မထင်မှတ်ထားတဲ့-၁

ムラカミJanuary 18, 20131min24123

မနေ့က တိုကီယို ရောက်တယ်…။
ဟိုစာအုပ်အနီလေး အသက်ဆက်ဖို့ရယ် အလုပ်ကိစ္စ ရယ် ဆိုပါတော့ … ။
ဘာရယ်မဟုတ် ၄-၅ရက်တော့ နေဖြစ်ဦးမပေါ့လေ…။

မနေ့က ရိုးရှင်းပြီး ထိရောက်တဲ့ မားကတ္တင်း တက္ကနီကွေး တခု မထင်မှတ်ဘဲ
တွေ့ခဲ့တာလေး ဖောက်သည်ချချင်လို့ပါဗျာ…။

လွန်ခဲ့တဲ့ ၃ရက် က တိုကီယိုမှာ နှင်းတွေ ဖွေးဖွေးလှုပ်အောင် ကျခဲ့တယ်ဗျ…။
ပျမ်းမျှ ..တမိုက်ထု လောက်တောင် ရှိမလားပဲ ..။
အပူချိန် ရ ဒီဂရီ ကနေ အနှုတ်၁ လောက် ရှိတဲ့ကာလဆိုတော့ …
ကျခဲ့တဲ့ နှင်းတွေက ရေခဲပုံတွေအနေနဲ့ နေရာတကာမှာ ခုထိ (နှင်းကျပြီး ၃ရက်မြောက်)
ကျွင်းကျန်နေဆဲပေါ့ ..။ အဲ …လမ်းမတွေ မှာတော့ဖြင့် ကားတွေ သွားလို့ရအောင်
စက်အားလူအား နဲ့ ရှင်းလင်းထားသပေါ့ ..။
ရှင်းပုံကထွေထွေထူးထူးတော့ မဟုတ်ပါဘူး လမ်းဘေးဝဲယာမှာ ပုံထားယုံပါ။
အချိန်တန် အရည်ပျော် မြောင်းထဲ စီးသွားမပေါ့လေ….။
ဆိုတော့ မြင်ကွင်းက လမ်းဘေးဝဲယာ တဖက်တချက်စီမှာ (များတဲ့နေရာဆို)၂ပေလောက်စီမြင့်တဲ့
ရေခဲတွေ ပုံထားတဲ့ မြင်ကွင်းပေါ့ဗျာ ..။

အဲ့သည့်မြို့ကို မနေ့က ကျနော် ခြေချတယ် ဆိုပါတော့ …။
မနက်ကတည်းက လှုပ်ရှားလာလိုက်တာ..နေ့လည် ထမင်းစားချိန်ရောက်မှ အားလပ်ချိန်ရ တယ်ပေါ့ဗျာ …။
ဂလိုနဲ့ … မစားရတာကြာပြီဖြစ်တဲ့ ..ယိုးဒယား ဆိုင်လေးကိုချီတက် …ထမင်းမှာစား…
အဲ…. အဲ့သည့်ကနေ သံရုံးကို လမ်းလျှောက်ပြီးသွား ပေါ့ ..။

ဂျီပီအက်စ်ပါ ရွာရောက် ထုံး နှလုံးမူပြီးသကာလ .. ညွှန်းတဲ့အတိုင်း
လမ်းချိုလမ်းကြား ဘူတာချိုဘူတာကြား ဖြတ်သန်းပြီး ၁မိုင်လောက်
လမ်းလျှောက်ရတဲ့ခရီး ဖြစ်ခဲ့သကိုးဗျာ ။

အဲ့. .. လမ်းကြားလေးတခု အရောက်မှာ ကျနော့်ခြေလှမ်းတွေ တုန့်ဆိုင်းသွားခဲ့ရတယ်…။
ဟုတ်တယ်…ခွေးလေး တစ်ကောင် ။ တကယ့် သက်ရှိခွေးတော့မဟုတ်ဘူး …
အထက်ကပြောတဲ့ လမ်းဘေးစုပုံထားတဲ့ ရေခဲတွေနဲ့ ထုထားတဲ့ ထိုင်နေတဲ့ပုံ ရှိတဲ့ ခွေးရုပ်လေး။
အဲ့သည့်ခွေးရုပ်လေး နောက်မှာ ဟင်းသီးဟင်းရွက်ဆိုင်တဆိုင် …။
ကျနော် ဆိုင်ထဲ ခနဝင်ဖြစ်တယ်။ ပြီးတော့ …
ဆက်လျောက်လာရင်း ကျနော် အများကြီး တွေးဖြစ်ပါတယ် ။
(ထုံးစံအတိုင်း သံရုံးမှာ ထိုင်စောင့်ရတဲ့အချိန်က များသကိုး..)

ဘက်ဂရောင်းကွန်ဒစ်ရှင် ကို ပြောရရင် တိုကီယို ဆိုတာ
ကမာ္ဘမှာ အဖွံ့ဖြိုးဆုံး လူအထူဆုံး အတိုးတက်ဆုံး မြို့မဟုတ်ပေမယ့်
ကမာ္ဘ့ လှုပ်ရှား ရုန်းကန်ရတာ အခက်ခဲအကျပ်တည်းဆုံး နံပါတ်-၁စွဲတဲ့မြို့ ခည…။
လုပ်ခလစာအနေနဲ့ စားပွဲထိုး လုပ်ရင်တောင် ၁နာရီ ကျပ် ၁သောင်းလောက် ရတဲ့နေရာ…။
အဘယ်သူကများ ၃-၄နာရီ အချိန်ကုန်ခံပြီး အနှီ လမ်းဘေးမှာပုံထားတဲ့ ရေခဲပုံကို ခွေးရုပ်ထုပါလိမ့် …။
ဆိုတော့ သူ့နောက်က အသီးအရွက်ဆိုင် က လွဲရင် ဘယ်သူမှမဖြစ်နိုင် …။
ဟင်းရွက်ဆိုင်က ဘာကြောင့်များ လမ်းဘေးနှင်းခဲ(ရေခဲပုံကို) ခွေးရုပ်ထုပါလိမ့်ဗျာ…။
ရိုးရိုးတွေးရင် အသီးအရွက်နဲ့ နှင်းခဲ လားလားမှ မဆိုင် …။
သို့သော် …မားကတ္တင်း အရ ဆိုင်ပါသဗျား..။

ဟုတ်ကဲ့ Eye-Catch ပါ… ။
လူတွေ ဒါကိုတွေ့တော့ စိတ်မဝင်စား နေနိုင်မလားဗျာ…။စိတ်ဝင်စားကြတာပေါ့…
ဒါကိုစိတ်ဝင်စားရင် ဒါကို ဖန်တီးသူကိုလည်း စိတ်ဝင်စားကြတာပေါ့ …။
အနည်းဆုံး တော့ အိုင်ဒီယာလေး ကောင်းလိုက်တာလို့ ..စိတ်ထဲ ချီးကျူးမိကြမပေါ့…။
အဲ့သည့်ထက် နည်းနည်း ပိုရင် ဒါကို ဖန်တီးသူ တွေရှိတဲ့ ..ဒီဆိုင်လေးကို ဝင်ကြည့်မိကြမှာပေါ့ …။
ကျုပ်လို သွားတဲ့နေရာနဲ့ လမ်းကြောင်းသင့်တဲ့ ဟိုတယ်မှာ ကျိုးတဲ့ငတိတောင် (ဟင်းချက်စားဖို့ တစက်မှ
အကြောင်းမရှိတဲ့ ကောင်တောင်) ဟင်းရွက်ဆိုင် ခနတဖြုတ်ဝင်ကြည့်မိသေးတာရယ်..။
အဲ… ဖြတ်သွားဖြတ်လာ အနီးအပါးနေသူတွေက မူလရည်ရွယ်ချက်မရှိရင်တောင် စားချင်တာလေးတွေ့ရင်
ဝယ်မိမပေါ့…။ ဒါကို သုံးသပ်ရရင် …ဒီခွေးရုပ် နောက်ထပ် ခံလှ ၄-၅ရက်ပေါ့ဗျာ… ။ သို့သော်
သည်ရက်ပိုင်းအတွင်း သည်လမ်းသွယ်လေးကိုဖြတ်သန်းသွားမယ့် ထောင်ဂဏန်းကနေ သောင်းဂဏန်းကြား
လူတွေကို ဆွဲဆောင်မှု ပြုနိုင်တဲ့ guerrilla marketing လို့ ဆိုချင်ပါတယ်။ Street Advertising လို့ပြောဖို့တော့
နည်းနည်း ခက်မလားပဲ …။ ခွေးရုပ်မှာ ဆိုင်နာမည် မထွင်းထားလို့လေ…။ သို့သော် အနည်းဆုံးတော့ 360 degree
branding လို့ အကျုံးဝင်မယ်ထင်တာပဲ …။ ဘာကြောင့်လဲဆို … အပေါ်မှာ လုပ်ခလစာအကြောင်းရေးထားတာ
နဲ့ ဆက်စပ်ပြောပြပါ့မယ်…။ ဒီအရုပ်ကိုလုပ်ဖို့ အနည်းဆုံး မြန်မာကျပ်ငွေနဲ့ တွက်ရင် ၃-၄သောင်းလောက်
လုပ်ခလစာ ကုန်ကျရဲ့ဗျာ …။ ဒါဟာ လူတစ်သောင်း(ပျမ်းမျှ) ကိုစွဲဆောင်ဖို့ သုံးထားရတဲ့ ကုန်ကျစားရိတ်နော…
သို့ပေတဲ့ …ပြောင်းပြန်အားဖြင့် လူတစ်သောင်းကို ခေါ် ပြီး ၃-၄သောင်းပေး (တယောက် ၃-၄ကျပ်ရမပေါ့ဗျာ..)လို့…
ကျနော်တို့ ကို စိတ်ဝင်စားပါ…။ ကျနော်တို့က သိပ်ဉာဏ်ကောင်းတာပဲသိလား..။ ကျနော်တို့ ကိုယုံပါ ..။
စတာတွေ ဝယ်လို့မရဘူး မဟုတ်လားဗျာ…။ ဒါဟာ ဝယ်လို့မရတဲ့ စိတ်ဝင်စားမှု၊ လေးစားမှု၊ ကို အတွေးကောင်းကောင်းနဲ့
ဈေးချိုချိုနဲ့ ဝယ်ယူခဲ့ခြင်း လို့ပဲ မြင်မိပါတော့တယ်…။ လမ်းသွယ်လေးမို့ ၄-၅ရက်ကာလကြာခံမယ့် လက်ဖြစ် ရေခဲပန်းပု
ဟာ လူတစ်သောင်းလောက်ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့တယ် … အဲ …အဲ့သည့် လူတစ်သောင်းထဲက ၁%ပဲဖြစ်ဖြစ်ပါ
(လူတစ်ရာ ပေါ့ဗျာ) new customer အဖြစ် ရရှိခဲ့မယ်ဆိုရင်တောင် ဒါဟာ အိမ်ဆိုင်သာသာရှိတဲ့ ဟင်းရွက်ဆိုင်လေးအတွက်တော့
အင်မတန်အောင်မြင်တဲ့ မားကတ္တင်းကန်ပိန်း ဖြစ်လာခဲ့မပေါ့နော….။
အိုင်တီဘက်ကို ဆက်စပ်လို့ …
ခုနောက်ပိုင်း ခေတ်စားတဲ့ SNS Trend အရပြောရရင်တော့ဖြတ်သွားဖြတ်လာတွေက ဒါကိုတွေ့မယ် …။ ဒါ့ပုံရိုက်မယ်။
ဆိုရှယ် မီဒီယာမှာ ရှဲမယ်..။ ဂျီအိုတက်-တက်ကနော်လော်ဂျီအရ …သူ့ရဲ့ မိတ်ဆွေတွေကြားမှာ
ဘယ်နေရာမှာ (ဆိုင်အဝင်ဝ ဘက်ဂရောင်းပါတဲ့ပုံ) ပျံ့နှံ့မယ် … လူတွေပိုသိမယ်ပေါ့ …။
အနည်းဆုံး ဂေါ်လီစကားနဲ့ ပြောရင် …. ဟာ ..ဒီကောင်တွေ စမာတ်ဖြစ်တယ် လို့ လူတွေပိုသိလာမယ်
ကျော်ကြားလာမယ်ပေါ့ဗျာ …။

အချုပ်ပြောရရင် .. မားကတ္တင်းက ဘာလဲဆို ရင် ဒါပါပဲ …။
မားကတ္တင်းက ဈေးမရောင်းပါ..။ ပိုက်ဆံ မဝင်ပါ…။ ပိုက်ဆံသာ ဖြုန်းတာပါ…။
မားကတ္တင်းရဲ့ နောက်ထပ် အနက်ပွားကို smart ways to spend money လို့
ခေါ်နိုင်မလား မဆိုနိုင်ပါ..။ (ပြည်တွင်းမှာတော့ ဈေးလှည့်ရောင်းနေသူတွေကို မားကတ္တင်း ခေါ်ကြတာ အသားကျနေရဲ့)

အင်မတန်ရိုးရှင်းလှတဲ့ ဒီ Success Story လေးက မားကတ္တင်းရဲ့ သရုပ်ကို တစုံတရာ ပုံဖော်နိုင်ခဲ့မယ်ဆိုရင်
ဒီပိုစ့် ရေးရကျိုး နပ်ပါပြီဗျာ …။

တော်သေးပီ
P.S သံရုံးမှာ ဘယ်နှနာရီကြာမယ်မှန်းမသိလို့ ဘက်ထရီ ချွေတာခဲ့ရလို့ ခွေးရုပ်ပုံ ဒါ့ပုံမရိုက်လာဖြစ်တာကိုတော့
သည်းခံပေးကြပါခင်ဗျား..
ခင်တဲ့..

23 comments

  • ဦးကြောင်ကြီး

    January 18, 2013 at 10:52 am

    မားကက်တင်း
    ကျားဝက်မြင်း
    ခါးဖက်ရင်း
    အားသွက်ဗျင်း
    ယားရှက်ငြင်း
    နားဆက်ထွင်း
    ညားဓာတ်ခွင်း
    ဖားသက်ပြင်း..။

    • စောဦး

      January 18, 2013 at 6:27 pm

      အူးကြောင်ကြီးရဲ.
      နပေတွေ..
      ကာရံတွေကို.
      အမြဲတမ်း အားပေးနေတယ်ဗျာ…

  • Mon Kit

    January 18, 2013 at 11:20 am

    ခွေးရုပ်ပုံလေး ကြည့်ရတော့မယ်ဆိုပီး အားခဲထားတာ…
    ဟင့်… တောင်းပန်လို့သာပေါ့… :kwi:
    ဟုတ်တယ်နော်….. ဂယ်ဆို ဟင်းရွက်ဆိုင် နဲ့ ခွေး ပုံလေးက ဘာမှဆိုင်ဝူးးးးးး……
    လူဆိုတာ စပ်စုတတ်ကြတာလား… ချစ်စရာ လေးတွေ တွေ့ရင် လိုချင် ၊ ချစ်ချင်ကြတော့ အဲ့ပုံ တီထွင်တဲ့လူ အိုက်ဒီယာ တော်တော်ကောင်းဒယ်… အတုယူသင့်တယ်လို့ထင်တယ်…

  • မိုချို

    January 18, 2013 at 11:26 am

    မာကတ်တာ တောင် မျက်စိကျတဲ့ ခွေး ရုပ်လေး ဆိုတော့ တော်တော် လက်ရာမြောက်လို့ ထင်တယ်။
    ဓါတ်ပုံ ဆြာ ဆိုတော့ ခွေးရုပ်လေးတော့ ရိုက်လာပြီ မှတ်တာ ၊ ဘတ်ထွီ ခြွေတာရ သတဲ့ ။
    ဖုန်းတွေ ထဲမှာ ဘက်ထွီ ကို ကိုယ့် ဘာ ကို လေထဲက ၊နေရောင်က ရအောင် ပြန် ဖြည့် နိုင်တဲ့ ဖုန်း တွေ ဘယ်သူမှ မထွင်ကြသေးဘူး လား မသိဘူး။
    ခုတော့ ဖုန်းတွေ လယ်လောက် ဖန်ရှင်စုံစုံ ၊ ဘက်ထွီ သာ ကုန်သွား ရင် ဘာမှ သုံး မရ တဲ့ အရာ တစ်ခု ဖြစ်သွားရော။

    • မောင့်ကျက်သရေ ဂီ့

      January 18, 2013 at 1:10 pm

      အေအေဘက်ထွီ ၂ခဲနဲ့ သုံးလို့ရတဲ့ ပါဝါကစ်ဒ် တွေ ရှိသဗျ..
      နောက်ပြီး ဖုန်းတွေအတွက် ဆိုလာကာဗာ တွေတော့ ထွက်သဗျ..
      ဟို ဂျေပီလေးနဲ့ ဟိုလူဂျီးလို မျက်နှာကွယ်လို့ရတဲ့ လွတ်ကျရင် ဂွပ်တဲ့
      ဧရာမ ဖုန်းကြီးတွေ ကိုင်သူမဟုတ်ဘဲ ..လူတရပ်ကနေ လွတ်ကျရင်တောင်
      ဘယ့်နှယ့်မှ မနေတဲ့ဖုန်း ကိုင်သူဆိုတော့ ကာဘာတွေ ဘန်ပါတွေ ရှုပ်ရှုပ်ယှက်ယှက်
      မသုံးဘူးခည …လိုမှ မလိုဘဲကိုး ..(ဟိ ..အကွက်ဝင်တုန်း)

      ဖုန်းဘက်ထွီ ကို ခြွေတာရတယ် ဆိုတာက ဖုန်းကို မိုဒမ်းလိုသုံးပြီး
      တက်ဘလက်နဲ့ မေးလ်ရေးရလို့ပါခည …

      ခွေးရုပ်ကတော့ လက်ရာမြောက်တယ် ရယ်လို့လဲ မဟုတ်ပါဘူး …
      သာမန် နှင်းနဲ့ လုပ်တဲ့ အရုပ်တခု ဆိုတာထက် မပိုပါဘူး…
      အဲ ..အဲ့သည့်နောက်က အိုင်ဒီယာကသာ သာမန်ထက်ပိုတာပါ …
      (ဟီး …တကယ်က အုံးစားရင်း အချိန်လုရင်း လောကြီးရင်းနဲ့
      မောဟပွားပြီး မရိုက်ခဲ့ဖြစ်တာ ဖစ်ပါလိမ့်မယ်..)

  • Khaing Khaing

    January 18, 2013 at 11:29 am

    မာကတ်တင်းတွေဘာတွေတော့မသိဘူး …. ဂျပန်နိုင်ငံရဲ့မြို့တစ်မြို့မှာ ခွေးလေးက သူ့သခင်ကို သစ္စာရှိရှိစောင့်တယ်ဆိုတဲ့ ပုံပြင်လေးလား တကယ့်အဖြစ်အပျက်လားမသိ အဲဒီကားတော့ ကြည့်ဖူးတယ် …. အဲဒီခွေးရုပ်ကို ဘူတာရှေ့မှာ ထုထားခဲ့တယ်လေ …… အခုလည်း ဟင်းရွက်သယ်က သူ့ရဲ့သစ္စာရှိတဲ့ခွေးပုံ ကို ရေခဲပုံဖော်ထားတာလားမှမသိတာ ……..

    • မောင့်ကျက်သရေ ဂီ့

      January 18, 2013 at 12:35 pm

      အဲ့ဒါ ကျနော်တို့ ရွှေတွေ ခွေးရုပ်ဘူတာ လို့ အလွယ်ခေါ်တဲ့ ရှိဘုယ ဘူတာ ပေါ့ဗျာ..
      http://en.wikipedia.org/wiki/Shibuya_Station

      အဲ့သည့် ခွေးဇာတ်လမ်းနဲ့ ကမာ္ဘကျော်ခဲ့ဖူးသပေါ့ …
      ခုဆက်လက်ပြီး ကမာ္ဘကျော်နေတဲ့ ခေါင်းစဉ်ကတော့ လူငယ်တွေနဲ့ဆိုင်သဗျ…
      အဲ့သည့်ဘူတာရှိတဲ့ မြို့နယ် ပါတ်ချာလည် ကို လူငယ်မြို့ အဖြစ် တင်စားခေါ်ဝေါ်ကြတယ်..
      တကယ်ပဲ ဖက်ရှင်ဆိုင်တွေ လူငယ် တွေနဲ့ စည်ကားလွန်းတဲ့နေရာပါ…။
      ကမာ္ဘ့ အဆင့် ၁ကနေ ၅အတွင်းဝင်တဲ့ လူငယ်ဖက်ရှင် လမ်းစဉ် ကိုလေ့လာရင်
      မေ့မထားစကောင်းတဲ့ နေရာ ဖြစ်ရဲ့ …။ စီအင်န်အင်န် ကတော့ ဖက်ရှင်နဲ့ ပါတ်သတ်ရင်
      (ထုံးစံအတိုင်း) အီတာလီယာ-၁ ဖရန်စစ်-၂ ပေးထားပေမယ့် ဂျပန် လမ်းလူငယ် ဖက်ရှင်ကို
      ၄-၅ လောက်မှာရှိပါသတဲ့ … သူတို့ ဖက်ရှင်က ဟိုအနောက်က ဆြာတွေလို ကောင်းပေ့ညွန့်ပေ့ ဆိုတဲ့
      ဘရန်းတွေနဲ့ တန်ဆာဆင်တဲ့ ဖက်ရှင်ထရင်န်း မျိုးမဟုတ်ဘူး ….
      ဒေါ်လှ ၂ဝ လောက်တန်တဲ့ တီရှပ်ဖြစ်ချင်ဖြစ်မယ်… ဖိနပ် ကလည်း ဒေါ်လှ ၅ဝတန်လောက်ဖြစ်ချင်ဖြစ်မယ်…
      သို့သော် ထူးခြားတာက Unique ဖြစ်မှု ပဲ …။ တယောက်စီမှာ ရှိတဲ့ ပစ္စည်း ပုံစံတူ နောက်တယောက်စီမှာမရှိတဲ့
      ဒီဇိုင်း ကွဲပြားမှု သီးသန့်ဖြစ်တည်မှု ..က ဒီဖက်ရှင်လောကရဲ့ အသက်သွေးကြောဖြစ်ပါသတဲ့ …။

      ဆိုလိုချင်တာ ကျနော်တို့ မြန်မာတွေ အကျင်္ ီ တွေ အချိတ်လုံချည်တွေမှာ စီးကွင့်စ် ထိုး သလို ပေါ့ဗျာ..
      မူရင်း စက်ရုံထွက် ပစ္စည်း တမျိုးမျိုးကို ကတ်စတမ်မိုက်ဇ် လုပ်ယူပြီး ဆိုင်ပေါ်တင်ရောင်းတဲ့ ဘစ်ဇနက်စ်ပေါ့…
      လူငယ်တွေ ခံယူထားတာကတော့ …Unique မဖြစ်ရင် fashion မဖြစ်ပါဘူး တဲ့ …

      ရှိဘုယ အကြောင်းပြန်ကောက်ရရင် အနှီဘူတာရှေ့ တည့်တည့်က မီးပွိုင့်က
      ကမာ္ဘ့အလုပ်အများဆုံး လူအရှုပ်ဆုံး မီးပွိုင့်တွေထဲက တခုအပါအဝင်ဖြစ်ပါသတဲ့ …။

      (အော်… သဒိယသွားဘီ ကွယ်…)
      သူကလေး လည်လည်လာတုန်းက ဈေးဝယ်ထွက်ခဲ့တာဒွေ …
      ခိခိ

      တော်သေးဘီ
      (မှတ်ချက် ..ကျိကျိ မမြင်ဇီယ)

      • Khaing Khaing

        January 18, 2013 at 2:12 pm

        အခုတော့ အရမ်းကို ပြောင်းလဲသွားပီပေ့ါ …… လွမ်းစရာအငွေ့အသက်တွေမကျန်လောက်တော့ဘူးထင်တယ် … ရုပ်ရှင်ကြည့်တုန်းက နှင်းတွေနဲ့ ခွေးလေးကိုကြည့်ပြီး မျက်ရည်တောင်ဝဲခဲ့ရတယ် …… သူ့သခင်ကိုလည်း တကယ်မသေပဲ အသက်ပြန်ရှင်လာပီး သူနဲ့တွေ့စေချင်တယ် …… ကားနံမည်က The dog tale ဆိုလားပဲနော် ….

      • kai

        January 18, 2013 at 3:45 pm


        အဲဒီ ရှိဘူယဘူတာ.. ခွေးရုပ်ဘေးမှာ.. . ချိန်းဆိုကြသူတွေအများကြီးပဲ..
        အဲဒီမှာ သွားစောင့်နေရင်း.. ရေနှစ်(နှစ်ခြင်း)ခံမလား.. ဝိုင်တိုက်မယ်ဆိုပြီး.. နိဟွန်းဂျင်းဂျိုဆေးလှလှလေးတွေ.. လာပြောလို့..သူတို့နဲ့အတူ..ချပ်ချ်လိုက်သွားဖူးတယ်..
        အဲဒါနဲ့.. ဝိုင်သောက်ချင်.. အဲဒီနားသွားရပ်ရုံ..
        ဆိုတော့.. ကမ္ဘာခရစ်ယန်လူဦးရေစာရင်းမှာ.. လူကိန်းဂဏန်းတွေတိုးသွားရော…
        အမှတ်တရပြောပြတာပါ…
        ခွေးရုပ်ဘေးပန်းခြံလေးက.. လူတွေ.. ချိန်းဆိုကြတဲ့.. လန်းဒ်မတ်ခ်ပဲ..

        ရန်ကုန်မှာ.. အဲလိုအထိန်းအမှတ်နေရာလေးရှိစေချင်တာ…
        ဖြစ်သွားအောင်.. ရန်ကုန်မြိုလည်တံတားတခုပေါ်ကနေ…
        ညသန်းခေါင်မှာ.. ခွေးတကောင်…ကြိုးနဲ့တွဲလောင်းဆွဲ.. သတ်လိုက်ပါဘားဟင်..
        မနက်ကျ.. ခွေးက..သခင်စောင့်ရတာ.. ပေါ်မလာတာနဲ့.. စိတ်ညစ်ပြီးဆွဲကြိုးချသေတယ်ပေါ့..
        ဘာသိတာလိုက်လို့.. ။ညနဲ့နေ့..အဲလိုပဲ.. လုပ်စားနေကြတာပဲမဟုတ်လား..

        သစ္စာတံတားနာမယ်ပေး..
        ချစ်သူတွေ.. မကွဲချင်ရင်… အဲဒီတံတာပေါ်မှာ.. ရည်းစားစကားပြောရတယ်လုပ်..
        သစ္စာမစောင့်ပဲ.. ကွဲရင်.. ဆွဲကြိုးချသေရတတ်တယ်မားကက်တင်းန်လုပ်ပေါ့.. :kwi:

        အာဟိ..

        • Khaing Khaing

          January 18, 2013 at 4:34 pm

          သူများဝမ်းနည်းနေတာ … ဘာတွေပြောနေလဲမသိဘူး … ရီလို့မရဘူး … ဗိုက်ကထောက်နေတာ ……… အိမ်မှာတော့ ခွေးတစ်ကောင်ရှိဖူးတယ် …. ရေဖျင်းဆွဲရောဂါရနေတယ် … ကိုယ်ကသူ့ကိုကြည့်ပြီး သိပ်သနားတယ် … ရောဂါလည်းကုပေးချင်တယ် … ငွေကမရှိဘူး ….. ညဘက် ခွေးက စကားပြောတာအိပ်မက်မက်တယ် … အဲဒီဂဏန်းတကွက်ထဲ ကံစမ်းလိုက်တာ ပိုက်ဆံရတယ် ……. သူ့အတွက် အိမ်ကိုဆရာဝန်ပင့်ပြီး ကုပေးခဲ့တယ် … ဒါပေမယ့် သူသေသွားရှာတယ် …. အခုချိန်ထိသူ့ကိုသနားနေတုန်းပဲ …… သူ့ကိုမြုပ်တဲ့နေရာမှာ အုန်းပင်လေးစိုက်ပေးထားတယ် … သူကအိမ်မှာ သိပ်လုံတဲ့ခွေးလေ …. ဒါကြောင့်ပါ ….

  • Wow

    January 18, 2013 at 11:34 am

    ခွေးရုပ်လေးက ပရို လက်ရာဆိုရင်တော့ ပရိုမားကက်တင်း..
    ခလေး/လူကြီး တစ်ယောက်ယောက်က ဝါသနာအရ လက်ဆော့ထားတာဆိုရင်တော့ မတော်တဆမားကတ်တင်း accidental marketing :kwi:

    • မောင့်ကျက်သရေ ဂီ့

      January 18, 2013 at 12:52 pm

      ဂျပန်တွေက ခွေးသိပ်ချစ်ကြတယ်ဗျ ….

      ဂျပန်မှာ မေဂျာ အားဖြင့် ဖုန်းနဲ့ပါတ်သတ်တဲ့
      လိုင်းကန်ပနီ-၃ခု ရှိတယ်…
      နာမည်တော့ မရေးတော့ဘူးနော.. အနီရယ် လိမ္မော်ရယ် အဖြူရယ် လို့ပဲ ပြောတော့မယ်…။
      အနီက နံပါတ်တစ် အထွားဆုံး..သူတို့ ဂြိုလ်တု ထိတောင် ပိုင်တယ်…
      (ဆမ်ဆောင်း အက်စ်သရီး ကို သူတို့ မူပိုင်ယူပြီး အက်စ်သရီးသုံးချင်ရင် သူတို့လိုင်း သုံးရမယ် ဆိုတာမျိုး
      မူပိုင်ကို ချုပ်ထားတာ..)
      လိုင်းစွဲအားလည်း ကောင်းမှကောင်း ဈေးကလည်း မာသလားမမေးနဲ့ …

      လိမ္မော်က နံပါတ်နှစ် သူကျတော့ မိသားစုတွေကြား ကြိုက်သလောက်ခေါ် ဖရီး ဆိုတာမျိုး
      ဆားဗစ်ပေးလို့ …. လူသုံးများတယ်… လိုင်းဆွဲအားကော ဈေးပါ အသင့်အတင့်ရှိတယ်..

      အဲ… အဖြူကတော့ နံပါတ်သုံး လိုင်းစွဲအား အစုတ်ဆုံး … သို့သော် ဈေး ကျတော့ အချိုဆုံး …
      သို့သော် သူက မားကတ္တင်း အတော်ဆုံး …။ ဟုတ်တယ်လေ.. သူ့ကိုယ်သူ
      အထက်က ဘီလူးကြီးတွေနဲ့ ယှဉ်ပြီး မြှင့်တင်လာခဲ့ရတာ ….
      သူက သူ့ ဆားဗစ်သုံးတဲ့ ဖုန်းအချင်းချင်းခေါ်ရင် မနက် ၁နာရီကနေ ည၉နာရီထိ ဖရီးပေးသုံးတယ်…
      အဲ့ဒါရဲ့ သက်ရောက်မှုကတော့ ဘစ်ဇနက်အချင်းချင်း … ဟိုဘက်ကန်ပနီ ဒီဘက်ကန်ပနီ
      ဝန်ထမ်းအချင်းချင်း အလုပ်ကိစ္စပြောဖို့ရှိတဲ့အခါ… သူ့ကိုသာ ရွေးချယ်စရာ ဖြစ်တော့တာကိုး …
      ဆိုတော့ ဖုန်း၂လုံးကိုင်တဲ့ ဂျပန်တွေ တွေ့ရင် အဖြူက လုပ်ငန်းခွင်သုံး အနီ (သို့)လိမ္မော် က
      ကိုယ်ပိုင်သုံး ..ဆိုတာက default ဖြစ်နေတော့တာရယ်…။
      အဲ့ဒီ အဖြူကန်ပနီက အိုင်ဖုံး ပက်ပက်စက်စက်ပေါက်ခဲ့တဲ့ ၃ရီးဂျီ ဖိုးဂျီ(စထွက်ချိန်ထိ) ခေတ်မှာ
      ဟို အကြီး၂ကောင်ကို ကျော်ဖြတ်ပြီး ဂျပန်ရဲ့ အိပ်စကလူးဇစ် ဆားဗစ်ပရိုဗိုက်ဒါ ဖြစ်ခဲ့သေးတာကိုး …
      ဒီဘဲတွေ မားကတ္တင်းတော်တာတော့ မပြောနဲ့ ..အပေါ်ကပြောထားတဲ့ ခွေးကိစ္စနဲ့ ဆက်စပ်ပြောပြရရင်
      အနီနဲ့ လိမ္မော် ဆြာကြီး၂ယောက်က နာမည်ကြီး ကမာ္ဘတမ်း (ဟူစိန်ဘော့ နဲ့ လေဒီဂါဂါတောင်ပါသေး) သရုပ်ဆောင်တွေနဲ့
      ကြော်ငြာရိုက်တဲ့အချိန် … အဖြူဆြာသမားတွေက စွတ်စွတ်ဖြူတဲ့ ခွေးတစ်ကောင်သုံးပြီး ဘရန်း အန်ဘက်စတာ
      ပုံစံကြော်ငြာခဲ့ ကြော်ငြာဆဲပဲ …. (ပြောပါတယ် ..ဒီဂျပုတွေရဲ့ ခွေးချစ်တဲ့စိတ်ရယ် သူ့ ဘရန်းကာလာရယ်ကိုတွဲသုံးပြီး
      အကုန်အကျနည်းနည်း ပါးပါးနပ်နပ်နဲ့ အကွက်ကျကျ ဗျင်းတာ)

      အဖြူဆြာတွေက တချိန်က မန်ယူရှပ်အကျင်္ ီ ထိ တက်ပြီး စပွန်ဆာပေးဖူးတဲ့ ဗိုဒါဖုန်း ကို ဝယ်ခဲ့သူတွေဖြစ်ပြီး
      မနေ့တနေ့ကပဲ ယူအက်စ် တတိယအကြီးဆုံး ဆားဗစ်ပရိုဗိုက်ဒါ Sprint ကို ဝယ်ယူနိုင်သည်အထိ
      စီးပွားတက်နေသူတွေ ဖြစ်ပါကြောင်း ….
      တော်သေးဘီ

      • Wow

        January 18, 2013 at 2:01 pm

        အခုဒီမှာတော့ HTC Taiwan Brand ကအတော်လေး hot နေဒယ်ကွဲ့…
        အကြမ်းခံရေစိမ်ခံ မြန်မာစာ လိတ်တက်မော်ဒယ် ရတယ်။ ဘရန်းမာကတ်တာ ဆရာသမားတစ်ယောက်လဲအိုက်မှာရှိတော့.. ဒီလကုန်ရင်ဖြင့် HTC Butterfly လေးများ ဝယ်မလားလို့ :harr:

        • မောင့်ကျက်သရေ ဂီ့

          January 18, 2013 at 2:36 pm

          အဲ့လာကျောလာပေါ့ …
          အိပ်ချ်တီစီ ပေးတာ ကမာ္ဘ့အပါးဆုံးဖုန်း မဟုတ်သလို ကမာ္ဘ့အမြန်ဆုံး ဖုန်းလည်းမဟုတ်ဘူး
          ခုမှ နောက်ဆုံးပေါ်တဲ့ တက္ကနော်လော်ဂျီ ပါတယ် လို့လည်း မဟုတ်ဘူး ..။
          ရိုးရိုးလေးပါပဲ ..။ ဇော်ဂျီ နဲ့ အမ်အမ်သရီး ဖောင့်လေး ၂ခု ထည့်လိုက်တာနဲ့ပဲ
          ကမာ္ဘ့ဖုန်း ကန်ပနီတွေရဲ့ အမေ့ခံ သန်း၆ဝသော ဗာဂျင်မားကတ် နုနုထွတ်ထွတ်ကလေးကို
          အပိုင်သိမ်းနိုင်တော့မယ်..။

          ဝံဂျီး အပြောင်းအလဲကြောင့် အသစ်တက်မယ့်ဝံဂျီးက (မလျှော့ပေးလို့လည်း မရတော့မယ့်)
          ဆင်းမ် ကတ်ဈေးကို ဖြုတ်ချပေးလိုက်ရင် … သူလည်းနာမည်ရ …လူတွေလည်းပျော်
          အိပ်ချ်တီစီ လည်း ရောင်းကောင်း .. ဝင်း-ဝင်း-ဝင်း ပေါ့..

          စကားမစပ် ယိုးဒယားမှာလည်း အိပ်ချ်တီစီ ပေါ်ပူလာ ဖြစ်တယ်လို့ သိထားတယ်…
          နိုင်ငံတခုကိုဝင်ရင် အနှီနိုင်ငံရဲ့ အနေအထားကိုလိုက်ပြီး ကတ်တစတမ်မိုက်ဇ်လုပ်လို့
          ဆာပိုထ့် ပေးတာ စေ့စေ့စပ်စပ် လုပ်နိုင်ပုံရတယ်…
          အိပ်ချ်တီစီ ဘတ်တာဖလိုင်း က ဂငယ်မှာရောင်းဖို့ ..နည်းနည်း ပြင်ထားပြန်တဲ့
          J Butterfly ဆိုပြီး သပ်သပ်ထွက်တာရှိတယ်…
          အဲ့သလို …

          :kwi:

        • nozomi

          January 18, 2013 at 4:49 pm

          ဖုံး လေး တစ်လုံးလောက် ဝယ်ချင်လို့ စုံစမ်းတာ
          HTC butterfly က ၅၉၀၀၀ဝ ( ဝရန်တီ ၁၈ လ ပါတယ်)
          S 3 က ၄၇၅၀၀ဝ ( ဝရန်တီ မပါ) ဆို လို့
          S 3 ကို ရွေးရင် ကောင်း မလားလို့

        • မောင့်ကျက်သရေ ဂီ့

          January 21, 2013 at 10:06 am

          ဒီလိုလေးတော့ ရှိတယ် ဦးနိုေ၇…

          Screen Display

          Samsung S3 – 4.8 inch Super AMOLED
          HTC Butterfly – 5 inch Super LCD3 full HD


          Processor

          Samsung S3 – Exynos 4412 Quad-core 1.4 GHz 1GB RAM
          HTC Butterfly – Snapdragon S4 Pro 1.5GHz quad core 2GB of RAM


          OS

          Samsung S3 – Ice Cream Sandwich
          HTC Butterfly – Jelly Bean


          Storage

          Samsung S3 – 16GB, 32GB and 64GB + microSD 32GB
          HTC Butterfly – 16GB + microSD


          NFC

          – Both


          4G/LTE

          – Both


          Camera

          – Both 8MP


          Battery

          Samsung S3 – 2100mAh
          HTC Butterfly – 2020mAh

          :harr:

  • surmi

    January 18, 2013 at 11:53 am

    မားကက်တင်းဆိုလို ့……..
    တစ်ခါက ရထားပေါ်မှာ သူတောင်းစားတစ်ယောက်တွေ ့ဖူးတယ်
    ( မြန်မာပြည်ရထားပေါ်သူတောင်းစားတက်တောင်းတာမဆန်းဘူးနော)
    အဲဒီကောင်တောင်းတဲ ့လေသံနဲ ့ သူပြောတာကို ကျုပ်အပါအဝင်
    ဘယ်သူမှမခံနိုင်ဘူး ။နာဆူလွန်းပြီး စိတ်ညစ်ညူးသွားလို ့…..
    ဒါနဲ ့ဘဲ ကိုယ် ့နားကမြန်မြန်သွားအောင် ပေးလိုက်ကြရတယ်
    ကျုပ်အထင် မပေးတဲ ့သူ မရှိသလောက်ပါပဲ

    အိုဘယ် ့ မားကက်တင်း :harr:

  • ရွာသူ jujuma .

    January 18, 2013 at 12:30 pm

    မားကတ်တင်း အကြောင်းတော့ ကြားချင်တော့ဘူးအေ…

    တစ်နေ့တစ်နေ့ ဆင်းလိုက်ကြတဲ့မားကတ်တင်း.. ဖြေရတာ ချိတ်ညစ်လာဘီ … :buu:

  • marblecommet

    January 18, 2013 at 1:19 pm

    ဟင်း ရွက်သည်က အနုပညာသမား ထင်ပါ့ ဂီရာ…..
    ညီး ပြောတဲ့ မားကက်တင်း ကလည်း အနုပညာပါပဲ ဆိုတော့
    ကျော်လည်း တစ်နေ့ကျရင်
    ကန်စွန်းရွက် ဆိုင်လေး ဖွင့်ပီးသကာလ..
    အနုပညာတစ်ခုခုနဲ့ တင်ဆက်ရောင်းချဖို့
    အားခဲထားပါဂျောင်း…..
    အာဟိ…..
    ခင်တဲ့
    ငကမ်း….

  • Mr. MarGa

    January 18, 2013 at 8:45 pm

    မားကတ်တင်းဆိုတာ
    တကယ်တော့ အဲလိုပါလားနော်
    မှတ်ထားလိုက်ပါတယ်ဗျ

  • အဟဲ ….
    ကျုပ်သာ ကိုဂီ နေရာမှာဆို …
    ခွေးရုပ်လေး ကြည့်ပြီး ..
    “မိုက်တယ်ဟ …”
    ဒီလောက်ပဲ စိတ်ထဲက ပြောလို့ ဆက်သွားမိမှာ အမှန်ပဲဗျ …
    အခု … ကိုဂီ ရှင်းပြလိုက်တော့မှ …
    ဟ … ဒီလိုကြီးပါလား ဆိုပြီး သဘောပေါက်သွားတယ် …..
    ကျေးဇူးဗျို့ …..။

  • uncle gyi

    January 19, 2013 at 8:05 am

    ခွေးရုပ်တရုပ်နဲ့
    အတွေးတွေတောင်လိုပုံအောင်
    လုပ်လိုက်ပါတဲ့
    အိုဘဲ့ကိုဂီ
    မိန်းမရုပ်တရုပ်များမတွေ့မိပါစေနဲ့
    ဆာဗာကြီဒကြပ်သွားမှာစိုးလို့

  • cherry kyawlin

    January 19, 2013 at 6:42 pm

    တိုကြီးဂီပြောသလိုပဲပြည်တွင်းမှာတော့
    ဈေးလှည့်ရောင်းရင်မားကတ်တင်းလို
    ခေါ်ကျတာ……စူပါမားကတ်တွေမှာရှိတဲ့
    မားကတ်တင်းတွေကျတော့ ကိုယ်ဆိုင်ရောင်းကောင်းအောင်
    ပွဲတွေလုပ်ပေးရတယ် သီချင်းဆိုပြိုင်ပွဲတို့ပေါ့နော် တိုကြီးဂီ
    ပြောတဲ့ မားကတ်တင်းကိုလည်းအရမ်းစိတ်ဝင်စားလို့
    မှတ်သားသွားပါတယ်ရှင့်

Leave a Reply