အလင်းဆက် နှင့်အလင်းဆက် ၏ ချစ်သူ..အကြောင်း။။။

alinsettJanuary 16, 20131min21820

အလင်းဆက် ဆိုတာ က လူငယ်ပီပီသသ ပါပဲ ။

အချစ်ကို ကိုးကွယ်မိပါတယ် ။

အချစ်ဆိုတာ…..

စိတ်နာကျင်မှု နဲ ့… ပေးဆပ်ရမယ့် ဝဋ်ကြွေး တစ်ခု..ဆပ် ရခြင်းပဲ..လို ့… ယူဆမိ တဲ ့အချိန်အထိ….

အချစ်ကိုပဲ.. ဦးစားပေးလို ့….

ဆက်…ရူးနေဦးမယ်…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော် ချစ်ရတဲ ့… ကောင်မလေးဟာ…

အကြောင်းပြချက် မျိုးစုံ ကိုထုတ် သုံးပြီး… ကျွန်တော့်ကို.စွပ်စွဲ လို ့…..စိတ်ဆိုး / စိတ်ကောက် တတ်သူလေးပါ ။

ခက်တာက….

ကျွန်တော် ကိုယ်တိုင်ကလည်း…သူ..ပေးသမျှ…

ဒဏ်ရာတွေ ပဲ…ဖြစ်ဖြစ်….

ပျော်စရာတွေပဲ..ဖြစ်ဖြစ်….

ဘာ ဖြစ်ဖြစ်ကိ်ု.. မက်မက်မောမော… လိုချင်ခဲ့တာပါ ။

+++++++++++++++++++++++++++++++++++++++++++++++++++++++

မိဘ ကျေးဇူးကိ်ု…အရူးအမူး ဆပ်နေရချိန်…..

သူများ..လ ခ စား အလုပ်ကို လုပ်ပြီး……

မိသားစု အရေးနဲ ့……

အနုပညာ အရေး…

ချစ်သူ ့ အရေးကိစ္စ တွေ ကြားမှာ……..

ချာလပတ် ရမ်းနေရတဲ ့ကျွန်တော့် မှာ…….

အချိန် ဆိုတာက… ကိုယ်ပိုင် ပစ္စည်း မဟုတ်ခဲ့ပါဘူး ။

ကိုယ် မပိုင်လုလု အချိန်တွေကိုမှ….. သူက…. သူ ့အတွက်သာ အချိန်ပေးစေချင်တယ်..တဲ ့ ….။

သူ ့အတွက်….ကျွန်တော်..အချိန်ပေးနေတာ..နည်းနေတယ်..တဲ ့ ။

တကယ်..သူ ့ကို..ချစ်ရင်…. သူ ့အတွက်… အချိန်ပေးနိုင် ရမယ်..တဲ ့ ။

ကျွန်တော်..သူ ့ကို… တကယ်မချစ်လို ့…….

သူ ့အတွက်..ကျွန်တော်..အခုလို ..အချိန်မပေးနိုင်နေတာ..တဲ ့ ။

အဲဒီ လို… စွပ်စွဲပြီး.သူ..သတ်မှတ်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++

သူ ့ကို ကျွန်တော်..

အတ္တကြီးလိုက်တာကွာ..လို ့..ပြောခဲ့ဖူးပါတယ် ။

အမှန်က… ကျွန်တော်လည်း.ကိုယ့်အတ္တ နဲ ့ကိုယ် ပါ ။

လူဆိုတာ………………………………………..
……………………..

++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်…

အရင်ရည်းစား..တစ်ယောက်နဲ ့… ပက်သက်ပြီး..

ရင်ထဲမှာ……..

လိပ်ခဲ တည်းလည်း… ဖြစ် ..ကျန်ရစ်ခဲ့တဲ ့..အတွေးစလေးတွေကို…

စာ အဖြစ်..ချရေးခဲ့ဖူးပါတယ် ။

အလင်းဆက်ရေးတဲ ့အချစ်ဝတ္ထု

စုန်ပြုစားခံရတဲ ့ သစ်သီးတစ်လုံး

အလင်းဆက် ၏ မှတ်စုစာအုပ် (ငယ်ရွယ်သူများ မဖတ်ရ)

အချစ်ကြောင့် ပွင့်သော ပန်းကလေးများ

ပိုချစ်ရတဲ ့သူ..ကိုယ်ပါပဲ ။

ကျွန်တော်ချစ်သော မိန်းမ တစ်ယောက်

စသည်ဖြင့်ပေါ့ဗျာ….။

(ရေးခဲ့သမျှကို.. သူရော…../ အဲဒီ အရင်ရည်းစားကပါ….. တိတ်တဆိတ်စောင့်ဖတ်နေခဲ့တာ…. ကျွန်တော်သိခဲ့ ရပါတယ် ။ )

ကျွန်တော့် အရင်ရည်းစား နဲ ့ပက်သက်ပြီး…. ရေးခဲ့သမျှ….ကဗျာ / ဝတ္ထု / စာတိုပေစ ကလေးတွေ ရေးသလို….

အခုလည်း…

လက်ရှိ ချစ်သူဖြစ်နေတဲ ့…. သူ ့ အကြောင်း… စာရေး ရမယ်…တဲ ့ ။

ကျွန်တော်…. တော်တော်လေး… စိတ်ညစ်သွားပါတယ် ။

“စာ ဆိုတာ……. ရေး ချင်တိုင်းရေးလို ့မှ မရတာ…။ စာရေးတယ်..ဆိုတာ../ စာပေအနုပညာ ဆိ်ုတာ.. စက်ရုံက ထုတ်လိုက်တဲ ့..ကုန်ပစ္စည်းတစ်ခုမှ မဟုတ်တာ….”

“ အဲဒါ..တိ်ု့နဲ ့ ပက်သက်ပြီး… ခံစားချက် မရှိ လို့ပေါ့ ။ တို့ကို…တကယ် မချစ်လို့ပေါ့ . ”

ဟုတ်လား…..။

တကယ်သာ ချစ်ရင်…. စာရေးလို့ရသလား ။

စာပေ အနုပညာ ဆိုတာ… အချစ်က လာသလား…..။

သူ ့အကြောင်း စာမရေး နိုင်တာ…( သူ ့ကို ချစ်တဲ ့အကြောင်းပေါ့ ) စာ မရေးနိုုင်တာ….ဟာ…. သူ ့ကို ကျွန်တော်…

တကယ် မချစ်လို ့လား……။

ဟုတ်လား ။

ကျွန်တော်… သေချာ မဝေခွဲတတ်တော့ဘူး ။

တစ်ခုတော့…ကျွန်တော်..မေးလိုက်ချင်တယ် ။

ကောင်မလေးတစ်ယောက်ကို..ချစ်တဲ ့… ကောင်လေးတွေတိုင်း..(ကောင်လေးတွေ အားလုံးပေါ့ )

သူတို့ချစ်တဲ ့ကောင်မလေး အကြောင်း… စာတွေ..ကိုယ်စီ.ရေးခဲ့ကြသလား….

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှန်တရားကိ်ုပဲ..ကျွန်တော်..မြတ်နိုးပါတယ် ။

အခုတလော………

ဘယ်သူ ့အကြောင်း….. / ဘာအကြောင်းကို.မှ…

စာမရေးနိုင်တော့တာ…. ကျွန်တော့်အမှန်တရား တစ်ခုပါ ။

ကျွန်တော်…. စာတွေ..ရေးတယ် ။

ရေးသမျှကိုတော့….ငါ ဒီ အကြောင်းကို…..ရ အောင် ရေးမယ်ကွ….. ဆိုပြီး.. လုပ်ရေးခဲ့တာမရှိပါဘူး ။

စာရေးမှ..ဖြစ်တော့မယ်…ဆိုပြီး….. စာရေးစားပွဲမှာ ထိုင်…/ ဘောလ်ပင်နဲ ့..စာရွက်ကို… ထိပြီး…စာရေးဖို ့..ကြီုးစား ပေမယ့်….

ကကြီး..( က ) လေး တစ်လုံးတောင်.မှ ဆုံးအောင် မရေး နိုင် ပဲ…..

တခြား.အာရုံတွေက လာနှောင့်ယှက်တာ ခံရတဲ ့အခါ…………

(အဲဒီင်္လို … ဘာစာတစ်လုံးမှ ချမရေးနိုင်ပဲ..စားပွဲမှာ… ငူငူကြီးထိုင်နေမိတဲ ့ အဖြစ်ကို.. စာရေးသူတိုင်း.ကိုယ်ချင်းစာနိုင်မယ်..ထင်ပါရဲ ့ ့ )

အခုတလောမှာဆို….. ဘာစာမှကို.. ချမရေးနိုင်တာ…. ရေးလို့မရလို ့… လက်မှိုင်ချနေတာ…. အားလုံးလည်း.သတိပြုမ်ိကြမှာပေါ့ ။

အခုတလော… ရွာထဲမှာ….

အလင်းဆက်ကလေးရဲ ့…. ပိုစ့်တွေ..အတွေ ့ ရ နည်းလာတာ…. အားလုံးသတိပြုမိမယ် ထင်ပါတယ် ။

အားလုံးမဟုတ်တောင်..အလင်းဆက် ရဲ ့စာလေးတွေကို.. အဆက်မပြတ် စောင့်ဖတ်နေလေ့ရှိတဲ ့..ကျွန်တော် ချစ်သော..မိတ်ဆွေများက သတိပြုမိမှာပါ ။

++++++++++++++++++++++++++++++++++++++++++++++++++++=

ဒါပေမယ့်..ပေါ့ဗျာ….။

စာရေးဖို ့…..အချိန် လုံလောက်စွာ..ရနေတဲ ့အခါ…..

စိတ်ပါဝင်စားမှု အာရုံ ရ နေတဲ ့အခါ……..

စာရေးဖို ့.အတွေးတွေကို……နှောင့်ယှက် နေတဲ ့… အခြား.အတွေး / အာရုံတွေ..အရေးကိစ္စတွေ..

ရှင်းလင်းနေတဲ ့အခါ…….စာရေးရတာ….ချောမွေ ့လွန်းလို ့……..

တစ်ထိုင်တည်း…..နဲ ့ကို….. စာ တစ်ပုဒ်လုံး..အပြီး..ရေးလို ့ရတတ်ပါတယ် ။ အကြမ်းပေါ့နော် ။

သာမန် အတွေး./ အရေး မျိုးတွေကို.. မဆိုထားနဲ ့…….

လေးလေးနက်နက် တွေး / ရေးခဲ့ရတဲ ့….ဆွေ ့ဆွေ့ခုန်ခြင်းနှင့်အနုပညာ လို..

အပိုင်း ( ၃ ) ပိုင်းပါတဲ ့…. အနုပညာဆိုင်ရာ အတွေးအခေါ် စာတမ်း ကိုတောင်……

တစ်ထိုင်တည်းနဲ ့… ရေးနိုင်ခဲ့တယ် ။

+++++++++++++++++++++++++++++++++++++++++++++

ဒါပေမယ့်……………………………

ကောင်မလေးအကြောင်း…………

တကယ့် အဖြစ်ကြီးကို….. ဝတ္ထုု ချ ရေးဖို ့……

ကဗျာတွေ..ရေးဖို ့…….

အက်ဆေးတွေ.ရေးဖို ့…ဆိုတာ…..

အင်းးးးးးးးးးးးးးးးးးးးးးးးးးးး

ရချင်လည်း… ရင်လည်း..ရမယ် ။

ရ ချင်မှလည်း..ရမယ် ။

++++++++++++++++++++++++++++++++++++++++++++++++

အဲဒါ..မချစ်လို့မဟုတ်ဘူး ။

သူ ့ကို ကျွန်တော့်အသက်လောက်ချစ်တယ် ။

သူ ..သိ သိ ../ မသိသိ ။

+++++++++++++++++++++++++++++++++++++++++++++++

သူ ……

ကျွန်တော့်ကို….. လက်ဆောင်အဖြစ်….. ပေးထားတဲ ့…..

မွှေးပွ အရုပ်ကလေးတစ်ရုပ် ရှိပါတယ် ။

အဲဒီ အရုပ်ကလေးကို…..သူ ့ကိုယ်ပွါးလေးအဖြစ်..ကျွန်တော်… သတ်မှတ်ထားပါတယ် ။

သူ ့ကို ချစ်သလိုပဲ..ကျွန်တော်..ချစ်ပါတယ် ။

ည..ည ဆိုရင်…..

အဲဒီ အရုပ်ကလေးကို… တစ်ချက် နမ်းရှိုက်ပြီးမှ……. ကျွန်တော်… အိပ်တယ် ။

+++++++++++++++++++++++++++++++++++++++++++++++

“ အကို ့ကို…. တို ့ အရမ်း ..ချစ်တယ်..” လို ့.. သူ ပြောခဲ့ဖူးတယ် ။

“ ထပ် တူ ထပ်မျှပါပဲ… အသဲရယ်…. ” လို ့….. ကျွန်တော် …ပြန်ပြောပါတယ် ။

“ ဒါဆို….အကို့ကို..တို ့.မချစ်ဘူးဆိုရင်ရော… ” တဲ ့ ။

သူ …မေးတော့လည်း…ဖြေရပါတယ် ။

“ မချစ်ဘူး.ဆိုရင်တော့….. မထပ်တူ မထပ်မျှ ပေါ့ကွာ…… ”

+++++++++++++++++++++++++++++++++++++++++++++++++

အလင်းဆက်နဲ ့…အလင်းဆက်ရဲ ့ချစ်သူ…..

နှစ်ဦးသားကြားမှာ….. ပျော်ရွှင်ကြည်နူးစရာ…. အဖြစ်ကလေးတွေလည်း…

ရှိခဲ့ဖူးပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++

သူ က…….

သူ ့အကြောင်း…… စာတစ်ပုဒ် ရေးစေချင်တယ်…တဲ ့ ။

တကယ်..ချစ်ရင်…ရေးနိုုင်ရ မှာပေါ့…တဲ ့ ။

အိုး….

ဘယ်လို…မိန်းကလေးပါလိမ့်….။

ဘယ်လို အယူအဆ ပါလိမ့် …..။

မရေးပြန်ရင်လည်း… သူ ့ကို ကျွန်တော်.. တကယ် မချစ်ရာကျဦးမယ် ။

(အင်းးးးးးး ကျွန်တော်က စာရေးဝါသနာပါလို ့ပေါ့ ။ အလင်းဆက်သာ..ကဗျာတွေ စောတွ.မရေးတတ်တဲ ့ လက်ဝှေ ့ထိုးတာ ဝါသနာပါတဲ ့ကောင်..ဆိုရင်...

သူ..ဘယ်လိုပြောမလဲမသိဘူးနော် ။ )
:kwi:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကဲ..ကဲ….

မချစ် ရာ ကျမှာ စိုးလို ့……. အဲဒီကောင်မလေးနဲ ့ပက်သက်ပြီး…..

စာလေးပေလေး.ရေးကြည့်ပါမယ် ။

အချစ်အကြောင်း..ကို…..

ဖွဲ ့နွဲ ့ပြီး… စာတွေရေးဖို ့……

လောလောဆယ်..စကားလုံး..အလှပဂေးတွေ..ရှာမရသေးတဲ ့ အဆုံး………

ဟောဒီလိုပဲ…..

ရိုးရိုးရှင်းရှင်း…. ရေးလိုက်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++=

( 🙂 အချစ်ဝတ္ထု 🙂 )

အချစ်ဆိုတာ… စိတ်နာကျင်မှုနဲ ့ ပေးဆပ်ရမယ့်…

ဝဋ်ကြွေး တစ်ခု ဆပ်နေရခြင်းပဲ…လို ့….

ယူဆ လိုက်မိရင်တောင်…… ၊

အဲဒီ ဝဋ်ကြွေးဆပ်ခြင်းကို ပဲ…

ချစ်မြတ်နိုးလွန်းလို ့….

ဆက်..ချစ်…နေ..မယ်….ကွာ….။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီ စကားလေးဟာ….

ဝတ္ထုုလေး တစ်ပုဒ်..ဖြစ်စေသတည်း….ပေါ့….ဗျာ ။

ဒါပေမယ့်…………..

ဘယ်လို အဆုံးသတ်ရမလဲ… မသိသေးတဲ ့………

ဝတ္ထုပါ ။

အဆုံးသတ်မှာ.ဘာမှ..ဖြစ်ပျက်မသွားတဲ ့…. ဝတ္ထုတွေကို…ရေးလေ့ရှိတဲ ့…..

ချက်ကော့ (CHEKHOV ) ရဲ ့ ဝတ္ထုတိုလေးတွေကို.. အားကျလို ့ရေးတယ်လို့တောင်..ပြောလို ့ရတာပေါ့နော် ။

++++++++++++++++++++++++++++++++++++++++++++

ဒါက သူ ့ကို… ကျွန်တော်.. ဆိုပြချင်တဲ ့ သီချင်းလေးပါ ။

01556-Di Htet Po Pyie Ma Tat Naing Boo

+++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်….

အလင်းဆက်

20 comments

  • Foreign Resident

    January 17, 2013 at 6:05 am

    ” ကောင်မလေးတစ်ယောက်ကို..ချစ်တဲ ့… ကောင်လေးတွေတိုင်း
    သူတို့ချစ်တဲ ့ကောင်မလေး အကြောင်း… စာတွေ..ကိုယ်စီ.ရေးခဲ့ကြသလား ”

    ဟဲ ဟဲ ။ ကောင်လေးတွေတိုင်းကတော့ ၊
    သူတို့ ့ကောင်မလေးတွေ အကြောင်း ၊
    စာချ မရေးဘူးပေါ့ကွယ် ။

    သို့ပေမယ့် ၊ ကောင်လေးက စာချရေးခဲ့ရင်တော့ ၊
    လက်ရှိ ရည်းစား က သူ့အကြောင်းသာ ဖြစ်စေချင်တာပေါ့ ၊
    အရင် ရည်းစား အကြောင်း ရေးတာတော့ ဘယ်ကြိုက်ပါ့မလဲ ။
    သူ့ ဘေးထားပြီး အရင် ရည်းစားကို လွမ်းနေသလို ဖြစ်နေတာကိုး ။

    • Mon Kit

      January 17, 2013 at 10:18 am

      အဘ FR ရဲ့ ကွန်မန့်ကို မိန်းကလေး တစ်ယောက်ရဲ့ စိတ်မျိုးနဲ့ ထောက်ခံသွားပါတယ်…

      :kwi:

  • P chogyi

    January 17, 2013 at 8:15 am

    ဒဏ်ရာတွေ ပဲ…ဖြစ်ဖြစ်…. ( သံတုတ်နဲ့ရိုက်ပြီး)

    ပျော်စရာတွေပဲ..ဖြစ်ဖြစ်…. ( အရည်ပျော်စ နို့အေးချောင်း)

    ပေးခဲ့တာနေမှာပေါ့။

  • surmi

    January 17, 2013 at 9:14 am

    မိန်းမတွေဟာ အဲဒါပဲကွ …….
    ဒါကြောင် ့ လူပျိုကြီးပဲလုပ်ချင်တာပေါ ့
    ခက်တာက …… ခက်တာက 🙂
    ကဲ ဆက်ဆက်ရေ
    ကျုပ်တို ့ဆိုပိုဆိုးတာပေါ ့ စာတစ်ပုဒ် တစ်လမက ကြာချင်ကြာတတ်တာ
    ပြီးတော ့ … အနုပညာသမားရဲ ့ချစ်သူဟာ အနုပညာ သမားဟုတ်ချင်မှ
    ဟုတ်မှာပေါ ့ ။ နားလည်ချင်မှလည်း နားလည်မှာပေါ ့ ဒီတော ့
    စိတ်ကျေနပ်အောင် အတတ်ပညာနဲ ့ ဖန်တီးပေးလိုက်ပေါ ့ကွာ

  • ခိုင်ဇာ

    January 17, 2013 at 9:25 am

    ချစ်နေတုန်းတော့ ရေးစရာ စာ ရှိ မရှိ မသိ။
    အသည်း/အသဲ ကွဲမှပဲ စကားလုံးတွေ ထွက်တယ်ရယ်။ :kwi:

    မိန်းကလေး ဆိုတော့လည်း (စာရေးတတ်သူရဲ့ ရည်းစားလေး ဆိုတော့လည်း) သူ့အကြောင်း ကိုယ့် ရည်းစားက ရေးတာဖတ်ချင်ရှာမပေါ့။

    ခု သူရော အရင် ရည်းစားရော အလင်းဆက် စာတွေ စောင့်ဖတ်တယ် ဆိုတော့ …. :mrgreen:

  • မင်းနန္ဓာ

    January 17, 2013 at 10:08 am

    အလင်းဆက်သာ..ကဗျာတွေ စောတွ.မရေးတတ်တဲ ့ လက်ဝှေ ့ထိုးတာ ဝါသနာပါတဲ ့ကောင်..ဆိုရင်…
    ဂေဇက်ရွာသားတွေကို လက်သီးစွမ်းပြမယ်ထင်တယ်နော် 🙄
    :kwi:
    စာရေးဝါသနာပါတော့ ကလောင်စွမ်းပြနေတာလေ

  • ဗုံဗုံ

    January 17, 2013 at 12:43 pm

    သို့/
    ဦးလေးလင်းဆက်၏ ချစ်သူ သို့
    ကိုယ့်ချစ်သူအကြောင်းရေးပါဆိုမှ ရေးလို့မရတဲ့ ဦးလေးလင်းဆက်ကို ဗိုက်ခေါက်နာနာဆွဲလိမ်ပစ်သင့်ပါကြောင်း
    (အချစ်ဆိုတာ… စိတ်နာကျင်မှုနဲ ့ ပေးဆပ်ရမယ့်…
    ဝဋ်ကြွေး တစ်ခု ဆပ်နေရခြင်းပဲ) လို့ဆိုထားတဲ့အတွက်ကြောင့် ရေးတဲ့လက်ကို ပေတံနဲ့ နာနာခေါက်သင့်ပါကြောင်း
    (အလင်းဆက်သာ..ကဗျာတွေ စာတွေ.မရေးတတ်တဲ ့ လက်ဝှေ ့ထိုးတာ ဝါသနာပါတဲ ့ကောင်..ဆိုရင်… ) ဟု ရေးထားခြင်းမှာ သက်သက်မဲ့ ခြိမ်းခြောက်ထားခြင်း ဖြစ်တဲ့အတွက် ကိုယ်ကအရင် ဦးအောင် ဆော်ပလော်တီးသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်ရှင့် (လိုအပ်လျှင်မိဗုံထံမှ လေးခွနဲ့ လောက်စာလုံးများ ငှားရမ်းနိုင်ပါကြောင်း ) :harr: :harr:

  • Thu Wai

    January 17, 2013 at 12:50 pm

    ယောကျာ်း တစ်ယောက်ကမိန်းမ နှစ်ယောက်တစ်ပြိုင်တည်းယူပြီးတစ်အိမ်တည်းမှာ ထားတယ် ။
    တစ်နေ့မှာအဲဒီ မိန်းမ နှစ်ယောက်က
    {ငါတို့ နှစ်ယောက် အချင်းရန်ဖြစ်ကြ ဓါးနဲ့ခုတ်ကြပြီး နှစ်ယောက်စလုံးသေချင်ယောင်ဆောင်နေမယ် ငါတို့ယောက်ျားပြန်လာလို့ အရင်ဆုံး ပြေးပွေ့ပြီး ဖက်ငိုတာခံရတဲ့သူက နိုင်မယ် ရှူံးတဲ့သူကဒီအိမ်က အပြီးထွက်သွားကြေးတဲ့}
    အဲလိုနဲ့ သူတို့ယောက်ျားလဲပြန်လာရော သွေးအိုင်ထဲမှာ သေချင်ယောင်ဆောင်နေတဲ့ မိန်းမနှစ်ယောက်ကိုကြည့်ပြီးပြောလိုက်တာက

    “”ကားနောက်ခန်းထဲမှာပုန်းနေတဲ့ အချစ်ကလေးရေထွက်လာခဲ့တော့ ဒီမှာဟိုနှစ်ယောက်တော့ ရှင်းစရာမလိုပဲကြွသွားပြီ””

  • ရွာသူ jujuma .

    January 17, 2013 at 1:21 pm

    မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်အတွေးထဲမှာ ဒီမိန်းကလေး ပါနေတတ်မှာပါနော် .. ခု ကို အလင်းဆက် စာတွေ ရေးနေတယ်ဆိုတော့ အဲဒီ့မိန်းကလေးအကြောင်း စာထဲမှာ ဘာလို့ ပါအောင် မရေးနိုင်ရမှာ လဲ .. မရေးနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး ဟိဟိ အချွန်နဲ့မ တာ …
    ခုရေးနိုင်လို့ ပဲ ဒီမိန်းကလေး အကြောင်းစာထဲမှာပါလာတာပေါ့ :kwi:

  • အလင်းဆက်

    January 17, 2013 at 9:05 pm

    အင်း..ဟုတ်ပါရဲ ့ဗျာ ။ အဘ ပြောမှ.ပဲ.သူ ဘယ်လောက် ခံရခက်နေမလဲ..တွေးမိတယ် ။
    ဒါပေမယ့်…
    သူ ကျွန်တော့်ကို အခုထိ..စိတ်ဆိုးနေပုံပါပဲ။
    မင်းနဲ ့ပက်သက်တာလေး..စာရေးပြီးပြိ..ဆိုတော့..
    သူ ပြန်ပြောတာက..
    ကောင်းတာပေါ့ ။ အကို ့အတွက်.. ဝတ္ထုု တစ်ပုဒ်ရတာပေါ့ ။အရှုံး.မရှိပါဘူး….တဲ ့ ။
    အဟိ ။
    သားလေ…မိန်းကလေးတွေကို.. နားမလည်ဘူး ။
    🙂
    ====================
    Mon Kit ရေ..
    အားပေး.ဖတ်ရှု.လို ့..ကျေးကျေးနော် ့။
    🙂

    =======================
    P chogyi ရေ…
    ရေခဲချောင်းကျွေးရင်..စားမှာဖြစ်ပြီး..
    သံတုတ်နဲ ့လိုက်ရိုက်ရင်တော့..ပြေးမှာ.ဖြစ်ပါကြောင်းးးးးး
    အဟိ ။:)

    ========================
    လေးလေးဆာမိရေ…

    ခက်တာက…ခက်တာက…ရှိုတာက..ဘာရဲ..ဟင်…:)

    ပြီးတော့.. အတတ်ပညာ ရှိုတာကရော..
    ဘယ်ရို အတတ်ပညာ ရဲ..ဟင်….
    မတိရို ့မေးကြည့်ဒါဘာ..
    အဟိအဟိ ။

  • မောင်ပေ

    January 17, 2013 at 9:32 pm

    အချစ်နဲ ့ပတ်သက်တဲ့ ဝတ္ထုတိုရှည်ရေးမယ်ဆိုရင်တော့
    ရည်းစားများများထားဖို ့လိုတယ်ဆိုတဲ့အကြောင်း
    အဲဒါအဲဒါ

  • အလင်းဆက်

    January 17, 2013 at 9:41 pm

    မမခိုင်ဇာရေ…
    ဟုတ်တယ်နော် ။
    အသည်းကွဲသလိုလိုလေး.ရှိတာတောင်…
    စာသားတွေ က..
    ဒလဟော..ထွက်ကျတတ်တယ် ။
    🙂

    ====================
    ကို မင်းနန္ဓာ ရေ..

    အလင်းဆက်သာ..ကဗျာတွေ စောတွ.မရေးတတ်တဲ ့ လက်ဝှေ ့ထိုးတာ ဝါသနာပါတဲ ့ကောင်..ဆိုရင်…

    ကိုယ့်မိတ်ဆွေ.ရွာသားတွေကို..ဘယ် လက်သီးစွမ်းပြမလဲ….

    အဟိ အဟိ်
    :kwi:

  • အလင်းဆက်

    January 17, 2013 at 10:02 pm

    Thu Wai ရဲ ့…

    စာသားလေးတွေ .ဖတ်မိတော့..
    ပြ ုံး ရာကနေ…. ပြ ူး သွား…
    အဲ..အဲ….
    ရယ်မိသွားပါဒယ် ။
    အဟိ စ် အဟိ စ်….
    :kwi:
    =============================

    ရွာသူ jujuma ရေ..

    ဟုတ်တယ်နော် ။
    အခုပဲ..သူ ့အကြောင်း..မရေးနိုင်ဘူး.ဆိုနေရင်း…ရေးမိနေရင်း….
    ဟင်း ဟင်း….
    အဲ………………..
    :kwi:

  • အလင်းဆက်

    January 17, 2013 at 10:14 pm

    လေးလေး ပေ..ရေ..
    ဒါရှို….
    သားသား.နောက်ထပ်….

    အဟိ အဟိ
    :kwi:

  • ဝင့်ပြုံးမြင့်

    January 18, 2013 at 6:00 pm

    (တကယ်သာ ချစ်ရင်…. စာရေးလို့ရသလား ။

    စာပေ အနုပညာ ဆိုတာ… အချစ်က လာသလား…..။)

    အဲဒါ ဟုတ်သလားမသိဘူး ကိုသူရရေ။ အစ်မငယ်တုန်းကတော့ ရည်းစားစာ အစောင်ပေါင်း ၃၀ဝ ကျော်ရေးခဲ့ဖူးတယ်။ အဲဒီမှာ အရေးအသားချောသွားတာပဲ။

  • အလင်းဆက်

    January 18, 2013 at 6:50 pm

    သားကတော့…နေ့စဉ်မှတ်တမ်းရေးရင်း…
    စာ ဖတ်ရင်း….
    ရေး ချင်စိတ် တွေ..များလာရင်း…
    အဒုလို.ရေးဖြစ်နတာ…
    🙂

  • naywoon ni

    March 28, 2015 at 1:33 pm

    အဲ့သဟာ​ကြောင်​့နဲ့ တူရဲ့ ။ ငယ်​ငယ်​က ​ကောင်​မ​လေးတစ်​​ယောက်​​ပြောဖူးရဲ့ ။ ကဗျာ​ရေးတဲ့သူနဲ့ ရည်​စား မဖြစ်​ချင်​ဘူးတဲ့ ။ သူ့အ​ကြောင်​း​တွေ ကဗျာ​ရေးမှာ​ကြောက်​လို့တဲ့ ။ ဒါ​ပေမဲ့ ရည်​းစားမဖြစ်​ခဲ့​ပေမဲ့ တမ်​းတ ကဗျာ​တွေမှာ သူ့အ​ကြောင်​း​တွေချည်​့ပဲ ။ ကိုင်​းဘယ်​့နဲ့ ရှိစ 🙂

  • uncle gyi

    March 28, 2015 at 11:05 pm

    ဘယ်သူကပိုချစ်သလဲ
    ဘယ်သူကလောဘကြီးသလဲ
    ပြောမှန်မှန်ပြောမောင်သူရ

Leave a Reply