သူ့နေရာနဲ့ သူ …..

Khaing KhaingJanuary 17, 20131min28141

လောကကြီးထဲမှာ လူတိုင်းလူတိုင်းဟာ သူ့ကိုယ်ပိုင်စွမ်းဆောင်ရည် အရည်အချင်းရှိဆိုတာ ကိုယ်စီ ရှိကြစမြဲပါ …… ငါက ဆရာဝန်မို့ သူများထက်ပညာတတ်တယ်ဆိုပေမယ့် …. အဲဒီဆရာဝန်အိမ်မှာ အိမ်သာပျက်ရင် ဆရာဝန်က အဲဒီနေရာမှာ ကျွမ်းကျင်စွာပြင်နိုင်မယ့် အိမ်သာပြင်ဆရာတစ်ဦးကို ခေါ်ရမှာပဲ …..

ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ယောက်က ငါငွေရှာနိုင်တယ် ငါ့အိမ်မှာ ခေါ်ခိုင်းထားတဲ့ သူတွေအပေါ် ကို မောက်မောက်မာမာဆက်ဆံမယ် အရေးမလုပ်ဘူး ဒါမျိုးစိတ်ဓာတ်လည်း မထားသင့်ပါဘူး … လောကမှာ သန့်ရှင်းရေးလည်း သန့်ရှင်းရေးအလျှောက် သူ့တန်ဖိုးသူရှိစမြဲပါ …… တကယ်တမ်း သူဌေးသာ ကျွန်ဖြစ်နေတာကို မိမိကိုယ်မိမိမသိရှိတာပါ …. သူတို့က တစ်နေကုန်တစ်နေခန်း ရုန်းကန် လှုပ်ရှားတာကို အိမ်မှာရှိတဲ့ အိမ်အကူက သူတို့ရှာထားတဲ့ငွေနဲ့ ဈေးသွားချက်ပြုတ် ဘာမှ ခေါင်းစားစရာ မလိုပဲ သခင်ဖြစ်မှန်းမသိဖြစ်နေတတ်ပါတယ် …..

ကုမ္ပဏီကြီး တစ်ခုမှာ လူကြီးမန်နေဂျာ အရာရှိဆိုတာရှိမယ် …… သူဟာ ပညာတွေအများကြီးတတ်တယ် ချမ်းသာကြွယ်ဝနေတယ် …. သူ့လက်အောက်ငယ်သားဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို လျှစ်လျှူရှုထားမယ် …. အဲဒါဆို အဲဒီလူဟာ တစ်ခြားလူတွေအပေါ် ဘယ်လောက် ကောင်းကောင်း မိမိနဲ့တရေတည်း တသားတည်း အလုပ်လုပ်နေတဲ့ ဝန်ထမ်းအပေါ် ချိုးနှိမ် နားလည်မှုမရှိရာရောက်ပါတယ် ….. ဒီဝန်ထမ်းက သူ့အပေါ်ကောင်းလို့ ဒီကုမ္ပဏီကြီးက လည်ပတ်ကောင်းမွန်နိုင်သလို ဝန်ထမ်းရှိလို့လည်း အရာရှိလူကြီးဆိုတာ ဖြစ်စမြဲပါ …..

ဘာကိစ္စပဲလုပ်လုပ် ခိုင်းစရာရှိခိုင်းမယ် ….မိမိအောက်လက်ငယ်သားတွေကို  ပြောသင့်ပြော ထိုက်တဲ့ကိစ္စတွေ တိုင်ပင်ထိုက်တဲ့ ကိစ္စတွေကို အရေးစိုက်ပြောဆိုတိုင်ပင်စရာမလိုဘူးဆိုရင် အဲဒီလူကြီးက မိုးပျံအောင်တော်နေလဲ … စိတ်သဘောထားမပြည့်ဝတဲ့ လူကြီးတစ်ယောက်သာဖြစ်ပါလိမ့်မယ် ….. ကိုယ့်လက်အောက်ငယ်သားဝန်ထမ်း မည်သူမဆို .. လေစားထိုက်သူကို လေးစားတတ်တာ လူကြီးလူကောင်းပီသတယ်လို့ထင်ပါတယ် …… လူကြီးချင်းမှ လေးစားမယ် … ပညာတတ်ချင်းမှ လေးစားမယ် ….. ပိုက်ဆံရှိသူချင်းမှ လေးစားမယ် …… အဲဒီလိုလူဟာ ကိုယ့်ကိုကိုယ့်ဘယ်လောက်လူကြီးဖြစ်တယ်ပြောပြော အသက်ကြီးတဲ့လူကြီးတွေသာဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေး စိတ်ဓာတ်ပြည့်ဝတဲ့လူကြီးလူကောင်းတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး …….

ကျွန်မက ပတ်ဝန်းကျင်မျိုးစုံ နေရာမျိုးစုံမှာ ကျင်လည်ဖူးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် မမှားပါဘူး …… တစ်နေ့ ကျွန်မမိတ်ဆွေသစ်တစ်ယောက် ရရှိခဲ့ပါတယ် … အဲဒီမိတ်ဆွေက ကျွန်မနဲ့ရေခြားမြေခြားမှာ နေတဲ့သူတစ်ယောက်ပါ …..  အော် … အဲဒီမိတ်ဆွေအကြောင်း အနည်းငယ်ပြောပြရဦးမယ် … အဲဒီမိတ်ဆွေက အသင်းအဖွဲ့တစ်ခုမှာ နေရာအတော်ရထားတဲ့သူပါ …. သူ့နားမှာလည်း လူတန်းစားပေါင်းစုံက မိတ်ဆွေတွေနဲ့ ပျားပန်းခတ်မျှ များပြလှပါတယ် …. သူနဲ့ကျွန်မ မိတ်ဆွေဖြစ်ခဲ့ပေမယ့် …. သူ့ကျွမ်းကျင်မှုနဲ့ ကျွန်မကျွမ်းကျင်မှုနဲ့မတူခဲ့ပါဘူး …… မထင်မှတ်ပဲ သူ့ပတ်ဝန်းကျင်ထဲကို ကျွန်မရောက်သွားခဲ့တယ် ….. သူ့ပတ်ဝန်းကျင်ကလူတွေနဲ့လည်း ခင်မင်ခဲ့ပါတယ် ….. လူတိုင်းနဲ့မဟုတ်ပေမယ့် … လူအချို့နဲ့ပါ …. ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ စိတ်တူကိုယ်တူ အဆင့်အတန်းတူဆိုတာလေးတွေ ရှိတယ်လေ … ကိုယ်က သူများတွေကို ဘယ်လောက်ခင်ခင် လေးစားချင်ပေမယ့် …. ကိုယ့်ကို တဖက်လူကလည်း ခင်ချင်မှ ခင်မယ် … လေးစားချင်မှ လေးစားမယ် …….  ဒီလိုနဲ့ခင်မင်လာတဲ့လတွေကြာတော့ မထင်မှတ်ပဲ သူ့ပတ်ဝန်းကျင်မှာ ကျွန်မနေရာတစ်ခုကိုရရှိခဲ့တယ် …. သူကပွဲတစ်ခုကို လုပ်ခဲ့တယ် … အဲဒီပွဲမှာ မထင်မှတ်ပဲ …. ကျွန်မက ကံထူးသူဖြစ်ခဲ့ရတယ် ….. ကိုယ့်ကိုကိုယ်လည်းဝမ်းသာပျော်ရွှင်မိတယ် ……. ဒီပွဲက ရလာဒ်အတွက် ကျွန်မက သူ့ဆီကလက်ဆောင်တစ်ခုကို လက်ခံဖို့ အခွင့်အရေးတစ်ခုပေါ်လာခဲ့တယ် …….. လက်ဆောင်ပေးဖို့က ရေခြားမြေခြားဖြစ်နေတော့ အခက်အခဲတွေရှိနေတာပေ့ါလေ …. ကျွန်မနားလည်ခဲ့ပါတယ် …….  ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့လက်ဆောင်ကို ကျွန်မအတွက် ပို့ပေးလိုက်တယ်ဆိုတဲ့ သတင်းကို ကျွန်မရရှိခဲ့တယ် …… ဒါပေမယ့် အဲဒီအချိန်မှာပဲ ထိုမိတ်ဆွေဆီမှာ အားနည်းချက်ကို ကျွန်သိလိုက်ရတယ် ……. ပို့ပေးတဲ့လက်ဆောင်ကို မည်သူမည်ဝါဆီမှာ ရောက်ရှိနေကြောင်း ကျွန်မကို သတင်းမပို့အကြောင်းမကြားပေးသလို ….. ဒီဘက်က လက်ခံရရှိနေသူမှလည်း ကျွန်မကို သူ့ဆီမှာ လက်ဆောင်ရရှိနေကြောင်းကို အဆက်အသွယ်လုပ်ပြီး သတင်းမပေးခဲ့တော့ …… ကျွန်မနဲ့ အဲဒီလက်ဆောင်လေးဝေးခဲ့ရတယ် ….  နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တာကတော့ …… ထိုလက်ဆောင်လေးက ကျွန်မနဲ့မထိုက်တန်လို့မရလိုက်တာလို့ပဲ သတ်မှတ်လိုက်ပါတယ် …… ဒီလက်ဆောင်လေးက တကယ်ကို သန့်သန့်ရှင်းရှင်းနဲ့ ကံထူးစွာရခဲ့တာပါ ….. ကိုယ်ရသင့်ရထိုက်တဲ့အရာကို ကိုယ်ကအခါခါအထပ်ထပ်တောင်းပြီး ….. လေးလေးစားစားထိုက်ထိုက်တန်တန်ချီးမြှင့်မခံခဲ့ရတဲ့ ကိုယ့်ကိုယ်လည်း ဝမ်းနည်းဒေါသနဲ့ရှက်လည်းရှက်မိပါတယ် ……..

41 comments

  • Thuyazaw

    January 17, 2013 at 11:21 am

    _ _
    O O
    ||

    >>>>>??<<<<<

  • ခိုင်ဇာ

    January 17, 2013 at 11:22 am

    မရခဲ့ ရရင်လည်း သူ့ အကြောင်းမကြားမှုကြောင့်ပါ ခိုင်ခိုင်ရယ်။
    ဝမ်းလည်းမနည်းပါနဲ့။ ရှက်လည်းမရှက်ပါနဲ့ ညီမလေး။
    ကိုယ့် စိတ်ပင်ပန်းပါတယ်။ ..

  • Mon Kit

    January 17, 2013 at 11:25 am

    ခိုင်ခိုင်ရေ.. အားပေးဖတ်ရှုသွားပါတယ်…
    မွန်ကစ်အမြင်တော့ လက်ဆောင်ပို့လိုက်တဲ့ သူငယ်ချင်းကို လက်ဆောင်ပို့လိုက်တာ ကျေးဇူးတင် ဝမ်းသာကြောင်းနဲ့ ဘယ်သူ့ဆီ ပို့လိုက်လဲ သိအောင် ပွင့်ပွင့်လင်းလင်း မေးလိုက်စေချင်တယ်…
    ခုတော့ …. :byae:

  • ရှင်းရှင်းမပြောတော့ ရှင်းရှင်းမေးလိုက်ပေါ့ အေ
    နောက်မှ သွားမယူချင်မယူနဲ့ပေါ့

  • ဗုံဗုံ

    January 17, 2013 at 12:52 pm

    ဘာမှဝမ်းမနည်းပါနဲ့ မမခိုင် သူ့ဆီသွားပြီး ” ပေးမှာလားမပေးဘူးလား “လို့ တစ်ခွန်းတည်းဘဲမေးလိုက် ပေးရင်ယူလာခဲ့လိုက် အဲ မပေးရင်တော့ ” မပေးနေပေါ့ ” လို့ပြောပြီး ပြန်ခဲ့လိုက် :mrgreen: (စတာနော်)

  • ရွာသူ jujuma .

    January 17, 2013 at 1:02 pm

    ပို့ပေးတဲ့သူရော လက်ခံတဲ့သူပါ သိနေတာပဲလေ ..
    ရှင်းရှင်းလင်းလင်းသိရအောင်မေးသင့်တာပေါ့ …

  • etone

    January 17, 2013 at 4:57 pm

    ဟော့တော် ..နာ့ယောက္ခမ လက်ချောင် အဒူဖြောင်တွား ဒုံး …ကြောချမ်းပါ ..ကြောချမ်းပါ …
    နာ့ယောက္ခမအဖြစ်လည်း .. ထီပေါက်လို့ ပျော်နေတုန်း .. ထီလက်မှတ်ပျောက်သလိုပဲ … အဟီးးးးးးးးးးးးး
    မရထိုက်လို့လို့ ယူဆပါ ယောက္ခမ … သားလေးပေးရင် အကောင်းဆုံး ဆိုဒါတွေက ယောက္ခမအတွက်ပါပဲ ..ဂယ်.. ဂယ် .. :kwi:

    • ဘဲဥ

      January 17, 2013 at 7:40 pm

      အာပျိုဂျီး မမအီးဒုံးဂ တားတားလေးဂို မျက်စောင်းထိုးရင်
      ဟောဒီဂ ဥဥလေးဂလည်း တာမီးလေးဂို ခွက်စောင်းခုတ်မယ်
      မာမီခိုင်….. တားတားဥဥလေးဂို တာမီးလေးနဲ့ အမြန်ဇုံး စီဇင်ပေးဘာ …. ဒါဗျဲ ဟွင်း ဟွင်းးးးး

    • Khaing Khaing

      January 18, 2013 at 10:19 am

      အီးတုံးနဲ့ ဥဥ …. လူကြီးတွေ စကားကောင်းပြောနေတာ … အရေးထဲ ပဲလှော်ဝင်နှိုက်နေသေးတယ် …. ဖွတ်မရဓါးဆုံး ငါ့သားသမီးတွေဂိုပါ သူတို့ပေးရဦးမယ် …. အွန်း … ချဉ်စရာ …..

      • etone

        January 18, 2013 at 11:56 am

        ရော် .. ယောက္ခမရယ် .. ကိုယ့်နာမည်နဲ့ပေးတဲ့ပစ္စည်း ကိုယ့်လက်ထဲမရတဲ့ လက်တလုံးကြား ခံစားမှု ဖီလင်လေး .. အတွေ့ ကြုံရတာပေါ့အေ .. ကြံဖန်ပြီး ကျေနပ်ပလိုက်ချမ်းပါအေ့ …. ဟိ :mrgreen:

  • မာမီရေ …..
    မာမီ ဘာကြောဒါလည်း တားတား သိဒယ်နော် ..
    တားတားဒေါ့ ဘာမှ ကြောဒေါ့ဝူးးး
    တီခုဒေါ့ ချိဒယ် … ဘာဒဲ့ …..
    “ယောနိသော မနသိကာရ” …. ဒဲ့ဂျ …
    အခြေအနေ အချိန်အခါနဲ့ လိုက်ပြီး အတတ်နိုင်ဆုံး ဖြေသိမ့်လိုက်ဒါ
    ကိုယ့်အတွက် အကောင်းဆုံးဘာဒဲ့ …
    ဟုတ်ဒယ်လေ … ကိုယ် စိတ်ဆင်းရဲနေလို့လည်း …
    ပုံပြင်ထဲကလို ရွှေပုဆိန် ငွေပုဆိန်တွေ လာပေးမှာမှ မဟုတ်တာ …

  • မောင်ပေ

    January 17, 2013 at 8:53 pm

    ဟယ် ကြည့်စမ်း
    ရေးတတ်လိုက်တာကွယ်
    မဗိုက်ရယ်
    အခုလောက်ဆိုရင်
    မဗိုက်ရမယ့် လက်ဆောင် (ဆိုပါတော့)
    ဖြောင်ထားသူ / ဒါမှမဟုတ် ပြန်ပေးဖို ့မေ့နေတဲ့ ကာယကံရှင်လဲ
    အိပ်မက်ကနေ နိုးထပါစေတော့ကွယ်

    • အရီးခင်လတ်

      January 17, 2013 at 9:36 pm

      ဖြောင်ထားတာမဟုတ်ဘဲ အချိန်မရောက်သေးလို့ မပေးတာဆိုရင်တော့
      နားလည်မှုလွဲပြီး ပြောတာအတွက် အဲဒီလွဲမှားတာကို တောင်းပန်သင့်တယ် လို့ရောမထင်ဘူးလား။

      • မောင်ပေ

        January 17, 2013 at 9:52 pm

        သားတော့ ဘုမသိ ဘမသိ ပါပဲအရီးရယ်
        ထုံးစံအတိုင်း
        မှားယွင်းမှုများရှိခဲ့ပါလျှင် တောင်းပန်ပါတယ်ခင်ဗျား

        • etone

          January 18, 2013 at 2:48 pm

          အဟီး ကိုပေရေ .. ညီမလည်း .. ဒီရက်ပိုင်းရွာထဲ သိပ်မနေဖြစ်တော့ .. ဘာတွေဖြစ်လဲ မသိဘူးရယ် … ။ အဆင်းဘီးတပ်ပေးချင်လို့ … ဝင်သာနောက်ရတာ ဘယ်ဟာက ဘယ်လိုဖြစ်နေလဲ .. ဇာတ်ရည်ကို မလည်ဘူး .. ခိခိ ..ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာ ပြော .. အော်ချင်တာအော်ပြီး ..ပြေးတော့တာပဲ … ။

          ခုလည်း .. ကြပ်ခဲ့ .. အဲ အော်ခဲ့ဦးမယ် … အဟိ …….
          .အဲ့ဒါ ဝဋ်လည်တာ .. ချက်ချင်း … ခိခိ ..
          ဥစ္စာပျောက် ငရဲရောက်ပါတဲ့ မာမီခိုင်ရေ ..
          အာပွား … :kwi:

        • Khaing Khaing

          January 18, 2013 at 2:55 pm

          အံမယ် … အံမယ် … ဝဋ်လည်တယ်တဲ့လား … ကျုပ်က ဘယ်သူ့ဟာကိုများ ပေးစရာရှိတာ မပေးပဲ ယူထားဖူးလို့တုန်း …….. ညည်းပြောချင်တာ … ကျုပ်သားလေးကို ညည်းလိုချင်တာ ကျုပ်ကမပေးဖူး ကြားကကန်လန့်လုပ်နေတာလို့ ပြောချင်တာမှတ်လား …….

        • etone

          January 18, 2013 at 3:20 pm

          အဟိဟိ ခွိခွိ … သူလေ.. သိပ်မေ့တတ်တာပဲ …။ :harr:

    • Khaing Khaing

      January 18, 2013 at 10:08 am

      ဦးဦးပေကလည်း …. ဖျောင်ထားတာမဟုတ်ပါဘူးဆိုနေမှ ….. သမီးကို အသိပေးအကြောင်းကြားဖို့ မေ့လျှော့သွားတာလေ ….. အင်းပေ့ါလေ … ကိုယ်က ဘာမို့လို ကိုယ့်လိုလူကို အရေးလုပ်အသိပေးမလဲ …. ကြုံကြိုက်ရင်တော့ ပေးမှာပါ ….. တန်ဖိုးရှိတာမှမဟုတ်တာ ……

  • အရီးခင်လတ်

    January 17, 2013 at 8:56 pm

    သူတို့ က သမီးကို အကြောင်းကြားရက် နဲ့ သမီးဖက်က နားလည်မှု လွဲနေတာလဲ ဖြစ်နိုင်ပါတယ်။
    တစ်ခါတစ်ခါ လက်ဆောင် ဆိုတာ အချိန်အခါရောက်မှ Surprise ပေးတတ်ကြတာမဟုတ်လား။
    ဥပမာ – မွေးနေ့အတွက် ပေးမဲ့ လက်ဆောင်ဟာ မွေးနေ့ ကျမှဘဲ ရမှ သဘာဝကျ တန်ဖိုးရှိပါတယ်။
    ဒါကို မွေးနေ့ရှင်က ကြိုလိုချင်ရင် ဒါသူ့ပြသနာသူရှာတာဘဲ။
    ဒီတော့ ရမှာလို့ အရီး သေချာပေါက်ထင်ပါတယ်။
    အချိန်မရောက်သေးလို့ နေမှာပါ။

    • Khaing Khaing

      January 18, 2013 at 10:05 am

      သမီးအတွက်ပို့ပေးလိုက်ပီဆိုကတည်းက ရမှာသေချာပါတယ် ….. အခုက မွေးနေ့လက်ဆောင်လို မွေးနေ့မရောက်ခင် ကြိုလိုချင်တာမဟုတ်သလို ….. လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေမေ့လျှော့နေတာတော့ မကောင်းဘူးလို့ထင်ပါတယ် ….. သမီး ခေါင်းစဉ်ပေးထားသလိုပေ့ါ …… လူဆိုတာ သူ့နေရာနဲ့သူတန်ဖိုးရှိပါတယ် …. အခုလို အလုပ်ခံရတာ သမီးကို တန်ဖိုးမထားမလေးစားဘူးလို့ယူဆမိတယ် ……

      • water fish

        January 18, 2013 at 1:45 pm

        မမခိုင်ကလဲ……”အခုလို အလုပ်ခံရတာ သမီးကို တန်ဖိုးမထားမလေးစားဘူးလို့ယူဆမိတယ် ……”
        အဲ့လိုတော့မယူဆစေချင်ဘူးလေ…..တဖက်လူကအဲ့လိုစိတ်ရှိချင်မှရှိမှာပေါ့….
        အကြောင်းအမျိုးမျိုးကြောင့်လဲ ဖြစ်သွားနိုင်တယ်လေ….
        ဝမ်းမနည်းပါနဲ့ မမခိုင်ရယ်….ရေငါးလဲအဲ့လိုဖစ်ခဲ့ဖူးပါတယ်…
        လွှဲတုန်းကကော ယုံကြည်တဲ့လူနဲ့ပဲမလွှဲခဲ့လို့လား……
        အဲ့လူကပဲယုံကြည်မှုကိုအလွဲသုံးစားလုပ်သွားတာလား…..
        ဘာပဲပြောပြော ခေါင်းထဲကနေထုတ်လိုက်ပါတော့…ပြီးသွားပီပဲလေ ..ဆက်တွေးပီးစဉ်းစားနေရင်
        တွေးပြီး ဒေါသထွက်နေတာပဲအဖတ်တင်မယ်….မမခို်င်ရေ

  • မောင့်ကျက်သရေ ဂီ့

    January 18, 2013 at 8:16 am

    အင်း … ဖတ်ကြည့်ပြီး စိတ်မကောင်းဘူး ..
    ကိုယ်တိုင်လည်း ဒါမျိုးကြုံဖူးသကိုး ….
    ဖြစ်ပုံက ဒီလို …အလုပ်ထဲက လူ၁၀ဝကျော် လောက် စုပြီး … ခရီးသွားကြရဲ့…
    ကျုပ်အခန်းရယ် ဘေးအခန်းရယ်က စုရပ်…
    ကျုပ်အခန်းက လူကြီးတွေ စုပြီး အရက်သောက်တယ်..
    ဘေးအခန်းက လူငယ်တွေ စုပြီး ဖဲရိုက်တယ်..
    ၂ညအိပ် ၃ရက် အဲ့လို ဖြတ်သန်းသပေါ့ …
    နောက်ဆုံးည မှာ ကံစမ်းမဲ အနေနဲ့ …
    လူကြီးတယောက် မဲဖောက်တဲ့ သူတို့တိုင်းပြည်ဖြစ် မိတ်ကပ် ဝမ်းတဆက် ကျနော် ပေါက်တယ်…
    မုတ်ဆိတ်နဲ့ မိတ်ကပ် မအပ်စပ်လေတော့ ဈေးတော့ မသိပေမယ့် တန်ဖိုးကြီးမှန်းတော့ ကြားမိရဲ့ ..ထားပါ…
    ဆုကြေငြာတော့ … ဘဲဂျီးက ဒီကောင်တော့ သူ့ ချာတိတ်မဆီ
    မျက်နှာကောင်းရပြီ လို့ လောင်သေးတယ်…
    အဲ .. ကံဆိုးချင်တော့ နောက်ဆုံးည ကျနော့်အခန်းမှာ ခါတိုင်းလူတွေအပြင်
    ခါတိုင်းမပါဖြစ်သူတွေပါ အသားကုန် သောက်စား မူးယစ်ရင်း ဖြတ်သန်းသဗျ
    အဲ ..နောက်နေ့မနက် လေယာဉ်စီးကာနီးထိ အဲ့ မိတ်ကပ်ဝမ်းတဆက် ကျနော် ရှာမတွေ့ခဲ့ဝူး
    ဘယ်သူ့မှ မစွပ်စွဲပါပူးအေ. …. မူးမူးရူးရူးနဲ့ ကုတင်အောက် ထိုင်ခုံအောက်
    ရောက်သွားလို့ ပြန်ပီးမှ သန့်ရှင်းရေးက ရသွားတာလည်း ဖြစ်နိုင်ကောင်းသေးရဲ့မလား…
    အင်း….
    မဲပေါက်တဲ့ကိစ္စ သတင်းကြိုရထားတဲ့ တယောက်သောသူကလေး ခေါက်သွားတာ
    အဖတ်တင်သပေါ့ဗျာ …. ဘယ်လိုရှင်းပြပြ မယုံဘဲ … နင် ဘယ်ကောင်မ ကိုပေးလိုက်သလဲ မှ မသိတာ ..လို့
    ပြောပြီးသကာလ…

    ဆိုတော့ …အောက်ကစာကို ဘောပွဲကြေငြာတဲ့ လေသံဖြင့်ဖတ်ပါ…အေ
    နည်းနည်းဖြစ်ဖြစ် ခံစားရတာ သက်သာပါလိမ့်မယ်..


    လွဲချော်မှုတခုပဲ ဖြစ်ခဲ့ ပါတယ် ခီညာ…

    :harr:

    ခင်တဲ့

    • panpan

      January 18, 2013 at 8:57 am

      မဲဖောက်တော့ အဲ့မိတ်ကပ်ဘူး သများမရလိုက်တာ နာထှာ (ဘာမှလည်းမရလိုက်ပါဘူး)
      ပျောက်မယ့်တူတူ မိပန်ရေ ညီးယူလိုက်၊ ငါနဲ့အသုံးမတည့်ဘူးဆို ဘယ်လောက်ကျေးဇူးတင်လိုက်မဒုံး
      :mrgreen:
      ဟွင်း… နှမြောသာတော်….

  • panpan

    January 18, 2013 at 8:59 am

    မမခိုင်ရေ့
    (ဗိုက်ကလည်း တဖြေးဖြေးတင်းလာပီ..ဆိုတော့) စိတ်လျှော့…စိတ်လျှော့
    😀

  • မိုချို

    January 18, 2013 at 10:24 am

    ခိုင်နှမ ရေ
    ှဗိုက်ထဲက လက်ဆောင်လေး နဲ့ အဗေတာ ပုံထဲက လက်ဆောင်လေး လောက် အရေးကြီးတာ မရှိဘူးနော။
    ကျန်တာတွေ ခေါင်းထဲ ထည့် မနေ ပါနဲ့ အေ။

  • ခင်ခ

    January 18, 2013 at 12:47 pm

    မမခိုင် ရေးထားတဲ့အကြောင်းအရာပါ ကိစ္စကို သိသလို မသိသလို ဖတ်မိတာလား ဘာလား ဘဲဗျာ။
    ကိုယ့်ဆီရောက်အောင် မပို့နိုင်သူကဘဲလိုတာလား ပို့ပေးဖို့ယူလာသူကဘဲလိုတာလား
    မျှော်လင့်မိသူကဘဲ လိုတာလား တစ်ခုခုတော့ တစ်ခုခုဘဲဗျာ။

  • nature

    January 18, 2013 at 3:05 pm

    တကယ်တော့လဲဘာမှမဟုတ်ပါဘူး။ သူကြီး က ဆုကိုပို့ပေးတယ်။ သွားယူမဲ့သူမရှိလို့ရွာသားတယောက် ကသွားယူပေးတယ်။ ရွာထဲမဝင်ဖြစ်တာရယ်နေမကောင်းတာရယ်ကြောင့် တခြားရွာသားတယောက်ကိုလက်ဆင့်ကမ်းလိုက်တယ် ။ အဲဒီရွာသားကလည်းတွေ့ဆုံပွဲမှအခမ်းအနားနဲ့ပေးဖို့ပဲ ပေါ့ပေါ့ဆဆ တွက်မိတယ်ထင်ပါရဲ့။ ဆုကိုလက်ခံရမဲ့သူက ဆုကရောက်မလာတော့ စိတ်ခုတယ်။ဒီလောက်ပါပဲ။ ဆုပေးပွဲမှာရမှာပါ။ စိတ်မပူပါနဲ့လို့ပြောချင်ပါတယ်။

    • Khaing Khaing

      January 18, 2013 at 4:01 pm

      အခုလို ရှင်းရှင်းလင်းလင်းလေးသိရတော့ …. စိတ်ထဲလည်း ရှင်းသွားပါတယ် ….. ဆုပေးပွဲမှာ ဘယ်သူတွေ ဘာလုပ်မယ် ဘာပေးမယ်ဆိုတဲ့အစီအစဉ်လေးတွေကို ကော်မန့်လေးတွေမှာမြင်ရခဲ့ရတယ် …. ဒါပေမယ့် ကိုယ်နဲ့ပတ်သက်တဲ့အချက်လေးတွေမတွေ့ရတော့ စိတ်ထဲမကောင်းဖြစ်မိတာအမှန်ပါပဲ ……. ဦးဦး nature ပြောသလိုပဲ အဲဒီရွာသားကလည်းတွေ့ဆုံပွဲမှအခမ်းအနားနဲ့ပေးဖို့ပဲ ပေါ့ပေါ့ဆဆ တွက်မိတယ်ထင်ပါရဲ့။ အဲဒါလေးကြောင့် အားလုံးအလွဲတွေဖြစ်ကုန်တာပါ ….. နောက်တစ်ခုက ညီမကလည်း မပေ့ါမပါးနဲ့ ဘယ်အရာကိုမှ ကျိန်းသေ သွားနိုင်မယ် မသွားနိုင်ဘူး မပြောနိုင်လို့ ….. ဒါကြောင့် သူကြီးကိုလည်း ပြောထားပါတယ် … လူဆိုတာ ဒီနေ့နဲ့မနက်ဖြန်မတူနိုင်ဘူးလို့လေ ….. ဆုပေးပွဲကို လာမယ်လို့ပြောထားပေမယ့် …. အိမ်မှာလည်း တစ်ခြားသော ကိစ္စတွေလည်းရှိနေတတ်တာကြောင့် နဲ့ ကျန်းမာရေးကြောင့် သွားဖို့လာဖို့က အခုတစ်လော အတော်လေးကြိုးစားနေရတဲ့အချိန်ဖြစ်နေပါတယ် ……

      • Khaing Khaing

        January 18, 2013 at 4:10 pm

        နောက်တစ်ခုပြောဖို့ကျန်တာက …… အခုလို ညီမရမယ့် ဆုကို တကူးတက သွားယူပေးတဲ့ ရွာသားကိုလည်း ကျေးဇူးတင်ရှိပါတယ် …. ကိုယ့်ကိစ္စမဟုတ်ပေမယ့် သူများအကျိုးကိုဆောင်ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်းထပ်မံပြောကြားလိုက်ပါတယ် …. ဆုလက်ဆောင်ကို မဖြစ်မနေအသေအချာပို့ပေးတဲ့ သူကြီးကိုလည်း ကျေးဇူးတင်ပါတယ် …..

        • Mon Kit

          January 18, 2013 at 4:35 pm

          အော် ခုတော့ ကျမ သိသွားဘီ………
          :hee:

  • Tin Tin

    January 18, 2013 at 3:22 pm

    ခိုင်ခိုင်ရေ အခုလိုအချိန်မှာ စိတ်တိုစရာ၊ စိတ်ရှုတ်စရာတွေကို အကြာကြီး စိတ်ထဲမထားနေနဲ့နော်….
    ပို့တဲ့သူကော ကြားကသူကောကို မေတ္တာသာ များများပို့လိုက်.. ကိုယ်ကိုတိုင်စိတ်ချမ်းသာသွားတယ်…
    ဗိုက်ထဲကကလေးလေးလည်း စိတ်ညစ်နေအုံးမယ်…ကျန်းမာပါစေနော်…

  • အရီးခင်လတ်

    January 18, 2013 at 6:53 pm

    သမီးရေ

    တစ်ဘက်ကို ရှေ့နေဝင်လုပ်တယ်တော့ မတွေးစေချင်ပါ။
    ဒီရွာထဲမှာ ဝင်နေကြပေမဲ့ အားလုံးက တစ်ဘက်မှာ ကိုယ့်အလုပ်နဲ့ ကိုယ် တွေပါ။
    ဒီလိုပွဲမျိုးစီစဉ်ရတာကလဲ အင်မတန်တာဝန်ကြီးပါတယ်။
    သမီး စိတ်ထဲ ခံစားရတာကို အခု အရီးလဲ တွေးမိပါတယ်။
    ဒါပေမဲ့
    “ဦးဦး nature ပြောသလိုပဲ အဲဒီရွာသားကလည်းတွေ့ဆုံပွဲမှအခမ်းအနားနဲ့ပေးဖို့ပဲ ပေါ့ပေါ့ဆဆ တွက်မိတယ်ထင်ပါရဲ့။”
    ဆိုတဲ့ အထဲမှာ “ပေါ့ပေါ့ဆဆ” ဆိုတာက တော့ လုံးဝ မဖြစ်နိုင်ပါဘူး။
    သမီးကို တိုက်ရိုက်ဆက်သွယ်ပြီး လာယူခိုင်းဖို့ သမီး ရဲ့ ဖုန်းနံပါတ်တို့ အီးမေးတို့ သိရမယ်။
    မသိရင် သိတဲ့သူကို ရှာပြီးမေးရမယ်။
    ပြီးမှ သမီးကို ဆက်သွယ်ရမယ်။
    အဆင့်တွေ အရမ်းများနေပါတယ်။
    ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေသူတွေ မို့ အားချိန် အရမ်းရှားနိုင်ပါတယ်။
    သေချာနေတာက သမီး လဲ အဲဒီ ပွဲကို တက်မှာမို့ လွဲစရာမရှိနိုင်ဘူး မဟုတ်လား။
    ဒီတော့ အဲဒီမှာ ပေးဖို့ စီစဉ်ထားတာ မို့ သူ့ဘက်ကလဲ အမှားမရှိပါဘူး။
    ကြားက လုပ်ပေးတာတောင် အားနာဖို့ကောင်းပါတယ်။

    သမီးကိုမှားတယ် လို့လဲ မပြောပါဘူး။
    ဒါပေမဲ့
    နောင်အခါ ဒါမျိုး ဖြစ်လာ ကြုံလာ ပြီး စိတ်ထဲမှာ မရှင်းရင် ဟိုလိုဒီလို တွေးနေတာထက် သက်ဆိုင်သူ (ဒီမှာ လိုမျိုးဆိုရင် သူကြီးပေါ့) ရှင်းရှင်းလင်းလင်း မေးလိုက်တာက ကောင်းပါတယ်။
    အဲဒီလို မရှင်းတာ တည့်တည့်မပြောဘဲ ကွေ့ဖြေရှင်း တာဟာ ကိုယ့်ကိုယ်ကိုသာမက ကိုယ့် ဆက်ဆံရာ ပါတ်ဝန်းကျင်ကိုပါ ရှုပ်ထွေးစေပါတယ်။
    စိတ်အခံ ရိုးရိုးသားသား နဲ့ ပွင့်လင်း တာကို လူတိုင်းကြိုက်ကြပါတယ်။
    မဟုတ်ဘဲ ငါ့ကို လူတွေ မကြိုက်ကြဘူးလို့ ကိုယ့်ဟာကိုယ် ထင်နေရင် အဲဒီ “ငါ” မှာလဲ တစ်ခုခု လွဲနေလို့ ဆိုတာ သဘောပေါက်စေချင်ပါတယ်။

    နောက်ပြီး ဒီရွာထဲ မှာ သူက သူဌေးမို့၊ ပညာတတ်မို့ ပေါင်းလဲ ဘာမှ အကျိုးရစရာ မရပါဘူး။
    ဘယ်သူဘဲ ဖြစ်ဖြစ် အသိပညာ ကိုပေးမှ၊ မှားတာတွေ ကို ထောက်ပြမှ အကျိုးရှိမှာပါ။
    ဒီတော့ လူတွေ ပြောနေတာတွေကနေ ကိုယ့်အတွက် အကျိုးရှိစေမဲ့၊ စိတ်ဓာတ်ကို တိုးတက်စေမဲ့ အသိတရား ရဖို့ ကြိုးစားဖို့သာလိုမှာပါ။
    ကျန်တာတွေအတွက် ကတော့ ဒီရွာထဲမှာ ဝင်ပြီး ပေါင်းသင်းဆက်ဆံ နေစရာမရှိပါဘူး။

    ဒါဟာ သမီး ခိုင်ခိုင်တစ်ယောက်ထဲ ကို ပြောတာမဟုတ်ပါဘူး။
    ရွာထဲက အရီးထက် ငယ်တဲ့ ကလေးတွေ အားလုံးကို ပြောပါတယ်။
    ဒါမှ မင်းတို့ အနာဂါတ်မှာ လှပတဲ့ လူမှုဆက်ဆံရေးဘဝ နဲ့ စိတ်ချမ်းသာ ရမှာမို့ပါ။
    လူတွေနဲ့ပေါင်းသင်းတာ မဖြောင့်ရင် အလုပ်လုပ်ရတာ မပျော်ဘူး၊ အဆင်မပြေဘူး။
    အဲဒီကနေ အိမ်ပြန်ရင် မိသားစု နဲ့ ဆက်ပြီး ပြသနာဖြစ်။
    လူ့ဘဝ တိုတို လေးမှာ စိတ်ညစ်နေရတာက များနေတာ ဆိုရင် လူဖြစ်ကျိုးမနပ်ပါဘူး။
    ဒီတော့ ” တွေ့တဲ့သူနဲ့ သင့်အောင်ပေါင်း” ဆိုတာ ကိုယ့်က နှိမ့်ချနေဖို့ မဟုတ်ဘူး။
    အပြန်အလှန် စိတ်ထားမှန်ဖို့ ကို ပြောတာပါ။

    ကဲ လက်ချာပေးရတာ မောသွားပြီ။
    နောက်မှ။ 😆

    အရီး ပြောတာကို ခိုင်ခိုင် သဘောပေါက်မယ် ထင်ပါတယ်။
    စိတ်ထဲမရှင်းလဲ အရီး ကို ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေး လို့ ရပါတယ်နော်။
    အပေါ်က တင်တင်ပြောသလို ဒီအချိန်မှာ ကျန်းမာရေးဂရုစိုက်၊ ကလေးကို စိတ်ပျော်အောင်ထားပါ သမီးရေ။
    ပွဲကျရင် ခိုင်ခိုင့်သမီးလေး နဲ့ ပြုံးပြုံးလေး ဓာတ်ပုံရိုက်ပေးနော်။ ကြည့်ရအောင်။

    ချစ်တဲ့
    အရီး :hee:

  • ဦးဦးပါလေရာ

    January 18, 2013 at 7:30 pm

    အော်…
    ကျုပ်လဲ သိသွားပါပြီ….
    သိသွားခြင်းနဲ့အတူ တာဝန်ရှိသူများကိုပါ တစ်ပါတည်း ဆက်စပ်မိသွားပါပြီ..။

    ဒီကိစ္စက တစ်ယောက်နှစ်ယောက်ကြား ကြိတ်လုပ်ထားတာတော့မဟုတ်ပါဘူး..။
    လူအများအပြားကို အသိပေးထားတာဖြစ်ပါတယ်။
    သက်သေနဲ့တကွ တင်ပြပါမယ်။

    ပထမ- သူကြီးက ခိုင်ခိုင်အတွက် ဓါတ်ပုံဆုပေးစရာရှိတာကို ဒီလိုအကြောင်းကြားပြီး မေးပို့ပါတယ်..။

    from: Kai
    to: Padomar
    cc: ko pauk
    Ko blackchaw
    Mama
    ဦးဦးပါလေရာ
    Thaung Sein
    Akswe
    Foreign Resident
    အရီးလတ်
    ဝေဝေ
    ကထူးဆန်း
    Fatty Cat
    Shwe Tike Soe
    စိန်ဗိုက်
    anzartone
    Pooch ,
    Amatmin
    Inzarghi
    date: Mon, Dec 24, 2012 at 8:14 PM
    မောင်ပေအတွက်ကျပ်တသိန်းရယ်..
    ခိုင်ခိုင်အတွက်ဒေါ်လာ ၃ဝရယ်။
    တွေ့ဆုံပွဲအသုံးစရိပ် ဒေါ်လာ ၁ဝရယ်
    မဲဖောက်ဖို့.. xxxxxရယ်၊ xxxxxxရယ်၊ xxxxxxxxရယ်
    xxxxxxxxxxရယ်
    xxxxxxxxxxxxxxxxxxxxxxxxxx
    အဲဒါတွေကို အောက်ကလိပ်စာမှာ. တယောက်ယောက်သွားယူပေးနိုင်မလားခင်ဗျ..
    xxxxxxxxxxxxxxxxxxxxxxxxx.. ချက်ချင်းအကြောင်းပြန်ပေးစေလိုပါတယ်..

    အဲဒီမေးလ်ဟာ လူ(၁၈)ယောက်ဆီရောက်ပြီးဖြစ်ပါတယ်။ အဲဒီ ၁၈ ယောက်လုံးဟာ သူကြီးက ခိုင်ခိုင်ကို ဆုငွေဒေါ်လာ ၃ဝ ပေးထားမှန်းသိပြီးဖြစ်ပါတယ်။ အဲဒါကို ခိုင်ခိုင်ကို အကြောင်းကြားဖို့ ပျက်ကွက်တယ်ဆိုရင် အဲဒီ (၁၈)ယောက်လုံး တာဝန်ရှိပါတယ်။ အဲဒီထဲမှာကျုပ်လဲပါပါတယ်။ တကယ်တော့ အဲဒီလို (၁၈)ယောက်လုံးက ဘယ်အကြောင်းကြားမှာလဲ ။ နီးစပ်တဲ့လူကသာ အကြောင်းကြားမှာပေါ့။

    အဲဒီဆုကြေး ကို သွားယူထားတဲ့ မမ က မပဒုမ္မာကို လွှဲပေးခဲ့တာကို မေးလ်ထဲမှာ ဒီလို အကြောင်းကြားပါတယ်။

    from: Mama
    to: ကိုကြီးမိုက်
    မပဒုမ္မာ
    ဆူး
    အမတ်မင်း
    ရွှေတိုက်စိုး
    မဟာရာဇာ အံစာတုံး
    Ko blackchaw
    စိန်ဗိုက်
    kopauk mandalay
    Kai ,
    Fatty cat
    Pooch
    အရီးလတ်
    Foreign Resident
    M လုလင်
    ကိုလင်းဝေကျော်
    ကိုထူးဆန်း
    ဦးဦး ပါလေရာ
    မဝေဝေ
    date: Wed, Jan 2, 2013 at 2:57 PM
    xxxxxxxxxxxxxxxxxxxxxxxx
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    သဂျီးထံမှ ပို့ထားသော လက်ဆောင်ပစ္စည်းများဖြစ်သော xxxxxxxxxxxxxxxxxxxxxxx ပဒုမ္မာနှင့် ထည့်ပေးလိုက်ပါမည်။
    လက်ဆောင်ပစ္စည်း xxxxxxxxxxxxနှင့်အတူ ခိုင်ခိုင်အတွက် ၃ဝ နဲ့ တွေ့ဆုံပွဲအတွက် ၁ဝ ပါ ထည့်ပေးလိုက်ပါမည်။
    ကျမထံတွင် သဂျီးထံမှ ပို့ထားသော မောင်ပေသို့ ပေးရန် ၁ သိန်းသာ ကျန်ပါတော့သည်။

    အဲဒီအကြောင်းကြားစာကို လူ (၁၉) ယောက်ဆီ ဖြန့်ဝေတာပါ။ အဲဒီ (၁၉) ယောက်ဟာ မပဒုမ္မာ က ဆက်လက်ထိမ်းသိမ်းထားကြောင်း သိပြီးဖြစ်ပါတယ်။
    (မပဒုမ္မာ ဆိုတာ မန်းဂဇက်မန်ဘာများတွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲကို ဦးစီးကျင်းပမယ့် ဖတ်ရွေးအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ဒါကတော့ မသိသူများရှိနိုင်လို့ထည့်ပြောတာပါ)
    ဒါဖြင့် – မပဒုမ္မာက အဲဒီ ဆုကြေးကို ဘယ်တော့ ခိုင်ခို်င်ကို ပေးမှာလဲဆိုတော့
    လူချင်းတွေ့ရင်ပေးရပါမယ်။ လူချင်းမတွေ့ရင် လူကြုံနဲ့ပေးရပါမယ်။
    လူကြုံရော ရှိရဲ့လားဆိုတော့ – အဲဒီ (၁၉)ယောက်ထဲမှာ နီးစပ်တဲ့သူကို ပေးရမှာပါပဲ..။
    လူချင်းတွေ့စရာရှိသလားဆိုတော့- နောက် (၁၈)ရက်အကြာမှာ ဂဇက်မန်ဘာတွေ တွေ့ဆုံပွဲနဲ့ စာပေဆုပေးပွဲ ရှိပါတယ်။
    အဲဒီပွဲ ၂၀.၁.၂၀၁၃ မှာလုပ်ဖြစ်မယ်ဆိုတာ ကြေငြာတော့ ခိုင်ခို်င်က တက်ရောက်မယ်လို့ စာရင်းပေးပါတယ်။
    အဲဒီပွဲကို ခိုင်ခိုင် တက်ရောက်ဖြစ်ရင် အဲဒီမှာပေးဖို့နဲ့ မတက်ရောက်ဖြစ်မှ လူကြုံနဲ့ပေးဖို့ဖြစ်ပါတယ်။ လူကြုံနဲ့ပေးဖို့ အဆင်မပြေမှာ အခြားနည်းတခုခုကို စဉ်းစားပြီးပေးဖို့ဖြစ်ပါတယ်။
    အဲဒီပွဲမှာ စာပေဆုပေးခြင်းအပြင် အခြားဆုတွေပေးတာ၊ အခြားလက်ဆောင်တွေပေးတာ၊ အခြားလူကြုံပေးတာတွေပေးတာ၊ ငွေကြေးကိစ္စတွေရှင်းလင်းတာတွေ လုပ်ကြမှာဖြစ်ပါတယ်။
    အွန်လိုင်းက မိတ်ဆွေတွေဆိုတာ ဒီလိုပဲ တစ်ခါတစ်ရံအခွင့်ကြုံမှ လူချင်းဆုံပြီး လုပ်စရာရှိတာတွေကို အဆင်ပြေသလောက် လုပ်ရတာဖြစ်ပါတယ်။ ဒါကို ကြိုအကြောင်းကြားရမယ်လို့ ပုံသေတွက်လို့တော့မရဘူးပေါ့..။
    ဒါကြောင့် မပဒုမ္မာက ကြိုတင် အကြောင်းမကြားတာဖြစ်နိုင်ပါတယ်။

    ဥပမာ တခုပေးပါမယ်..
    အခုတက်ရောက်မယ်လို့စာရင်းပေးထားတဲ့ မန်ဘာတယောက်ကို ဆုတခု ဂုဏ်ပြုပေးအပ်ဖို့အစီအစဉ်ရှိပါတယ်။ အဲဒီဆုဟာ ကျုပ်လက်ထဲ ရောက်နေပြီဖြစ်ပါတယ်။
    ဒါပေမယ့် အဲဒီမန်ဘာကို ကြိုတင်အကြောင်းမကြားပါဘူး။ သူတွေ့ဆုံပွဲ တက်ဖြစ်ရင် အဲဒီမှာပေးမှာဖြစ်ပြီး မတက်ဖြစ်မှ အခြားနည်းတခုခု စဉ်းစားပြီး ပေးရမှာဖြစ်ပါတယ်။ စဉ်းစားလို့မရရင်တော့ လိပ်စာပေးပြီး ကိုယ်တိုင်လာယူစေရမှာဖြစ်ပါတယ်။ လာမယူရင် ဆုပေးသူကိုပဲ ပြန်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒါဟာ သူ့ကို တန်ဖိုးမထားမလေးစားလို့ ကြိုတင်အကြောင်းမကြားတာမဟုတ်ပဲ မိမိမှာအစီအစဉ်ရှိပြီးဖြစ်လို့ အဲဒီအစီအစဉ်အတိုင်းလုပ်ဆောင်တာဖြစ်ပါတယ်။

    အခု ကွန်မင့်ဟာ ဒီကိစ္စကို အစအဆုံးသိတဲ့သူတဦးအနေနဲ့ သိတဲ့အတိုင်းပြောပြဖို့ ရှင်းပြဖို့ တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် တာဝန်ရှိတဲ့အတိုင်းရှင်းလင်းတာဖြစ်ပါတယ်။

  • kai

    January 19, 2013 at 2:38 am

    အင်း..
    တော်တော်စိတ်မကောင်းစရာပဲ..
    လုပ်ပေးတဲ့သူက.. စေတနာနဲ့လုပ်ပေးတာကို.. နောင်ကူညီပေးချင်စိတ်ပျက်သွားအောင် ရေးလိုက်သလိုပါပဲ..
    ကျုပ်ကပဲကြားထဲက.. တောင်းပန်/တောင်းဆိုပါရစေ..
    နောင်လည်း.. လုပ်အား..အချိန်အကုန်ခံပြီး.. ကူညီကြပါလို့..
    မကူညီနိုင်တော့ပါဘူးရင်တော့.. နောက်ဆို.. ခိုင်ခိုင်မမကို..လုပ်ခိုင်းရမယ်ထင်ပါတယ်.. :kwi:

    ဆိုတော့..
    ခိုင်ခိုင်မမရေ…
    … ဖြတ်ဆို.. တုံ့ပြန်တာကောင်းပါတယ်..။ စိတ်ထဲရှိတာ.. ပြောတာကောင်းပါတယ်..။
    ဒါပေမယ်.. ရှေ့နောက်လည်းကြည့်ပါဦးလို့..။
    ဒီဆုကိစ္စကို.. ကျုပ်က..Respect ထားပြီး.. ကောမန့်နဲ့တောက်လျှောက် Follow up လုပ်ထားတာသတိထားမိမှာပါနော..
    ဆုပေးပွဲတက်မှာလားမေးပြီး.. အဲဒီကျမှပေးမယ်လည်း..ကော်မန့် ရေးခဲ့တယ်မှတ်ပါတယ်.
    ရည်ရွယ်ချက်က.. ဓါတ်ပုံပြိုင်ပွဲကရတဲ့ဆုကို.. ဆုလိုပေးချင်လို့ပါ..။ ဒါဟာ.. လက်ဆောင်မဟုတ်ပါ..။

    နောက်တခုက..
    http://myanmargazette.net/%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9
    မှာသွားဖတ်ကြည့်ပါ..။
    လက်ခံပြီး ယူပေးသူက.. 12-29-12 ရက်စွဲနဲ့… ဘယ်လိုကော်မန့်ရေးထားသလည်းဆိုတာ..

    MaMa says:

    သဂျီးပို့လိုက်သော မောင်ပေအတွက် ၁ သိန်းနဲ့ ခိုင်ခိုင်ရဲ့ ဓာတ်ပုံဆု ၃၀၊ တွေ့ဆုံပွဲမှာ ကံစမ်းမဲ ဖောက်ဖို့ လက်ဆောင် ၆ခု လက်ခံရရှိထား၍ ထိန်းသိမ်းထားပါတယ်။
    မောင်ပေ ရောက်ရင် ပြောပေးပါ။
    ကျန်တာကိုတော့ ဇန်နဝါရီ ၂ဝ တွေ့ဆုံပွဲကျမှ ပေးပါမည်။
    (သို့) ဒီကြားထဲမှာ သဂျီးသမီး မင်ဂါဆောင် ရှိ၍ အဲဒီမှာ ဆုံလျှင်လည်း ပေးနိုင်ပါသည်။ :hee:

    စာတွေအကုန်မဖတ်နိုင်ရင်လည်း.. အီးမေးလ်နဲ့မေးပါလားကွယ်..။

    နောက်တခုက.. ကျုပ်အခက်အခဲ.. သိထားရအောင်ပါ..
    ကျုပ်ဆီကနေ.. ရန်ကုန်ကို ငွေ..ပစ္စည်းပို့ရင်.. ကျုပ်နေတဲ့နေရာက ၃၆မိုင်ဝေးတဲ့နေရာကို.. သွားရတယ်..
    လက်ခံသူက.. လွှဲငွေနည်းရင်.. လက်မခံပါ..။
    ၃၆မိုင်ဆိုလို့.. ဒေါင်းတောင်းဖြတ်သွားရတဲ့အတွက်.. ကားထရပ်ဖစ်နဲ့.. အသွား၁နာရီအပြန်တနာရီအချိန်ယူပါတယ်..။

    အင်း..
    ရွာသူားတွေကို.. ကြုံတုံးပြောထားရဦးမယ်..
    နောင်ဆို.. ပြောစရာရေးစရာ…တိုင်စရာကို.. ရေးဖို့နေရာပေးထားပါတယ်… ကျုပ်လည်း.. လုပ်ထားတာတွေကို.. ထရန်ပရင်န်စီရှိအောင်.. အဲဒီမှာတင်ပါတယ်/မယ်..။
    http://myanmargazette.net/%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9

    နောင်ဆို.. အဲဒီမှာclaim blame ရေးကြပါလို့.. :harr:

    • အရီးခင်လတ်

      January 19, 2013 at 3:08 am

      တော်လိုက်တဲ့ Data Search အင်ဂျင် ဦးနှောက် ။
      ရွှေချထားဖို့ကောင်းတယ်။ 😉

    • ဦးဦးပါလေရာ

      January 19, 2013 at 8:45 am

      ၃၆မိုင်ဆိုလို့.. ဒေါင်းတောင်းဖြတ်သွားရတဲ့အတွက်.. ကားထရပ်ဖစ်နဲ့.. အသွား၁နာရီအပြန်တနာရီအချိန်ယူပါတယ်..။

      ကျုပ်တို့ရန်ကုန်မှာတော့ ၃၆ မိုင်ကို ဒေါင်းတောင်းကိုဖြတ်သွားရရင် အသွားနေ့တဝက် အပြန်နေ့တဝက်ကြာမှာဖြစ်ပြီး အခန့်မသင့်ရင် လမ်းမှာ ညအိပ်ရနိုင်လို့ ဧည့်စာရင်းတိုင်ရအောင် မှတ်ပုံတင်လေးပါ ဆောင်သွားဖို့လိုကြောင်း…
      😥

  • Foreign Resident

    January 19, 2013 at 3:52 am

    အဘ ကတော့ တစ်ခုပဲ ပြောချင်ပါတယ် ။
    ကြားထဲက ၊ ကိုယ့် ထမင်း ကိုယ်စား ၊
    ကိုယ့် အလုပ်အပျက်ခံပြီး အချိန်ပေး သွားယူ ၊ ထိမ်းသိမ်းပေးခဲ့တဲ့ ၊
    မ ပဒုမ္မာ နှင့် မမ ကို အရမ်းအားနာဖို့ ကောင်းပါတယ် ။
    🙁

  • padonmar

    January 19, 2013 at 6:59 am

    ခိုင်ခိုင်ရေ
    အန်တီ ခုတလော မိသားစုရေးလူမှုရေးလေးတွေ ရှုပ်နေတာနဲ့ ရွာထဲတောင် သိပ်မဝင်နိုင်ဘူး။
    အန်တီမမ လည်း ခါးနာနေလို့ ကွန်ပြူတာနဲ့ ဝေးနေတယ်။
    ဦးပါကွန်မန့်ဖတ်ပြီး ညကတည်းက စာပြန်ပေးဖို့ အန်တီအိပ်ချင်တာနဲ့ အိပ်ရာစောစောထပြီးပြန်လိုက်ပါတယ်။
    သမီးအတွက်ဆုငွေကို ပွဲကျမှ ပေးရင်ရတာပဲလို့ ပေါ့ပေါ့ပဲတွေးမိသွားတာ အန်တီမှားသွားပါတယ်။
    သမီးအပေါ်ကိုယ်ချင်းမစာမိရာရောက်သွားမယ်လို့ မတွေးမိခဲ့ပါဘူး။
    သမီးတွက်လည်း ပွဲမှာပေးတာ ဂုဏ်ယူစရာဖြစ်မယ် ထင်မိလို့ပါ။

    ခုပွဲလည်းနီးပြီဆိုတော့ ပွဲကျမှပဲပေးခွင့်ပြုပါကွယ်။
    …………….
    သူကြီးပေးတဲ့ ဒေါ်လာ ၄ဝ (၂ဝ တန် ၂ ရွက်)ကို ခိုင်ခိုင့်ကို ၃ဝ ပေးလို့ရအောင် ၁ဝ တန် ၂ ရွက်လဲထားပါတယ်။
    ၁ဝ က တွေ့ဆုံပွဲကျရင် မဲဖောက်ပေးပါမယ်။
    …….
    ကျမမှာ အများပိုင်ငွေတွေ၊အလှူငွေတွေ၊အပ်ငွေတွေ ရှိတော့ တစ်ခုနဲ့ တစ်ခုမရောအောင်ရယ်၊ကျမများဗြုန်းကနဲ ကားတိုက်ခံရပြီးဖြစ်ဖြစ်သေသွားရင် ရှင်းပေးနိုင်အောင်ရယ်ဆိုပြီး အားလုံးကို စာနဲ့ရေး သားရေကွင်းနဲ့ဖြစ်စေ၊စာအိတ်နဲ့ဖြစ်စေ ထည့်ထားတတ်ပါတယ်။
    အခု ဒေါ်လာတွေကိုလည်း Khaing Khaing 30,MG -Lucky Draw 10 လို့ စာအိတ်မှာရေးပြီး သိမ်းထားပါတယ်။
    နောက်ပြီး ပွဲအတွက် ဦးပါက ကျမငွေစိုက်ရမှာစိုးလို့ အတင်းအပ်ထားတဲ့ ငွေ ၅ သိန်း နဲ့ မမရဲ့ အချိုးကျထည့်ဝင်ငွေ ၁၈၀၀ဝ လည်း စာ ရေးပြီး သိမ်းထားပါတယ်။
    ကျမများ တွေ့ဆုံပွဲ မတိုင်မီ သေခဲ့သော် ကျမ မိသားစုဆီမှာ claim လုပ်ကြပါလို့ ဂဇက်မိသားစုကို မှာချင်ပါတယ်။
    …………….
    ကြားက ဖြေရှင်းပေးကြတဲ့ မလတ် ၊ဦးပါ၊ သူကြီးနဲ့ အဘဖေါကို ကျေးဇူးတင်ပါတယ်။
    ………………….
    ခိုင်ခိုင့် ကိုလည်း ကိုယ်ဝန်ကြီးနဲ့ စိတ်အနှောက်အယှက်ဖြစ်စေမိတာဖြစ်လို့ တောင်းပန်ပါတယ်။

  • nature

    January 19, 2013 at 9:54 am

    ပြီးတာတွေလည်းပြီးပါစေတော့။ ခိုင်ခိုင်ရေ-
    နေ့စေ့လစေ့နဲ့စိတ်ပင်ပန်းရင် ကလေးကိုထိခိုက်တတ်တယ်လို့ကြားဖူးပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အုန်းရေသောက်တာလည်း ကလေးအတွက်အကျိုးများပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ မိခင်ဟာ ပူပန်စိတ်များနေရင် ကလေကိုကူးစက်တတ်လို့ ပူပန်စိတ်ရှိတတ်တဲ့ကလေးမျိုး ရရှိတတ်လို့စိတ်ချမ်းသာအောင် ဂရုစိုက် ၊ ဘုရားစိတ်တရားစိတ်နဲ့ ဗုဒ္ဓနုဿာတိလေးပွားပေးဖို့အကြံပေးချင်ပါတယ်။ အိမ်တအိမ်ကို ကလေးတယောက် ရောက်လာတော့မယ်ဆိုရင် အဲဒီကလေးရဲ့ကံကြမ္မာဟာ အဲဒီမိသားစုမှာသက်ရောက်တတ်ပါတယ်။ ကံကောင်းတဲ့ကလေးများမွေးရင် မိသားစုစီးပွားဥစ္စာ စည်းစိမ် တိုးတက်တတ်ပါတယ်။ ကံဆိုးတဲ့ကလေးများရောက်လာမယ်ဆိုရင်တော့ အဲဒီမိသားစုမှာ ဥစ္စာ စီးပွား ဆုတ်ယုတ်ပျက်စီးတတ်ပါတယ်။ အခုနေ့စေ့ လစေ့မှာ ဆုရတယ်ဆိုတော့ ကံကောင်းတဲ့ကလေး ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

  • Khaing Khaing

    January 19, 2013 at 11:33 am

    အခုလို သေသေချာချာ ရှင်းပြပေးသော ဦးဦးပါလေရာ ….. စိတ်ထားထားတတ်စေရန် ပြောဆိုညွှန်ပြပေးတဲ့ အရီးလတ် …….. သူကြီးရေ … အမှန်ပြောရရင် ကျွန်မက Congress တွေဘာတွေမသိဘူးရယ် …. ရွာထဲကိုဝင်တယ် …. ပို့စ်တွေကိုကြည့်လိုက်တယ် ဖတ်လိုက် နောက်ချင်တာတွေရှိရင် မန့်လိုက်တယ် လိုင်းက မကောင်းတော့ နောက်ပိုင်း ဆက်မဝင်ဖြစ်တော့ဘူး ….. ဝင်လိုက်ထွက်လိုက် …တစ်ခါတစ်ေလေ ပို့စ်ကို ခေါ်ထားပြီး လုပ်ဒင်နဲ့တင်ကြာနေတတ်တော့ ရွာထဲနှံ့နှံ့စပ်စပ်မဝင်ဖြစ်ဘူး … ထားပါတော့ … အားလုံးကျွန်မ အမှားတွေပါပဲ …. အန်တီပဒုမ္မာကိုလည်း အခုလို စိတ်အနှောင့်အယှက်ပေး မိတဲ့အတွက် အနူးအညွှန့်တောင်းပန်ပါတယ် ….. ဦးဦးနေချားရေ …. နည်းလမ်းကောင်းတွေပေးပြီး ဆုတောင်းပေးသူတွေကိုကျေးဇူးပါရှင့် ……

    နောက်တစ်ခုက မနက်ဖြန်ကို ကျွန်မက ဆုပေးပွဲကိုမတက်ဖြစ်ဖို့များပါတယ် …. ဘာလို့လည်းဆိုတော့ အခုကျွန်မက လမ်းသိပ်မလျှောက်နိုင်သလို …. အထိုင်အထလည်း သိပ်မလုပ်နိုင်လို့ပါ ….. ဒီတစ်ပတ်အတွင်း အိမ်မှာလည်း သမီးလေးက တပတ်လုံးနေမကောင်းဖြစ်နေပြီး အိပ်ရေးပျက်တာတွေများနေတာကြောင့် လူကအားနည်းနေပါတယ် … ရုံးကိုတောင် မနည်းအားတင်းတက်နေရတာ … သူရတို့သိပါတယ် …….. ဆုပေးပွဲကို ကျွန်မရောက်မလာဖြစ်ခဲ့ရင် ကျွန်မအတွက်ဆုလက်ဆောင်ကိုတော့ အဆင်ပြေသလို စီစဉ်ပေးပါ ……. ဆုပေးပွဲမတရောက်ဖြစ်ခဲ့ရင်လည်း အခုကိစ္စတွေကြောင့်မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်……

    ခင်မင်လျှက်
    ခိုင်ခိုင်

    • ကိုရင်စည်သူ

      January 19, 2013 at 2:51 pm

      ခင်မင်ရတဲ့ ယောက်ခမသင်္ဘောသီးကတော်ရေ… ကိုယ်ဝန်အရင့်အမာနဲ့ဆိုတော့
      စိတ်သွားတိုင်းကိုယ်မပါချင်တော့အပြင် အူးလေးပင်လယ်ပျော့လည်း အနားမှာမရှိတော့ စိတ်ထဲအဖုအထစ်လေးတွေ ဖြစ်တတ်ပါတယ်ဂျ..။ ဒါကြောင့် ပျော်အောင်နေဘီး ဘေဘီလေးကို အောင်မြင်အောင်မွေးရင်
      အူးလေးပင်လယ်ပျော့လည် ပျော်မယ်ထင်ဘာဒယ်လို့ သင်္ဘေားသီးချင်း ကိုယ်ချင်းစားပီး.. ဖြီးသွားပါတယ်.. :mrgreen:
      တခါက ယောက်ခမ အသက်လက်ခဏာကြည့်ဖူးတာမို့.. သိပ်မတွေးပူစေလိုပါရယ်နဲ့..
      အဲ့လာရဲ့ အကျိုးဆက်ရောဂါများဖြစ်တတ်လာကြောင်း…. 🙄

Leave a Reply