” ပေးစာ “

may julyJanuary 16, 20131min23315

မောင်ရေ လွမ်းလိုက်တာနော် … တစ်နေ့တစ်နေ့ အလုပ်များနေတဲ့ ကျမ …

အရင်ကလို မောင့်မျက်နှာကို နေ့တိုင်းကြည့်ခွင့်မရခဲ့တာ…..အရမ်းကို သတိရတဲ့အခါ စက်ကလေးကိုဖွင့်  မောင့်မျက်နှာလေးကို

အလွမ်းပြေကြည့်ရှု ရုံကလွဲပြီး မောင့်အတွက် ကွန်မန့် လေးတွေတောင်မရေးဖြစ်တော့တာ လည်းကြာပြီပေါ့ …

ကျမ အရင်က မျက်နှာများခဲ့ပါတယ်မောင် .. မောင်နဲ့တွေ့ပြီးနောက်ပိုင်း မောင့်တစ်မျက်နှာပဲ တစ်ကမ္ဘာထင်ခဲ့တာပါမောင် ..

အလုပ်ချိန်ကလွဲပြီး အားလပ်တဲ့အချိန်တိုင်း ကျမစိတ်ိတွေ မောင့်ဆီမှာပဲ ရှိနေခဲ့တာပါ …

စာဖတ်ပျင်းတဲ့ကျမ မောင်နဲ့တွေ့မှပဲ စာကြမ်းပိုးဖြစ်ခဲ့ရတယ်နော် …

နေ့စဉ်  ဖတ်ခွင့်ရတဲ့ မောင့်ရဲ့ စာတွေက ကျမအတွက် မျက်စိပွင့်နားပွင့်ဖြစ်ခဲ့ရတဲ့အပြင်  ကျမ်းမာရေးဗဟုသုတတွေလည်းအများကြီးရခဲ့ပါတယ်မောင် …

မောင့်ရဲ့ စာတွေကို ဖတ်ခွင့်ရပေမယ့် မောင်ထံစာပြန်ဖို့ စိတ်ကူးလိုက်တိုင်း စာရေးပျင်းတဲ့ကျမ၊

စာတစ်ကြောင်းကို စီလျော်အောင်မရေးဖွဲ့တတ်တဲ့ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့် စာတစ်စောင်ဖြစ်မလာနိုင်ခဲ့ပါဘူး …

အဲဒီ့အတွက်လည်းမောင့်ကိုတောင်းပန်ပါတယ် … ကျမစိတ်တွေ အရမ်းရှုပ်ထွေးနေတဲ့အခါ မောင့်ရဲ့ရွာထဲက ရယ်ရွှင်ဖွယ် ဟာသလေးတွေနဲ့ ၊

စိတ်ရွင်လန်းဖွယ် ဓာတ်ပုံလေးတွေအပြင် ခင်မင်တတ်ကြတဲ့ မောင့်သူငယ်ချင်းတွေရဲ့ ဟာသနှောတတ်တဲ့အပြောလေးတွေကိုကြည့်ပြီး ကျမ ပျော်ရွင်ခဲ့ရပါတယ်မောင် ၊

(၂၀) ရက်နေ့ မောင့်ရဲ့ တွေ့ဆုံပွဲလေးကိုလည်း ကျမတတ်ရောက်ခွင့်ရခဲ့ပါပြီ် ၊ အဲဒီ့အတွက်လည်း ဝမ်းသာကြည်နူးခဲ့ရပါတယ်၊

ကျမရဲ့ ရင်ထဲက လွမ်းစိတ်နဲ့ သတိတရရှိတဲ့စိတ်တွေကြောင့် ဒီစာလေးတစ်စောင်ဖြစ်လာခဲ့ရတယ်ဆိုတာ မောင်ယုံကြည်နိုင်ပါ့မလား ..…

ကျမရဲ့ စာထဲမှာ အမှားများပါခဲ့ရင် ၊ ညံ့ဖျင်းတဲ့ကျမ ကို မောင် ခွင့်လွှတ်ပေးနိုင်ပါစေ ….

အားလပ်တဲ့အချိန်တိုင်းမောင့်ဆီကို စာလေးတွေ ရောက်အောင် ရေးနိုင်ပါစေလို့ မောင် ဆုတောင်းပေးပါနော် …

စိတ်ကူးနဲ့သာ စာတွေ ပို့ဖြစ်နေတဲ့

ကျမ   (JuJuma)

(PS : မောင် = MG ,  MG = Mandalaygazette )

 

 

 

15 comments

  • မောင်ပေ

    January 16, 2013 at 7:06 pm

    “ပေ” ဆိုတဲ့ တစ်လုံးလေးများ မောင် ဆိုတဲ့ နောက်မှာ ရိုက်ဖို ့ကျန်ခဲ့သလားကွယ်
    ဟီဟိ

    • ရွာသူ jujuma .

      January 17, 2013 at 10:05 am

      ဦးဆုံးကွန်မန့်အတွက်ကျေးဇူးပါ …
      မောင် ရဲ့နောက်မှာ” ပေ” ကျန်ခဲ့ပါဘူးဗျ …
      ” ပေ”လည်း မောင် ရဲ့အစိတ်အပိုင်းတစ်ခုပဲလေဗျာ… :kwi:

  • P chogyi

    January 17, 2013 at 8:21 am

    မောင်ဆိုလို့
    ကျွန်တော်ထင်နေတာ
    နောက်ဆုံးမှ မဟုတ်မှန်းသိသွားတယ်။

  • surmi

    January 17, 2013 at 8:50 am

    ဒီလိုရေးတတ်ပါရဲ ့သားနဲ ့ စာမှန်မှန် မရေးလို ့ မောင် က စိတ်ကောက်နေသတဲ ့ ။
    ပြန်ချော ့တဲ့အနေနဲ ့ တစ်လကို စာ ငါးပုဒ်လောက်ရေးပေးပါ ….. တဲ ့

  • ခိုင်ဇာ

    January 17, 2013 at 9:14 am

    ဟုတ်ပါ့။ ကိုဆာမိပြောသလိုပဲ။ ဒီလို ရေးတတ်ရဲ့သားနဲ့များ။
    ဖတ်ခါစက ရင်တောင် နည်းနည်း ခုန်သွားတယ်။
    (ဟိ၊ ကိုယ့်ပြောတာမဟုတ်မှန်းသေချာပြီး ကိုယ်နဲ့လည်းဘာမှ မဆိုင်ပဲနဲ့)
    :kwi:

  • ရွာသူ jujuma .

    January 17, 2013 at 10:15 am

    P chogyi –
    မဟုတ်ဘူးမပြောပါနဲ့ဗျ ..
    မောင် ဆိုတာ အားလုံးနဲ့ သက်ဆိုင်တယ်လေ …..

    surmi —
    ဦးဦး ဆာမိ မောင့် ကိုပြောပေးပါနော် …
    အားလပ်တဲ့အချိန်တိုင်း မောင့် ဆီကို စာတွေ မှန်မှန် ပို့နိုင်အောင် ကြိုးစားနေပါတယ်လို့ …
    စိတ်ကောက်ပါနဲ့လို့ ….. :kwi:

    ခိုင်ဇာ …
    မခိုင်ဇာ နဲ့လည်းဆိုင်သလို ရင်ခုန်ခွင့်လည်းရှိပါတယ်နော် … ဟိ

  • ဗုံဗုံ

    January 17, 2013 at 1:33 pm

    မောင် ဆိုလို့ မမဂျုးတော့ ရင်တွေဖွင့်နေပြီဟ လို့အောက်မေ့နေတာ :mrgreen:

    • ရွာသူ jujuma .

      January 17, 2013 at 3:13 pm

      တကယ်လည်း ရင်ဖွင့်နေတာလေ ညီမရဲ့ … :kwi:

  • ဦးကြောင်ကြီး

    January 18, 2013 at 10:48 am

    မောင်ဂေဇက်
    ကြောင်ရွှေမြတ်
    အောင်ဖေထပ်
    ရောင်နေလှပ်
    ချောင်ခွေကပ်
    တောင်ရှည်နှက်
    စောင်လေဟပ်
    ညောင်ရေဆက်…။

  • ရွှေတိုက်စိုး

    January 18, 2013 at 3:08 pm

    မောင်ဆိုတာ MG……
    MG ဆိုတာ သူဂျီးမင်း………
    အင်းဒါဆို မောင်=သူဂျီးပေါ့…….

    သူဂျီးတော့ ရင်ဒွေခုန်နေရောပေါ့ခစ်ခစ်ခစ်

    • ရွာသူ jujuma .

      January 18, 2013 at 3:16 pm

      ညက်ချွာဖျား တူလုပ်မှ သူဂျီးမောင် ဖစ်ကရော…
      ကန်တော့ကန်တော့ သူဂျီးမင်းချင့် ..
      ဟွန်း တိုက်ပု တော့ နာတော့မယ် .. မောင်က ရွာကြီး တစ်ရွာလုံးကို တင်စားထားတာအေ့ ..
      တိလဲတိပဲနဲ့ … :harr:

  • မင်းနန္ဓာ

    January 18, 2013 at 3:24 pm

    MG = မောင် = ဂေဇက်ရွာကြီးကို ပြောတာဆို
    တို့လည်း မောင့်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့နော်
    ဟိ
    ဒီလို လက်စ ရှိရဲ့သားနဲ့ ရွာထဲမှာ ကလောင်စွမ်း ဘာကြောင့် မပြရတာလဲ
    မောင်ရေ လွမ်းလိုက်တာနော် … ဆိုတဲ့ အစ စာကြောင်းလေး ဖတ်ပြီးကတည်းက ဟတ်ထိသွားတယ်
    တကယ်…
    :harr:

    • ရွာသူ jujuma .

      January 18, 2013 at 4:02 pm

      အားပေးတဲ့အတွက် ကျေးဇူးပါ ..
      ဟတ်တော့ ထိပါနဲ့ဂျာ .. ထိမယ့်ထိ ဖူး(အပြည့်) တော့လုပ်ပါ … :kwi:

  • Khaing Khaing

    January 18, 2013 at 4:15 pm

    မောင် … မောင်ကြောင့် ကျွန်မစာတွေဖတ်ရလွန်းလို့ မျက်စိတွေလည်း ပျက်လှပါဘီ ….. ရီစရာတွေဖတ်ရလို့လည်း အူတွေနာလှပါပီ …… ဓာတ်ပုံတွေကို ကြည့်ရလို့ ကိုးနတ်ရှင်မကောင်းချိန်မှာ တရားရခဲ့တာ မောင့်ကြောင့်ပါ ………..

    • ရွာသူ jujuma .

      January 18, 2013 at 4:32 pm

      မောင့်ရဲ့ ဆွဲဆောင်အားက ကိုနတ်ရှင် နဲ့ ဆန့်ကျင်ဘက်ပဲပေါ့နော် … :hee:

Leave a Reply