ခေတ်သစ် မဟာသင်္ကြန်စာ

ဦးသုJanuary 17, 20131min18415

မြန်မာသက္ကရာဇ် ၁၃၇၄-ခု၊နှောင်းတန်ခူးလဆန်း ( ၄ )ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ ဧပြီလ ( ၁၄ ) ရက် သင်္ကြန်မဏ္ဍပ် မှ ရေပိုက် စဖွင့်ချိန်၌ မဟာသင်္ကြန်ကျ၏ ။

မဟာသင်္ကြန်ကျသောအချိန် တွင်တနင်္ဂနွေဂြိုဟ်မင်းသည်ကို လက်တစ်ဖက်က ချိုးငှက်၊အခြားလက်တစ်ဖက်က ၁၂ဝ မမ စိန်ပြောင်းကို ကိုင်လျှက် တိုယိုတာ ဟာရီယာကားကိုစီးလျှက် လူ.ပြည်သို. ဆင်း၏။ သုတိနန္ဒာ နတ်သမီး လည်း အလှည့်စေ့ ( လက်ညောင်း)ပြီ ဖြစ်သဖြင့် လက်ထဲတွင်ကိုင်ထားသော ဗြမ္မာကြီးဦးခေါင်းအား လက်ပံတောင်းတောင်ရှိရာ ဘက်အရပ်သို.လှည့်၍ ဒေါ်အောင်ဆန်းစုကြည်၏လက်ထဲသို.ကမ်း၏။ သုဇာဝင့်ကျော်အမည်ရှိ နတ်သမီးငယ်သည် ဇီးရိုးကွာတားဘောင်းဘီ ကိုဝတ်ကာ အိုပါးဂဏန်းစတိုင်တီးလုံးဖြင့်ကရင်း သင်္ကြန်မင်းအား ကြိုလင့်၏။

မိုးဦး၊မိုးလယ်၊မိုးနှောင်းကာလ များတွင် မိုးရွာချင်သလိုရွာအံ့၊ ဆန္ဒပြ မှုများ ထူပြောအံ့၊ ကော်မတီများ မှိုလိုပေါက်အံ့ ၊သတင်းစာအသစ်များထွက်ရှိ အံ့၊ ဂျာနယ်များအချိန်မှီ ဗျူဟာ မပြောင်းနိုင်သော် ငုတ်တုတ်မေ့အံ့ ၊

ရက်ကို လစောင့်၏။ လကို ယုန်စောင့်၏။ယုန်ကို မုဆိုးစောင့်၏။ မုဆိုးကိုတောခေါင်းစောင့်၏။မြို.တော်ခန်းမရှေ.ကို ဆန္ဒပြသူတို.စောင့်၏။ဆန္ဒပြသူတို.ကို ဗီနိုင်းထုတ်သူတို.စောင့်၏။ ရပ်ကွက်လမ်းဆုံများအားဆိုက်ကားသမားများစောင့်၏။ ဈေးဝယ်စင်တာများအား တက္ကစီများစောင့်၏။တက္ကစီများအား ယာဉ်ထိန်းရဲများစောင့်၏။ ပြည်တော်ပြန် အဆိုတော်များအား စတိတ်ရှိုးစီစဉ်သူတို.စောင့်၏။

ခြေနှစ်ချောင်းတို.၏အဓိပတိကား ကြော်ငြာဆိုင်းဘုတ်၊ ခြေလေးချောင်းတို.၏အဓိပတိကား တောက်တဲ့၊ ငှက်တို.၏အဓိပတိကား ဟိမဝန္တာလင်းတ ၊ဆိုင်တို.၏အဓိပတိကား ဟန်းဆက်ဆိုင် ၊ ရှိုးရွမ်းတို.၏အဓိပတိကား ကားရှိုးရွမ်း ၊စာအုပ်တို.၏အဓိပတိကား မျက်နှာစာအုပ် ဖြစ်တော့သတည်း။

ယခုနှစ်အတွက် ( ရ )ရက်သားသမီးများအဖို. ယတြာကား….

တနင်္ဂနွေသားသမီးများ – အများပြည်သူအတွက် ဟူသော အော်သံအား အကြောင်းတိုက်ဆိုင်တိုင်း အာခေါင်ခြစ်သံနှင့်ပြောရန်

တနင်္လာသားသမီးများ – ချီတက်ဆန္ဒပြ ပွဲများတွင် ကျီးကြည့်ကြောင်ကြည့် ကြည့်ရင်း ချိန်ကိုက်ပါဝင်ရန်

အင်္ဂါသားသမီးများ – ဆန္ဒထုတ်ဖော်ပွဲများတွင် ဆုတ်လဲဆူး ၊စားလည်းရူး အိုက်တင်ဖြင့် ညီညွတ်ကြပါ…ညီညွတ်ကြပါ ဟု အော်ရန်….

ဗုဒ္ဒဟူးသားသမီးများ – ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရောယောင် ပြီး ဝင်အရွေးခံ ခြင်းမှ ဝေးဝေးရှောင်ရန်

ကြာသာပတေးသားသမီးများ– ပြည်သူ.ဆန္ဒ ၊ တောင်းတိုင်းရ…မရလျှင် မီးဟုန်းဟုန်းတောက်စေရမည်ဟု ဖေ့စ်ဘုတ်ပေါ်တွင်  မကြာခဏ ပြောပေးရန်

သောကြာသားသမီးများ – ဟိုပွဲ ဒီပွဲ များသို. သိသိ မသိသိ ဟိတ်တစ်လုံး ဟန်တစ်လုံး ဖြင့် သွားတက်ရန်

စနေသားသမီး များ – တတ်ယောင်ကားသမားများ နှင့် ထိပ်တိုက်တွေ.လာလျှင် တတ်နိုင်သမျှ တည့်တည့်တိုးရန်

သဗ္ဗေသတ္တာကမ္မသကာ…ကိုယ်ဖြစ်ကိုယ်ခံ ကြပေရော့……

15 comments

  • Mon Kit

    January 17, 2013 at 2:32 pm

    ဟိ ဟိ ဟိ…..
    အားလုံး သဘောကျ၏။

    “”ရက်ကို လစောင့်၏။ လကို ယုန်စောင့်၏။ယုန်ကို မုဆိုးစောင့်၏။ မုဆိုးကိုတောခေါင်းစောင့်၏။မြို.တော်ခန်းမရှေ.ကို ဆန္ဒပြသူတို.စောင့်၏။ဆန္ဒပြသူတို.ကို ဗီနိုင်းထုတ်သူတို.စောင့်၏။ ရပ်ကွက်လမ်းဆုံများအားဆိုက်ကားသမားများစောင့်၏။ ဈေးဝယ်စင်တာများအား တက္ကစီများစောင့်၏။တက္ကစီများအား ယာဉ်ထိန်းရဲများစောင့်၏။ ပြည်တော်ပြန် အဆိုတော်များအား စတိတ်ရှိုးစီစဉ်သူတို.စောင့်၏။””

    အဲဒီအပုဒ် ပိုသဘောကျ၏။
    ဗုဒ္ဒဟူးသားသမီးများ – ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရောယောင် ပြီး ဝင်အရွေးခံ ခြင်းမှ ဝေးဝေးရှောင်ရန်၊
    ဗုဒ္ဒဟူးသမီး ဖြစ်သည့်အတွက် လိုက်နာ သွားပါမည်။

    :harr: :harr:

  • ခိုင်ဇာ

    January 17, 2013 at 2:37 pm

    ညီညွတ်ကြပါ…ညီညွတ်ကြပါ

    :harr:

  • မင်းနန္ဓာ

    January 17, 2013 at 4:10 pm

    ဂေဇက်မှာ စာတွေရေးနေတာ အများပြည်သူအတွက် ကွ
    ကြေပေတော့ ယတြာ..

  • nozomi

    January 17, 2013 at 4:51 pm

    ” ကော်မတီများ မှိုလိုပေါက်အံ့ ”
    မှန်လိုက်တာ ဆရာရယ်
    လက်ဖျားရော ခြေဖျားရော ခါပါတယ်
    ပြည်ထောင်စု လွှတ်တော် ဆိုတာကြီးမှာ ဖွဘွတ်က ဖွ တာကို အရေးကြီးအဆို တင်သွင်းပြီး စုံစမ်းရေး ကော်မတီ ဖွဲ့ဦးမယ်တဲ့
    ရွာနဲ့ ပတ်သတ်တာလဲ စုံစမ်းရေးလုပ်ဘို့ သဂျီး ဆီ အဆိုတင်သွင်း ဦး မှ

  • P chogyi

    January 17, 2013 at 4:52 pm

    ဒီစာကို ဖတ်မိတာကိုက
    ဆုတ်လဲထူး၊ စားလဲမြူးပါပဲဗျာ။

  • ဘဲဥ

    January 17, 2013 at 5:02 pm

    အိုပါးဂဏန်းစတိုင်ကဒဲ့ နတ်တမီးဂို ဒါ့ပုံရိုက်ပီးဒေါ့ ရွာထဲမှာ ပြန်တင်ရမယ် :harr:

  • cherry kyawlin

    January 17, 2013 at 6:10 pm

    ရွာသူအသစ်လေးပါရှင်
    ဂေဇတ်မှာ ဝင်ဖတ်နေတာတော့ကြာပါပြီရှင့်
    အခုမှ ဝင်ဖြစ်တာပါ
    ရွာသူအသစ်လေးအဖြစ်လက်ခံပေးပါရှင်

    • ဘဲဥ

      January 17, 2013 at 6:33 pm

      အားရဝမ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ ပြူပြူငှာငှာ နွေးနွေးထွေးထွေး ဖက်လဲတကင်း ( :mrgreen: )
      ကျိုဇိုဘာဒယ်……………
      ဆောင်ရန် ၊ ရှောင်ရန်တွေလည်းပြောပြရအုံးမယ်
      မဟာဘာဂျာ အံချာဒုံး ဆိုဒဲ့လူရယ် ၊ နှဖူးပြောင်ပြောင်နဲ့ မောင်ပေဆိုဒဲ့လူဒွေကိုဒေါ့ဖြင့်
      ဝေါင်ဝေါင်ရွှေးလို့ ဝေးဝေးရှောင်စေချင်တယ်…. ကျန်တေးဒယ် အူးမာဂဆိုဒဲ့လူဂျီး
      သူတို့ကိုရှောင်နိုင်ရင်တော့ဖြင့် တစ်သက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ခလုပ်မထိ ဆူးမငြိဘဲ
      ဥဥလေးနဲ့ ပေါင်း… အဲ့လေ………
      ရွာထဲမှာ ပျော်ရွှင်ပါစေလို့ :harr:

      • ဟဲ့ … ဘဲဥ ..
        ဟိုမှာ နင့်မယားဂျီး ခေါ်နေဒယ် …
        လက်ထဲမှာလည်း တုတ်ဂျီးနဲ့ …
        နင် အတွက်ဒေါ့ မျင်ယောင်ဒေးးး

        • ဘဲဥ

          January 17, 2013 at 8:13 pm

          ဟဲ့ ဟဲ့ ဟိုမှာ နင့်မိန်းမလည်း နင့်ဂိုစိတ်မချလို့ လိုက်လာနေဘီ

  • Mr. MarGa

    January 17, 2013 at 8:21 pm

    အိမ်း
    သိကြားမင်းကား ထိုအချိန်တွင်
    သင်္ကြန်မဏ္ဏပ်တွင် နှပ်နေလိမ့်မည်

  • ဦးကြောင်ကြီး

    January 18, 2013 at 10:23 am

    ဝစစ်တပ်ကြတော့ ဘယ်လိုလုပ်မလဲ ပြောလကွာ…..

    • Thu Wai

      January 18, 2013 at 10:40 pm

      ကြောင်ကြီး ရေ
      ဖွဘုတ် မှာလည်း ရှာဖွေကြည့်
      လူမျက်ခွက်မတွေ့ တိရစာ္ဆန်မျက်ခွက်တွေသာတွေ့မိ
      ထိုကြောင့်ပင် တိရစာ္ဆန်သေးသေးလေးတစ်ကောင်ဟုသာသတ်မှတ်မိသောကြောင့် ပြန်မပြောမိ ဟိဟိ
      အဖက်မလုပ်တော့ပြီး သွားတော့ဟဲ့……ရေနဲ့ပက်ထုတ်လိုက်တာ……ဗြန်း……
      :harr: :harr: :harr:

  • kokothandar

    January 18, 2013 at 10:24 am

    သင်္ကြန်စာမှာ စာကျန်သွားပါတယ် ဒီနှစ်သင်္ကြန်မှာ အာဏာရူးကြီး တစ်ကယ်ပင်ရူးသွားအံ့ တဲ့။ ဖြည့်ဖတ်ဖို့ပါ

  • ရွာသူ jujuma .

    January 18, 2013 at 12:04 pm

    မီးဟုန်းဟုန်းတောက်စေရမည် …မီးဟုန်းဟုန်းတောက်စေရမည် ..
    ကဲ ကြေပီကွာ .. လက်ပံတောင်းတောင်မှာ … :harr:

Leave a Reply