“အဝေးကစေတီ”(မြောက်ဥက္ကလာပ)

1 ဘေးက မြင်ရတာပါ
1 ဘေးက မြင်ရတာပါ

 

            “အဝေးကစေတီ”(မြောက်ဥက္ကလာပ)

 

 

ကျနော်ရန်ကုန်ရောက်တိုင်း အောင်မင်္ဂလာကားဝင်းကနေတည်းတဲ့အိမ်ကိုတဲ့အခါ ကုန်းကျော်တံတားကွေးကွေး
ကြီးနားရောက်ရင်မြင်ရတဲ့ စေတီဖြူဖြူကြီးတစ်ခုရှိပါတယ်။

မြင့်လဲ အတော်မြင့်သလို ပုဂံခေတ်က စေတီနဲ့ပုံစံတူပါတယ်။

စွယ်တော်ဘက်လမ်းလျောက်ရင်လဲ ဒီဘုရားကိုမြင်ရပါတယ်။

ကျနော်အတော်လေးလဲစိတ်ဝင်စားပါတယ်။

အဲဒီဘုရားအမြင့်ကသာ တက်ကြည့်ရရင် အတော်ဝေးဝေးထိမြင်ရမယ်လို့ထင်မိလို့ပါ။

ရန်ကုန်သာ တစ်နှစ်တစ်ခေါက်ရောက်ပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။

 

2ရှေ့တည့်တည့်က မြင်ရတာပါ
2ရှေ့တည့်တည့်က မြင်ရတာပါ

 

3 တိုင်လုံးပေါ်က ဇာတ်ထုတ်
3 တိုင်လုံးပေါ်က ဇာတ်ထုတ်

 

2013 နှစ်ဆန်းမှာရန်ကုန်ကို တစ်ခေါက်ထပ်ရောက်ပါတယ်။

တိုက်ဆိုင်စွာ 2012 ရော 2013 ပါ ဇန်နဝါရီလဆန်းရဲ့ပထမအပါတ်မှာ ရန်ကုန်ကိုရောက်နေတာဘဲဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ တစ်ရက် မယ်လမုဘက်ကို လမ်းလျောက်ရင်းထွက်လာခဲ့ပါတယ်။

မယ်လမုဘုရားမှာ ဓါတ်ပုံရိုက်ပြီးပြန်အထွက်အဲဒီဘုရားကိုလှမ်းမြင်နေရပါတယ်။

အဲဒီကိုသွားမယ်ဆိုပြီး လမ်းအနောက်ဘက်ကူး။

သံလမ်းကိုကျော်ပြီး ဘယ်လိုသွားရမလဲ လို့ အဲဒီနားမှာနေသူကိုမေးကြည့်တော့ အတော်လေးဝေးတယ်ပြောပါတယ်။

နောက်ရပ်ကွက်တွေထဲဖြတ်သွားရင်မျက်စေ့လည်မယ်ပြောပါတယ်။

ဒါနဲ့ဘဲ မချင့်မရဲနဲ့ပြန်လာခဲ့ပါတယ်။

 

4 အတွင်းထဲမှာဆောက်ထားတာအကျအနဗျာ
4 အတွင်းထဲမှာဆောက်ထားတာအကျအနဗျာ
5မပြီးသေးသော
5မပြီးသေးသော

 

6-1-2013နေ့မနက် လုလင်နဲ့လက်ဘက်ရည်သောက်ကြရင်း အဲဒီဘုရားသွားဘို့အဖော်စပ်လိုက်ပါတယ်။

ဓါတ်ပုံရိုက်ဘို့ဆိုရင် နှစ်ခါခေါ်စရာမ လိုတဲ့လူခြင်းဆိုတော့ သွားမယ်ဆို ထွက်ခဲ့ကြပါတယ်။

ကျောက်ရေတွင်း ကုန်းတံတားကိုကျော်ပြီး လမ်းအနောက်ဘက်က ရပ်ကွက်ထဲကိုဝင်လိုက်ပါတယ်။

အဲဒီအချိန် ရန်ကုန်ရောက်တာကြာပေမယ့် နုတ်မဆက်ရသေးတဲ့ ရွာသူ ဘော်ဘော် ကြီး “ဂျိုနို်တို့အမေ”ကိုလှမ်းဖုန်းဆက်လိုက်ပါတယ်။

ရန်ကုန်ရောက်နေပါတယ်ပေါ့ အဲဒီအချိန်မှာ အင်မတန်မှ ဝမ်းသာစရာကောင်းတဲ့သတင်းကြားလိုက်ရပါတယ်။

“ဒီနေ့ အိမ်မှာ အုန်းထမင်းချက်တာနော် ဓါတ်ပုံရိုက်ပြီးရင် လုလင်နဲ့အိမ်လာစားလှည့်တော့”

အဲဒီအချိန်က မနက်ဆယ်နာရီ။

ကျောင်းဝင်းကြီးက အကျယ်ကြီး။

ဘုရားကလဲ ထုတည်အကြီးကြီး။

ဘုရားနာမယ်ပြောပေမယ့် ကျနော်မှတ်မထားလိုက်မိ။

ဘုရားပုရဝုဏ်ထဲအရောက်ဓါတ်ပုံရိုက်ဘို့ နေရာရွေးရင် ခြုံထဲဝင်မိတာ ဆူးပင်တွေနဲ့ခြစ်မိပါတော့တယ်။

ခြေထောက်တစ်ခုလုံးစပ်ဖျဉ်းဖျဉ်း။

ငုံ့ကြည့်တော့မှာခြေထောက်မှာဆူးခြစ်ရာတွေတွေ့ခဲ့၊

6 ကြာကန်နဲ့ နဂါးရုံဘုရား
6 ကြာကန်နဲ့ နဂါးရုံဘုရား
7 မယ်သီလရှင်များသီတင်းသုံးတဲ့ကျောင်းဆောင်
7 မယ်သီလရှင်များသီတင်းသုံးတဲ့ကျောင်းဆောင်

 

 

ဘုရားထဲဝင်ကြည့်မိမှ အတော်လေးခန်းခန်းနားနားလုပ်ထားခဲ့၊

အလည်လောက်မှာ ဆင်လေးကောင်ခံထားတဲ့ ဆင်းတုတော်တွေ့ခဲ့။

အထဲမှာအပေါ်တက်ဘို့ ဓါတ်လှေခါးဆင်ထားတာတွေ့ခဲ့။

ဓါတ်ပုံရိုက်ချင်လို့လမ်းလျောက်တက်ခဲ့။

အပေါ်ဆုံးရောက်တော့ ပါတ်ဝန်းကျင်မှာမြူတွေဆိုင်းတော့ စိတ်တိုင်းကျတဲ့ပုံကိုမရခဲ့။

ဟိုးမြောက်ဘက်က အထီးတည်းရှိနေပြီးရွှေရောင်ဝင်းနေတဲ့ကျိန်သစ္စာဘုရားကို လှမ်းမြင်ခဲ့။

လုလင်နဲ့ကျနော်တစ်ယောက်ကိုတစ်ယောက်ဓါတ်ပုံတွေအပြန်အလှန်ရိုက်ခဲ့။

အတော်ကြာမှာစေတီအောက်ကိုပြန်ဆင်းခဲ့။

နံရံတိုင်လုံးတွေမှာ ဇာတ်တော်တွေပန်းပုထုထားတာတွေ့ခဲ့။

သစ်ပြားကြီးတွေမှာ ဇာတ်တော်ဖောင်းကြွရုပ်လက်စမသတ်ရသေးတာတွေ့ခဲ့။

ဒီလောက်ကြီးတဲ့ ဘုရားလက်စမသတ်နိုင်တာကိုတွေးမိပြိးစိတ်မကောင်းခဲ့။

အောက်ရောက်တော့ ဆင်းတုရှေ့မှာ ဓါတ်ပုံရိုက်ချင်တော့ မီးခြစ်လိုက်ငှားပြီး

ဖယောင်းတိုင်အလင်းရောင်နဲ့ အမွှေးတိုင်အငွေ့ကို စိတ်တိုင်းမကျလို့အကြိမ်ကြိမ်ရိုက်ခဲ့။

8 သစ်ထွင်းပန်းချိ မဟာဇနက္ကဇာတ်တော်
8 သစ်ထွင်းပန်းချိ မဟာဇနက္ကဇာတ်တော်
9 ဆင်လေးကောင်တောင် ခံထားတဲ့ဘုရား
9 ဆင်လေးကောင်တောင် ခံထားတဲ့ဘုရား

 

 

 

ဖယောင်းတိုင်အလင်းရောင်နဲ့ အမွှေးတိုင်အငွေ့ကို စိတ်တိုင်းမကျလို့အကြိမ်ကြိမ်ရိုက်ခဲ့။

ထမင်းကျွေးမယ့်သူက

“မလာကြသေးဘူးလားအေ့”

လို့ဖုန်းလှမ်းဆက်မှ ဗိုက်ဆာတာကို  သတိရမိခဲ့။

သွားရင်းလာရင်း ဒုတိယအရေးအကြီးဆုံးကိစ္စဖြေရှင်းဘို့ ဂန္ဓမာကုန်တိုက်ကြီးထဲ ခပ်တည်တည်ဝင်ခဲ့။

နှစ်ယောက်သား ကြည့်မြင့်တိုင်ဘက်သွားရင်း လေပေါသွားကြတာ လမ်းတွေမှားပြီး ပြန်ပတ်မောင်းခဲ့။

ဘော်ဘော်အိမ်ရောက်တော့ အားနာပါးနာနဲ့ 2ပုဂံအဝစားခဲ့၊

စားပြီးပြန်တေ့ာ ကိုရီးယားထမင်းလပ်ကို အားနာလို့ အဝထပ်စားခဲ့။

နေ့လည်မင်္ဂလာဆောင် ရှိတော့ နုတ်ဆက်ပြိးပြန်ခဲ့။

ပြန်တွက်ကြည့်တော့ ဒီဘော်ဘော်ကျွေးတဲ့ထမင်းစားခဲ့တာ သုံးခါရှိပြီး

(မန်းလေးမှာတစ်ခါ ၊စစ်ကိုင်းတောင်ပေါ်မှာတစ်ခါ၊ အခုရန်ကုန်မှာတစ်ခါ)

ကျနော်က တစ်ခါမှပြန်မကျွေးဖြစ်တာ သတိရခဲ့။

(အကြွေးမှတ်ထားနော်)

နောက်တော့ လုလင်နဲ့လမ်းခွဲပြီး  မင်္ဂလာဆောင်သွားဘို့ပြန်ချိန်းခဲ့။

ဒီတစ်ခေါက်ကတော့ရောက်ချင်တဲ့နေရာရောက်တော့ စိတ်အစာကြေခဲ့။

 

 

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

17-1-2013

 

 

28 comments

  • Novy

    January 25, 2013 at 9:48 am

    ရန်ကုန်မှာနေပြီး အဲ့ဒီဘုရားဘက်ကို တစ်ခေါက်မှ မရောက်ဖူဘူး
    ကျောင်းဆောင်တွေကို ထုထည်ကြီးတွေပုံဆောက်ထားတာတွေတယ်
    အရမ်းကို သဘောကျလို့ တစ်ခါတစ်ခေါက်တော့ အရောက်သွားအုံးမယ် လေးပေါက်ရေ.
    အကြွေးတော့ မမှတ်နေပါနဲ့တော့နော် ၂လပိုင်းကုန်တစ်ခေါက်လာအုံးမယ်

  • မိုချို

    January 25, 2013 at 10:56 am

    အဲဒိ ဘုရား ကိုတည်တဲ့ သီလရှင်ဆရာကြီး က ဘုရား မပြီးခင် ပျံလွန် သွား ပြီးနောက် ပိုင်း လက်စမသပ်
    ဖြစ်ကြတော့ဘူး ထင်တယ်။ သဗေညု ပထိုးတော်ကြီး လို့ ပဲခေါ်သလားလို့ ။မန်းလေး ကလာတဲ့သူကမှရောက်ဖြစ်သေးတယ် ကိုယ်က နီးရက်နဲ့ တခါမှမရောက်ဖြစ်ဘူး။

    • ဟုတ်တယ်ဗျ မေးကြည့်တော့ ပြောတယ်
      သီလရင်ဆရာကြီး ရဲ့ဘွဲ့ကိုပြောတယ်။
      အထဲလဲရောက်ရော လက်ဆော့ချင်ဇောအားကြီးပြီး ပြန်စဉ်းစားတာ မမှတ်မိဘူးဖြစ်သွားတာပါ။
      ကျနော့် မှတ်ဉာဏ် ညံ့လို့ပါဗျာ

      • San Hla Gyi

        January 25, 2013 at 5:52 pm

        ကိုပေါက်ရေ
        အဲဒီစေတီကြီးကို တည်တဲ့ သီလရှင်ကြီးနာမည်က ဒေါ်ဓမ္မေသီ မဟုတ်လား။ မိန်းမသား သီလရှင်တဦးက ဒီလောက်ကြီးတဲ့ စေတီကြီးကို တည်နိုင်ခဲ့တာတော့ သူ့ဘုန်းကံကလည်း မခေဘူးလို့ ပြောရမှာပေါ့။ နှမြောစရာက ဆက်မတည်နိုင်တော့တာပဲ။ အဲဒီ သီလရှင်ကြီး ရှိတုန်းကလည်း အချို့ ရဟန်းတော်တွေနဲ့ အချေအတင် ဖြစ်ခဲ့ဖူးတာရှိတယ်။ သီလရှင်ကြီးကလည်း တန်ခိုးထွားနေချိန်ဆိုတော့ ရဟန်းတော်တွေ အပေါ် မရိုကျိုးခဲ့တာတွေ ရှိတယ်လို့ ကြားဖူးတယ်။
        မြောက်ဥက္ကလာသားတွေရဲ့ ဆွေဘုရား မျိုးဘုရားကတော့ မယ်လမုစေတီပဲ။

        • Mလုလင်

          January 25, 2013 at 11:16 pm

          မြောက်ဥက္ကလာသား တွေကတော့ ဒေါ်ဓမ္မေသီ စေတီ လို့ ခေါ် ကြပါတယ် .. ခြုံနွယ် ပိတ်ပေါင်းတွေ နဲ့ . . . . . လက်စမသတ် နိုင် ပုံပေါ်ပါတယ် …

  • ဦးကြောင်ကြီး

    January 25, 2013 at 10:56 am

    ဝေးကစေတီ
    တွေးဆရွှေပြည်
    မေးသနေခြည်
    ကျွေးဝမြေဆီ
    အေးရဖြေဆည်
    ဟေးထဆွေနီ
    လွေးပြနွေသီ
    ဒွေးလှငွေမှီ..။

  • Ma Ei

    January 25, 2013 at 10:59 am

    မြောက်ဥက္ကလာဘက် ဖြတ်သွားဖြတ်ရှိပေမယ့်
    မဟာကျိန် သစ္စာရှင် ဘုရားကြီးရယ်အခုပုံထဲက
    ပုဂံဘုရားပုံတော် ဘုရားကြီး တို့ကို စိတ်ရောက်ပြီး
    လူကမရောက်ဖူးခဲ့ပါဘူး…
    မန်းလေးကလူကမှ ရန်ကုန်နေရာစုံသေးနော်…

    • မဟာကျိန်သစ္စာကတော့ ဒီတစ်ခေါက် မရောက်ခဲ့ဘူး။.
      ဟိုတစ်ခေါက်ကတော့ ရိုက်ပြီးတင်ခဲ့ပါသေးတယ်။

  • Thu Wai

    January 25, 2013 at 11:12 am

    ဆိုတေး တောင်မှ အဲဒီမှာ VCD ရိုက်တာ ပုဂံဘုရားမှာ ဖိနပ်စီးပြီးရို်က်တယ်ဆိုပြီးနာမည်ကြီးသွားလို့မနည်းရှင်းလိုက်ရသေးတယ် ။
    သူက ဗုဒ္ဓဘာသာပါ အဲဒီနေရာမှာ ဘေးကလာကြည့်တဲ့သူတွေလဲ ဖိနပ်စီးကြပါတယ် ဘာညာဆိုပြီး မနည်းရှင်းလိုက်ရတယ် ။ ဆေးပြန်မသုတ်ခင်တုန်းကသာဓာတ်ပုံသွားရိုက်ကြည့် ပုဂံကိုရောက်နေသလိုလိုနဲ့ ။

    • ဂန္ဓာရီ ဆြာအုပ်

      January 25, 2013 at 4:33 pm

      စီးလို့မရပါဘူး.. ကျွန်တော့ ဘော်ဘော်ကိုယ်တိုင်သွားတရိုက်ထာခဲ့တဲ့ သက်သေပါ.. ဒီမှာ ကြည့်ပါ..
      https://www.facebook.com/photo.php?fbid=10151237733769437&set=pb.750924436.-2207520000.1359108020&type=3&

      ဒါက 7days က comment ပါ
      http://www.7daynewsjournal.com/article/7926

      • ဘိုအုပ်ရေ ကျနော်တို့သွားတုံးက နေအရမ်းပူတော့ ကျောင်းဝင်းထဲတော့စီးသေးတယ်ဗျ။
        မယ်သီလရင်ကျောင်းထဲတော့ မဝင်ခဲ့ဘူး။
        ဆွမ်းကျွေးရှိနေလို့။
        ဘုရားပေါ်က တော့ စီးလို့မရပါဘူး။
        ခြင်္သေ့ရုပ်ကလေးနားမရောက်ခင်ကတည်းက ချွတ်ရပါတယ်။.

  • ဟုတ်ပါတယ်ဗျ ဒီဘုရားက အတွင်းထဲထိ ဖိနပ်စီးလို့ရပါတယ်။
    ဘုရားပေါ်တက်ရင်သာ ချွတ်ရတာပါ။

  • ဗုံဗုံ

    January 25, 2013 at 12:14 pm

    ဖေပေါက်ကြီး အုန်းထမင်းတွေရော ကိုရီးယားထမင်းတွေရော အစုံစားပြီး ဖက်တီးကြီး ဖြစ်သွားလို့ ဒါ့ပုံတွေ မရိုက်ရဘဲဖြစ်နေအုံးမယ် လျှော့စား လျှော့စား ဖေပေါက်ရှိနေတာ မြန်မာပြည်အနှံ့ ထိုင်ရာမထ ရောက်ဖူးလို့ ကျေးဇူးတွေ တင်နေရတာ :mrgreen:

  • လျော့တော့ မစားတော့ဘူးအေ
    နောက်မှ လေ့ကျင့်ခန်းလုပ်တော့မယ်
    မရောက်ဘူးသေးတဲ့နေရာတွေအများကြီးကျန်သေးတယ်အေ့
    သွားနိုင်အောင်ကြိုးစားပါအုံးမယ်

  • Shwe Ei

    January 25, 2013 at 1:32 pm

    အော် လေးပေါက်ဓါတ်ပုံတေမြင်မှ သွားဖစ်အောင်
    သွားရတော့မလိုဖစ်နေဘီ။ နေရာကဝေးပြီး ကားဝင်းသွားမှမြင်ရတာဆိုတော့
    ကပ်ကျော်ဘုရားဖစ်နေတာ :mrgreen:

  • kai

    January 25, 2013 at 5:03 pm

    အဲဒီပုထိုးကိုတည်တဲ့. ဖွားလေးနဲ့သိပါတယ်..။ စကားပြောဖူးတယ်..။
    သူကသီလရှင်လို့ခေါ်ရင်မကြိုက်ပါဘူး..။ ဆရာကြီးလို့ခေါ်ရင်လည်းမကြိုက်ဖူး..
    ညီမတော်လည်း.. သီလရှင်ပဲ..
    ယူအက်စ်.. လော့စ်အိန်ဂျလိစ့်မှာ.. အိမ်ဝယ်… တပါးထဲသီတင်းသုံးတာပါ..။
    အတွက်မမှားရင်.. အခုလောက်ဆို… ဘာသာရေးနဲ့ဒေါက်တာဘွဲ့ရနေလောက်ပြီ..။

    အဟမ်း..
    အဲဒါဦးခင်ညွှန့်တန်ခိုးထွားစဉ်က..ဖွားလေးနဲ့..ဗိုလ်ချုပ်တွေ.. ပူးပေါင်းတည်တဲ့ပုထိုးပေါ့..
    ထုံးစံအတိုင်း.. ဖွားလေးရဲ့… အိပ်မက်အရပါပဲ..
    ဒေါ်လာငွေတင်သိန်းပေါင်း..များစွာကုန်ပါတယ်..။ ကျပ်ငွေသန်းပေါင်းများစွာကုန်ပါတယ်..

    ဆိုတော့…

    ထလော့ မြန်မာ ထလော့..။
    တို့တိုင်းပြည်
    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်

    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်

    မစားလေရ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    • ဂန္ဓာရီ ဆြာအုပ်

      January 25, 2013 at 5:41 pm

      ဆရာကြီး၊ ဆရာလေးဆိုလို့ဟာသ ပြောရဦးမယ်
      အနော့သူငယ်ချင်းတစ်ယောက်က စာစီစာရိုက်လုပ်တယ်
      တနေ့ နာရေးဖိတ်စာ လာအပ်တယ် .. သီလရှင် နာရေးပေါ့နော်
      စာရို်က်တော့ အပ်တဲ့ သူက သီလရှင် ဆရာကြီး ဘယ်သူ ပေါ့နော် ဆိုတော့
      အနော့ သူငယ်ချင်းက ဆရာကြီးလို့မကြားဖူးတော့ ဆရာကြီးမဖြစ်နိုင်ဘူး
      ခင်ဗျားမှားနေတယ် ဆရာလေးပဲဖြစ်ရမယ် ဆိုပြီးရိုက်ပေးလိုက်တယ်..
      အပ်တဲ့သူကလဲ မသိဘူး ဘယ်ဟာအမှန်လဲ
      ခဏနေတော့ အပ်တဲ့သူကု ပြန်လာပြီး ဆရာလေးမဟုတ်ဘူး ဆရာကြီးပဲရိုက်ပေးပါ ဆိုတော့လဲ
      အနော့ သူငယ်ချင်းက ဆရာကြီးတော့ မဖြစ်နိုင်ဘူး ဆရာမကြီး ဖြစ်ရမယ်ဆိုပြီး ထပ်ရိုက်ပေးလိုက်ပြန်ရော
      ဒီတစ်ခေါက်လဲကျရော အပ်သွားတဲ့ သူ ပြန်လာပြီး စိတ်ဆိုးမာန်ဆိုးနဲ့ သူ ပြောတဲ့ အတိုင်း ဆရာကြီးပဲရိုက်ပေး မရှည်နဲ့ ဆိုပြီး ကောသွားတာ ခံလိုက်ရလေရဲ့

    • San Hla Gyi

      January 25, 2013 at 6:05 pm

      အော် ထူးဆန်းတယ်နော် သဂျီးရဲ့ အမျိုးထဲမှာတောင် မယ်သီလရှင် ရှိတာကိုး။ ယူအက်စ်မှာ သီတင်းသုံးတာကိုး။ အဲဒီတော့ အခေါ်အပြောရော အဆင်ပြေကြရဲ့လား။ အစ္စလာမ် ဘာသာဝင်တွေက ကိုယ့်အမျိုးအရင်းဖြစ်လည်း ဘာသာမတူတာနဲ့ ကာဖီရ်ဆိုပြီး ဓမ္မ န္တရာယ် သဘောမျိုး ဆက်ဆံတတ်တယ် ကြဉ်တတ်တယ်လို့ ကြားဖူးလို့ပါ။ ကြားဖူးတာပါ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
      မွတ်ဆလင်တွေမှာ အဲဒီလို ကိစ္စမျိုး ရှိမရှိ ဖြေပေးပါအုံးနော်။ သဂျီးကတော့ အဲဒီလို မဟုတ်ဖူးဆိုတာ ယုံပါတယ်။
      တခါတလေ လောကကြီးရဲ့ လှောင်ပြောင်မှုကလဲ အကိုက ဗလီဆရာ ညီမက မယ်သီလရှင် ဖြစ်တာမျိုး ရှိနိုင်တာပဲ။ ဘုရားလက်ထက်တုန်းကတောင် လင်ကမုဆိုး မယားက သောတာပန်ဆိုတဲ့ ဇာတ်လမ်းတွေ ရှိခဲ့တာပဲ။

      • kai

        January 26, 2013 at 5:23 am

        ကိုကျော်သူနဲ့လည်းအမျိုးတော်သဗျ…။ မယုံရင် ဖွားလေးရဲ့နာရေးကြည့်.. :kwi:

        အဘွားလေး ဓမ္မေသီ
        ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
        နိုဝင်ဘာ ၁၃၊ ၂၀၁၁

        ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျောက်ရေတွင်း (တောင်ပိုင်း)၊ အမှတ် (၅) ရပ်ကွက်၊ ဓမ္မေသက သီလရှင်စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ရန်ကုန်သဗ္ဗညုပုထိုးတော်ကြီး တည်ထားကိုးကွယ်တော်မူသော အဘွားလေးဓမ္မေသီ သက်တော် (၆၈)၊ သိက္ခာတော် (၅၀) သည် ၆.၁၁.၂၀၁၁ (တနင်္ဂနွေနေ့) နံနက် (၈း၂၅) နာရီတွင် ဓမ္မေသက သီလရှင်စာသင်တိုက်၌ ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် ဖွားလေး ဓမ္မေသီ၏ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အအေးစနစ်သုံး (Cool Box) ဖြင့် အပူဇော်ခံထားရှိပြီးသည့်နောက် ၁၂.၁၁.၂၀၁၁ စနေနေ့ ညနေ (၃းဝ၀) နာရီအချိန်တွင် ဓမ္မေသက သီလရှင်စာသင်တိုက်ကြီးမှ ရေဝေးသုဿန်သို့ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများမှ အဘွားလေး၏ နောက်ဆုံးခရီး အား စည်ကားသိုက်မြိုက်စွာဖြင့် ပို့ဆောင်ခဲ့ပြီး ရေဝေးသုဿန်ရှိ အသင့်ပြင်ဆင်ထားသော လောင်တိုက်ပြာဿဒ်၌ မီးသင်္ဂြိုလ်ခဲ့ပါသည်။

  • ဂန္ဓာရီ ဆြာအုပ်

    January 25, 2013 at 5:27 pm

    ဆိုတေးကိစ္စပြောနေတာနဲ့ ကပေါက်ပုံအကြောင်းတောင် မပြောရသေးဘူးဗျ
    အဲ့ဘုရားတစ်ခါမှ မရောက်ဖူးဘူးဗျ
    အရင်တုန်းက ဆေးမသုတ်တုံးကတော့ ပုဂံလိုလို ဘာလိုလိုနဲ့
    ပထမဆုံးပုံ လှပါတယ်ဗျို့ ကောင်းကင်ပြာပြာကြီးနဲ့
    ဒုတိယပုံထက် ပုံကောင်းတယ်
    ရှိတ်ကိုလည်းမြင်ရတယ်
    နဲနဲလေး ထပ်ခွာလိုက်ရင် ပိုကောင်းမယ်
    အော် ကပေါက်က Canon PowerShot A2200 နဲ့ရိုက်ထားတာကိုး ..
    resolution က 14.1 တောင်ရှိတယ်ဆိုတော့ အနော့ကင်မလာ ထက်တောင် resolution မြင့်သေးတယ်

  • weiwei

    January 25, 2013 at 10:33 pm

    လွန်ခဲ့တဲ့ ရ နှစ်လောက်က တစ်ခါ ရောက်ဖူးတယ် …
    အခုဓါတ်ပုံတွေနဲ့ ကွန်မန့်တွေမြင်တော့ ပြန်သတိရသွားတယ် … အရမ်းကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားတာ …
    တစ်ခေါက်လောက် ထပ်သွားအုန်းမယ် …

  • Mလုလင်

    January 25, 2013 at 11:43 pm

    ဦးပေါက် က မှ ရိုက်ပြီး တင်ဖြစ်သေးတယ် .. ကျွန်တော် ကတော့ လူပုံ ပဲ ရလိုက်တယ် .. အကြိမ်ကြိမ် ကြိုးစား တာတောင် လိုချင်တဲ့ အကွက် ကို မရလိုက်ဘူး . . .. . . . . အားတဲ့ ညနေပိုင်း သွား ကစ် ကြည့်ဦးမယ် ..

  • kyeemite

    January 26, 2013 at 10:05 am

    ရန်ကုန်မှာနေပြီး အဲ့ဒီဘုရားဘက်ကို တစ်ခေါက်မှ မရောက်ဖူဘူး..အဟုတ်ဗျာ…
    ဓါတ်ပုံတင်ပေးတဲ့ ကိုပေါက်ကြီးရော..ပုထိုးတော်ကြီးတည်ခဲ့တဲ့ ဖွားလေးအကြောင်း
    ရှင်းပြတဲ့သဂျီးကိုရော..ကျေးဇူးတင်ပါ၏။

  • ရွှေ ကြည်

    January 26, 2013 at 10:25 am

    လေးပေါက်ရေ တကယ်ကြီးရန်ကုန်မှာ ၅ နှစ်နေခဲ့တာမဖူးဘူးတဲ့ဘုရားစေတီတွေအများကြီးရယ် ကပ်ကျော်တွေလည်းပါသပေါ့ လေးပေါက်ကောင်းမှုနဲ့ဖူးရပြီ။ လေးပေါက်ကဇွဲတော့အတော်ကောင်းတယ် အားကျပါမိပါရဲ့။ နောက်တခါဆူးတွေ ခြုံတွေ သတိထားပါလေးပေါက်ဆူးခြစ်တာကကိစ္စမရှိ မြွေပါးကင်းပါးစိုရိမ်ပါ၏။

  • Foreign Resident

    January 26, 2013 at 10:50 am

    ရန်ကုန်မှာနေပြီး အဲ့ဒီဘုရားဘက်ကို တစ်ခေါက်မှ မရောက်ဖူဘူး ။

    ဗိုလ်ချုပ်ခင်ညွန့် ဦးစီးတဲ့ ဘုရားလို့ ကြားတာပဲ ။
    ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားလို့ တန်းလန်း ရပ်သွားတယ် ကြားတာပဲ ။

Leave a Reply