ဂဇက် တွေ့ဆုံပွဲလာမာမို့လို့.. လူတွေ့ပြီးမသိမှာ ဆိုးတာကြောင့် ကိုအလင်းဆက်လို သများလဲ ကိုယ့်ဘာသာကိုယ် မိတ်ဆက် လိုက်ဦးမယ်ဗျို့..

ကျူပ်ကမာနမကြီးတတ်ပါ. ဒါကြောင့် တွေ့ရင် ဘယ်နေရာမှမဆို ခေါ်နိုင်ပါတယ်

ဂေဇက်ကို စသိတာက ပထမဆုံး ဓာတ်ပုံပြပွဲ တုံးက ဈေးသည် ဆိုတဲ့ ခေါင်းစဉ်မှာ .. ကြည့်ဖြစ်တယ်..

ဓာတ်ပုံလေးတော့ တင်ကြည့်ဦးမယ်ဆိုပြီး 19-11-2011 မှာ အကောင့် လုပ်ခဲ့ပေမယ်. မေ့သွားလို့ မတင်ဖြစ်လိုက်ဘူး

7-7-2012 မှာ ချစ်စရာ့အရွယ်ခေါင်းစဉ်နဲ့ တင်တဲ့ ပုံက အများကြိုက်ကြတာနဲ့ တိုးပြီး မန်မိုရီ စတစ်ရတယ်.. ဓာတ်ပုံပြပွဲကလဲ အဲဒီမှာတင် တစခန်းရပ်သွားတယ်..

မတောက်တခေါက် ရိုက်တတ်တာကို ခပ်တည်တည်နဲ့ ဖြီးထားတဲ့  (၃) မိနစ်အတွင်းဆရာ ဖြစ်နည်း ဆိုတဲ့ ပေါက်တတ်ကရ ရေးထားတဲ့ ပို့စ်တစ်ခု 11-7-2012 မှာ စတင်ဖြစ်တယ်။

တစ်ခေါက်..ရူးကြောင်မူးကြောင်နဲ့ မိုးပြာ ပို့စ်တွေ တခြားက ကူးချပြီး ပို့စ်လုပ်တင်လိုက်တာ ဂဇက်ထဲမှာ တော်တော် လေ တိုက်သွားတယ်

နောက်ပိုင်းတော့ ကိုယ့် အလုပ်ပဲ ကိုယ် လုပ်တော့မယ် လို့ ဆုံးဖြတ်ပြီးတော့ ဖိုတိုပို့စ်တွေပြန်တင်တယ်..

စာဖတ်ပြင်းတာမို့လို့ ..ကိုယ့်ရေးထားတဲ့ ပို့စ် ပြန်ဖတ်တာကလွဲရင်တခြားပို့စ် တွေမဖတ်ဖြစ်

ဓာတ်ပုံပို့စ်တွေ တွေ့ရင်တော့ ဦးစားပေး ကြည့်ဖြစ်တယ်

ကိုပေါက် ပို့စ်တွေကိုတော့ အကြည့်ဖြစ်ဆုံးပဲ

အကြွားကတော့ သန်သလားမမေးနဲ့..တစ်ခါရိုက် ၁၂ ဂစ်လောက်ထဲက  ကြက်ကန်း တိုးပြီး ကြည့်ပျော်ရှုပျော် ရှိတဲ့ ပုံတွေ မွှေနှောက်ရှာ ပြီး ပို့စ်လုပ်တင်တတ်တယ်

ပို့စ်များတင်ပြီးသွားရင် ညဖက်ညဖက် တရေးနိုးရင်တောင် ဖုံးလေးဖွင့်ပြီးတောင် စစ်လိုက်သေး.. ကိုယ်ရေးထားတဲ့ ပိုစ့် တင်ထားတဲ့ပုံပြန်ကြည့်ရတာလဲ အမော

ကွန်မန့်လေးများတွေ့ရင် တနေ့လုံးဖတ်လို့မဆုံး.. ကွန်ပြူတာနဲ့ဖတ်လိုက်.. ဖုံးကဖတ်လိုက်..

မန့်ထားတဲ့ ပုံကိုပြန်ကြည့်လိုက်နဲ့ ရင်ဝယ်ကြည်နူးပြီး နှလုံးပီတိ ဂွမ်းဆီထိ

အမြှောက်ကလဲကြိုက်သလားမမေးနဲ့ အရမ်းလှတာပဲ၊ ဘာညာဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီ ကွန်မန့် ၃မိနစ် တစ်ခေါက်ဖတ်တယ်

ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်ပြီး ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ လဲမဟုတ် ခပ်တည်တည် ယူသုံးထားတဲ့ဘွဲ့နဲ့

ကင်မလာကတစ်လုံးလွယ်ပြီး ကိုယ့်ကိုယ်ကို တတ်လိုက်တဲ့နာမည်က

ဂန္ဓာရီ ဆြာအုပ်တဲ့

 

gandaryi

ဂန္ဓာရီ ဆြာအုပ်

 

 

 

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)