လူပျိုကြီးဖြစ်ရတဲ့အကြောင်း

ရုပ်ကလေးကလဲ့ဖြောင့်ဖြောင့်
ကိုယ်လုံးလေးကလဲ ကြည့်ကောင်းအောင်
ခပ်တောင့်တောင့်။
စကားပြောတော့လဲချိုချိုသာသာ
မျက်နှာပေးလေးကခပ်ပြုံးပြုံး
ကျနော့်အမေနဲ့ဆိုရင်
လုံးနေမှာဘဲ(တည့်လွန်းလို့)။
အဝတ်အစားဆိုပြန်ရင်
ဘရင်းဒတ်တွေကိုလဲစိတ်မဝင်စား
ရှိတာလေးနဲ့ဘဲလှအောင်ဝတ်။
နာမယ်ကြီးဆိုတဲ့
အလှပြင်စရာတွေလဲမလို
သနပ်ခါးလေးနဲ့ဆိုရပြီ။
အိမ်အလည်သွားဘို့တော့စိတ်မပါ
ဂဏန်းနှစ်လုံးနဲ့လဲခပ်ဝေးဝေး
အားတယ်ဆိုအိမ်အလုပ်လုပ်
အချက်အပြုတ်ကလဲတကယ်ကောင်း
ရထားတဲ့အလုပ်ကလေးကလဲ
ဝင်ငွေဖြောင့်။
ကျနော်တောင်းတိုင်းလဲ
ပိုက်ဆံပေး။
ဘယ်တွေသွားနေလဲလို့တစ်ခွန်းမှမမေး
ယောက္ခမလောင်းများကလဲသဘောကောင်း
ဇီဇာကြောင်တတ်တဲ့ အဒေါ်အပျိုကြီးလဲမရှိ
ပြဿနာရှာတတ်တဲ့ယောက်ဖဆိုတာဝေလာဝေး
ဇယားမရှုပ်တဲ့တစ်ဦးထဲသောသမီး
ရီးစားဆိုတာကလဲ ကိုယ်ပထမဆုံး
ဒါမျုးိလေးများရမလားလို့
ရှာရင်းစောင့်ရင်း…………………….
ရှာရင်းစောင့်ရင်း…………………….
ရှာရင်းစောင့်ရင်း…………………….
ရှာရင်းစောင့်ရင်း…………………….
တစ်နှစ်ပြီးတစ်နှစ်
ဝါတွေအခါခါဝင်လို့သီတင်းသာအခါခါကျွတ်သွားတယ်
လူပျိုဘဝကကျွတ်အောင်တော့……………………………………………….

3 comments

  • manawphyulay

    July 19, 2010 at 11:48 am

    ဒါဆိုရင် လူပျိုကြီးဖြစ်နေမှာ သေချာတယ်။

  • Khin Thida Soe

    July 21, 2010 at 11:26 am

    ကိုပေါက်ရေ……..ရှာမှ ရှားပါလား

    အင်း ရှိတော့ ရှိပါတယ် ဒါပေမယ့် ရှားတယ်

    ကျနော် တို့ မန္တလေး မှာ ရှိမှာပါ ရှာလိုက်ဦးဗျို့

  • kopauk mandalay

    July 21, 2010 at 12:06 pm

    အရင်က သီချင်းလေးတပုဒ်ရှိခဲ့ဘူးပါတယ်။
    “ရှာပေအုံးတော့ ထမင်းထုပ်ကြီးနဲ့ လူပါမသိုးယုံဖြင့်မှာလိုက်ချင်သည်”တဲ့။
    လွင်မိုးလိုပြောလိုက်မယ်
    “စောင့်……….အုံး…………မှာ “

Leave a Reply