Password မေ့နေသူများ ဒီလိုလုပ်ကြည့်ပါ

+++++++++++++++++++++++++

တတ်လှစွာသော ဆောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။

တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမှု ပျက်၏။

တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။

တပည့်တို့ကား လခွဲကင်းမူ ပျက်၏။
လောကနီတိ
_________________
An accomplished harpist becomes weak in his musical skill if separated from his harp for five days. An expert archer becomes faulty if he is away from his bow and arrow for seven days. A virtuous wife is liable to folly if she is separated from her husband for a month. Pupils would falter in their lessons if they are away from their teacher for half a month.
Lokaniti

+++++++++++++++++++++++++

” ပျောက်သောသူ ရှာရင်တွေ့ … သေသောသူ ကြာရင်မေ့ …  “

ဆိုတဲ့ စကားလိုပေါ့ ……။

ကြာရင်တော့ မေ့သွားတတ်တာဟာ ဓမ္မတာ တစ်ခုလို့ ဆိုနိုင်လေမလားပဲ …။

ခုလည်း ဒီလိုပေါ့နော် …….။

 

ကျနော်တို့ မသုံးတာ ကြာသွားတဲ့ အခါမျိုးမှာ Login ဝင်ဖို့အတွက် Password တင် မက၊ တစ်ခါတစ်ခါ ကိုယ့်ရဲ့ Username ပါ မေ့နေတတ်တာမျိုး ဖြစ်တတ်ပါတယ်။

အဲ … Mail Account များတဲ့ လူဆိုရင် ဘယ် account နာမည်နဲ့ ဝင်ခဲ့မှန်းတောင် စဉ်းစားရနိုင်ပါတယ်။

ဒါကြောင့် …. အခု အထက်ကလို Login ဝင်ဖို့ Password သော်လည်းကောင်း၊ Username သော်လည်းကောင်း မေ့နေသူများ အဆင်ပြေစေဖို့အတွက် ကိုယ် Register လုပ်ခဲ့စဉ်က အသုံးပြုခဲ့၊ ပေးခဲ့တဲ့ Mail Account ကို သိရုံနဲ့ ပြန်လည်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းလေးကို မသိသေးသူများ အတွက် ရည်ရွယ်လို့ ဖော်ပြလိုက်ပါတယ်။

ပုံလေးတွေနဲ့ပဲ … အောက်မှာ ရှင်းလင်းချက်လေး တွေနဲ့ အတူ ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ …။

 

အားပေး၊ ကြည့်ရှု သွားကြသူအပေါင်းကို ကျေးဇူး ကမ္ဘာပါလို့ ….။

+++++++++++++++++++++++++

 

ဒီမှာ Login ဝင်ဖို့ဆိုရင် ... ဟိုထဲက Login ကနေ ဝင်လို့လဲ ရသလို၊ Browser ရဲ့ Address ဘားမှာ ဒီလိုလေး ရိုက်ပြီးလည်း ဝင်လို့ ရနိုင်ပါတယ်။ (မိုဘိုင်းဖုန်းမှာ Login ဝင်လို့ မရသူများ ဒီနည်းနဲ့ Login ဝင်နိုင်ပါတယ်။)
ဒီမှာ Login ဝင်ဖို့ဆိုရင် … ဟိုထဲက Login ကနေ ဝင်လို့လဲ ရသလို၊ Browser ရဲ့ Address ဘားမှာ ဒီလိုလေး ရိုက်ပြီးလည်း ဝင်လို့ ရနိုင်ပါတယ်။ (မိုဘိုင်းဖုန်းမှာ Login ဝင်လို့ မရသူများ ဒီနည်းနဲ့ Login ဝင်နိုင်ပါတယ်။)

 

Login Page ကို ရောက်ပြီဆိုရင် မြှားပြထားတဲ့ နေရာလေးကို နှိပ်လိုက်ပါ။
Login Page ကို ရောက်ပြီဆိုရင် မြှားပြထားတဲ့ နေရာလေးကို နှိပ်လိုက်ပါ။

 

ဒီလိုလေး ပေါ်လာရင် အပေါ်က ဘောက်ထဲမှာ  Username ဖြစ်ဖြစ်၊ Email ဖြစ်ဖြစ် ဖြည့်ပေးရပါမယ်
ဒီလိုလေး ပေါ်လာရင် အပေါ်က ဘောက်ထဲမှာ Username ဖြစ်ဖြစ်၊ Email ဖြစ်ဖြစ် ဖြည့်ပေးရပါမယ်၊ ပြီးရင် အောက်ကဟာကို နှိပ်လိုက်ပေါ့ဗျာ

 

 

ဒီလိုမျိုး ပေါ်ပြီဆိုရင်တော့ ကိုယ့်ရဲ့ မေးလ်ကို သွားပြီး စစ်ရပါမယ်။
ဒီလိုမျိုး ပေါ်ပြီဆိုရင်တော့ ကိုယ့်ရဲ့ မေးလ်ကို သွားပြီး စစ်ရပါမယ်။

 

ကိုယ့်မေးလ် ထဲကို ဒီလိုမျိုး အီးမေးလ်တစ်စောင် ရောက်လာပါလိမ့်မယ်။ ဖွင့်လိုက်ပါ။
ကိုယ့်မေးလ် ထဲကို ဒီလိုမျိုး အီးမေးလ်တစ်စောင် ရောက်လာပါလိမ့်မယ်။ ဖွင့်လိုက်ပါ။

 

Username မသိသူများ အတွက် ဒီမှာ Username ပါ ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ ကိုယ်က Password ပြန်ပြောင်းမှာ ဆိုတော့ကာ မြှားပြထားတဲ့ လင့်ခ်ကို နှိပ်လိုက်ပါ။
Username မသိသူများ အတွက် ဒီမှာ Username ပါ ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ ကိုယ်က Password ပြန်ပြောင်းမှာ ဆိုတော့ကာ မြှားပြထားတဲ့ လင့်ခ်ကို နှိပ်လိုက်ပါ။

 

 

ဒီနေရာကို ရောက်ရင် ကိုယ် ပြောင်းလဲချင်တဲ့ Password ကို အပေါ်နဲ့ အတူတူ ပေးလိုက်ပါ။ ပြီးသွားရင် အောက်နားက ဟာလေးကို နှိပ်လိုက်ပေါ့ဗျာ။
ဒီနေရာကို ရောက်ရင် ကိုယ် ပြောင်းလဲချင်တဲ့ Password ကို အပေါ်နဲ့ အတူတူ ပေးလိုက်ပါ။ ပြီးသွားရင် အောက်နားက ဟာလေးကို နှိပ်လိုက်ပေါ့ဗျာ။

 

ဒီလိုမျိုး ပေါ်လာပြီဆိုရင် အိုကေမှာ စိုပြေသွားပါပြီ။ ဒီထဲကမှ Login ဆိုတာလေးကို နှိပ်၊ Login Page ပေါ်လာတဲ့အခါ မေးလ်ထဲက Username ရယ်၊ စောစောက ပြောင်းထားတဲ့ Password ရယ်နဲ့ ဝင်လိုက်ပါ။ ရသွားပါပြီ။
ဒီလိုမျိုး ပေါ်လာပြီဆိုရင် အိုကေမှာ စိုပြေသွားပါပြီ။ ဒီထဲကမှ Login ဆိုတာလေးကို နှိပ်၊ Login Page ပေါ်လာတဲ့အခါ မေးလ်ထဲက Username ရယ်၊ စောစောက ပြောင်းထားတဲ့ Password ရယ်နဲ့ ဝင်လိုက်ပါ။ ရသွားပါပြီ။

 

+++++++++++++++++++++++++

ကျနော် စမ်းတာတော့ အားလုံး အိုကေပါပဲ ….။

အကယ်၍များ တစ်ခုခု မှားယွင်းနေတာ ပါခဲ့ရင် ပြောကြပါဦးလို့ ….။

+++++++++++++++++++++++++

22 comments

  • ခိုင်ဇာ

    January 17, 2013 at 1:45 pm

    အဲဒီ စစ်ရမဲ့ အီးမေး Password မေ့နေရင်ရော….?
    :mrgreen:

    • surmi

      January 17, 2013 at 2:07 pm

      ဟုတ်တယ် အီးမေး ပါ ့စ်ဝါ ့မေ ့တတ်တာလည်း ဒုက္ခတစ်ပါးပါပဲ …

      • ဒါလေးများ .. ဒါလေးများ ..
        Recovery Email ကို အားကိုးလိုက်ပေါ့ကွယ်ရို့ ….
        အိုက် ရီကာဗာရီ မေးလ်ပါ သိဝူးးဆိုရင်ဒေါ့ ..
        အသစ် တစ်ခုဖွင့်လိုက်ပေါ့လို့ … :mrgreen:

  • ကြည်ဆောင်း

    January 17, 2013 at 2:36 pm

    အတော်ဘဲ ဖုန်းထဲကနေ Log in ဝင်လို့မရလို့ စနေ တနင်္ဂနွေတွေမှာ စိတ်ဆင်းရဲနေရတာ..
    အခုတော့ အံစာတုံး ကျေးဇူးနဲ့ ဂဇက်နဲ့ အဆက်မပြတ်တော့ဘူးပဲ…

    • အိုက်လောက်တောင်ဘဲလားဂျ …
      အစကတော့ …
      ဂဇက် ကို မဝင်ရ မနေနိုင်တာ ..
      ကျုပ်က ကျုပ်တီယောက်တည်း မှတ်နေဒါ …
      အဖော် ချိတားဟ … :mrgreen:

  • ရွာသူ jujuma .

    January 17, 2013 at 2:52 pm

    ကျေးဇူးပါ ဦးဦး အံ …

  • kyeemite

    January 17, 2013 at 3:39 pm

    ကျေးဇူး အကြီးကြီးတင်ပါတယ် မစ္စတာအံဇာတုံး
    :kwi:

    • ဟက်ကဲ့ …

      ဥကျီးမိုက် နဲ့ ဂျူဂျူမ ဒို့ဂိုလည်း
      တားတား လူဂျို ချောချောလေး
      အံချာဒုံး ဂလည်း တေးဇူး အားလကီး ဘာလို့ …..

  • ဘဲဥ

    January 17, 2013 at 5:52 pm

    အစိမ်းရောင်ဂျီးဒွေနဲ့ ချယ်ထားဒဲ့နေရာဒွေကို တိချင်ရင်ရော ဘိုလုပ်ရမှာဒုံးအေ့

    • တဂယ် သိဂျင်ရားး
      အိုက်ဒါ သိဂျင်ရောဒေါ့ …
      တခြား နည်းလမ်း ချိဝူးးး
      နာ့ဂို တောင်မလေး ခပ်ချောချောလေးနဲ့
      အဆင်ပျေအောင် လုပ်ပေး …
      အိုက်ဒါဆို ညည်းဂို အိုက်ဒါဒွေ မျင်ရမယ့်နည်းလမ်း ပေါမယ် … :mrgreen:

      • ဘဲဥ

        January 17, 2013 at 7:33 pm

        အေးအေး ပို့ပေးလိုက်မယ် ဘယ်လိုပုံချံလေးဒေဂို နင်ဂဘောကျဒါလဲ နာ့ချီမှာ အားဂျီးချိဒယ်နော်
        :chit:

        • ဟဲ့ … ဟဲ့ ..
          နာဂ တဂယ့် လူဒါး အပိုစင်လေးဂို ကြောဒါ ..
          ဟိုဒင်းထဲက ဟာဂျီးဒွေဂ ထိုင်ကျည့်ရုံဘဲ ရဒါ …
          အိုက်ဒါဒွေဆို နာ့ဆီမှာတောင် တစ်ပုံဂျီးးးး :mrgreen:

  • mashwetote

    January 17, 2013 at 7:34 pm

    သူများတွေရေးထားတာတွေ့ဖူးတာတော့ password ကို incorrect လို့လုပ်ထားလိုက်တဲ့။ အဲဒီတော့ password မေ့သွားလို့ မှားရိုက်မိရင် “Your password is incorrect” ဆိုပြီးထွက်လာတော့ “သင့် password ဟာ incorrect ဖြစ်ပါတယ်လို့ ကို့ကိုသတိပေးသလိုဖြစ်သွားရောပေါ့။

    • မရွှေတုတ် ကြောဒါ …
      ကျုပ်တော့ သဘောပေါက်ဘူးရယ် ..
      အဲ့လောက် တော်ဒါ .. အဟီးး :mrgreen:
      ဘာဂို ကြောဒါဒုံးဟင်င် ..

  • မောင်ပေ

    January 17, 2013 at 8:19 pm

    သည်ပို ့စ်ကို ကော်သွားပါတယ်နော
    ပျောက်သောသူနဲ ့ဆုံခဲ့လို ့ရှိရင်
    မဟာအံစာတုံးနည်း ဆိုပီး
    ထပ်ရှဲပေးရတာပ
    ဘာပဲဖြစ်ဖြစ်
    ရခ ရှဲရှဲ

    • ဟေ့လူ ….
      ရခ … တို့ ..
      ရခိ တို့ မပါဘဲနဲ့ ပြောလို့ ရဘူးလား ….
      ဟိုက ခလုတ်တိုက်ပြီး မြင်သွားရင်
      ကျုပ်ကို တစ်မျိုး မြင်နေဦးမယ် …

  • Mr. MarGa

    January 17, 2013 at 8:37 pm

    password ဆိုလို့
    ဂျီမေးလားလို့
    ဒီနည်းကတော့ လုပ်ဖူးတယ်
    ရွာနဲ့ တော်တော်ကွာနေတုန်းက မေ့သွားလို့

    • အိုက်ဒါ ပေါဒါပေါ့ ….
      မေ့တွားလို့ … ဆိုတာ ….
      အေးလေ .. မေ့မှာပေါ့ …
      ကျုပ်လို ဉာဏ်ပညာ ထိန်ထိန်တောက် ထက်ထက်မြက်မြက် ထူးထူးချွန်ချွန် စူးစူးရှရှ တောက်တောက်ပြောင်ပြောင် ….
      မှ .. မဟုတ်ဒါ … :mrgreen:

  • kai

    January 18, 2013 at 6:45 am

    တတ်လှစွာသော ဆောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။
    တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမှု ပျက်၏။
    တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။
    တပည့်တို့ကား လခွဲကင်းမူ ပျက်၏။
    လောကနီတိ

    တဲ့..
    ပေါက်တတ်ကရကွယ်.. :harr:
    အဲဒီလောကနီတိစာအုပ်ကြိးအကြောင်း.. ကိုမိုးသီးဇွန်ဝေဖန်ထားတာရှိတယ်..
    ဖတ်သင့်ကြောင်း..

    မြန်မာနိင်ငံမှာ အာဏာရှင်စနစ် သက်ဆိုးရှည် ရတဲ့အကြောင်းက အာဏာရှင်စနစ်ယဉ်ကျေးမှု ရှိနေလို ့။ ဒီယဉ်ကျေးမှုကိုသွပ်သွင်းထားတဲ့ စဏကျရဲ ့လောက နိတိဆိုတဲ့ စာအုပ်ကို ကိုမိုးသီး က ရဲရဲရင့်ရင့်ဝေဖန် ထားတယ်။ လောကနိတိကို သူလိုစနစ်တကျပိုင်းခြားဝေဖန်မှု သမိုင်းမှာမရှိသေးဘူး။ ဒီမှာကလစ် ။ ဒါကိုဖတ်။ စာအုပ်အနေနဲ ့ဖတ်ခြင်သူတွေအတွက် ၁ဝ ဒေါ်လာ နဲ ့ဝယ်ယူအားပေးနိင်တယ်။

    =
    ကိုရင်ဇာ့ပို့စ်ကို..
    http://myanmargazette.net/writing-guidelines/
    မှာကူးတင်ထားလိုက်ပါကြောင်း… :kwi:

    • kai

      January 18, 2013 at 6:57 am

      ထေရဝါဒဗုဒ္ဓဘာသာထဲ.. ဟိန္ဒူအယူအဆတွေ..ရောသမမွှေသွားတဲ့.. ပညာရှိစဏကျအကြောင်း.. သိချင်ရင်..
      http://en.wikipedia.org/wiki/Chanakya
      မှာဖတ်နော..
      ပြီးမှ.. ဗုဒ္ဓဘုရားဟော(တရား)အစစ်ကို.. ပိတ်ကာထားတဲ့.. ပတ်စ်ဝပ်လေးတွေနဲ့..ပြန်ဖော်ပေါ့… :kwi:

      Chanakya About this sound pronunciation (help·info) (c. 370–283 BCE)[2] was an Indian teacher, philosopher and royal advisor.

      Originally a professor of economics and political science at the ancient Takshashila University, Chanakya managed the first Maurya emperor Chandragupta’s rise to power at a young age. He is widely credited for having played an important role in the establishment of the Maurya Empire, which was the first empire in archaeologically recorded history to rule most of the Indian subcontinent. Chanakya served as the chief advisor to both Chandragupta and his son Bindusara.

      Chanakya is traditionally identified as Kautilya or Vishnu Gupta, who authored the ancient Indian political treatise called Arthaśāstra.[3] As such, he is considered as the pioneer of the field of economics and political science in India, and his work is thought of as an important precursor to Classical Economics.[4][5][6][7] Chanakya is often called the “Indian Machiavelli”,[8] although his works predate Machiavelli’s by about 1,800 years.[9] His works were lost near the end of the Gupta dynasty and not rediscovered until 1915.[5]

  • Thet Aung

    February 5, 2013 at 2:03 pm

    တားတားရဲ မတိရို ့မေးပါရစေ Comment တွေရဲ ့ဘေးမှာ အစိမ်းရောင်လေး တွေနဲ ့-1 တို ့+1တို ့ပေါ်နေတာဘာလို ့လဲ…

    • အိုက်ဒါဂ …
      ကိုယ်က ကွန်မန့်တစ်ခုကို ကြိုက်ဒယ်ဆို ..
      +1 .. အစိမ်းလေး လုပ်ပေးလို့ ရဒလို …
      မကြိုက်ဘူး ဆိုရင်လည်း -1 … အနီ အဲ .. အဝါလေး လုပ်လိုက်လို့ ရဘာဂျောင်း …
      အိုက်ဒါဂို ဆိုလိုဒါဘာ …
      သို့ပေသိ .. အိုက်ဒီ အမှတ်အသားကတော့ အတည်ယူလို့ မရနိုင်ဘာဂျောင်း ….

Leave a Reply