ဆောင်းနံနက်ခင်းက မန်းလေးနန်းမြုို့ရိုး

1နံနက်ရောင်နီလာစ ဆောင်းနံနက်ခင်းက အနောက်တောင်ဘက်ကျုံးဒေါင့်
1နံနက်ရောင်နီလာစ ဆောင်းနံနက်ခင်းက အနောက်တောင်ဘက်ကျုံးဒေါင့်
2 ဆောင်းနံနက်က မြင်ရတဲ့ မြို့ရိုးပေါ်က ထန်းပင်
2 ဆောင်းနံနက်က မြင်ရတဲ့ မြို့ရိုးပေါ်က ထန်းပင်

 

3နန်းမြို့တော်နဲ့ရေအရိပ်
3နန်းမြို့တော်နဲ့ရေအရိပ်

 

4မြင်ကွင်းကျယ်
4မြင်ကွင်းကျယ်

 

5 အဝေးကအကြည့်
5 အဝေးကအကြည့်

 

6အလင်းရောက်စ
6အလင်းရောက်စ

 

7 ဆောင်းနှင်းမူန်ထဲက မန်းလေး
7 ဆောင်းနှင်းမူန်ထဲက မန်းလေး

 

 

 

ဆောင်းနံနက်ခင်း မန်းလေးနန်းမြို့ရိုး

 

 

 

ဒီနေ့မနက် နည်းနည်းအအေးပေါ့ပါတယ်။

အခုရက်အေးတယ်ဆိုပြီးလမ်းမလျောက်တော့ အချိန်တွေပိုနေပါတယ်။

အဲတော့ ကျုံးနံဘေးဘက်ကို ဆိုင်ကယ်ခြေဆန့်လိုက်မိပါတယ်။

မနက် 7:30လောက်ဆိုတော့ ကျုံးပေါ်ကိုနေရောင်နုနုလေးခနေတာတွေ့ရပါတယ်။

နေရောင်လင်းလက်စ မြူမှုန်ဝေ့ဝဲစဆိုတော့ နန်းမြို့ရိုးက တစ်မျုးိလှနေသလိုပါဘဲ။

ကျနော်ရောက်နေတာက ၂၆ဘီလမ်းနဲ့လမ်း၈ဝဆုံတဲ့ ကျုံးအနောက်တောင်ဒေါင့်မှာပါ။

အဲနားရောက်တော့ ဆိုင်ကယ်လမ်းဘေးရပ်

ဇက်သော့ခပ်။

လက်ဆော့ဘို့ ပလက်ဖောင်းပေါ်ခုန်တက်ပြီးတဲ့အခါမှာ

ဒီပုံလေးတွေကိုရလိုက်တာပါဘဲ။

ဓါတ်ပုံရိုက်လို့မှအားမရခင် အလုပ်က ဖုန်းဆက်ခေါ်တော့

လက်စသပ်ပြီးပြေးရတော့ ပုံများများတော့ မရိုက်ဖြစ်လိုက်ပါဘူးဗျို့။

 

 

 

ကိုပေါက်လမ်းသလားနေသည်-ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

16-1-2012

 

 

 

 

12 comments

  • ဂန္ဓာရီ ဆြာအုပ်

    January 17, 2013 at 9:25 am

    ကိုပေါက်ကတော့ တနေ့တမျိူးမရိုးအောင် ရိုက်ပြတတ်ပါတယ်
    အနော်လဲ ရိုက်ချင်တယ်ဗျာ.. ဟိုတစ်ခေါက်ကလာတော့ ညနေပြန်မှာ ဆိုတော့ အချိန်မရလိုက်ဘူး..
    အခုနှင်းတွေကျနေပြီလား..

  • ဆြာအုပ်ရေ
    ရန်ကုန်တွေရိုက်လာတာများတယ်
    ပဲခူးလဲရောက်ခဲ့တယ် ဘုရားတော့ မစုံခဲ့ဘူး။
    အီသွားမှာစိုးလို့ ကြားညှပ်ပေးလိုက်တာ။
    တကယ်လို့ မန်းလေးလာမယ်ဆိုရင် ဖုန်းဆက်လိုက်ပါ။
    မနက်အာရုဏ်တက် ညနေခင်း တွေ သွားရိုက်ချင်တဲ့နေရာတွေကို လိုက်ပို့ပေးပါမယ်။
    ဒါမှမဟုတ် စီစဉ်ပေးလို့လဲရပါတယ်။
    ဓါတ်ပုံရိုက်ဘို့လဲ လိုက်ပါမယ်

    • ဂန္ဓာရီ ဆြာအုပ်

      January 18, 2013 at 12:44 pm

      လာရင်ပြောမယ်ဗျို့ဒါဆို.. လိုက်လည်းပို့ပေးရမယ်
      နောက်နှင့် ဂဇက်ပွဲကို မန်း မှာလုပ်ရင်ကောင်းမယ်

  • ခိုင်ဇာ

    January 17, 2013 at 9:35 am

    အဲဒီ ရှုခင်းတွေကို အလွမ်းပြေ ကြည့်ပြီး သကာလ
    ရှမ်းခေါက်ဆွဲ စားချင်လာပါသည်။
    (မနက်စာ အပြင်ထွက်စားရင် မြင်ရတာ ဒီမြင်ကွင်းတွေကိုး)

    :mrgreen:

  • ကြည်ဆောင်း

    January 17, 2013 at 10:21 am

    မန္တလေးရဲ့ နန်းမြို့ရိုးကတော့ဘယ်တော့ကြည့်ကြည့် မရိုးနိုင်ဘူးနော်..
    ငယ်ငယ်တုံးကမန္တလေး အလည်ရောက်လို့ မန်းသီတာဥယျာဉ်ထဲဝင်ဆော့ရင်း
    နန်းမြို့ရိုးနားက ဖြတ်သွားတုံး နန်းမြို့ရိုးကသူရဲခိုနေရာကို လူကြီးတွေက ဒါတွေက သူရဲခိုတွေလို့ပြောတော့ တကယ်သူရဲတွေနေတဲ့နေရာထင်ပြီး ပြေးလိုက်ရတာကို မမေ့နိုင်ဘူး..

  • မင်းနန္ဓာ

    January 17, 2013 at 10:33 am

    မန်းလေးမှာ ကျောင်းတတ်ခဲ့တဲ့ အချိန်တွေ ကျုံးဘေးက စက်ဘီးလေးနင်းပြီးကျောင်းတတ်ခဲ့တဲ့ အချိန်တွေကို တစ်ခါပြန်လွမ်းလိုက်တာ…

  • နောက်ရက် နေဝင်ချိန်လေးသွားရိုက်အုံးမယ်
    ကျုံးနဲ့နေဝင်ချိန် တစ်ခါဘဲရိုက်ဘူူးသေးတယ်

  • ဗုံဗုံ

    January 17, 2013 at 1:02 pm

    လေးပေါက်က လူငယ်ဆိုတော့ အဲ့ဒီအချိန် သွားလည်းဘာမှဖြစ်ဘူး မိဗုံတို့က အဲဒီအချိန်အိပ်ရာထဲကထနိုင်ဘူး တစ်ခါတစ်လေ ရုံးရောက်မှ မျက်နှာသစ်ရတာ အေးလို့ ကျုံးတောင် လေးပေါက်ရိုက်ပြမှမြင်ဘူးတော့တယ် :mrgreen:

    • မောင်ပေ

      January 17, 2013 at 9:35 pm

      ဟုတ်ပဗျာ
      ကျုပ်လဲ သနားစွာနဲ ့ ခြစ်လိုက်ပါတော့မယ်
      ဗုံကလေးရယ်
      ခြစ်မယ်ကွဲ ့
      ဟီဟိ

  • kyeemite

    January 17, 2013 at 3:32 pm

    ကျနော်လည်းမန်းလေးလာတုန်းက
    ကျုံးနဲ့ မြို့ရိုးပုံလေးတွေရိုက်လာသေးတယ်ဗျ…
    နေအထွက်တော့မမှီလိုက်ဘူး..
    မန်းလေးမှာလည်းလမ်းတွေကမမှတ်မိ..စမ်းတဝါးဝါးနဲ့
    ကားပဲကရုစိုက်မောင်းနေရတော့ အလှအပတွေ သိပ်မကြည့်ဖြစ်ခဲ့ဘူးဗျာ…
    ထပ်လာအုံးမယ်ဗျို့..အဲတော့မှ မြို့ခံတစ်ယောက်ခေါ်ပီးလျှောက်လည်ရမယ်…
    ခင်တဲ့.. :hee:

Leave a Reply