မလေးရှား တရုတ်အေးဂျင့်နှင့်မြန်မာမိန်းကလေးစကားပြန် ပေါင်းပြီး ဒုက္ခပေးနေသည့် မြန်မာ မိန်းကလေး ၂၃ယောက်

onlinezzJuly 20, 20101min543

16.7.2010 နေတွင် မလေးရှားနိုင်ငံ ကလမ်းမြို့ JVC တီဗွီအောက်စက် ထုပ်လုပ်တဲ့ စက်ရုံတွင် အေးဂျင်ဖြင့်ခေါ်ထားသော မြန်မာအမျိုးသမီး (၂၃ ) ယောက်အား အခန်းပိတ်ထားပြီး အခန်း အောက်ဆင်းတဲ့လူကို ရိုက်နှက်၍ ဆင်းခွင့်မပြုကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးများမှာ လုပ်အားခ လစာငွေနည်းခြင်းကြောင့် လစာတိုးတောင်းရာကနေ ပြဿနာ စတင် ဖြစ်ပွား တယ်လို့သိရပါတယ်။ ကုမ္ပဏီကပေးတဲ့လစာက တရက်ကို မလေးငွေ ၅ဝ ရင်းဂစ်ဖြစ်ပါတယ် ဒါပေမဲ့ အေးဂျင်းကပြန်ပေးတော့ ၂၁ ရင်းဂစ် ပဲဖြစ်ပြီး အိုဗာတိုင်မရှိပါဘူး။ပါမစ်ကြေးက (၁၀၀) ရင်ဂစ်ဖြတ်တယ်လို့ သိရပါတယ် ။(တကယ်ဆို မလေးရှားမှာ ပါမစ်ကြေးကို အလုပ်ရှင်က ဆောင်ပေးရမှာပါ-အလုပ်သမားထံမှ ကောက်ခံခြင်း မပြုရတော့ပါဘူး ။)

အဲဒီတော့ သူတို့လစာငွေဟာ မလုံ လောက်သောကြောင့် ဆန္ဒပြကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလို ဆန္ဒပြတော့ အေးဂျင့်ရဲ့ မတရားဖိနှိပ် ချုပ်ချယ် ယုတ်မာခြင်းကို ခံရတာဖြစ်ပါတယ်။ အဆိုပါ မြန်မာ အမျိုးသမီးများ၏ အေးဂျင်းက မလေးရှား နိုင်ငံသား တရုတ်ဖြစ်ပါတယ် ။ အေးဂျင်းကို ဘာသာပြန်ပေးတာက မြန်မာအမျိုးသမီးဖြစ်ပြီး အရော်အစားနဲ့ လုပ်နေတဲ့ မိန်းကလေးလို့ သိထားပါတယ်။

ထိုစကားပြန်မှ ကိုယ်ရဖို့ တစ်ခုသာကြည့် ပြီး မြန်မာ အမျိုူးသမီး အချင်းချင်း ကိုယ်ချင်းစာစိတ်မရှိပဲ အေးဂျင့် နှင့် အလိုတူ အလိုပါ ယုတ်မှာ ကောက်ကျစ် နေတဲ့ အတွက် မဖြစ်သင့်တာတွေ ဖြစ်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။ကိုယ်ရဖို့ အတွက် သာကြည့်တဲ့ စကားပြန်ကြောင့် မြန်မာ အမျိုးသမီးများ ဒုက္ခရောက်နေကြပြီးဖြစ်ပါတယ်။ဒီလို မျိုး အဖြစ်အပျက်တွေဟာ မလေးရှားမှာ ခဏခဏ ဖြစ်နေပါတယ်။

အသားထဲကလောက်ထွက် တဲ့ အဲလိုလူမျိုးတွေရှိနေပါသဖြင့် အစစအရာရာသတိထားရမှာဖြစ်ပါတယ်။ ဒီလိုအဖြစ်ပြက်တွေက မနည်းတော့ပါဘူး။ ညညဆို အဲဒီမိန်းကလေးတွေအား လာပြီး ချောင်းတယ် မတရားပြုကျင့်ပို့လဲကြိုးစားတယ် ။ အောင်ဆင်းသည့် မိန်းကလေးများ ကို မလေးရှား ဂိုဏ်းစတားတွေနဲ့ပေါင်းပြီး ရိုတ်တယ်လို့ သတင်းအတိအကျရရှိထားပါတယ် ။ တော်တော်လေးကို အခြေနေဆိုးရွားနေပါတယ် ။ လက်ရှိလဲ အဲဒီမိန်းကလေးတွေကို အခန်းထဲမှာပဲ ပိတ်ထားဆဲဖြစ်ပါတယ်။ ယခု အချိန်အထိ မြန်မာသံရုံးဘက်က ဘာမှ လှုပ်ရှားမှု မရှိသေးပါဘူး။

ထိုကြောင့် ယခုဆိုရင် မလေးရှားနိုင်ငံ ရှိအလုပ်သမားသမဂ္ဂ ရဲစခန်း လူအခွင့်ရေးဆိုင်ရာအဖွဲ့များသို့ တိုင်ထားကြောင်းသတင်းရရှိပါသည်။

အေးဂျင့် မကောင်းလို့ ဘဝပျက်ပြီး မလေးရှားမှာ မပြန်နိုင်တဲ့ သူတွေလဲ မနည်းတော့ပါဘူး။ မြန်မာအချင်းချင်းရ ယုတ်မာလို့ ဒုက္ခရောက်တဲ့ လူတွေလဲအများကြီးပါ။ ကိုယ်ကောင်းစားဖို့ ကိုယ်ရဖို့ အတွက် ဘယ်သူ ဒုက္ခရောက်ရောက် လုံးဝကို ဂရုမစိုက်တာ အေးဂျင့်မွေးထားတဲ့ မြန်မာစကားပြန်ပဲ ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ နီးစပ်ရာ မြန်မာလူမျိုး များမှ တက်နိုင်သမျှ အကူညီပေး၍ ရစေရန် စေတနာဖြင့် အသိပေးလိုက်ရခြင်းဖြစ်ပါသည်။ နောက်ထပ် ရရှိသောသတင်းများကို ဆက်လက်ဖော်ပြပေးပါမယ်။ နေရာ အတည်အကျ သိရှိပါက ဖော်ပြပေးသွားပါမည်။

source : မလေးဆီက အဝေးရောက်ခရီးသည်

3 comments

  • josher

    July 20, 2010 at 11:09 am

    ဟုတ်ကဲ့ခင်ဗျာ…..စိတ်မကောင်းစရာပဲ၊နေရာလေးလည်းစုံစမ်းပေးပါဦး၊ကျွန်တော်လည်း ဒီဖက်ကနေကြိုးစားကြည့် ပါဦးမယ်။အခြေနေထူးရင်လည်းပြောပါဦးဗျ…..

  • gar

    July 20, 2010 at 12:06 pm

    ကဲဗျာ။ သတင်းကတော့ မချိုဘူး

Leave a Reply