*** ရိုးစင်းတဲ့ … ဇာတ်   ***

လူ့ ပြည် လောက.  ဘုံဘ၀ ၌

ခဏဧည့်သည်  ဒုက္ခသည် တဲ့  …,

တဏှာ နယ်သား    သတ္တဖွားမို့ 

ရွေ့ လျား လွန်မြောက်

အချိန်အောက်မှာ   မိုးသောက် နေ၀င်

သံယောဇဉ် ဖြင့်    အစဉ် ရှုပ်ထွေး

လောကီရေး ၌

ရုပ်သေး ပမာ   သံသရာ ဇာတ်

စင်ပေါ်တတ် ခဲ့…..,

တစ်ခန်းရပ် များ   မင်းသား ကျွန်တော်

ကျွန်တော် ဇာတ်ညွှန်း   လူရွှန်းလူပျက်

ဗီလိန်ဇာတ်နှင့်   အသင့် ကျွန်တော်

လူကြမ်း ခေါ်လည်း   အလွမ်း အချစ်

မျက်ရည်ညှစ် ထုတ်    သရုပ်ဆောင်သူ

ကျွန်တော် လူသား   ဇာတ်သား အဆုံး

နိဂုံး ဘယ်သို့   …. ချုပ်ရမယ် ။။။

လရောင်ရွှေ

၁၅း၁း၂၀၁၃

About maung khinmin

maung khinmin has written 85 post in this Website..