောင်အထည်ဖေါ်ဖို့ အရှေ့တောင်အာရှနိုင်ငံများထဲမှအဓိကနိုင်ငံဖြစ်ကြောင်းကို အမေရိကန်အစိုးရက သောကြာနေ့ကပြောဆိုလိုက်သည်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာအရေးကိုမြှင့်တင်နိုင်ဖို့တွေ့ဆုံဆွေးနွေရေးမှာ အိနိ္ဒယက ကြားဝင်စေ့စပ်တိုက် တွန်းရန်လိုပြီး၊ “အိနိ္ဒယနိုင်ငံဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာအလွန်အရေးကြီးတဲ့ဇာတ်ကောင်ဖြစ်တာမို့အမေရိကန်အစိုးရ
နဲ့ရင်းနှီးပွင့်လင်းစွာနဲ့လက်တွဲပြီးနိုင်ငံတကာအသိုင်ဝန်းထဲမှာပြောဆိုနိုင်မယ်လို့ အရှေ့တောင်အာရှနဲ့ အာရှပိစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက်အတွင်းရေးမှုးက သတင်းထောက်များကိုပြောကြားခဲ့သည်။

မြန်မာအရေးမှာအိနိ္ဒယရဲ့အဓိကကျမှုအမေးများကိုဖြေဆိုရာမှာတော့သူအနေနဲ့အမေရိကန်အစိုးရကိုယ်စားအိနိ္ဒယကိုပြော ဆိုရာမှာ မြန်မာနိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒီထက်ပိုပြီး လေးစားနီးကပ်
စွာတွေ့ဆုံညှိနိုင်းဖို့ တို့ကိုပြုပြင်ရန် တို့ကို ကြားဝင်ဆွေးစေ့စပ်ပေးဖို့ဖြစ်သည်။

အမေရိကန်အစိုးရအနေနဲ့အိနိ္ဒယအစိုးရရဲ့အရှေု့ဘက်အိမ်နီးခြင်းနိုင်ငံအပေါ်ထားတဲ့မဟာဗျူကိုလေးစားသတိ
ရှိပြီးမြန်မာစစ်အာဏာရှင်တို့အနေနဲ့အရှေ့တောင်အာရှနိုင်ငံများနဲ့ဒီထက်ရင်နှီးပွင့်လင်းပြီးလေးစားစွာ ပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံနွေးများလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကျွန်ုပ်တို့ စကားပြောဆိုရာမှာ ရင်နှီးစွာနဲ့ မြန်မာ့အရေးကိုဒီထက် ကောင်းမွန်လာစေရေးကို တဆင့်ပြီးတဆင့်
အချိန်ကာတခုအတွင်းမှာဖြစ်ပေါ်နိုင့်မယ့်လမ်းကိုတိုးပြီးဖေါ်ဆောင်ဖို့ကင်းဘဲလ်ကဒီနှစ်အစောပိုင်းကအိန္ဒိယအရာရှိတွေကို
နယူးဒေလီမြို့မှာပြောကြားခဲ့သည်။လာမယ်ရက်သတ္တပါတ်အတွင်းဗီယက်နမ်နိုင်ငံမှာကျင်းပမယ့်အာရှလုံခြုံရေးအစည်းဝေးမှာ
မစ္စဟီလာရီကလင်တန်တက်ရောက်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်အမ် ခရစ်နား နှစ်နိုင်ငံခြင်းတွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း ကင်ဘဲလ်က သတင်းထောက်များကိုပြောကြားခဲ့သည်။

အာရှလုံခြုံအစည်းအဝေးကိုအာရှအဖွဲ့ဝင်နိုင်ငံများအပြင်အာရှနိုင်ငံတွေရဲ့အဓိကအရေးပါနိုင်ငံများဖြစ်တဲ့တောင်ကိုရီးယား၊ဩစတြေလျ၊
ဂျပန်၊တရုပ်၊နယူးဇီလန်တို့တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ထိုအစည်းအဝေးတွင်မြောက်ကိုရီးယားရဲ့အရေးကို
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြမှာဖြစ်ပြီးအာရှဒေသတွင်းဆိုင်ရာလုံခြုံရေးအကြောင်းအရာ၊အာရှဒေသပုံစံရဲ့အရေးပါမှု
၊အာရှဒေသရဲ့ဖြစ်ပေါ်တိုးတက်လာတဲ့ပုံစံမှာ အမေရိကန်ရဲ့အဓိက အခန်းပါဝင်မှုတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ကင်းဘဲလ်က ပြောပြခဲ့သည်။

ဗီယက်နမ်ဆွေးနွေးမှာ ဝန်ကြီးကလင်တန် ဟာနှစ်နိုင်ငံခြင်း တွေ့ဆုံဆွေးနွေးမှုတွေရှိမှာဖြစ်ပြီး အစည်းအဝေးမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါသည်။ ဂျပန်၊ တရုပ် နှင့် အိနိ္ဒယနိုင်ငံတို့နဲ့ နှစ်နိုင်ငံခြင်းတွေ့ဆုံနွေးမှာဖြစ်သလို အခြားအရေးပါလှတဲ့ အရှေ့တောင်အာရှနိုင်ငံတချို့နှင့်လည်း ဆွေနွေးမှုများပြုလုပ်မည်ဟု ကင်းဘဲလ်က သတင်းထောက်များကိုတရားဝင်ထုတ်ဖေါ်ပြောဆိုခဲ့သည်။
အောင်မြင်(မုံရွာ)