394889_522436154453924_664616548_n

 

 

 

 

 

 

 

 

 

 

 

 

 

Breaking News

==========

အခု လက်တလော ဒီရက်ပိုင်းအတွင်းမှာ ဖေ့စ်ဘုတ်မှာ ဗိုင်းရပ်တစ်မျိုး တက်နေပါတယ် ။ Notification မှာ ( ) tagged you in a post : ဆိုပြီး လင့်တစ်ခုပေးထားတာပါ ။ အဲဒီလင့်ကို ကလစ်နှိပ်မိတဲ့သူဟာ ပုံ ၁ မှာ ပြထားတဲ့အတိုင်း စာမျက်နှာတစ်ခုပေါ်လာမယ် ပြီးရင် loading ဆိုပြီး ပေါ်နေလိမ့်မယ် ။ အင်္ဂလိပ်ဘာသာနဲ့တော့မဟုတ်ဘူး ။

ပြီးတဲ့အခါ Browser ကို add-on ထည့်ဖို့ Allow လုပ်ပါဆိုပြီး ပုံ ၂ မှာ ပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ် မလုပ်မိပါစေနဲ့ ။ ပြီးရင်သူက ဆက်ပြီး အဲဒီလင့်ကိုဖြန့်ပါတယ် ။ ရှိသမျှ အကောင့်ထဲကလူအားလုံးကို တဂ်လုပ်ပြီး ဖြန့်ပါတယ် ။

ဗိုင်းရပ်က အမည်မသိ ပေ့ခ်ျတွေကို Auto subscribe လုပ်ပါတယ် ခဏတွင်း မှာတင် စာမျက်နှာ ငါးဆယ်လောက်ကို subscribe လိုက်လုပ်ပါတယ် ။ ပြီးတော့ သူငယ်ချင်းတွေကို အဲဒီလင့်ကို အော်တိုလိုက်ဖြန့်ပါတယ် ။ နှိပ်မိတဲ့ လူတွေကလည်း သူများတွေကို တဆင့်ဖြန့်ပြန်ပါတယ် ။

ကိုယ့်ပါ့စ၀ပ်တွေဘာတွေ ယူတာလားမသိသေးပေမယ့် လောလော ဆယ်တော့ ရှောင်ကြဖို့ အကြံပေးချင်ပါတယ် ။

ဒီဗိုင်းရပ်အကြောင်း သိတဲ့သူတွေကလည်း ကွန်းမန့်မှာရေးပြီး အသိပေး သွားကြပါလို့ ဒီပို့စ်လေးကို တခြားသူတွေ မကူးစက်စေဖို့ ရှဲလုပ်ပေးသွား ကြပါဦး ။

Sar Pay Chit Thu – ကျွန်မ အဲ့ဒီ ပြဿနာ ကိုရင်ဆိုင် လိုက်ရပါတယ်…။
သူက တခြားသူရဲ့ တင်လိုက်တဲ့ ပို့ (စ်)ကို လိုက်(ခ်) လုပ်လို့ မရတော့ပဲ ၂ ရက် သင့် အကောင့်ကို ပိတ်ထားပါတယ် ဆိုတဲ့ မက်စေ့ခ်ျပေါ် လာပါတယ်…။
ကိုယ်ကတော့ ဖေ့စ်ဘွတ်ကို ဆက်သုံးနေလို့ ရပါတယ်… ပို့ တင်လို့ ရတယ်…။ ဓာတ်ပုံတင်လို့ ရတယ်….။ ကွန့် မန့် ပေးလို့ ရပါတယ်…။
သူက Auto subscribe တင်မကပဲ Auto Like Page တွေပါ တက်ကုန် ပါတယ်…။

———————————————-
သက်တန့်ချို

About kalink

kalink has written 22 post in this Website..