အထက်အမြင့်မှ ဖူးမြင်ရခြင်း

1 နီးကပ်စွာဖူးမြင်ရတဲ့ ရွှေတိဂုံ
1 နီးကပ်စွာဖူးမြင်ရတဲ့ ရွှေတိဂုံ

 

အထက်အမြင့်မှ ဖူးမြင်ရခြင်း    

 

 

ကျနော်မိတ်ဆွေအများစုက မန်းလေးဂေဇက်ရွာထဲကဘဲဖြစ်ပါတယ်။

ထူးခြားစွာ ဖေစ်ဘုတ်ကနေ သိတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။

တစ်ရက်သူက ညနေခင်းမှာဖုန်းဆက်လာပါတယ်။

“ တိမ်တွေတောက်နေတာလှလိုက်တာ “

သူတို့ အိမ်ခေါင်မိုးကနေတက်ကြည့်ရင် ရွှေတိဂုံဘုရားကိုမြင်ရတာ။

ညနေခင်း တိမ်တွေလှတာ။

လပြည်ညဆိုရင် ရွှေတိဂုံဘုရားကို ကြည်ညိုစွာဖူးမြင်ရတာ။

ကိုအမြဲပြောတော့ရန်ကုန်လာရင် အိမ်အလည်လာပြီး ဓါတ်ပုံရိုက်ခွင့်ပြုဘို့ ခွင့်တောင်းထားခဲ့ပါတယ်။

ကျနော်ရန်ကုန်ရောက်တဲ့တစ်ခုသောညနေခင်းမှာ ရွှေဂုံတိုင်မီးပွိုင်အနီးက သူတို့ ဆီကိုအလည်သွားပါတယ်။

အမြင့်က 11ထပ် ဓါတ်လှေကားရှိလို့တော်ပါသေးတယ်။

သူတို့အိမ်မှာခဏ စကားပြော.

ညနေခင်းရောက်တော့ အိမ်အပေါ်ထပ်ကနေ ခေါင်မိုးပေါ်တက်။

သူတို့ က သံဇကာ ကာလို့ အသေအချာလုပ်ထား။

ဓါတ်ပုံတွေရိုက်မိတဲ့အခါ ကျနော်စိ်တ်ထဲ မှာ ကျေနပ်မူ့တစ်ခု ကျန်နေခဲ့ပါတယ်။

ကျေးကျေးပါ မိတ်ဆွေလေးရေ။

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

23-1-2013

 

2 သုံးရောင်ခြယ်
2 သုံးရောင်ခြယ်

 

3 မဟာဝိဇယ
3 မဟာဝိဇယ

 

4 ဆည်းဆာရိပ်အောက်မှ
4 ဆည်းဆာရိပ်အောက်မှ

 

5 ဆည်းဆာရိပ်မှ ရွှေတိဂုံ
5 ဆည်းဆာရိပ်မှ ရွှေတိဂုံ

 

6 ကြည်ညိုဘွယ်ရ
6 ကြည်ညိုဘွယ်ရာ

 

7ဆည်းဆာရိပ်အောက်ဝယ်
7ဆည်းဆာရိပ်အောက်ဝယ်

 

8 မဟာဝိဇယ
8 မဟာဝိဇယ

 

 

10 comments

  • ဖေပေါက်ဂျီး …
    ဘုရားတွေ ဖူးသွားဘာဒယ်ဂျို့ ….
    ရွှေတိဂုံ ဘုရား ဖူးမြော်ဖူးတယ် ဆိုပေသိ …
    အဲ့လို အချိန်ကြီး မဖူးမြော် ဖူးဘူးဂျ …
    ဖေပေါက်ဂျီး ဒို့ဂဒေါ့ အားဂျီး ဝီရိယ ကောင်းဒယ် …

    • အဟီးးး
      သိဝူးးလေဂျာ ..
      ဖေပေါက်ဂျီးဂလည်း ….
      ကျုပ်က ပုံတွေဘဲ ကြည့်ပြီး နံနက်ပိုင်း ဆိုပြီး ရမ်းတွယ်ထည့်လိုက်ဒါ … :mrgreen:
      အင်းး မွှားဒဲ့ အခါလည်း မွှားပေမပေါ့ …

  • မိုး မင်းသား

    January 27, 2013 at 1:04 pm

    ကိုပေါက်…ကျွန်တော်ကိုညာတယ်

    ရန်ကုန်ရောက်ရင်ဖုန်းဆက်မယ်ဆိုပြီး…….ဘုရားဖူးပြီးပြန်သွားတယ်မဟုတ်လာ.း…..

    ခင်လို ့စတာပါကိုပေါက်ရေ…..နေကောင်းရဲ ့မဟုတ်လား

  • မဟုတ်ရပါဘူးဗျာ။
    ရန်ကုန်ရောက်တာ ချာလပတ်ကိုရမ်းနေတာဘဲ။
    ပိုစ်တင်မှသာဖတ်ကြည့်ပေတော့။
    နေကောင်းပါ၏။

  • မောင်ပေ

    January 27, 2013 at 7:04 pm

    အင်တာနက်သုံးပြီး ငွေရှာမယ်အလုပ်
    ကိုပေါက် ရဲ ့ ဘုရားပုံလေးတွေ အရင် ဖူးမျှော်ကြည်ညိုရတယ်
    သာဓု သာဓု သာဓု ပါ ဗျာ

  • Mobile

    January 27, 2013 at 7:25 pm

    ကိုပေါက်ရေ အခုပုံလေးတွေကိုတော့ဖြင့် ဝေါးပေပါလုပ်၍ ပူဇော်နိုင်ရန်
    ကူးယူထားလိုက်တယ်ဗျ။
    မြန်မာပြည်အနှံ အတော်ခြေဆန့်တဲ့ အတော်အရိုက်ကောင်းတဲ့ကိုပေါက်
    မန်းလေးနန်းတွင်းထဲကပုံတွေကို တင်မယ်ဆိုတာ ဘယ်တော့တင်ပေးမှာလဲဗျ။
    ကျနော် ရွာထဲမရှိတုန်းမှာများ တင်ပေးလိုက်သလား။
    ကြည့်ချင်တောင်းတ ဖြစ်နေလှပီဆိုတဲ့အကြောင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • နန်းတွင်းပုံတင်လို့ရခါနီးပါပြီ သိပ်မစောင့်ရတော့ပါဘူးဗျာ
    မြန်မာပြည်မနှံ့သေးဘူးဗျ
    မြန်မာပြည်အောက်ပိုင်း မရောက်ဖူးသေးဘူးဗျ။
    ဖားအံ ကျိုက်ထီးရိုး ကျိုက်ခမီ ငပလီ ချောင်းသာ ငွေဆောင်အလောင်းတော်ကဿဖ မြစ်ကြိးနား ကလေးတမူး
    တွေးကြည့်ရင်မရောက်ဘူးသေးတဲ့နေရာအများကြီး
    ရောက်ဘူးပြီး ဓါတ်ပုံမရိုက်ဘူးသေးတဲ့ ပုဂံ မကွေးမြသလွန် ရွှေစက်တော်
    တွေးကြည့်တာနဲ့တင် အများကြီးပါဗျာ

  • နွေဦး

    January 29, 2013 at 5:23 pm

    အဲအိမ်ပေါ်က ရိုက်ရင် မနက်စောစောလဲလှတယ်ဗျ..။

  • ကြည့်ရတာ ကိုနွေဦးက အဲဒီအခန်းနားမှာဘဲနေပုံရတယ်။
    ကျနော်ရိုက်တဲ့နေရာကို အတိအကျသိနေတာ။
    ဒီလိုမှန်းသိရင် ဝင်လည်ပါတယ်ဗျာ။

Leave a Reply