မို်င်နိမ်းအစ်.ဂန္ဓာရီ ဆြာအုပ်

ဂဇက် တွေ့ဆုံပွဲလာမာမို့လို့.. လူတွေ့ပြီးမသိမှာ ဆိုးတာကြောင့် ကိုအလင်းဆက်လို သများလဲ ကိုယ့်ဘာသာကိုယ် မိတ်ဆက် လိုက်ဦးမယ်ဗျို့..

ကျူပ်ကမာနမကြီးတတ်ပါ. ဒါကြောင့် တွေ့ရင် ဘယ်နေရာမှမဆို ခေါ်နိုင်ပါတယ်

ဂေဇက်ကို စသိတာက ပထမဆုံး ဓာတ်ပုံပြပွဲ တုံးက ဈေးသည် ဆိုတဲ့ ခေါင်းစဉ်မှာ .. ကြည့်ဖြစ်တယ်..

ဓာတ်ပုံလေးတော့ တင်ကြည့်ဦးမယ်ဆိုပြီး 19-11-2011 မှာ အကောင့် လုပ်ခဲ့ပေမယ်. မေ့သွားလို့ မတင်ဖြစ်လိုက်ဘူး

7-7-2012 မှာ ချစ်စရာ့အရွယ်ခေါင်းစဉ်နဲ့ တင်တဲ့ ပုံက အများကြိုက်ကြတာနဲ့ တိုးပြီး မန်မိုရီ စတစ်ရတယ်.. ဓာတ်ပုံပြပွဲကလဲ အဲဒီမှာတင် တစခန်းရပ်သွားတယ်..

မတောက်တခေါက် ရိုက်တတ်တာကို ခပ်တည်တည်နဲ့ ဖြီးထားတဲ့  (၃) မိနစ်အတွင်းဆရာ ဖြစ်နည်း ဆိုတဲ့ ပေါက်တတ်ကရ ရေးထားတဲ့ ပို့စ်တစ်ခု 11-7-2012 မှာ စတင်ဖြစ်တယ်။

တစ်ခေါက်..ရူးကြောင်မူးကြောင်နဲ့ မိုးပြာ ပို့စ်တွေ တခြားက ကူးချပြီး ပို့စ်လုပ်တင်လိုက်တာ ဂဇက်ထဲမှာ တော်တော် လေ တိုက်သွားတယ်

နောက်ပိုင်းတော့ ကိုယ့် အလုပ်ပဲ ကိုယ် လုပ်တော့မယ် လို့ ဆုံးဖြတ်ပြီးတော့ ဖိုတိုပို့စ်တွေပြန်တင်တယ်..

စာဖတ်ပြင်းတာမို့လို့ ..ကိုယ့်ရေးထားတဲ့ ပို့စ် ပြန်ဖတ်တာကလွဲရင်တခြားပို့စ် တွေမဖတ်ဖြစ်

ဓာတ်ပုံပို့စ်တွေ တွေ့ရင်တော့ ဦးစားပေး ကြည့်ဖြစ်တယ်

ကိုပေါက် ပို့စ်တွေကိုတော့ အကြည့်ဖြစ်ဆုံးပဲ

အကြွားကတော့ သန်သလားမမေးနဲ့..တစ်ခါရိုက် ၁၂ ဂစ်လောက်ထဲက  ကြက်ကန်း တိုးပြီး ကြည့်ပျော်ရှုပျော် ရှိတဲ့ ပုံတွေ မွှေနှောက်ရှာ ပြီး ပို့စ်လုပ်တင်တတ်တယ်

ပို့စ်များတင်ပြီးသွားရင် ညဖက်ညဖက် တရေးနိုးရင်တောင် ဖုံးလေးဖွင့်ပြီးတောင် စစ်လိုက်သေး.. ကိုယ်ရေးထားတဲ့ ပိုစ့် တင်ထားတဲ့ပုံပြန်ကြည့်ရတာလဲ အမော

ကွန်မန့်လေးများတွေ့ရင် တနေ့လုံးဖတ်လို့မဆုံး.. ကွန်ပြူတာနဲ့ဖတ်လိုက်.. ဖုံးကဖတ်လိုက်..

မန့်ထားတဲ့ ပုံကိုပြန်ကြည့်လိုက်နဲ့ ရင်ဝယ်ကြည်နူးပြီး နှလုံးပီတိ ဂွမ်းဆီထိ

အမြှောက်ကလဲကြိုက်သလားမမေးနဲ့ အရမ်းလှတာပဲ၊ ဘာညာဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီ ကွန်မန့် ၃မိနစ် တစ်ခေါက်ဖတ်တယ်

ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်ပြီး ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ လဲမဟုတ် ခပ်တည်တည် ယူသုံးထားတဲ့ဘွဲ့နဲ့

ကင်မလာကတစ်လုံးလွယ်ပြီး ကိုယ့်ကိုယ်ကို တတ်လိုက်တဲ့နာမည်က

ဂန္ဓာရီ ဆြာအုပ်တဲ့

 

gandaryi
ဂန္ဓာရီ ဆြာအုပ်

 

 

 

 

 

28 comments

  • အရီးခင်လတ်

    January 19, 2013 at 2:54 am

    ဟယ် စာအုပ် လေးက အရမ်းလှတာဘဲ။ (စောဒီး ဆြာအုပ်)
    မကြာမကြာ ဖတ်စေသတည်း။ 😆

  • kai

    January 19, 2013 at 4:14 am

    မို်င်နိမ်းအစ်.ဂန္ဓာရီ ဆြာအုပ်
    – ဂန္ဓာရီ ဆြာအုပ်
    Posted by ဂန္ဓာရီ ဆြာအုပ် on Jan 19, 2013 in Copy/Paste | 1 comment

    တဲ့..
    Category မှာ Copy/Paste ဖြစ်နေတာသတိထားပါခင်ဗျ…။ ပွိုင့်မရပါဘူး…။
    ဆိုတော့…
    လောကကြီးဆီကCopyယူ.. ကင်မရာထဲ Paste နေတဲ့သူမို့..အကျင့်ပါနေတာလား…ဟင်င်င်.. :kwi:

  • Foreign Resident

    January 19, 2013 at 5:10 am

    ဟယ် ၊ အရမ်းလှတာပဲ ။

  • ဦးဦးပါလေရာ

    January 19, 2013 at 6:56 am

    ကျုပ်ရဲ့ ကွန်နက်ရှင်နဲ့တော့ ဓါတ်ပုံပိုစ့်ဆိုရင် ဝေရာမဏိရတာမို့ ဆြာအုပ်ရဲ့ပိုစ့်တိုင်းကို မဝင်ဖြစ်တာအမှန်ပါ။ ဝင်ကြည့်မိသမျှ တော်တော်ကောင်းတဲ့ပုံလေးတွေလို့တော့ သတိလဲပြုမိ သူများ(အခြားမန်ဘာ)တွေကိုလဲ ပြောမိပါတယ်။
    ဂဇက်ရဲ့ ဓါတ်ပုံဆရာတစ်ယောက်အဖြစ် လေးစားပါတယ်။

  • အစကတော့ …
    အိုက်ပုံကို ကာတွန်းပုံဘဲ မှတ်နေဒါ …
    ခု ပြူးပြလိုက်မှ လူအစစ်မှန်း သိဒေါ့ဒယ် …. :mrgreen:

    ဒါနဲ့ တီခုဒေါ့ ဒဒိပေးရအုံးမယ်ဂျ …
    ဆြာအုပ်က အမြှောက်ကြိုက်တယ် ဆိုလို့ပါ …
    အမြှောက် ဆိုတာ ဟိုလို အမြှောက်ကြီး တွေ ဘာဂျီးဒွေ ရှိသေးတယ်ဗျ ..
    အဲဒီ အမြှောက်ကြီး တွေသာ ကြိုက်လို့ကတော့ … ငွင်းး ငွင်းး :mrgreen:

  • မိုချို

    January 19, 2013 at 8:06 am

    ညဉ်း ပုံ တခါ တင်ဖူး တုန်း က ကိုရီးယား မင်းသားနဲ့ တူတယ်လို့ ကျုပ်ပြောမိသလားလို့ ။ အခု သေချာ မိတ်ဆက် ပေးတဲ့ ပုံ ကျမှ ပြောင်စပ်စပ် ဖြစ်နေပါလား အေ။

  • ကထူးဆန်း

    January 19, 2013 at 8:49 am

    မင်္ဂလာ ဆောင်တုန်းက ရိုက်ထားတဲ့ ပုံ ဖြစ်ရမယ် …

  • kyeemite

    January 19, 2013 at 8:50 am

    ဆြာအုပ်က လူရွှင်တော်လုပ်ဖူးလား…ဟင် :mrgreen:
    ဟီး..နောက်တာပါဗျာ..ခန့်ညားပါပေရဲ့…

  • surmi

    January 19, 2013 at 9:58 am

    စာလည်း ရေးပါဦး
    မိတ်ဆက်တာတောင် တော်တော်ကောင်းနေပြီ
    ဒါနဲ ့ …. ကျုပ်ကတော ့ တွေ ့ရင်ပန်ချာပီဆရာအုပ် လို ့ခေါ်မှာနော ဟဲဟဲ

  • ဂန္ဓာရီ ဆြာအုပ်

    January 19, 2013 at 12:19 pm

    အရီး ရေ..ခုတောင် ၄ခေါက်ရှိပြီ

    ပြန်တော့ပြောင်းလိုက်ပီ တဂျီး.. အဲလိုရလားဟင်

    အဘဖော အာမေဒိတ် တောင်ဖြစ်သွားတယ်… ဟိ

    ကျေးကျေး..ဦးပါ

    အံစာတုံးရေ အဲလောက်တော့ ပျင်းတောင်ပျင်းသေး ခွိ ခွိ

    မမိုချိုရေ ခုပုံက တမင်ရုပ်ဆိုးထားတာ

    ဟုတ်ပါ့ ကထူးဆန်းဒါပေမဲ့ အကိုမင်္ဂလာဆောင်တုံးက ဗျ..

    ကကြီးမိုက်ကတော့ ခန့်ညားတယ်လဲပြောသေး.. ဟွန်းဟွန်း.. လွှတ်တော်ခေါင်းပေါင်းဗျ.. လွှတ်တော်ခေါင်းပေါင်း

    ကြိုက်သလိုခေါ်ဗျို့ ကဆာမိ

  • ရွာသူ jujuma .

    January 19, 2013 at 1:27 pm

    ဂနီ္မရ ဆြာအုပ်ပဲ အလွယ်ကြည့်ကြည့်ပြီး ဖတ်ဖြစ်နေတာ ..
    ခုသေချာမျက်မှန်တတ်ကြည့်မှ ပဲ ဂန္ဓာရီ ဆြာအုပ် ဖြစ်နေတယ် ..
    ဆောရီးပါ ဆြာအုပ် … :harr:

  • ကိုရင်စည်သူ

    January 19, 2013 at 2:09 pm

    စိတ်ခံစားမှုကို အမှန်အတိုင်းဖွင့်ပြီးရေးတာလဲ
    ရိုးသားမှုအနုပညာတစ်ခုပါပဲ.. ဖတ်ရှူ့မိတ်ဆက်သွားပါတယ်..။
    ဥပဓိရုပ်ကတော့ နောက် ၁ဝနှစ်ကျော်ရင်
    တကယ့် ဂန္ဓာရီထွက်မယ့်ပုံမျိုးပါပဲ… 🙄

  • aye.kk

    January 19, 2013 at 3:19 pm

    ဥပဓိရုပ်ကောင်းသည်။
    သနားကြင်နာတတ်သည်။
    စိတ်ကောင်းရှိသည်။
    အသက်ရှည်မည်။
    စကားပြောရတာများမည်။
    (ခင်၍စလိုက်သည်)

    အန်တီအေး။။

  • ဆူး

    January 19, 2013 at 3:41 pm

    အရင်က ခပ်သေးသေး ပုံလေး ဆိုတော့.. စိတ်ထဲမှာ ဗေလုဝ ပုံများလားထင်နေမိနေတာ.. ပုံကြီးနဲ့ မြင်တော့လည်း ဗေလုဝ ထက် သာတဲ့ ရုပ်ရည် ရှိမှန်း အခုတော့ သေချာ သိသွားပါပြီ။

  • ဘဲဥ

    January 19, 2013 at 3:48 pm

    မြင်ဘူးဘာဒယ် အောင့်မေ့နေဒါ တွန်ခရုဖစ်နေဒါဂိုးးးးးး
    မြှောက်ပေးလိုက်ဘီ
    ဘီယာလိုက်တိုက်ဒေါ့

  • Crystalline

    January 19, 2013 at 5:13 pm

    ဆြာအုပ် ဓါတ်ပုံလေးတွေအရမ်းကောင်းပါတယ်..အဆင့်တစ်ခုရှိတယ်လို့လည်း ဓာတ်ပုံပညာနားမလည်ပါးမလည်နဲ့သတ်မှတ်ထားပါတယ်…တစ်ခုက..အဲဒီနာမည်ကိုအခုမှသေချာဖတ်မိတာ.. ဂဗီရဆြာအုပ်လို့ပဲ နာမည်မှားဖတ်ထားတာ..

  • Mr. MarGa

    January 19, 2013 at 5:32 pm

    ကြည့်ရတာတော့ အတော် ချောပြီး အတော် ပေါမယ့်ပုံ :mrgreen:
    လေ ကို ပြောတာပါ
    မြှောက်ပေးပြီးပြီဗျို့
    တွေ့ဆုံပွဲမှာ သေချာရိုက်ပေး
    မလှရင်တော့ သိကြားရဲ့ ဝရဇိန်နဲ့တွေ့သွားမယ် :mrgreen:

  • မောင်ပေ

    January 19, 2013 at 7:15 pm

    တွေ ့ဘီ တွေ ့ဘီ
    ဒီလူ ဒီလူပဲ
    ကျုပ် အရင်တစ်ခါ ရန်ကုန်လာတုန်းကပေါ့
    ညီလေး အသစ်လေးတွေရှိတယ်ဆိုလို ့
    အဟုတ်မှတ်လို ့ ၊ လိုက်ကြည့်တာ
    ကင်မရာ အသစ်တွေ ရောင်းမလို ့ဖြစ်နေတာကလား

  • ဂန္ဓာရီ ဆြာအုပ်

    January 19, 2013 at 7:23 pm

    မှန်လိုက်လေ..အန်တီအေး ရေ
    အားလုံးကို.. ကျေးကျေး ..ဟီးဟီး..မဟုတ်တာပြောမှန်းသိပေမယ့် ကြိူက်တယ် ခွိခွိ

  • aye.kk

    January 19, 2013 at 8:10 pm

    မဟုတ်တာမပြောပါဘူး။
    အန်တီလေ့လာထားပြီး။သိထားတဲ့အတိုင်း။ဒဲ့ပြောတာပါ။
    ခင်တာလဲပါတာပေါ့။။

  • garuda

    January 19, 2013 at 9:48 pm

    ဟိုက်..ရှားဘား..ခန့်ဂျောဂျီးဗျာ။ ဦးဂျာဂနာတို့ အဖွဲ့ထဲက လားအောက်မေ့ရတယ်။ သီး၄သီး အဖွဲ့ကတော့နာမယ်ကြီးနေပြီ။။
    ဆိုတော့ကာ..ထူးဘာဘူးဂျာ.. စာအုပ်ကြီးလည်း ရွာထဲက လူတွေနဲ့ပေါင်းပီး ကြီး၄ကြီးဆိုပီးတော့ ဖွဲ့လိုက်ဂျာ။ ပါဝင်နိုင်တဲ့ သူတွေကတော့ သူကြီး..ကြောင်ကြီး..အေးဝတီကြီး..ဂန္ဓာရီ စာအုပ်ကြီး(သို့)ဘုတ်အုပ်ကြီး။။ 😀

  • အိုးးးးး
    ဒီနေ့အလုပ်မအားလို့ အခုမှဝင်ဖြစ်တယ်။
    ကျနော်ရဲ့ဖောက်သည်ကောင်းကြီးဖြစ်နေတားကိုး။
    ကျနော်က တကယ့်ကိုလက်ဆော့သူ စစ်စစ်ပါ။
    ကင်မရာပေါက်စနနဲ့ပေါက်ကရရိုက်တဲ့သူ။
    နောက်ပြီး ကင်မရာပေါက်စနက ခလုပ်တွေကို ဟိုရွှေ့ဒီပြောင်းလဲလုပ်ပြီးလက်ဆော့တတ်ပါသေးတယ်။
    ဆရာအုပ်နဲ့ကျနော် မန်းလေးမှာ ဆုံချင်ပါ၏
    လာမယ်ဆိုအကြောင်းကြားလိုက်နော်
    ခင်ဗျားပုံလေးတွေလှတယ် X ဆယ်ကုဋေ

  • ဆူး

    January 20, 2013 at 4:10 pm

    ဒီနေ့ အဲ့ဒီ ပုံအတိုင်း လာတယ်..

  • kokothandar

    January 21, 2013 at 8:11 am

    သရုပ်ဆောင်လုပ်ရင်ရမယ် ကြည့်တာနဲ့ရီချင်လာတယ် တတ်လဲတတ်နိုင်ပ နောက်တစ်ပုံကို ချိုလိမ်လေးကိုက်ပြီး နေတဲ့ပုံနဲ့ တင်ကြည့်ပါအုံး

  • Mon Kit

    January 21, 2013 at 9:52 am

    ဟယ်တော့!!!! နာမည် နဲ့ လူပုံ နဲ့ လိုက်သတော့………..
    ဆြာအုပ်ရိုက်တဲ့ ဒ့ါပုံတွေ လည်း ကြိုက်ပါတယ်တော့……..
    :hee:

  • ဆူး

    January 21, 2013 at 10:23 am

    နောက်တခါ ပုံတင်ရင် ဆြာ အုပ် ရဲ့ စုံတွဲပုံတင်ပြီး ဇနီး နဲ့ ကလေးတွေပါ ခေါ်ခဲ့ဖို့ ဖိတ်ပါတယ်။

  • mashwetote

    January 21, 2013 at 11:44 am

    “ပို့စ်များတင်ပြီးသွားရင် ညဖက်ညဖက် တရေးနိုးရင်တောင် ဖုံးလေးဖွင့်ပြီးတောင် စစ်လိုက်သေး.. ကိုယ်ရေးထားတဲ့ ပိုစ့် တင်ထားတဲ့ပုံပြန်ကြည့်ရတာလဲ အမော

    ကွန်မန့်လေးများတွေ့ရင် တနေ့လုံးဖတ်လို့မဆုံး.. ကွန်ပြူတာနဲ့ဖတ်လိုက်.. ဖုံးကဖတ်လိုက်..”

    အစစ်ပဲ။ ပို့စ်ကလည်း တစ်ခါတစ်လေမှ တင်တာဆိုတော့ ကိုယ့်ပို့စ်တင်ပြီး တစ်ပတ်လောက်အတွင်း တရေးနိုးရင် ဖုန်းကနေ အီးမေးလ်ကိုဖွင့် ဖုန်းကလည်း မြန်မာလိုဖတ်လို့မရတော့ အတုံးအတုံးလေးတွေကိုပဲကြည့်ပြီး ငါ့ပို့စ်ကို ဘာတွေများမန့်ထားကြမလဲလို့ ရင်ခုန်ရတာ။ တစ်ခါတစ်ခါ ကော်မန့်ကို မကြည့်ရမချင်း အိပ်တောင်မပျော်ဘူး။ ဖေ့စ်ဘွတ် အက်ဒင်ရှင် (addiction) ထက်ဆိုးတာ ဒီက ဂဇက် အက်ဒင်ရှင်ပဲ။

  • Novy

    January 21, 2013 at 2:02 pm

    မို်င်နိမ်းအစ်.ဂန္ဓာရီ ဆြာအုပ်လို့ ပြောစရာမလိုအောင်
    ခေါင်းပေါင်းကြီးနဲ့ပဲအေ..

Leave a Reply