မလေးရှားကို မြန်မာ မိန်းကလေးတွေ အလုပ်လုပ်ဖို့မလာစေလို…..

onlinezzJuly 20, 20101min521

ဒီစာကိုသေချာဖတ်ပြီး မြန်မာပြည်ကိုဖြန့်ပေးပါ ညီမလေးမလေးရှားကို cannon calling နဲ့သံရုံးကလူတစ်ယောက်အကူအညီနဲ့march 8 ရက်နေ့ကထွက်လာခဲ့တယ် မလေးရှားကိုညနေ 5နာရီမှာရောက်တယ် အေးဂျင့်ကလာမကြိုဘူး လေယာဉ်ကွင်းမှာ 1ညအိပ်ရတယ် အဲဒီအထိသံရုံးကအကို2ယောက်လာကြိုပြီး12နာရီထိစောင့်ပေးခဲ့တယ် march 9ရက်နေ့9နာရီမှာလာကြိုတယ် စလင်ဘူတ ဆိုတဲ့နေရာမှာ အဆောင်ပို့ထားခဲ့တယ် သံရုံးကလဲဘာမှာလာမကြည့်ဘူး march23ရက်နေ့မှာ ကလန်းဆိုတဲ့နေရာကိုထပ်ပြောင်းရတယ် ကင်မရာစက်ရုံမှာလုပ်ရမယ်ဆိုပြီး ကုန်ကြမ်းသွင်းတဲ့စက်ရုံ YPCပလပ်စတစ်စက်ရုံမှာ မနက်8နာရီကနေည8နာရီထီအလုပ်လုပ်ရတယ် ပိတ်ရက်မရှိ sanday OT ကိုလဲမဆင်းချင်လဲဆငိးရတယ် တခါတလေ ည11ထိဆင်းရတယ် လစာကျတော့လဲ 900ကျော် 1000 လောက်ပဲရတယ် နေစရိတ်ကို60ဖြတ်တယ် တကယ်ကိုမြန်မာမိန်းကလေးတွေကိုထောင်ကျနေသလိုခံစားရတယ်မြန်မာမိန်းကလေး40ကျော်ရှိတယ်သူတိုတွေမှာကျနော်လိုအဆက်အသွယ်မရှိတော့သနားစရာကောင်းတယ် မြန်မာguide ရှိတယ် မျိုးကျော်ကျော် ဆိုတဲ့အကောင်က မြန်မာမိန်းကလေးတွေကိုခြိမ်းခြောက်တယ်စိတ်ညစ်အောင်အမျိုးမျိုးပြောတယ် သူကြောင်းမြန်မာမိန်းကလေးတွေ အိုသွားကြတာတွေအများကြီး ထွက်ပြေးသွားကြတယ် ကျေးဇူးပြုပြီးမြန်မာပြည်ကိုဖြန့်ဝေပေးပါ ရန်ကုန်က38လမ်းကအောင်ဆွေတင်အေးဂျင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်အမှတ်7/2008 ဖုန်းနံပါတ်01-240743/703948/645863/09-5192107 ဦးတင်မောင်နီဆိုတဲ့အေးဂျင်းနဲ့များဘယ်တော့မှအလုပ်မလုပ်ကြပါရန် သတိပေးတားမြစ်ပေးပါ မလေးရှားကအလုပ်ခေါ်တယ်ဆိုပြီး damand စာရွက်မှာ အေးဂျင့်အမည် Mr .Kelvin ဆိုတဲ့နံမည်ပါလာခဲ့ရင်လဲလုံးဝမလာကြပါရန် ကြော်ငြာပေးကြပါ ဒီမှာတကယ်ကိုအလုပ်လုပ်လို့ကောင်းပါတယ်မြန်မာပြည်နဲ့တခြားစီပါပဲလစာကကောင်းပါတယ် free callingနဲ့လာနိုင်ရင်လာကြပါ မလာနိုင်ရင်လဲ visitနဲ့လာပြီးအိုလုပ်ပြီးအောက်ခြေအလုပ်မရွေးလုပ်နိုုင်ရင်လုပ်လို့ရပါတယ် အေးဂျင်နဲ့တော့မြန်မာမိန်းကလေးတွေမလာကြဖို့ထပ်မံသတိပေးပေးပါ အသေးစိတ်ကို သိချင်လို့မီဒီယာ groupတွေကဆက်သွယ်မယ်ဆိုရင်ကျနော်ဆီကိုဖုန်းဆက်စေချင်ပါတယ်016-9142438 ကိုမလေးရှားစံတော်ချိန်11နာရီမှာဆက်လိုရပါတယ် အားလုံးရဲ့အကူအညီနဲ့သတင်းဖြန့်ဝေပေးစေချင်ပါတယ်

>

(ဒီစာကိုဖော်ဝပ်မေးကရတာပါ။ တကယ်တမ်းကျတော့ လခ ၉၀ဝ – ၁၀၀ဝ ရတယ်ဆိုတော့ များတောင်များနေသေးတယ် လို့ပြောရမလိုပါပဲ။ တချို့ မြန်မာမိန်းကလေးတွေဆိုရင် တလကို ၄၅ဝ – ၈၀ဝ အတွင်းသာ ရကြတာ တွေ့ဖူးလို့ပါ။ ဒီစာကိုဖြန့်တဲ့လူ အနေနဲ့လဲ မဟုတ်ပဲနဲ့တော့ ဖြန့်ဟန်မတူပါဘူး။ အသေးစိပ် သိချင်ရင် တော့ သူပေးထားတဲ့ဖုန်းနံပါတ် ကိုသာဆက်သွယ်ကြည့်ပါလို့ တိုက်တွန်းရမှာပဲ။ ဘယ်သူ့ကိုမှ ထိခိုက်စေလို ပေမယ့် အားလုံးသိစေလိုတဲ့ စေတနာ နဲ့ဝေမျှခြင်းမျှ သာဖြစ်ပါတယ်။

Source : အဝေးဆီက မလေးရောက်ခရီးသည်။

One comment

  • sususan

    July 20, 2010 at 9:05 am

    အင်း..မြင်ရ..ဖတ်ရ..တာမျက်လုံးမချမ်းသာလိုက်တာနော်…
    မြန်မာလူမျိုးတွေကိုပြည်ပမထွက်ဘဲ ကိုယ့်နိုင်ငံမှာလုံလောက်သော
    လစာနဲ့အလုပ်နေရာတွေ ပေးနိုင်ရင်သိပ်ကောင်းမှာပဲ..ဘယ်တော့များမှ
    ဖြစ်လာပါ့မလဲ..သူများနိုင်ငံမှာသွားရောက်လုပ်ကိုင်ခြင်းတွေလျော့နည်းစေချင်တယ်
    ကိုယ့်နိုင်ငံမှာသာ သူများတွေလာရောက်လုပ်ကိုင်စေချင်လိုက်တာနော်..
    ဪ…ဘယ်တော့များမှ….

Leave a Reply