ရိုးစင်းတဲ့ … ဇာတ်

maung khinminJanuary 17, 20131min1353

*** ရိူးစင်းတဲ့ … ဇာတ်   ***

လူ ့ပြည် လောက.  ဘုံဘဝ ၌

ခဏဧည့်သည်  ဒုက္ခသည် တဲ့  …,

တဏှာ နယ်သား    သတ္တဖွားမို ့

ရွေ ့လျား လွန်မြောက်

အချိန်အောက်မှာ   မိုးသောက် နေဝင်

သံယောဇဉ် ဖြင့်    အစဉ် ရှုပ်ထွေး

လောကီရေး ၌

ရုပ်သေး ပမာ   သံသရာ ဇာတ်

စင်ပေါ်တတ် ခဲ့…..,

တစ်ခန်းရပ် များ   မင်းသား ကျွန်တော်

ကျွန်တော် ဇာတ်ညွှန်း   လူရွှန်းလူပျက်

ဗီလိန်ဇာတ်နှင့်   အသင့် ကျွန်တော်

လူကြမ်း ခေါ်လည်း   အလွမ်း အချစ်

မျက်ရည်ညှစ် ထုတ်    သရုပ်ဆောင်သူ

ကျွန်တော် လူသား   ဇာတ်သား အဆုံး

နိဂုံး ဘယ်သို ့  …. ချုပ်ရမယ် ။။။

လရောင်ရွှေ

၁၅း၁း၂၀၁၃

3 comments

  • ဟုတ်တယ်ဗျို့ …
    ဘဝ ဆိုတာ တကယ်တွေးကြည့်ရင်
    ရိုးစင်းလွန်းလှတဲ့ ပြဇာတ် တစ်ပုဒ်ပဲ ….

    ဟိုလို စကားနဲ့ ပြောရရင် …
    “နောက်ဆုံးတော့လည်း ဒီကောင်ပဲ”
    ဆိုသလိုပေါ့ဗျာ ….

  • မောင်ပေ

    January 17, 2013 at 8:07 pm

    ဇာတ်သားအဆုံး
    အိုနာကုန်း(ကုန်း=သင်းချိုင်းကုန်း)သို ့
    အနှေးအမြန်
    ဧကန်စင်စစ်
    သွားရလတ္တံ ့။

  • marblecommet

    January 17, 2013 at 11:41 pm

    လောကတံထွာ စေ့ရေးသေချာ
    ရှေးရေးဖွေရာ…..သတိပေး ခင်ဆရာ…..

Leave a Reply