မေ့အတွက်ဆိုရင်လေ (တေးထပ်)

တောက ကိုရင်January 18, 20131min913

မေ့အတွက်ဆိုရင်လေ (တေးထပ်)

ပန်းတော်ဝင်တဲ့လား
ပင်မြင့်ဖျား ထက်ဆီ
နေရောင်လည်း မတွယ်မှီ
ဝေမှောင်ရီ အုံ့ဆိုင်း
သည်မြိုင်ထဲ ပွင့်သဇင်
လိုက်ရှာစဉ် မိုးတိမ်ကမှိုင်း။

လေနီရိုင်း ဆင်ချင်ဆင်
ပတ်ဝန်းကျင် တုန်ခိုင်း
မိုးသွန်းစဉ် သည်မုန်တိုင်း
ပင်လယ်လှိုင်း မောင်ကူးမယ်
မေ့သက်လှယ် မောင်မဆိုင်း
မေစေခိုင်း ခူးပါ့မယ်ကွယ်။

ရေစီးကြမ်း လမ်းသွယ်သွယ်
အားမငယ် မေ့တွက်ရည်စူး
မေပန်ဘူး ငြင်းရက်မှပင်
ပြင်းခက်လှထင်
ငိုဖူးချင်တယ်ဆိုလျှင်
မေဘဝင် ညှိုးမှာပေါ့လေး။ ။

တောက ကိုရင်
၁၇.၀၁.၂၀၁၃

3 comments

  • မောင်ပေ

    January 18, 2013 at 8:36 pm

    မေ့အတွက်ဆိုရင်လေ
    ဘေးမထွက်ကြိုချင်ပေ
    ဆေးအပြတ်ဖိုဂွင်ရှည်
    ပေးတစ်နပ်လိုအင်တွေ

  • မောင့်ကျက်သရေ ဂီ့

    January 22, 2013 at 7:04 am

    အွန်. …
    အချစ်ကဗျာလည်း ဆိုသေး ..
    ရေးထားတာကျတော့လည်းအဖြောင့် .. အဲ … ဒါပေသိ..
    tag မှာကျတော့ မြောက်ကိုရီးယားတွေရော ဗိုလ်ဂျုပ်တွေပါ ပါနေလေရဲ့..
    လွဲချော်မှုတခုလို့ပဲ …မှတ်ပါတယ်ခည…
    နောက်ကို သတိထားပေးပါဗျို့ ..

    :kwi:

  • တောက ကိုရင်

    January 22, 2013 at 5:12 pm

    ဟုတ်ပါတယ်
    ကိုရင် ဖုန်းနဲ့တင်ရတာ အဆင်မပြေလို့ပါ
    လေးပြီးရပ်ရပ်နေလို့ တင်လိုက်တော့ အသလိုတွေ တွေ့တာပဲ
    ပြန်ပြင်ဖို့လည်း မတတ်လို့ ဒီတိုင်းပဲထားလိုက်ရပါတယ်
    တောင်းပန်ပါတယ်ဗျာ

Leave a Reply