မောင်ရေ လွမ်းလိုက်တာနော် … တစ်နေ့တစ်နေ့ အလုပ်များနေတဲ့ ကျမ …

အရင်ကလို မောင့်မျက်နှာကို နေ့တိုင်းကြည့်ခွင့်မရခဲ့တာ…..အရမ်းကို သတိရတဲ့အခါ စက်ကလေးကိုဖွင့်  မောင့်မျက်နှာလေးကို

အလွမ်းပြေကြည့်ရှု ရုံကလွဲပြီး မောင့်အတွက် ကွန်မန့် လေးတွေတောင်မရေးဖြစ်တော့တာ လည်းကြာပြီပေါ့ …

ကျမ အရင်က မျက်နှာများခဲ့ပါတယ်မောင် .. မောင်နဲ့တွေ့ပြီးနောက်ပိုင်း မောင့်တစ်မျက်နှာပဲ တစ်ကမ္ဘာထင်ခဲ့တာပါမောင် ..

အလုပ်ချိန်ကလွဲပြီး အားလပ်တဲ့အချိန်တိုင်း ကျမစိတိတွေ မောင့်ဆီမှာပဲ ရှိနေခဲ့တာပါ …

စာဖတ်ပျင်းတဲ့ကျမ မောင်နဲ့တွေ့မှပဲ စာကြမ်းပိုးဖြစ်ခဲ့ရတယ်နော် …

နေ့စဉ်  ဖတ်ခွင့်ရတဲ့ မောင့်ရဲ့ စာတွေက ကျမအတွက် မျက်စိပွင့်နားပွင့်ဖြစ်ခဲ့ရတဲ့အပြင်  ကျမ်းမာရေးဗဟုသုတတွေလည်းအများကြီးရခဲ့ပါတယ်မောင် …

မောင့်ရဲ့ စာတွေကို ဖတ်ခွင့်ရပေမယ့် မောင်ထံစာပြန်ဖို့ စိတ်ကူးလိုက်တိုင်း စာရေးပျင်းတဲ့ကျမ၊

စာတစ်ကြောင်းကို စီလျော်အောင်မရေးဖွဲ့တတ်တဲ့ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့် စာတစ်စောင်ဖြစ်မလာနိုင်ခဲ့ပါဘူး …

အဲဒီ့အတွက်လည်းမောင့်ကိုတောင်းပန်ပါတယ် … ကျမစိတ်တွေ အရမ်းရှုပ်ထွေးနေတဲ့အခါ မောင့်ရဲ့ရွာထဲက ရယ်ရွှင်ဖွယ် ဟာသလေးတွေနဲ့ ၊

စိတ်ရွင်လန်းဖွယ် ဓာတ်ပုံလေးတွေအပြင် ခင်မင်တတ်ကြတဲ့ မောင့်သူငယ်ချင်းတွေရဲ့ ဟာသနှောတတ်တဲ့အပြောလေးတွေကိုကြည့်ပြီး ကျမ ပျော်ရွင်ခဲ့ရပါတယ်မောင် ၊

(၂၀) ရက်နေ့ မောင့်ရဲ့ တွေ့ဆုံပွဲလေးကိုလည်း ကျမတတ်ရောက်ခွင့်ရခဲ့ပါပြီ် ၊ အဲဒီ့အတွက်လည်း ၀မ်းသာကြည်နူးခဲ့ရပါတယ်၊

ကျမရဲ့ ရင်ထဲက လွမ်းစိတ်နဲ့ သတိတရရှိတဲ့စိတ်တွေကြောင့် ဒီစာလေးတစ်စောင်ဖြစ်လာခဲ့ရတယ်ဆိုတာ မောင်ယုံကြည်နိုင်ပါ့မလား ..…

ကျမရဲ့ စာထဲမှာ အမှားများပါခဲ့ရင် ၊ ညံ့ဖျင်းတဲ့ကျမ ကို မောင် ခွင့်လွှတ်ပေးနိုင်ပါစေ ….

အားလပ်တဲ့အချိန်တိုင်းမောင့်ဆီကို စာလေးတွေ ရောက်အောင် ရေးနိုင်ပါစေလို့ မောင် ဆုတောင်းပေးပါနော် …

စိတ်ကူးနဲ့သာ စာတွေ ပို့ဖြစ်နေတဲ့

ကျမ   (JuJuma)

(PS : မောင် = MG ,  MG = Mandalaygazette )

 

 

 

About may july

may july has written 8 post in this Website..