နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်နေသော(19)

အဲဒီအလုပ်ကိုကျနော်ရောက်ကတည်းက မန်းလေးမှာသိပ်နေရတယ်မရှိပါဘူး။
မန်းလေးမှာနေရ ပြန်တော့လည်းမနက်မိုးလင်းကညပြန်တဲ့အထိ မုန့်ဖိုလုပ်ထားတဲ့ခြံထဲမှာဘဲနေရတယ်ဆိုတော့
အပြင်လောကနဲ့တော်တော်လေးအဆက်ပြတ်ပါတယ်။
ခရီးထွက်တဲ့နေ့မျုးိမှာမှ သွားရင်းလာရင်းကိုယ်မကြားဘူးတဲ့အသံလေးကြားတယ်ဆိုမှ
” ဒါဘယ်သူလေးလဲ “လို့မေးယူရပါတယ်။
ဝါသနာပါသူဆိုတော့လဲ သီချင်းသံကြားတာနဲ့နားစွင့်တာကတော့အကျင့်ပါနေပါတယ်။
သွားလေရာမှာအမျျားဆုံးကြားရတဲ့အသံလေး(နေရောင်ခြည်ကိုကန့်လန့်ကာဖွင့်……………………..)
အသံချိုချိုလေးနဲ့မေးကြည့်တော့ (အေးချမ်းမေ)တဲ့။
သူ့နာမယ်အကြီးဆုံးသီချင်းတော့(တစ်စစီကျိုးပဲ့နေတယ်)ပါတဲ့။
ခုတော့သူလဲဘယ်ရောက်နေပြီမသိ။
သူနဲ့ပါတ်သက်လို့ကြားမိတာတော့ တစ်ကိုယ်တော်စတိတ်ရှိုးတစ်ခုမှာ တကယ်မဆိုဘဲကက်ဆက်ဖွင့်ဆိုတယ်လို့နာမယ်ထွက်ဘူးပါတယ်။
နောက်နာမယ်ကြီးတာကတော့(အဖြူနဲ့အမဲ့)ဆိုတဲ့သီချင်းလေးကြားရတဲ့ စားသောက်ဆိုင်အဆိုတော်ဘဝကနေ အောင်မြင်သောဘဝကို
တက်လှမ်းလာတဲ့(လေးလေးဝါး)ပါ။
အသံအားကောင်းကောင်းနဲ့ဆိုတတ်သူလေးဖြစ်ပြီးအားလုံးရင်ထဲကိုဖောက်သွားအောင်ဆိုထားတဲ့သီချင်းလေးကတော့
လေဒီဒိုင်ယာနာသေဆုံးသွားတဲ့အခါဆိုထားတဲ့(လေထဲကဖယောင်းတိုင်)ပါ။
နောက်အောင်မြင်နေတုန်း အမေရိကကိုထွက်သွားတဲ့ မြန်မာပြည်သိန်းတန်ရဲ့သမီး ပိုးဒါလီသိန်းတန်
သူကလဲ သူ့အဖေအောင်မြင်တဲ့သီချင်းတွေကို ပြန်ဆိုတာလဲ အတော်လေးကိုကောင်းပါတယ်။
သူ့အသံနဲု့လိုက်ဖက်ပါတယ်။လူတွေကလဲလက်ခံကြပါတယ်။
သူ့ညီမလေး ဖြိုးဒါလီသိန်းတန်က တော့ သူ့လောက်မအောင်မြင်ဘူးပြောနိုင်ပါတယ်။
ထူးဆန်းတာက (ကြာပါတယ်ကွာ မြန်မြန်လာ ဟူး ဟူး………….ပြီးပါပြီ အိုကြာတယ်ကွာ)လို့အတွဲညီညီဆိုခဲ့ဘူးတဲ့
ဖေဖေမြန်မာပြည်သိန်းတန်ရဲ့ချစ်ဇနီး မေမေဖြစ်သူ အေပရယ်ချစ်ခင်(ခ)ဇာခြည်လင်းရဲ့လှပတဲ့သီချင်းရော လူရောပျောက်သွားတာပါဘဲ။
တစ်ရက် ခရီးသွားနေတုန်း (တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ်……………တို့)
(စာအုပ်ထဲမှာသင်တဲ့ မယ်သီတာခိုးတာ ဘယ်သူလဲ သူငယ်ချင်းငယ်ရီးစားကမေးတယ်………………….)တို့ဆိုတဲ့
(မင်းမင်းလတ်)သီချင်းတွေကို မကြားဘူးတဲ့အသံတွေနဲ့ဝိုင်းဆိုတာကိုကြားလိုက်လို့မေးကြည့်တော့
ဇော်ဝင်းထွတ်တို့အင်ပါယာအဖွဲ့ကပြန်ဆိုတာ။
ပက်ကင်ပိတ်ထားတဲ့ခွေနဲ့ထုတ်ရောင်းတော ရောင်းမလောက်ဘူးတဲ့၊ဗဒင် သိုးမဲကြီးပြီးရင် မြန်မာပြည်မှာရောင်းအကောင်းဆုံးခွေဆိုတာသိလိုက်ရပါတယ်။
နောက်သိလိုက်ရတဲ့သတင်းတပုဒ်က မန်းလေးက မင်းခေါင်ကို ဆိုဘို့စီစဉ်ပြီးသားမလာနိုင်တာရယ် ဇော်ဝင်းထွတ်က ကြိုက်လွန်းလို့ဆိုလို်က်တာရယ်ဆိုတာကိုသိရပါတယ်။
ကံဖယ်တယ်ဆိုတာလဲဒါမျိုးဘဲဖြစ်မယ်ထင်ပါတယ်။
ဒီသီချင်းတွေကြားမှ အရင်က လမ်းသူရဲသီချင်းလို့ဝိုင်းသမုတ်ပြီး အပယ်ခံတွေက အခုတော့အားလုံးလက်ခံတဲ့ စံသီချင်းဖြစ်လာတာကိုတွေ့တော့
ဒါခေတ်ရေစီးလို့ဘဲပြောနိုင်ပါတယ်။
သည်အချိန်လေးမှာဘဲ မြန်မာပြည်မှာ ကာရာအိုကေဗွီစီဒီတွေစတင်ခေတ်စားလာချိန်မှာ စီဒီခွေတွေရောင်းကောင်းလို့
စက်တွေကလဲပေါတော့လူတိုင်းအိမ်မှာ ကာရာအိုကေစီဒီစက်တွေ ထားနိုင်ချိန်လဲဖြစ်လာပါတယ်။
နောက်ပိုင်းနာမယ်ကြီးလာသူတစ်ယောက်ကတော့ထွန်းအိန္ဒြာဗိုလ်လ်ိုဖြစ်လာမဲ့ မိုးကုတ်သူ မန်းလေးမှာနေတဲ့မိမိခိုင်ပါ။
သူကတော့ အဆိပ်ပြင်းသည်ဆိုတဲ့ ဗွီဒီယိုကားကနေ (မို့မို့မြင့်အောင်နဲ့ဆင်ပေမဲ့ လိုင်းကွဲပြီးခွဲထွက်နိုင်အောင် တော်တဲ့သူပါ)
နာမယ်ကြီးလာလို့ ရုပ်ရှင်မှာလဲ အောင်မြင်အကယ်ဒမီတွေရ သီချင်းမှာလဲအောင်မြင်လို့
ဖုန်းသံလေးနဲ့ကောလဟာလဖြစ်နေရင်းက စန်းတွေထလို့ အောင်မြင်သူပေါ့။
အရင်က အင်္ဂန်လန်စိန်ဆိုတော့လူနည်းနည်းသိတယ် သူဆိုလိုက်တော့ပေါက်သွားတယ်ဆိုတဲ့သီချင်းကတော့
(မချစ်ရင် မနေနိုင်တာကလွဲလို့)ပါ။
(တံခါးလေးစေ့ရုံဘဲလား။ကိုယ်တို့ဝေးနေမိုင်ပေါင်းကုဋေ။အာရုံခံနှလုံးသား။ရီးစားဦး။နှစ်ယောက်မရှိဘူး။မင်းမရှိတော့။နိုးစက်။ချစ်ခြင်းကိုမခွဲပါနဲ့။
သူစိမ်းတို့ရဲ့အလယ်မှာ။)တွေက နာမယ်ကြီးသီချင်းပါ။
နောက်ပြီးအယ်လ်ခွန်းရီရဲ့(1999။ဓါတ်ပြားဟောင်းလေးတချပ်။)
ပုလဲရဲ့(သေခန်းပြတ်ဘဲသူငယ်ချင်း။ဟောလီဝုဒ်။ဘီလူးခေါင်းနဲ့မင်းသား။လူကြမ်းမင်းသားလေး)
ပုလဲတို့ရဲ့ညီမမြသီတာရဲ့(ခါးလေးလှုပ်ကာလမ်းလျှောက်သွားရင်ကောင်လေးတွေကြည့်မယ်………………………..)
(လေယာဉ်ကြီးစီး……….စီးလို့သွားမယ်ဆိုရင် လေယာဉ်ကွင်းလဲ မလိုက်ချင်ဘူး………တွေးတွေးရင်းကွယ်မျက်ရည်ကြလာမယ်……)
စတာတွေက အဟောင်းတွေပြန်ဆိုလို့နာမယ်ကြီးသွားတဲ့သီချင်းတွေပါ။
သူ့ရဲ့တစ်ကိုယ်တော်စတိတ်ရှိုးကတော့ အခမ်းနားဆုံးအအောင်မြင်ဆုံးလို့ပြောရင်ရပါတယ်။
ပိုပြီးနာမယ်ကြီးစေလူစိတ်ဝင်စားစေတာကတော့ သူ့မအောင်မြင်ခင်က ကူညီခဲ့သူ
မျိုးကျော့မြိုင်ကို စင်ပေါ်မှပုခုံးလေးဖက်လို့ (မိုးကလေးဖွဲတုန်းသတိရတယ်……………………ပျော်မြူးခဲ့တဲ့အရင်က…………….)ဆိုတဲ့သီချင်းလေးနဲ့ ဖမ်းစားတဲ့အပြင်
သူ့ပွဲမှာမျောက်ကနဲ့ထင်ပေါ်သွားတာကတော့ ဘရိတ်ကီပါဘဲ။
ထွန်းအိန္ဒြာဗိုလ်ကလဲ မေဆွိ။နီနီဝင်းရွှေ။ပိုးဒါလီ။စိုးမြတ်သူဇာတို့လို နိုင်ငံခြားမှာအလယ်သွားရင်ဖူးစာပါခဲ့သူတစ်ယောက်ပေါ့။
2000ခုနှစ်မကုန်ခင်အချိန်လေးမှာဘဲ(…………ထွက်ပြေးပြီဟေ့ အယ်နှောင်းဆိုတဲ့အဆိုတော်။
ခရီးသွားငါးယောက်ဆိုတဲ့ ဆောင်းဦးလှိုင်ရေးလို့ လူငါးယောက်ဝိုင်းဆိုတဲ့ခွေ။ခေတ်စားလာပါတယ်။
မျိုးကျော့မြိုင်ကလဲ ဟစ်ဟော့ရဲ့ရှေ့ပြေး ရက်ဆိုတာကို မြန်မာပြည်ကိုတစ်ခေတ်ပြောင်းစေဘို့ တင်သွင်းလာပါတယ်။
အရင်က စိန်လွင်ရဲ့နာမယ်ကျော်သီချင်း(ငွေဇင်ယော်တွေလိုတောင်ပန်တွေပါရင်ကို…………………..ရီးမစ်လုပ်လို့ရက်ပ်စာသားတွေနဲ့
ရှယ်လိုက်တော့အားလုံးထူးဆန်းသွားပါတယ်။
(ကျနော်ဖေဖေ ………..လေယာဉ်ပျံကြီးမောင်းပါတယ်……….ကျနော့်မေမေ…………….ကျနော်နာမည်မျုးိကျော့မြိုင်……………..)
ဆိုတဲသံချပ်ဆန်ဆန်စာသားလေးတွေနဲ့ပုံစံအသစ်နဲ့သီချင်းတွေကို တင်ပြလာပါတယ်။
ဒီလိုနဲ့ နှစ်တစ်ရာမှတစ်ကြိမ်ကြုံရမဲ့2000ပြည့်နှစ်နားအနီးမှာ အချစ်ရေကိုယ့်ကြောင့်…………လို့ဆိုတဲ့အသံလေးကကျယ်လောင်လာသလို
မင်းနဲ့မှချစ်တတ်ပြီပေါ့လို့…………………..ဆိုလိုက်တဲ့အချိန်မှာ ဗွီစီဒီထဲကသရုပ်ဆောင်ကောင်မလေး အပြေးကောင်းလိုက်ပုံကတော့……………………………………………………………..