စားချင်နေသော မနက်စာများ

ဇီဇီJanuary 18, 20131min25146

မနက်စာ စားချိန်မရတဲ့ ရက်တွေဘယ်လောက်ကြာပြီလဲ။ နှစ်နဲ့ချီနေပေါ့။

 

 

 

 

 

 

 

– ပဲမှုန့်များများ နန်းကြီးသုတ်နဲ့ ကြက်ရိုးဟင်းခါးလေး
– ပေါ့စိမ့် လက်ဖက်ရည်လေးနဲ့ အီကြာကွေး
– အိုးဘဲဥ၊ ငါးဖယ်၊ ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးနဲ့ ကော်ဖီပြင်းပြင်းလေး
– ပဲလိပ်၊ မှိုခြောက်၊ ပန်းခြောက် များများနဲ့ချက်ထားတဲ့ ကြာဇံဟင်းခါးနဲ့ ရေနွေးကြမ်းခါးခါးလေး
– ကော်ရည်ခေါက်ဆွဲ ပြစ်ပြစ်လေးနဲ့ ငါးပိထောင်းလေး
–  ပဲပလာတာ လိပ်ခုတ်နဲ့ နွားနို့ပူပူလေး
– သံပုရာသီးလေးညှစ်ထားတဲ့ အုန်းနို့ခေါက်ဆွဲ အီအီလေး
– ဆီနီဆီဝါ ငါးဖယ်ပြုတ်နဲ့သုပ်ထားတဲ့ ဂျုံခေါက်ဆွဲ နဲ့ ကြာရိုးဟင်းခါးလေး

အဲဒါတွေ….၊ အဲဒါတွေ ကို လမ်းဘေးဆိုင်တွေမှာ အေးအေးဆေးဆေးထိုင်စားချင်နေတယ်။ :gee:

ကယ်ကြပါ အရပ်ကတို့။ :byae:

46 comments

  • ကြည်ဆောင်း

    January 18, 2013 at 8:44 am

    မနက်ကြီးကို သွားရေကျအောင်ရေးတတ်ပါပေ့
    ဒီကလဲ မီတူး…..

    • ခိုင်ဇာ

      January 18, 2013 at 10:02 am

      စောစောစီးစီး ဗိုက်ဆာလွန်းလို့ ရေးမိရေးရာရေးရတာပါ ကြည်ဆောင်းရယ်။
      :byae:

  • ဦး ကျောက်ခဲ

    January 18, 2013 at 8:49 am

    ပေါင်ချိန် အသံနဲ့အော်လိုက်မယ်……….. ဝယ်….

    ဒီမှာငတ်ပါတယ်ဆိုမှ စောစောစီးစီး နှိပ်စက်ပါ့….
    ဓာတ်ပုံတင်ပြီးနှိပ်စက်လိုက်….
    စာရေးပြီးနှိပ်စက်လိုက်….
    ဆုတောင်းပေးလိုက်မယ်…. အိမ်ထောင်မြန်မြန်ကျပါစေ…
    :harr:

    • ဘိုကျောက်
      တစ်လက်စတဲ့ မန်းလေးဆက်လာခဲ့ပါလား။
      တစ်မနက်ထဲ ဒီအစားတွေအကုန်လိုက်ကျွေးလိုက်မယ်လေ။

    • ခိုင်ဇာ

      January 18, 2013 at 10:01 am

      ပေးတဲ့ ဆုနဲ့ပြည့်ပါရစေ။ :harr:

      မကြာခင် ပြန်ရတော့မဲ့ ဦးကျောက်က ပဲပြောရတယ်ရှိသေး။
      ရောက်တဲ့မနက်သွားစားလို့ရပါသေးတယ်ဗျ။ ရန်ကုန် မောနင်းစတားကိုသွားလိုက်လေ။

  • Mon Kit

    January 18, 2013 at 9:33 am

    ဝေးးးးးးးးး…….. ခိုင်ဇာလေးရေ့……..
    မွန်ကစ်လည်း စားချင်လာပီဝေ့……
    ချရေးထားတာတွေ ကူးသွားပြီး အကုန် ဝယ်စားတော့မယ်ဝေးးးးးးးး…….
    ကျေးဇူးပါ ဝေးးးးးးးးးးးး……….. :harr:

    • ခိုင်ဇာ

      January 18, 2013 at 10:03 am

      မွန်ကစ်လေးရေ
      ကျနော့ အတွက်ပါ ပိုစားခဲ့ပါ ဝေး::::::::::::::

      :harr:

  • ၁ပဲမှုန့်များများ နန်းကြီးသုတ်နဲ့ ကြက်ရိုးဟင်းခါးလေး
    (၃၁-၃၂ကြား ၈၄-၈၅ကြားမှာ စိုးစိုးရှိမယ်၊
    ၄၁လမ်း ၈၂-၈၄ကြားက ရွှေတံဆိပ်ရထားတဲ့ အန်တီကြီးဆိုင်မှာလဲရပါတယ်။
    ၂၆ဘီလမ်းက ရိုးမဘဏ်နားက မတ်တပ်ရပ်စားရတဲ့ဆိုင်လေးလဲကောင်းးတယ်)
    ၂- ပေါ့စိမ့် လက်ဖက်ရည်လေးနဲ့ အီကြာကွေး
    (၃၂လမ်း ၈၀-၈၁ကြား တော့ချိုက်၊လမ်း၃ဝ ၈၂-၈၃ကြားကဂွတ်မောနင်း၊)
    ဒီအစားအစာကတော့ မန်းလေးက ဆိုင်တော်တော်များများမှာရပါ၏။
    အခုထိအီကြာကွေးအကောင်းဆုံးကတော့ ၇၈လမ်းကုန်းတံတားအောက်က ညနေမှရောင်း
    တဲ့ အီကြာကွေးနဲ့မလိုင်ပါဘဲ။
    ၃အိုးဘဲဥ၊ ငါးဖယ်၊ ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးနဲ့ ကော်ဖီပြင်းပြင်းလေး
    ၈၄လမ်း ၃၀-၃၁ကြား နန်းရှေ့ကလာဖွင့်တဲ့ရွှေလက်ရာ
    ၄- ပဲလိပ်၊ မှိုခြောက်၊ ပန်းခြောက် များများနဲ့ချက်ထားတဲ့ ကြာဇံဟင်းခါးနဲ့ ရေနွေးကြမ်းခါးခါးလေး
    ဒါကတော့ မနက်ပိုင်းမရနိုင်ဘူး နေ့လည်ဆိုရင် ၈၃လမ်း ၃၃လမ်းဒေါင့်လမ်းအနောက်ဖက် ကဆိုင်မှာရတယ် ပတ္တမြားကြေးအိုးနဲ့မျက်နှာချင်းဆိုင်
    ၅- ကော်ရည်ခေါက်ဆွဲ ပြစ်ပြစ်လေးနဲ့ ငါးပိထောင်းလေး
    ဒီအစားအစာကတော့ ကျနော်မစားဘူးလို့မသိဘူးဗျုို့
    ၆ ပဲပလာတာ လိပ်ခုတ်နဲ့ နွားနို့ပူပူလေး
    ဆိုင်တော်တော်မျာများမှာရနိုင်ပါတယ် နွားနို့နဲ့ဆိုရင်တော့ ၁၅လမ်း ၈၁လမ်းဒေါင့်က
    ဆိုင်ကြီးက ကောင်းတယ်
    ၇- သံပုရာသီးလေးညှစ်ထားတဲ့ အုန်းနို့ခေါက်ဆွဲ အီအီလေး
    အုန်းနို့ခေါက်ဆွဲကတော့ ဒေါ်ရူဘီပေါ့ ၈၁လမ်း ၂၉လမ်းဆင်ခြောက်ကောင်ဝင်းထဲမှာရပါတယ်
    ရွှေလက်ရာ၈၄လမ်းမှာလဲရပါတယ်။
    ၃၂လမ်းကတော့ချိုက်မှာလဲရပါတယ်။
    ၈- ဆီနီဆီဝါ ငါးဖယ်ပြုတ်နဲ့သုပ်ထားတဲ့ ဂျုံခေါက်ဆွဲ နဲ့ ကြာရိုးဟင်းခါးလေး
    အဲဒါစားချင်ရင်တော့ ၂၉လမ်းနဲ့လမ်း၈ဝဒေါင့် လမ်း၃ဝနဲ့၈၁လမ်းဒေါင့်က မနက်ဖွင့်တဲ့ခိုတောင်မုန့်တီသယ်လေးတွေ ဆီမှာ ဝယ်စားလို့ရပါတယ်။
    မန်းလေးမှာတော့ ဆိုင်တွေအများကြီး ဒါက ကျနော်စားတတ်တဲ့နေရာလေးမို့ဝင်ပွားတာပါ။
    မယ်ခိုင်ဇာ မန်းလေးပြန်လာရင်မောင်ပေက လိုက်ကျွေးမယ်လို့ သတင်းပေးထားပါသည်၏
    ကိုပေါက်က ဧည့်မျှောင်လုပ်ပါမည်။
    ကောင်းမှကောင်း
    ဟုတ်တယ်ဟုတ်

    • ခိုင်ဇာ

      January 18, 2013 at 10:07 am

      ဪ။ အဲဒါ ကပေ ကိုး။
      မန်းလေးက ပေါက်ပေပု မှာ အဲ့ “ပေ” ကို ကြောက်တာပဲ။ :mrgreen:

      (နောက်တာ)
      နောက်တစ်ခေါက်လာရင် ပြောပါ့မယ်။ တွေ့ကြတာပေါ့။ ၇၈လမ်း က မလိုင်ဆိုင်က ပိတ်သွားပြီဆိုလားပဲ။
      (လိုက်မကျွေးချင်လို့ ညာကြသလားမသိ)
      :harr:

    • Mr. MarGa

      January 18, 2013 at 9:05 pm

      အင်းးးးးးးး
      ပြောရင်းဆိုရင်း ဖတ်ရင်းနဲ့ ဗိုက် ဆာလာ သလိုလို

  • ဦးကြောင်ကြီး

    January 18, 2013 at 10:00 am

    ကြောင်ကြီးကိုရော စားဂျင်ဗူးလား…
    မင်းအတွက်
    အဖြည့်ခံ
    ပြည့်လျှံဖို့
    ယနေ့စံလိုက်ပါ
    ဆွိဂလေးရယ်….။

    • ခိုင်ဇာ

      January 18, 2013 at 10:09 am

      ကကြောင် က မြို့ကြောင်မို့ စားလို့ မဖြစ်ကြောင်းပါ။
      ကျနော်က တောကြောင်သားပဲ စားတတ်ပါ၏။ :kwi:

    • surmi

      January 18, 2013 at 10:10 am

      ကြောင်သားကနံဒယ် တဲ ့
      အနံ့ပျောက်အောင် မကျီးသီးမှဲ ့နဲ ့စိမ်ပြီးနယ်ရမှာ ဒဲ ့
      ဘယ်လိုလဲဦးကြောင်
      ခံနိုင်ပါ ့မလားဟင်င်င်င် :harr:

      • မောင်ပေ

        January 18, 2013 at 7:36 pm

        ဇာကြီးက စားချင်သမျှ အရာအားလုံးကို
        မောင်ပေ က ဖြည့်ဆည်းပေးဖို ့အသင့်ပါပဲကွယ်
        အတူတူစားကြရအောင်လား

        • ခိုင်ဇာ

          January 18, 2013 at 8:14 pm

          အေးပါလေ။
          ပြီးရင်သာ ကတိမပျက်ပါစေနဲ့ ကပေ

          :harr:

  • ခင်ခ

    January 18, 2013 at 10:14 am

    ရေးထားတဲ့ စားချင်စရာတွေက မန်းမှာရတတ်တာတွေမို့ အကယ်၍မန်းရောက်တဲ့အခါ
    အဖော်အပေါင်းတွေနဲ့ စကားလေးပြောရင်း စားချင်သပဆို လှမ်းလို့သာခေါ်လိုက်ပါနော်။
    တစ်ယောက်ထဲအေးဆေးစားချင်တာမျိုးဆိုရင်တော့ စားပြီးမှဘဲ လှမ်းကြွားပေတော့။

      • ခိုင်ဇာ

        January 18, 2013 at 11:53 am

        ကိုခလာရင် မဒမ်ခ ပါခေါ်ခဲ့ပါ။
        ကိုပေါက်လာရင်လည်း မဒမ်ပေါက်ကိုပါခေါ်ခဲ့ပါ။
        ကိုပေ့ရဲ့ မဒမ်ပေ ကိုလည်းဖိတ်လိုက်ပါ့မယ်။ :hee:

    • ခိုင်ဇာ

      January 18, 2013 at 11:54 am

      ကိုခရယ်
      မန်းလေးသူ လွမ်းမှတော့ မန်းလေးက အစားတွေပေါ့ဗျာ။
      မန်းလေး ရောက်ရင် တစ်ယောက်တည်း နေလေ့မရှိတာမို့ ဘယ်သွားသွား သူငယ်ချင်းတွေ ပါမြဲပါ။
      ဒီတစ်ခေါက်တကယ်လာရင် တကယ်ဖုန်းခေါ်ပြီး တကယ်တွေ့ပြီး တကယ် သွားစားကြတာပေါ့။
      (တကယ်တွေ တကယ်ကြီး များကုန်ပြီ)။
      :mrgreen:

      • ခင်ခ

        January 18, 2013 at 12:48 pm

        တကယ်ဘဲလားလေ အဟုတ်ဘဲလားဟင်။

      • ဗုံဗုံ

        January 18, 2013 at 1:44 pm

        သများကိုကျတော့ ခေါ်ဖို့စိတ်ကူးထဲ မရှိကြဘူး မရှိကြဘူး စိတ်ဆိုးတယ် စိတ်ဆိုးတယ် :mrgreen:

        • ခိုင်ဇာ

          January 18, 2013 at 1:47 pm

          ဗုံ နဲ့က ကန်တော်ကြီးသွားမှာဆို။ ဝက်သားဒုတ်ထိုး မမေ့သေးဘူး။ :mrgreen:

  • မိုချို

    January 18, 2013 at 10:39 am

    ခိုင်ဇာရေ
    အစ်မ တို့ ကတော့ မုန့်ဟင်ခါး၊ နွားနို့+နို့စိမ်း ခေါက်ဆွဲ ( အုန့်နို့ ရှောင်လို့) ၊ နန်းကြီး၊ နန်းပြား ၊ခေါက်ဆွဲ သုတ်တွေ၊ အစုံသုတ်၊ ကြာဇံ ဟင်ခါး ၊ရှမ်း ငါး ထမင်းနယ် စတာတွေ စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း လုပ် စား ဖြစ်တယ်။ ပြီးရင် သိမ်း ထား ပြီး ကြားရက် ၂ ရက်လောက် ကို ချစ်ချစ်ကြီး အတွက် မနက်စာ အဖြစ် ပြန် ကြွေး ဖြစ်တယ်။ ကျန်တဲ့ ရက်တွေ တော့ ထမင်း ပူ ၊သို့ မဟုတ် ထမင်းကြော် ပေါ့ ။ ကိုယ်က အားနေလို့ သာ သေချာ လုပ်ပေးဖြစ်တာ ပါ။ အိမ်မှာ အခန်းငှားနေတဲ့သူတွေ တော့ မနက် ကို ပေါင်မုန့် လေး ဘီစကစ်လေး နဲ့ ပဲ ပြီး သွားကြတယ်။ ပိတ်ရက် မှာတော့ ကိုယ်လုပ်စားဖြစ်တာတွေ တအိမ်လုံး ကို ကြွေး ဖြစ်ပါတယ်။ အစ်မ တို့ က ဘွန်လေး မှာနေတော ၊ နီးရင် တစ်ရက်လောက် လာစား ပါလား။

    • ခိုင်ဇာ

      January 18, 2013 at 11:56 am

      ဖိတ်ခေါ်မှုအတွက်ရော၊ စေတနာအတွက်ရော ကျေးဇူးတင်ပါတယ် မမိုချို။
      မမိုချို နေရာနဲ့ ကျနော် နီးပါတယ်။ :mrgreen:

      ချက်စားရတာနဲ့ ဆိုင်မှာ ထိုင်စားရတာနဲ့ မတူတာမို့ ခုလွမ်းတာက ဆိုင်မှာ ထိုင်စားရတဲ့အလွမ်းမျိုးပါ။ :kwi:

  • ရွာသူ jujuma .

    January 18, 2013 at 11:16 am

    ဒါတွေက မြို့ မှာ စားလို့ ရတဲ့ မြို့စာတွေပေါ့နော် ..ကြိုက်ဘူးကွယ် ….

    တို့တော မှာ ဆိုရင်တော့ မနက်စာ ထမင်းကြမ်းခဲ ကို ငပိရည် လေး နဲ့ နယ် ပဲပြုတ်လေး ထည့်ပြီး လွေးလိုက်ရရင်ဖြင့် ဗိုက်ပြည့်ပြီး အားရှိသလိုခံစားရသကွယ် …
    ရောဂါဘယလဲ ကင်း အဆာလဲ ခံနိုင်သမို့ ယာထဲဆင်းဖို့ အားတစ်ရပ်ဖြစ်ပြီပေါ့ … :kwi:

    • ခိုင်ဇာ

      January 18, 2013 at 11:58 am

      ပြီးရင် ငရုတ်သီးစိမ်းလေးကို ပုဇွန်ခြောက်ပါလေကာလေးနဲ့ထောင်းထားတာနဲ့ ရေနွေးပူပူလေးရောဆို အဲ့ ရွာက ပြန်ချင်မယ်မထင်။
      ရွာသူ ပြုစားခံရပြီ။ :kwi:

  • Wow

    January 18, 2013 at 11:21 am

    စနေ၊ တနင်္ဂနွေအားတဲ့ရက်ဆို အိပ်ရာ ရ နာရီလောက်ထ … ဘော်ဘော်ဒွေနဲ့ လက်ဘက်ရည်ဆိုင် များသောအားဖြင့် IT…
    အပီပြင်ဆွဲ…. ဟင့် အခုတစ်လော Weekend တွေပါ အလုပ်ဆက်နေလို့.. လက်ဘက်ရည်ဆိုင်မထိုင်ဖြစ်တာတောင် ကြာပေါ့… လွမ်းလှချည်ရဲ့ ခိုင်ဇာရေ…. :byae:

    • ခိုင်ဇာ

      January 18, 2013 at 12:00 pm

      အလုပ်ကြောင့် ကိုယ်လုပ်ချင်တာတွေမလုပ်ရလေ
      အလုပ်လက်မဲ့ နဲ့ ဝေလေလေ လုပ်ခဲ့ရတဲ့ အချိန်တွေကို လွမ်းသလေ။
      ပြန်မရနိုင်တော့ဘူး။ :byae:

  • မင်းနန္ဓာ

    January 18, 2013 at 11:29 am

    ဒီမနက်
    အမေ့လက်ရာ
    ခရမ်းချဉ်သီးထောင်းရယ်
    နံနံ၊ ဆလတ်တွန့်ရယ်
    ဂျူးပဲပုပ်ကင် ဆီဆမ်းရယ်
    ရှင်မွေးလွန်းလက်ရာ လဘက်သုပ်ချဉ်စပ်ရယ်
    ထမင်းပူပူလေးနဲ့ အဝတီးခဲ့ပါတယ်..

    • ခိုင်ဇာ

      January 18, 2013 at 11:50 am

      ဒီတိုင်း ကြည့်နေကြမှာလား အရပ်ကတို့။
      ဒီရွာစားကျော်ဟာ ရေနစ်သူ ဝါးကူထိုးနေပါတယ်။

      နေ့လည် ထမင်းစားချိန်မှာ ဒီဟာကို ဖတ်မိလေခြင်း။
      (ဖြစ်ရလေ) :byae:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 18, 2013 at 1:35 pm

    စားချင်လာခဲ့ ရန်ကုန်ရောက်ရင် အကုန်လိုက်ကျွေးမယ်…
    ရန်ကုန်ရောက်အောင်တော့ အရင်လာခဲ့ပါ…ဟိဟိ
    ရပ်ဝေးရပ်နီး… လေဆိပ်နှင့် ကားဂိတ်အရောက်လာပို့မပေးပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ခိုင်ဇာ

      January 18, 2013 at 1:52 pm

      အေးပါ ဖက်ဖက်ရယ်။
      ပြောထားပါ။ မလာနိုင်သေးတဲ့လူကို လာခဲ့လေး၊ ဝယ်ကျွေးမလေး၊
      ရန်ကုန်က ပြန်ရောက်တာမှ တစ်ရက်ပဲရှိသေးတဲ့လူကို ရန်ကုန်ရောက်ရင် လာလည်ပါလေး ဘာလေးနဲ့။
      နောက် ဟန်နဲ့ပန်နဲ့ မခေါ်နိုင်အောင်ကို လိုက်စားဦးမှာပါ။ မုန့်တွေ၊ မုန့်တွေ။
      :harr:

    • nozomi

      January 18, 2013 at 5:03 pm

      ဒေါ်ခိုင်ဇာရေ
      မနက်စာကို မုန့်ပေါင်း နဲ့ ဘယာကြော်လေး ဆိုရင်ရော

      ိကိုဝတုတ်
      ရန်ကုန်မှာ မရှိတဲ့ လူကျ ဖိတ်တယ်
      ရန်ကုန်မှာ ရှိတဲ့ လူကျ မဖိတ်
      ဒီလူကြီး နောက်ဘဝ ဒိထက် ဝ ပါ လှ ပါ စေ

      • ခိုင်ဇာ

        January 18, 2013 at 8:04 pm

        ကိုနို ရေ
        အဲဒီ မြန်မာ မုန့်တွေကို တော့ နေ့လည်ဘက်ပဲစားလေ့ရှိလို့ မနက်အတွက် လွမ်းတဲ့ထဲ မပါနိုင်တော့တာပါဗျို့ :mrgreen:

  • Khaing Khaing

    January 18, 2013 at 2:39 pm

    မမခိုင်ဇာက …… တစ်မြေရပ်ခြားရောက်နေလို့ ….. မစားလို့လွမ်းနေတာပေ့ါ ….. ညီမကတော့ … မနက်ဆို ဘာဆိုဘာမှ မစားဖြစ်ဘူး …… နွားနို့တခွက်နဲ့နှစ်ပါးသွားနေတာ ကြာပေ့ါ ….

    • ခိုင်ဇာ

      January 18, 2013 at 8:05 pm

      အစ်မ ဖြင့် နွားနို့ အစစ်ကို မသောက်နိုင်တာကြာပါပေါ့ ညီမလေးရယ်။

  • Crystalline

    January 18, 2013 at 5:26 pm

    အစ်မရေ..ကိုယ်ကတော့ဒီမှာအမြဲတွေ့နေ အလွယ်တကူရနေတဲ့အစာတွေဖြစ်လို့ သိပ်မမက်မောပဲ..အဝေးကအစာတွေကိုပိုတမ်းတတယ်…ဝိတ်တက်တဲ့အစားတွေမှန်းသိရက်နဲ့လည်း ကိုယ်နိုင်တဲ့လူဆို အားမနာ ပါးမနာမှာပြီး မက်မက်မောမောစားနေဆဲပဲ… အဲဒီကို ဒီလကုန်လောက်လာဖြစ်မယ်..ချက်ကျွေးမယ်လေ..အစ်မက pizza hut မှာတစ်ရက်..ကမ်းနားက Jumbo အခုတော့ရှိသေးလားမသိ..လိုက်ကျွေးမလား :kwi:

    • ခိုင်ဇာ

      January 18, 2013 at 8:07 pm

      Crystalline လေးက သိပ်မပူစာတတ်ရှာဘူးကိုး။
      ကမ်းနားက Jambo လည်းရှိသေးတယ်။
      No signboard လည်းရှိသေးတယ်။
      ပိုက်ပိုက်ရှိသေးရင်သွားလို့ရသေးတယ်။ :kwi:

  • စောဦး

    January 18, 2013 at 6:17 pm

    ပဲပြုတ်ထမင်းကျော်လေးနဲ..
    ကြက်ဥ တဝက် အကျက်ကြော် လေးရယ်..
    ကြက်သွန် အချဉ် လေးနဲ.
    မနက်စောစော စီးစီး စားချင်တယ်
    (ဆောင်းတွင်း မနက်ပိုင်း လမ်းဘေးဆိုင်မှာ )
    ရန်ကုန် ပြန်ရောက်မှပဲ စားတော.မယ်ဗျာ..
    (မ)ခိုင်ဇာရဲ. စားချင် သောမနက်စာများဆိုလို. သတိရမိလိုက်တာပါ.
    ဪ. ဝက်သားဆီပြန်လေးလဲ ထဲ.ခိုင်းလိုက်ဦးမယ် ဟိးဟိး….

    • ခိုင်ဇာ

      January 18, 2013 at 8:09 pm

      အဲ။။။
      ဆိုင် စာတွေ စားချင်တာမို့ အိမ်မှာ ရတဲ့ မနက်စာကို မရေးလိုက်တာပါ (ကို) စောဦးရေ။ :hee:

    • ခိုင်ဇာ

      January 18, 2013 at 8:10 pm

      တားတားတို့က ချားချင်တာ တွားချားလို့ ရပါကွယ်။ :harr:

  • အရီးခင်လတ်

    January 18, 2013 at 8:08 pm

    ခိုင်ဇာ
    သွားစားချိန် ခေါ်ပါ။
    မနက်မနက် အရမ်း အေးတော့ အရင်က ၃၃လမ်း ထဲ က မုန့်ဟင်းခါး အရည်ကျဲကျဲ ကို ငရုတ်သီးမှုန့်တွေ အများကြီးထည့်စားခဲ့ကို လွမ်းနေတာကြာပေါ့။
    အိမ်ချက်က လဲကောင်းပါတယ်။
    ဒါပေမဲ့ ဆိုင်တွေရောင်းတဲ့ အိုးကြီးနဲ့ချက်တာတွေက ပိုကောင်းတာလဲရှိတယ်။
    🙂

    • ခိုင်ဇာ

      January 18, 2013 at 8:12 pm

      အရီးရေ ဆိုင်ချက် ကောင်းရင် သွားစားရတာ အရမ်းအစဉ်ပြေပါရဲ့။
      အိမ်ချက်က လူပင်ပန်းတယ်ရယ်။
      (ခပ်တည်တည်နဲ့ပြောလို့ အထင်မကြီးပါနဲ့)
      အဲဒီ ဟာတွေ မချက်တတ်ပါ။ :mrgreen:

  • အမလေးးး
    စားချင်ဒါများ ကယ်ဂျဘာအုံးလို့
    အော်နေဘာနဲ့ ….
    လိပ်ပျံဂျီးစီးပြီး လာဂဲ့ပေါ့လို့ ….
    အမယ် .. ဟိုပွဲတောင် တစ်ခါထဲ တက်သွားလို့ ရသေးတယ်နော် …
    လာဂဲ့မယ် မီဟုတ်လားဟင်င် .. :mrgreen:
    လာဖစ်ရင် အနော့် မမဂျီးဘာ မ,ခဲ့အုံးဂျ … နော့ …

    • ခိုင်ဇာ

      January 18, 2013 at 9:38 pm

      လာဖြစ်အောင် မဟာရာဇာက လေယာဉ်လက်မှတ်ဖိုးလေး ပေးလိုက်ရင်တော့ ရွှေကြည်လေးနဲ့ ပြန်လာရတာပါ့။
      ခုတော့ ကယ်ကြပါဦးပဲ အော်နိုင်တယ်။
      :mrgreen:

Leave a Reply