အောက်မှာ.. ဒီရက်ပိုင်း” ဟော့”လာတဲ့. ခရိုနီနဲ့ဒေါ်အောင်ဆန်းစုကြည်အကြောင်း.. ဆက်စပ်သတင်း/ဆောင်းပါးတွေစုပေးထားတယ်..
မေးလ်ဂရုက.. ကျောင်းသားခေါင်းဆောင်တချို့… စာတွေလည်း ကူးတင်ပေးထားတယ်..
ရွာသူားတွေ.. “သိ”အောင်ပါ..။

ခရိုနီဆိုတဲ့..စာသားစကားက.. ယူအက်စ်သံရုံးကကြေးနန်းတွေ.. Wiki Leak ကပေါက်ပြီးမှ.. အဲဒီအသုံးကိုယူသုံးကြရင်းခေတ်စားသွားတာဖြစ်ပါတယ်..။
မြန်မာလိုတော့…
တောမီးလောင်တောကြောင် လက်ခမောင်းခတ်.. ဆိုပြီး.. တော်မီးလောင်လို့.. တောကောင်တွေ ပြာယာခတ်နေချိန်.. တောကြောင်က.. အကောင်ဗလောင်တွေ ၀ါးတီးဆွဲမလို့.. ပျော်တယ်ဆိုတာနဲ့တင်စားပြီး.. တိုင်းပြည်မတည်မငြိမ်..အစိုးမရချိန်တွေမှာ.. အချောင်နှိုက်တတ်သူတွေကို.. တောကြောင်နဲ့နှိုင်းခဲ့ကြတယ်..။
စာသားတိတိကျကျတော့.. ခေတ်ပျက်သူဌေးပေါ့…
အဲဒါတွေက.. ဒုတိယကမ္ဘာစစ်မဖြစ်ခင်..ဖြစ်ပြီး.. ဂျပန်ဝင်..အင်္ဂလိပ်ပြေး..အင်္ဂလိပ်ဝင်..ဂျပန်ထွက်.. မိအေး၂ခါနာနှစ်တွေခေတ်တွေမှာသုံးခဲ့ကြတဲ့..စာသားတွေပါ..။
ဆိုတော့..
ခရိုနီ..ခရိုပြာ..ခရိုဝါတွေနဲ့.. ဒေါ်အောင်ဆန်းစုကြည်..မြန်မာ့နိုင်ငံရေး.. ဒီချုပ်..စစ်ဗိုလ်ချုပ်ကြီးတွေအကြောင်း… ဖတ်ကြည့်ကြစို့ရဲ့..

ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး

Written by ဒေါက်တာရန်မျိုးသိမ်း
Sunday, 13 January 2013 16:15
Eleven Media Group

မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့်အပြင်၊ တခါတရံ အလွန် နားလည်ရခက်သည်ဟုဆိုသော သက်ကြီးဝါကြီးတို့၏ စကားကို ကျွန်တော်တို့ မှတ်သားခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်း အရွယ်ရောက်သော အချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမအစည်းအဝေး၊ ပထမနေ့၊ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံစကားပြောရင်း လဘက်ရည်ဝိုင်းဖွဲ့ခဲ့သည်။ အဆိုပါ နွေးထွေးသော လဘက်ရည်ဝိုင်းသည် သတင်းထောက်တစ်ဦး၏ ခရိုနီများနှင့် ပတ်သက်သော မေးခွန်းကြောင့် ပိုမိုသက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ရာတွင် အာဃာတကို အခြေခံပြီး၊ လုပ်သည်ကို မကြိုက်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။ အကယ်စင်စစ်၊ မကျေနပ်မှု၊ ဖိနှိပ်ခံရမှု၊ မတရားခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် အာဃာတဖြစ်ပြီး၊ အာဃာတကြောင့် မသင့်မမြတ် ဖြစ်ကြရသည်။ အာဃာတသည် အကြောင်းမဲ့ ဖြစ်လာခြင်းမဟုတ်။ ထို့ကြောင့် ဖြစ်ရသည့် အကြောင်းများကို ချေဖျက်မှ၊ အာဃာတလည်း ပျောက်မည်ဖြစ်သည်။ လတ်တလော ခရိုနီများကိစ္စကို ကြည့်လျင်၊ မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူအတော်များများက မည်သူတို့သည် ခရိုနီကြီးများဖြစ်သည်ကို ကောင်းကောင်း သိကြသည်။ ထိုခရိုကြီးများအနေဖြင့်၊ အများပြည်သူအနေဖြင့်၊ အာဃာတ ဖြစ်စေခဲ့ရသော အကြောင်းများကို ဦးစွာ အထုပ်ဖြေ၊ ရှင်းပြခြင်းသည် အကောင်းဆုံး အာဃာတ ဖြေဖျောက်ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။

စကားမစပ်၊ လက်ရှိမြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင်လည်း အာဃာတကို ဘေးဖယ်ထားသည့်မူ၊ လမ်းစဉ်တို့ကို ကိုင်စွဲဆောင်ရွက်မည်ဆိုလျင် ကောင်းလေစွဟု မြည်တွန်တောက်တီးမိသည်။ ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစုများ အကြားတွင် မျက်နှာချင်းဆိုင် စကားမပြောနိုင်သည်မှာလည်း ထိုအာဃာတကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ပြည်နယ်များ၏ လက်ရှိနိုင်ငံရေး အနေအထားကို ကြည့်လျင်၊ အာဃာတတရားများကို ဘေးဖယ်ထားပြီး၊ အတူလက်တွဲ အလုပ်လုပ်နေကြသည်မှာ အားရစရာဖြစ်သည်။ ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ပါတီတည်း ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်သည်။ သို့သော် တဖက်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများနှင့် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် အလုပ်သဘောဆွေးနွေးမှုများ၊ အစည်းအဝေးများကို ယနေ့အထိ ပုံမှန်ပြုလုပ်နိုင်မှု မရှိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ထွက်မိန့်ကြားသည့် အာဃာတမဲ့ မူဝါဒအပေါ် အခြေပြု၊ သုံးသပ် ဆင်ခြင်နိုင်မည်ဆိုလျင် အလွန်ကောင်းလေစွဟု ထပ်မံကောက်ချက်ပြုမိပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီအမျိုးမျိုးရှိကြောင်း၊ ခရိုနီဟုခေါ်ရသည်မှာ န၀တ၊ နအဖခေတ်တွင် ချမ်းသာလာကြသူများကို ခေါ်ခြင်းဖြစ်ကြောင်း၊ ခရိုနီများ ချမ်းသာလာကြပုံများသည် မတူညီကြကြောင်း၊ ချမ်းသာပုံ ချမ်းသားနည်းတွင် မတရားမှုများ ပါ၊ မပါကို စိစစ်ရမှာဖြစ်ကြောင်း၊ မည်သူဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ခရိုနီကြီးတို့ ခုန်ပေါက် ပျော်မြူးကြသည့်အချိန်တွင် ပြည်သူလူထုကြီးက ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။ ပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ရာတွင် အဓိကနေရာမှ ပါခဲ့သည့် ခရိုနီများကို သက်သေအထောက်အထား မရှိသဖြင့် အပြစ်မှ ကွင်းလုံးကျွတ် လွတ်စေဟု တစ်ချက်လွှတ် အမိန့်ချလိုက်ခြင်းပင် ဖြစ်သည်။ အကယ်စင်စစ်၊ မြန်မာပြည် တနံတလျားမှ ပြည်သူလူထု အများစုကြီးသည် အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ပြီး၊ မတရား ချမ်းသာကြွယ်ဝလာသော ခရိုနီများအကြောင်းကို ဘ၀နှင့်ရင်း၊ တွေ့ကြုံခဲ့ရ၊ တွေ့ကြုံနေရသဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် များစွာ နားလည် သဘောပေါက်ပြီးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အပြစ်ရှာမရအောင် လုပ်နိုင်သည့် အခြေအနေများ၊ ပံ့ပိုးမည့်သူများ၊ အင်နှင့်အားနှင့် ရှိနေချိန်တွင် ဘယ်ခရိုနီကြီးကို ပြစ်မှုထင်ရှားကြောင်း ပြနိုင်ပါမည်နည်း။ အခြေအနေအရ၊ ပြစ်မှုထင်ရှားအောင် မပြနိုင်လင့်ကစား၊ အများပြည်သူ၏ နှလုံးသားတွင် မည်သူတို့သည် ခရိုနီကြီးများ ဖြစ်သည်ကို သံမှိုဆွဲထားပြီးဖြစ်သည်။

http://www.thithtoolwin.com/2013/01/blog-post_2547.html#.UPc8VVLJ-_A

ဒေါက်တာရန်မျိုးသိမ်း
၁၁၊ ဇန်န၀ါရီ၊ ၂၀၁၃
=============================================================================
ကျုပ်တို့နိုင်ငံ ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘာဘူး ဘာကြောင့်လဲဆိုတော့ မသူတော်တွေ ကောင်းစားနေတာရယ်၊ ခရိုနီတွေကို ကျေးဇူးရှင်လို့ လက္ခံထားတာရယ်၊ ပြည်ပကနေ ပြည်တွင်းကပြည်သူအပေါင်းရဲ့ ဒုက္ခတွေကိုရောင်းစားပြီ ချမ်သားလာခဲ့တဲ့ NGO ခရိုနီတွေက လုပ်စားနိုင်ငံရေးအတွက် နိုင်ငံရေးခုံဝယ်တာကို အစိုးရနဲ့အခြားသော နိုင်ငံရေးပါတီတွေက လက်ခံနေတာတွေက ကျုပ်ပြောတဲ့ ကျုပ်တို့နိုင်ငံ ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘာဘူးဆိုတဲ့ အကြောင်းရင်းတွေသာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ကျုပ်တို့ပြည်သူတွေအတွက်ပါ၊ သနားဖို့အလွန်ကောင်းဆုံးကတော့ ကျုပ်တို့ပြည်သူတွေပါ။ တိုင်းပြည်နဲ့ပြည်သူတွေအတွက်တော့ အားလုံးအတွက် အမုန်းခံပြီပြောရအုံးမယ် မကြိုက်ရင်လဲ ကြိုက်တဲ့နည်းနဲ့တုံပြန်နိုင်တယ် အမှန်တရားဖက်မှာ ရပ်တည်ရတာကိုဘဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။
ရွှေထီး(၈၈၈၈)
=============================================================================
သို့-

ကျနော့် ခံယူချက်ကြောင့် လိုအပ်လာတဲ့ သူများ-နိုင်ငံရပ်ခြားက ထောက်ပံ့တဲ့ ပိုက်ဆံနဲ့ 8888 တော်လှန်ရေးလုပ်လာတာ ၂၆-နှစ်ရှိပြီ–လို့ ပြောရင် ကိုယ့်ကိုယ်ကို ဆန်းစစ်ရဲသူတွေသာ သိပါလိမ့်မယ်–။ အဲလိုပဲ မြန်မာပြည်ရဲ့ မြေကြီးအောက် ချမ်းသာမှုကို ဖေါ်ထုတ်ခဲ့သူတွေက ခရိုနီတွေက သေနတ်မကိုင်ရုံတမယ် အုပ်ချုပ်လာတာလဲ ၂၆-နှစ် ရှိပါပြီ–။ ကျနော်တို့တတွေ တပြေးထဲပြေးအောင် လုပ်ခဲ့သူတွေကလည်း မြန်မာပြည်ရဲ့ သံယံဇာတနဲ့ ချမ်းသာနေတာ အဆန်းမဟုတ်ပါဘူး–။ ဒီကြားထဲ နိုင်ငံခြားသား ခံယူထားသူတွေကလည်း မနည်းတော့ဘူး မဟုတ်လား–။ ဒေါ်စု နေတဲ့ ခြံကို အမွေ ၀င်လုတဲ့ အစ်ကိုဖြစ်သူ နိုင်ငံခြားသား ခံယူထားသူလိုတော့ မငြီးတွားကြစတမ်းပါ–။ ဒါပေမဲ့–အမေရိကန်နိုင်ငံရေးမှာကော ကျနော်တို့တတွေ ဘယ်လောက် ၀င်ပါခဲ့ကြလို့လဲ–။ ပရိုပိုဆယ် တောင်းတတ်တာကလည်း ပညာတပါးပါပဲ–။

တကယ်တော့ ကျနော်တို့တတွေ မနာလိုဝန်တိုမှုတွေကို မှန်နဲ့ ပြန်ကြည့်–ရိုးသားရင်းအမှန်နဲ့ မြန်မာပြည်ကို တည့်တည့် ပြန်ကြည့်တတ်အောင် ကျိုးစားကြဖို့တော့ လိုလိမ့်အုံးမယ်–။ ပိုက်ဆံချမ်းသာပြီး မေတ္တာတရားခေါင်းပါးသူတွေ မြန်မာပြည်မှာ အများကြီး ရှိတယ်–အဲဒီသူတွေကို ခရိုနီလို့ ခေါ်တယ်–။ ဒီတော့ ခရိုနီနဲ့ ပရိုပိုဆယ် ဘာကွာသလဲ–။ စေ့စေ့ကြည့်တတ်ဖို့တော့ လိုမယ်–။

ကြမ်းခင်းဈေးကတော့ –မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ နိုင်ငံခြား ရောက်လာပြီး မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ ကျနော်–ခင်ဗျား မပါပဲ ၂၆-နှစ်တာ ဖုတ်လှိုက်ဖုတ်လှိုက် ဖွဲ့စည်း ရပ်တည်ခဲ့တဲ့ ကြံ့ကြံ့ခံခဲ့တဲ့ အဖွဲ့ချုပ်ကို သင် ဘယ်လောက် ကူညီခဲ့သလဲ-ဒေါ်စုကို ရိုးမယ်ဖွဲ့ သစ်ပင်ထိပ်ကို မိုကြိုးပစ်ဖို့ မကြံပဲ သင်ဘယ်လို-ကူညီနိုင်မလဲ ဆိုတာပဲ ရှိပါတယ်–။ ဒီမိုကရေစီတော်လှန်ရေးသမား ခင်ဗျား ကြီးပြင်းလာတဲ့ မြို့ကို ကျနော် သိစရာ မလိုပါ–ခင်ဗျားနယ်သားတွေက သိကြပါတယ်–။ နောက်ကျတယ်တော့ မရှိဘူး ထင်တာပါပဲ–

ဆလိုင်းလော်မာ
=============================================================================
About the Crony;
# DASSK’s philosophy is more practical. She can enter into the program which is behind the window. There is no doer, only doing; no feeler only feeling in the universes. According to the Law of Kamma, every moment of mental life is counted. Let’s say; you are angry. When your anger is strong, you can not stop it right away. But you can drive your anger with your wisdom to not destroy yourself and the others. Depend on the power of the wisdom, you can control them. But without your wisdom, trying to stop the anger with other different ways are going to the destroying something only; may be yourself or may be the others.
Therefore, we need both to eliminate the crony in our Nation, since we don’t have enough wisdom to stop them. It is the same as; Meditation and Dutin go together to clean up our stupid mind energies.
DASSK’s philosophy is the same with meditation practice. U Win Tin and the others’ philosophy are the same as Dutin practices.
This is what I see.
Happy Karen New Year!
Best,
Saw Pyi Thein
=============================================================================
Suu Kyi’s links to notorious Burmese weapons dealer exposed
By Francis Wade Jan 15, 2013 1:25PM UTC

Aung San Suu Kyi. Maybe not as squeaky clean as people had hoped. Pic: AP.
A very interesting piece ran in The Times (UK) today under the headline, ‘Suu Kyi under fire for taking money from cronies of the former regime’. The paper cited sources from her National League for Democracy (NLD) party who admitted to “receiving hundreds of thousands of pounds from companies owned by the reviled bosses”, who reportedly include Tay Za and Zaw Zaw, two of the country’s most notorious tycoons.
According to a recent Irrawaddy article, the Tay Za-owned conglomerate, Htoo Trading, donated $82,353 to NLD education and health initiaves. Suu Kyi responded to the criticism by saying that the businessmen had contributed to a good cause. “What is wrong with that? … People may have become rich in different ways. What must be investigated is whether they were involved in any illegal action to make themselves rich,” she said.
That final statement is a bizarre one for her to make, given the notoriety of the cronies. A US cable from 2009 states: “Rumors abound that Tay Za has long smuggled Chinese weapons into Burma via his aviation and trading businesses.” Another donor, Kyaw Win, who gave $158,824 to the NLD via his subsidiary company Sky Net, is closely linked with recent land confiscations, while Zaw Zaw, like the rest, had been under US and EU sanctions (the magnate’s Max Myanmar consortium is one of Burma’s biggest, and helped build the new capital Naypyidaw). Considering the backgrounds of the donors, the money may well be tainted.
Suu Kyi is believed to have met with both Tay Za and Zaw Zaw several times between her release from house arrest and election to parliament in April 2012, although it is unclear what the nature of the meetings was. The NLD has not revealed whether it probed how each donor generated the funds.
Prior to becoming a politician, the opposition icon had long supported sanctions against the former junta and its cronies who dominate the economy. In a 1997 interview she said: “Unless there is free and fair competition, there can’t be healthy economic development. And what we have in Burma now is not an open-market economy that allows free and fair competition, but a form of colonialism makes a few people very, very wealthy. It’s what you would call crony capitalism.”
The use of Tay Za’s donations are particularly irksome, considering the relationship between Burma’s military and the opposition. As well as the alleged procurement of Chinese weapons, his Myanmar Avia Company is thought to have close business ties with Russia’s major state-owned military aircraft manufacturer, MAPO. “Opposition groups and military analysts say Tay Za’s position at Avia Export made him instrumental in the military’s purchase in 2001 of 10 MiG 29 jet fighters valued at US$130 million,” said Asia Times in 2008.
At a time when the Burmese military is using air strikes on Kachin army positions in the north, and yesterday’s shelling of the town of Laiza, which killed three civilians, Suu Kyi’s attempts to shrug off the controversy will grate. During a UK parliamentary session yesterday on the attacks in Kachin state, an MP said that “the planes [used by Burmese army] are of Chinese origin and the gunships are Russian.”
The Nobel Peace Laureate has been criticized for failing to speak out on behalf of the Kachin, and her recent statements on cronies (“Give them a chance to reform”) and the military (“I have a soft spot for the army”) won’t help. Benedict Rogers, from Christian Solidarity Worldwide, thinks the revelations “disappointing for many who viewed her as a moral leader in the mould of Gandhi or Martin Luther King.”
A feeling is growing that the democracy icon is treading on increasingly thin ice – she has refused to condemn army assaults in Kachin state, and speak out on the ethno-religious crisis in Arakan state. She would do well to really tackle head on the recent criticism she has received, rather than the high-handed responses she is increasingly deploying to answer critics.

http://asiancorrespondent.com/95445/suu-kyis-links-to-notorious-burmese-weapons-dealer-exposed/

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.