hondy ဆားဗစ်သိချင်လို့ပါ

Phaung PhaungJanuary 19, 20131min836

အားလုံးပဲ နေကောင်းကြတယ်နော်…
စီးပွားရေး၊ကြီးပွားရေးနဲ့ သားသမီးအရေးပါမကျန် ရုန်းကန်လှုပ်ရှားနေရတာနဲ့ ဂေဇက်ထဲကိုတောင် မဝင်ဖြစ်တာကြာပါပြီ။ အဟီးးးး….

အခုသိချင်တာလေးတခုရှိလို့ ဒီဂေဇက်မှာလည်း ဂျာပန်မှာ အလုပ်လုပ်နေကြတဲ့သူတွေရှိလို့လေ…
ဂျပန်ကနေ မြန်မာပြည်ကိုငွေလွှဲချင်တာ … အေးဂျင့် ( မြန်မာပြည်ဘက်) ဆက်သွယ်ရမယ့်ဖုန်းလေးများသိရင် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.

လေးစားစွာဖြင့်
ဖောင်းဖောင်း

6 comments

  • ဂျာပွန် ဆိုရင်တော့ …
    ကိုဂီ တော့ ချိဒယ် …
    ကျုပ်က မြန်ပွန်မှာ ဆိုဒေါ့ ….
    အိုက်အကြောင်း ပေါဒတ်ဘူး .. အဟီးးး :mrgreen:

  • ကထူးဆန်း

    January 19, 2013 at 6:15 pm

    Western Union ကနေ လွှဲလို့ ရပြီဆိုတာ ကြေညာထားတာ တွေ တွေ့တဲ့ အတွက် အဲ့ဒီ့ က ပိုစိတ်ချရမလားလို့ ။ ဘဏ်မှာ သွားထုတ်ရမှာ ဆိုတော့ အဆင်ပြေမည်ထင်ပါသည် ။

  • မောင်ပေ

    January 19, 2013 at 6:49 pm

    ဟွန်ဒီဆားဗစ်
    ချွန်မည်ဓါးသစ်
    ရွံသည်ဖားညစ်
    ဖွန်ရီအားဖြစ်

  • Wow

    January 21, 2013 at 10:06 am

    Phaung ရေ Western Union ကနေ နိုင်ငံပေါင်း ၂၀ဝ ကျော်ကနေမြန်မာနိုင်ငံမှာရှိတဲ့ အောက်ပါဘဏ်တွေမှာ ငွေလွှဲထုတ်လို့ရနေပါပြီ…
    ၁) မြန်မာ့အရှေ့တိုင်းဘဏ်
    ၂) CB
    3) First Private Bank
    4) မြန်မာ့မွေးမြူရေးနဲ့ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
    ၅) မြန်မာ့ရှေ့ဆောင်ဘဏ်
    ၆) ယူနိုက်တက်အမရဘဏ်
    ၇) ကမ္ဘောဇဘဏ်

    မြန်မာနိုင်ငံအနှံ့အဲ့ဒီ့ဘဏ်ခွဲတွေရှိတဲ့နေရာတိုင်းမှာထုတ်ယူနိုင်ပါတယ်။

    Japan မှာဆို အောက်ပါနေရာတွေနဲ့ဆက်သွယ်ပါ..
    More than 130 locations in Japan
    -Travelex
    – PNB
    – Across No.1 Travel
    – JTA Japan Ticket Association

    – Over 17,000 Seven Bank’s ATMs

    – Over 9,000 Famiports at Family Marts

    Tel : 0034-800-400-733
    From Oversea- +61 2 9226 9554

    အထက်ပါ ဟော့လိုင်းတွေကိုဆက်သွယ်ပြီး ပို့လို့ရပါတယ်… အကူအညီလိုရင်ပြောပါ :hee:

  • Wow

    January 21, 2013 at 10:12 am

    မြန်မာဘက်ကဆက်သွယ်နိုင်မဲ့ Western Union Agent Bank Contact (Yangon) တွေကတော့အောက်မှာပါ…

    – Myanmar Oriental Bank (M.O.B) – Hot line : +95 9 425017414

    – CB Bank – Hot line : +95 1 1378645, 1377871, 1377872

    – First Private Bank – Hot line : +95 1 251749

    – မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိူးရေးဘင်္ဏ – Hot line : +95 1 377384

    – Myanma Apex Bank – Hot line : +95 1 398 807

    – United Amara Bank – Hot line : +95 1 8551335

    – KANBAWZA BANK LIMITED (KBZ) – Hot line : + 95-1-373964

    God bless you!

  • Phaung Phaung

    January 22, 2013 at 12:40 pm

    တကူးတက ပြန်လည်ဖြေကြားပေးကြသော မိတ်ဆွေအပေါင်းကိုကျေးဇူးတင်ပါတယ်။
    ဆက်သွယ်စုံစမ်းပြီး ဆက်လက်ဆောင်ရွက်ပါဦးမယ်
    Wow ကိုကျေးဇူးအထူးတင်ပါတယ်နော်

Leave a Reply