ဘလက်ချော ရဲ့ ခွင့်တိုင်ကြားစာ…။

black chawJanuary 18, 20131min24630

စကားအတင်းစပ်လို့ ပြောရရင်ဖြင့်…
ကျွန်ုပ်ဘလက်ချောရဲ့ အမေ ဖြစ်သူဟာ ဆေးရံတင်ထားရပါတယ်…။
ရောဂါကတော့ သွေးတိုးရောဂါဖြစ်ပြီး သွေးတိုးတိုင်း နှာခေါင်းထဲက သွေးတွေ
ဒလဟော စီးကျနေတဲ့ ရောဂါ ပဲ ဖြစ်ပါတယ်…။
ဒီလ ၁၄ ရက်နေ့ကတည်းက ဆေးရုံတင်ထားရတဲ့
ကျွန်တော့် အမေဟာ ဒီနေ့ ၁၈ ရက်နေ့အထိလည်း ဆေးရုံက
ဆင်းခွင့်မရခဲ့သေးပါဘူး…။
ဆိုတော့…
သဘက်ခါ ၂ဝ ရက်နေ့မှာ ကျင်းပမယ့်…
မန်းဂဇက်ရဲ့ ဆုပေးပွဲကို ကျွန်ုပ် ဘလက်ချောမှ
အလွန်တက်ရောက်ချင်သော ဆန္ဒရှိနေပါသော်ညားလည်း
သေချာရေရာသော အနေအထား ရှိမနေခဲ့ပါ…။
ထို့ကြောင့်…
အဆိုပါပွဲအား…
မတက်ရောက်နိုင်ခဲ့ပါက…
ခွင့်လွှတ်နားလည် စာနာပေးကြပါမည့်အကြောင်း…
မျက်နှာအောက်ကျို့၍
တောင်းပန်အပ်ပါကြောင်း…
ကြိုတင်ခွင့်တိုင်ကြားအပ်ပါသည်…။
လေးစားချစ်ခင်သော စိတ်ရင်းဖြင့်
ဒုက္ခသည် ဘလက်ချော…။

30 comments

  • ဂန္ဓာရီ ဆြာအုပ်

    January 19, 2013 at 1:03 am

    ကိုဘလက်ရေ စိတ်မကောင်းပါဘူးဗျို့
    ကိုဘလက်အမေ အမြန်ဆုံး ကျန်းမာပါစေလို့ ဆန္ဒပြုပါတယ်ဗျာ

  • kai

    January 19, 2013 at 2:50 am

    မိခင်ကိုသာ.. ထိတ်တန်းဦးစားပေးထားပါလို့..
    လိုမယ်ထင်တာတွေလည်း.. တိုင်ပင်ပါ.. ပြောပါနော…

  • အရီးခင်လတ်

    January 19, 2013 at 2:54 am

    ကဘချော ရဲ့ အမေ အမြန်ပြန်ပြီး ကျန်းမာစေဖို့ ဆုတောင်းပါတယ်။
    ပွဲမတက်ဖြစ်ရင်တော့ စိတ်မကောင်းစရာပါဘဲ။
    ဖြစ်နိုင်သ၍တော့ သွားနိုင်ဖို့ ကြိုးစားပေးပါလို့ မတိုက်တွန်းသင့်ပေမဲ့
    ပွဲတက်နိုင်ဖို့ နဲနဲလေးအချိန်ရခဲ့ပါစေ လို့လဲ ဆုတောင်းပါတယ်။

  • Foreign Resident

    January 19, 2013 at 5:27 am

    ကို ဘလက်ရေ ။
    အမေ အတွက် ကျန်းမာပါစေ ဆုတောင်းပေးပါတယ် ။
    ရန်ကုန်မှာ တွေ့မယ်ဗျာ ။

  • padonmar

    January 19, 2013 at 7:07 am

    ကိုဘလက်
    သွေးတိုးတာနဲ့ နှာခေါင်းထဲက သွေးယိုတာ မဆိုင်ဘူးထင်တယ်။
    အခြားသွေးမတိတ်တဲ့ရောဂါတစ်ခုခုများရှိနေလားမသိဘူး။
    အမေဆိုတာ အားလုံးထက်အရေးကြီးပါတယ်။
    ကျမကူညီနိုင်တာဆို ပြောပါနော်။

  • blackchaw

    January 19, 2013 at 7:11 am

    @ ဆြာအုပ် ;
    အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးတာ ကျေးဇူးပါဗျာ…။
    ကျွန်တော်က ခင်ဗျားရဲ့ ဓါတ်ပုံ ပရိသတ်တစ်ယောက်ပါ…။

    @ kai ;
    နွေးထွေးတဲ့ တုန့်ပြန်မှုအတွက် အထူးကျေးဇူးတင်ပါတယ် သူကြီးရေ…။
    လောလောဆယ်အထိ အားလုံး အဆင်ပြေပါတယ်ခင်ဗျာ…။

    @ အရီးခင်လတ် ;
    ဆုတောင်းပေးတာ ကျေးဇူးပါ အစ်မရေ…။
    တက်နိုင်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်…။
    မတက်ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့…
    ကြိုတင်လေးစားသမှုနဲ့ ခွင့်တိုင်ထားတာပါ ခင်ဗျာ…။
    တက်နေတဲ့ ဆေးရုံကလည်း အထူးကု ဆေးရုံ မဟုတ်ဘူးခင်ဗျ…။
    ဂျပန်ဆေးရုံကြီးမှာပါ…။
    သွေးတွေအရမ်းထွက်လာတုန်းကဆိုရင်
    နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ (တာမွေ)
    ကို ချက်ခြင်း ပို့ရတာပါ…။
    အဲဒီမှာ ၃ ရက်ထားပြီး မှ
    ဒီဘက် ဂျပန်ဆေးရုံကို ပြန်ပို့ပေးတာပါ…။
    သွေးစစ်စရာရှိတယ်ဆိုရင်…
    သွေးဖေါက်ပြီး နီနီ ဓါတ်ခွဲခန်းကို ချက်ခြင်းသွားပို့…။
    ပြီး ချိန်းတဲ့ အချိန်ပြန်ယူပေးရတာမျိုးကလည်း ရှိနေတော့
    ကျွန်တော်က အသင့်ရှိနေပေးရတာမျိုးပါ…။
    ဆိုတော့…
    တတ်နိုင်သလောက် ကြိုးစားပါ့မယ် ခင်ဗျာ…။

    @ Foreign Resident ;
    ဆုတောင်းပေးတာ ကျေးဇူးပါ အဘဖေါရေ…။
    ရန်ကုန်ရောက်ရင် ကျိန်းသေပေါက်တွေ့ကြမယ်ဗျာ…။

  • blackchaw

    January 19, 2013 at 7:21 am

    @ padonmar ;
    အစ်မရေ…။
    ကိုမိုက်ကတော့ မပဒုမ္မာ ကို အကြံဉာဏ်တောင်းကြည့်ပါလားလို့ ပြောပါတယ်…။
    အခု အစ်မပြောသလိုပါပဲ…။
    ဂျပန်ဆေးရုံဘက်က
    နား နှာခေါင်း ဆေးရုံဘက်ကို
    နှာခေါင်း ကို စစ်ဆေးဖို့ ဆရာဝန်တစ်ယောက်နဲ့အတူ
    လိုက်ပို့ပါတယ်…။
    နား နှာခေါင်း ဆေးရုံမှာ ရောက်နေတုန်း
    နှာခေါင်းထဲက သွေးတွေ အရမ်းထွက်လာလို့
    ဂျပန်ဆေးရုံ ဘက်ပြန်မပို့တော့ပဲ
    အဲဒီမှာပဲ ဆေးရုံတင်လိုက်ပြန်ပါတယ်ခင်ဗျာ…။
    ဆိုတော့
    မနေ့ကအထိတော့
    သွေးတွေဖေါက်ပြီး
    နီနီ ဓါတ်ခွဲခန်း ကို ပို့ပေးရတာမျိုး ရှိခဲ့ပါတယ်…။
    အစ်မပြောတဲ့
    ရောဂါရင်းမြစ်ကို ရှာနေတာ ဖြစ်မှာပါ…။
    ဒီနေ့ မနက်တော့ နှာခေါင်းထဲက သွေးထွက်တာ ရပ်သွားပြီ ခင်ဗျ…။
    နွေးထွေးတဲ့ အစ်မရဲ့ ကွန်းမန့်လေးအတွက်
    ကျွန်တော် အားရှိသွားပါတယ် အစ်မရေ…။

  • မိုချို

    January 19, 2013 at 8:00 am

    ဦးဘလက် ရဲ့ အမေ အမြန်ဆုံး သက်သာ နေကောင်း လာ ဖို့ ဆုတောင်း ပေး ပါတယ်။ အဲဒါမှ သားရွှေအိုး ထမ်း သလို အမေလည်း နေကောင်း ၊ ဦးဘလက်လည်း ဆုပေးပွဲတတ်လို့ ရမှာကိုး။
    ဘာပဲဖြစ်ဖြစ် အမေ ကတော့ အရေး ကြီး ဆုံး ပါ။ မျက်နှာအောက်ကျို့၍
    တောင်းပန်စရာ မလို ပါဘူး ဦး ဘလက် ရေ။

  • ကထူးဆန်း

    January 19, 2013 at 8:46 am

    ဘဘဘလက် .. အမြန်ဆုံး အားပြီး ပွဲတက်ရောက်နိုင်ပါစေ ။
    ဆိုလိုချင်တာက တော့ ဘဘဘလက် အမေ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ ပါဘဲ ..

  • aye.kk

    January 19, 2013 at 9:11 am

    ကိုဘလက်ချောရေ။
    ကြံ့သည်းခြေအမှုန် ့တိုက်ကြည့်ပါ ။
    သွေးထွက်ယိုမှုကိုကာကွယ်ပေးပါတယ်။
    အင်မတန်ကောင်းတဲ့ဆောင်ထားသင့်တဲ့ဆေးပါ။ရှာဝယ်ပြီးတိုက်ကြည့်စေချင်ပါတယ်။
    သွေးအဆမတန်ယိုစီးနေမှုကိုကာကွယ်ပေးပါတယ် ။
    အမဆီမှာတော့အနည်းငယ်ကျန်နေပါသေးတယ်။
    ကြံ့သည်းခြေမှုန် ့ကရွှေထက်ရှားပါးပါတယ်။ ကြံ့သည်းခြေမှုန် ့ကချက်ခြင်းကိုသက်သာစေပါတယ်။
    ကြံ့သည်းခြေအမှုန် ့ကအင်မတန်ကောင်းလှပါတယ်။။အကူအညီလိုရင်ပြောပါ။

    စေတနာဖြင့်အကြံပေးပါသည်။။

    အမအေး။။

  • ဆူး

    January 19, 2013 at 9:40 am

    ဦးဘလက် ရဲ့ အမေ အမြန်ဆုံး ကျန်းမာပြီး ဆေးရုံက ဆင်းနိုင်ပါစေ။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 19, 2013 at 10:02 am

    ဦးဘလက်ရေ…
    အကြောင်းအမျိုးမျိုးကြောင့်ရောက်မလာနိုင်ပေမယ့်…
    ဦးဘလက်ရဲ့ နှလုံးသား… ဦးဘလက်ရဲ့ ခံစားမှုဝိဉာဉ်က ကျွန်တော်တို့နဲ့ အတူတူရှိနေမယ်ဟု
    ုယုံကြည်ပါကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ခင်ခ

    January 19, 2013 at 10:37 am

    ကိုဘလက် မိခင် အမြန်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။
    နှာခေါင်းသွေးထွက်လွန်တာကတော့ သွေးတိုးကြောင့်တော့မဖြစ်နိုင်လောက်ဘူးနော်၊
    ကိုယ်အတွင်းပိုင်းဆိုင်ရာမှ ပြဿနာရှိနေလို့ဖြစ်မယ်ထင်ပါတယ်၊ မပေါ့စသင့်ဘူးလို့ယူဆပါတယ်နော်။

  • ရွာသူ jujuma .

    January 19, 2013 at 11:27 am

    မိခင် ကျမ်းမာရေးက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင်အရေးကြီးပါတယ် …..
    ဦးဘလက် မိခင်အမြန်ဆုံးကျန်းမာ ပါစေလို့ ဆုတောင်းပေးပါတယ် …

    တွေ့ဆုံပွဲကို အလွန်တက်ရောက်ချင်သော ဦးဘလက် ရဲ့ ဆန္ဒလည်းပြည့်ဝပါစေ …

  • Novy

    January 19, 2013 at 11:35 am

    ဦးဘလက်ရေ..
    တုံခါမှု့ အရမ်းများတဲု့ဆူညံမှု့ / ဆေးလိပ်/အရက်နံ့ / စိတ်ပင်ပမ်းမှု့ တွေများရင်လည်း
    ရောဂါကြောင့်မဟုတ်ပဲ နှာခေါင်းသွေးရှံတက်ပါတယ်
    ပြီးခဲ့တဲ့ အပတ်က အရမ်းအေးခဲ့တော့ နှာခေါင်းသွေးကြောလေးတွေခြောက်လို့ပေါက်ပြီး
    သွေးရှံတာလည်းဖြစ်နိုင်ပါတယ်
    အမြန်ဆုံး ကျမ်းမာပြီးတော့ ဆေးရုံကဆင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

  • blackchaw

    January 19, 2013 at 12:32 pm

    မမိုချို
    ကထူးဆန်း
    အစ်မ aye.kk
    ဆူး
    ကြောင်ဝတုတ်
    ကိုခင်ခ
    ရွာသူ jujuma
    မ Novy
    တို့ အားလုံး ရဲ့ နွေးထွေးတဲ့ ဆုတောင်းလေးတွေအတွက်
    ကျေးဇူးအထူးတင်ပါတယ် ဗျို့…။

  • အာဂ

    January 19, 2013 at 12:39 pm

    လေးဘလက်ရေ ကျွန်တော့် စိတ်ထင် လေးဘလက်လာနိုင်မယ်လို့ မျှော်လင့်မိတယ်။ ဘာကြောင့်လဲ ဆိုတော့ လေးဘလက်ရဲ့ မိခင်ကြီး က ၁၉ ရက်နေ့ ဒီနေ့ မှာ ကျန်းမာရေး ကောင်းမွန်စွာနဲ့ ဆေးရုံက ဆင်းနိုင်မို့လို့ပါ။ ဒီတော့ မနက်ဖြန်ဆိုရင် ဒေါင်ဒေါင်မြည်အောင် ပိုပြီးတော့ ကျန်းမာ ရေး ကောင်းမှာမိုလို့…။ လေးဘလက်လာနိုင်မယ်လို့ စိတ်ထဲမှာ ထင်မိပါတယ်။

  • ကိုရင်စည်သူ

    January 19, 2013 at 2:03 pm

    ဦးရီးဘလက်..အမေ.. အမြန်ဆုံး ကျန်းမာချမ်းမြေ့ပါစေ.. မေတ္တာပို့ဆုတောင်းပေးပါတယ်ဗျာ..
    လောကမှာ မိဘနဲ့ယှဉ်ရင် အကုန်အစားထိုးလို့ရနိုင်တာမို့..
    အရေးကြီးတာသာ ဦးစားပေးစေလိုပါကြောင်း…
    ခင်တဲ့
    အူးစည်သူ 🙂

  • Nyein Nyein

    January 19, 2013 at 4:44 pm

    လေးဘလက်ရေ……………… လေးဘလက်ရဲ့ မေမေလည်း မြန်မြန်နေကောင်းပြီး လေးဘလက်လည်း ဆုပေးပွဲကို လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

  • Mr. MarGa

    January 19, 2013 at 5:37 pm

    ဘဘ ဘလက်ရေ
    အမေ အမြန်ဆုံး သက်သာပါစေဗျာ
    တွေ့ဆုံပွဲကို လဲ တက်နိုင်ပါစေ
    စိတ်ရင်းနဲ့ ဆုတောင်းပါတယ်ဗျာ

  • ဦးဘလက်ရဲ့ မိခင်ကြီး
    အမြန်ဆုံး ပြန်လည် သက်သာပါစေလို့
    ကျနော်ကလည်း ဆုတောင်း ပေးပါတယ် ခင်ဗျာ …။
    ပြီးတော့လည်း …
    ပွဲကိုလည်း တက်ရောက်ဖြစ်ပါစေလို့
    ထပ်မံ ကြိတ်၍ ဆုတောင်း လိုက်ပါကြောင်းပါ ခင်ဗျာ …။

  • အလင်းဆက်

    January 19, 2013 at 6:13 pm

    လေးလေး..ဘလက်ရဲ ့မေမေလည်း..
    ကျန်းမာရေး.အမြန်ဆုံးကောင်းလာ စေ ချင်ပါတယ် ။
    ပြီးတော့..လေးလေးကိုလည်း ….
    တွေ့ ့ဆုံပွဲမှာ.. တွေ ့ချင်လှပါတယ် ဗျာ ။
    ခင်မင်လေးစားစွာ….

  • မောင်ပေ

    January 19, 2013 at 7:31 pm

    ကျွန်တော့်အစ်ကိုကြီး ဘလက် ရဲ ့မာတာမိခင်ကြီး ကျန်းမာရေးအမြန်ဆုံး ပြန်ကောင်းလာပါစေလို ့ ဆုတောင်း မေတ္တာပို ့သလိုက်ပါတယ်ခင်ဗျ

  • surmi

    January 19, 2013 at 10:59 pm

    အစ်ကိုရေ ….
    အမြန်ဆုံး ကျန်းမာရေးကောင်းလာစေဖို့ နဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိစေဖို့ ဆုတောင်းပေးပါတယ် ဗျာ ။
    ကြုံတောင် ့ကြုံခဲ တွေ ့ဆုံပွဲကိုလည်း တက်ရောက်ချီးမြှင် ့နို်င်ပါစေကြောင်း …..

  • ဗုံဗုံ

    January 20, 2013 at 10:25 am

    ဘဘ ဘလက်မေမေ အမြန်ဆုံးကျန်းမာပါစေရှင်

  • nozomi

    January 20, 2013 at 4:25 pm

    ဆရာချော အမေ နေကောင်းသွားပြီလား

    ( အမေလဲ အသက်ကြီးပါပြီ ဗျာ စိတ်ချမ်းသာအောင် ထားပါ ၊ အရင်လို သိပ် မဆိုးပါနဲ့တော့ )

  • cobra

    January 20, 2013 at 6:13 pm

    ခုမှတွေ ့မိလို့ပါ။
    ကိုဘလက်ချောရေ
    တစ်ကယ်ပဲကိုယ်ချင်းစာမိပါတယ်။
    မိဘသည်သာအရေးကြီးတာမို့ မိဘအနားမှာပဲနေပါ။
    ကိုဘလက်ချော အမေ နေအမြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

  • အရီး လေး

    January 20, 2013 at 7:57 pm

    ကိုဘလက်ချော ရဲ့အမေ အမြန်ဆုံး ကျန်းမာပါစေ

  • မင်းနန္ဓာ

    January 21, 2013 at 12:31 am

    ဘဘ ဘလက်..အမေ.. အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျ
    ၁၈ရက်နေ့က ရန်ကုန်တက်လာပြီးတော့ ၁၉ရက်နေ့လည်း ဂေဇက်မဝင်ဖြစ်တာနဲ့
    ဂေဇက်တွေ့ဆုံဆုပေးပွဲရောက်မှ သတင်းကြားတာပါ

Leave a Reply