ယောင်္ကျားမာယာ

etoneJuly 20, 20101min842

ယောင်္ကျားမာယာဟာ ထောက်ထားစရာရယ်လို့မရှိဘူး။ ယောင်္ကျားယုတ်ရင် မိန်းမထက်တောင်ပုတ်လို့ ဆိုသူက ဆိုကြတယ်။ ယောင်္ကျားဆိုတာဟာ မိန်းမတွေ အထင်ကြီးတက်တဲ့အရာမို့ မာယာသုံးတာကို နားမလည်လိုက်ရင် အခါခါ ဆုံးရှုံးတတ်ပါတယ်။ ယောင်္ကျားကြီးတန်မဲ့ မာယာများတာမျိုးဟာ အရုပ်ဆိုးသလိုအောက် တန်းလည်း အလွန်ကျလှပါတယ်။ယောင်္ကျားဆိုးရဲ့ မာယာကို မိတဲ့ မိန်းကလေးဟာ ပန်းကောင်းအညွန့်ကျိုး ဖြစ်တတ်တယ်။ မာယာကိုမသိဘဲ  ယုံမှတ်လို့ ပုံအပ်လိုက်ရင် မျက်ရည်နဲ့ဒူးသုတ်ရတဲ့ အဖြစ်မျိုးကို ရောက်ရမှာပဲ။ ယောင်္ကျားဆိုတာ အပြင်လောကကို ထိတွေ့သူများတဲ့သူများတဲ့အတွက် မာယာသုံးရင် အချို့မိန်းကလေးတွေထက်  ပိုပြီး သုံးတက်တယ်။ ယောင်္ကျားတွေဟာလည်း မာယာမရှိတက်ဘူးလို့ မထင်လေနဲ့။ သူတို့မှာလည်းရှိတာပဲ။ အကောင်းအဆိုးဟာ အရာရာတိုင်းမှာရှိတလို မာယာရှိတဲ့ ယောင်္ကျားတွေလည်း ရှိတတ်တယ်။ သစ္စာမဲ့ယောင်္ကျားတွေလည်းရှိတယ်။ ယနေ့ယောင်္ကျားတွေမှာ အရည်အချင်းနဲ့ ဥစ္စာစည်းစိမ်ကို မက်လုံးပေးတာများနေတယ်။ အပေးလေးရက်ရောရင် အပြေးလေးရောယှက်ချင်တတ်တဲ့ မချောလေးတွေဟာ ယောင်္ကျားမာယာ မိတာများတယ်။ ဂုဏ်ရှိန်ဟာ အချစ်မဟုတ်ဘူး။ ဥစ္စာစည်းစိမ်ဟာ အချစ်မဟုတ်ဘူး။ အချစ်ဆိုတာအသည်းနှလုံးက လာတာ၊ ရင်ထဲကလာတာတွေပါ။ အချို့ယောင်္ကျားလေးတွေဟာ ဘဝအတွေ့ အကြုံများပြီး အပြောမှာ ချောနေတယ်။ အပြောချောတာကို သဘောအမှန်ထင်ခဲ့ မိရင် မောရမှာ ကျောချမှန်းသိလာလိမ့်မယ်။ အပြောကိုမယုံဘဲ လက်တွေ့ကို ယုံတတ်တဲ့အကျင့် ကျင့်ယူပါ။ မာယာများတဲ့ ကျားဟာစဉ်းလဲကောက်ကျစ်သလောက် ရက်စက်ယုတ်မာတယ်။ ကျားမိုက်ရဲ့ တအားကိုက်ခံရတဲ့ စေဒနာမျိုးဆိုတာ အသည်းချုက်အောင် ံစားရပြီး ဆေးလိုက်လို့လည်းမတိုးတော့ဘူး။မိ်န်းမဆိုတာ အနှမျိုးဖြစ်တယ်။ ယောင်္ကျားကိုအားကိုးပြုရတယ်။ အဲသည်လို အားကိုးပြုရတဲ့ လင်ယောင်္ကျားက မာယာများရင် ဘယ်မှာလာကောင်းတော့မှာလဲ။ မာယာသမားဟာ ညှာတာခြင်းကင်းတယ်။ လောကမှာ လင်ငတ်လို့မသေနိုင်ဘူး။ မာယာများတဲ့လင်မျိုးကို ယူမိရင်တော့ လင်ဆိုးမယား တဖားဖား ဖြစ်ပြီး အသက်တောင် တိုနိုင်ပါတယ်။ ပညာမဲ့ယောင်္ကျားတစ်ယောက်ရဲ့ မာယာထက် ပညာတတ် ယောင်္ကျားတစ်ယောက်ရဲ့ မာယာက ပို ကြောက်စရာ ကောင်းတယ်။ ယောင်္ကျားတစ်ယောက် မာယာရှိမရှိကို ချစ်သူဘဝထဲကအကဲခတ်ပါ။ မာယာတွေ အကြိမ်ကြိမ် သုံးလားရင် ရဲရဲဝင့်ဝင့် ဖြတ်ပါ။ ဘဝခရီးအတွက် လက် မတွဲပါနဲ့။ မာယာသမားဆိုတာ သစ္စာတရားနဲ့ အကြင်နာတရား မရှိတဲ့အတွက် မာယာသုံးတာဖြစ်တယ်။ စေတနာမပါဘဲ ဖော်စပ်ထားတဲ့ဆေးဟာ ဝေဒနာ မပျောက်သလို မာယာများတဲ့ အချစ်ဟာ အချစ်စစ် အချစ်မှန် မဟုတ်ဘူး။ ယောကျာ်းမာယာကို သိအောင် စိတ်နဲ့ အပြုအမူကို အကဲခတ်ရမှာ ဖြစ်တယ်။ ကျားဆိုတာ မ ထက်ပိုပြီး လှုပ်ရှားမူ ကိုအပြုအမူ များတတ်ပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူတွေဟာ သူ့ စိတ်ကိုလည်းပြနေတယ်။ အထူးသတိထားရမှက မာယာစကားသံကို သတိထားပါ။ စိတ်ရဲ့ အဆင်းရောင်ဟာ မျက်နှာမှာ ပေါ်တာထက် စကားသံမှာ ပိုပေါ်တတ်တယ်။ လူတစ်ယောက် ဟာ စာပေးရာမှာ စိတ်တစ်မျိုး စကားတစ်မျိုး သုံးနိုင်တယ်။ ဒါပေမယ့် အတူတူ မျက်နှာချင်းဆိုင်ပြီး ပြောကြရင်တော့ ဟန်ဆောင်ခြင်းကို လွယ်ကူစွာ မတတ်နိုင်ဘူး။ စိ်တ်သဘောရင်းဟာ အသံမှာ ပေါ်လာတတ်တယ်။ အချို့ဆို သိသိသာသာကို ပေါ်တယ်။ မာယာစကားပြောနေတာကို သတိပြုနိုင်ခဲ့ရင် ကိုယ်ဟာမာယာစက်ကွင်းက လွတ်မယ်။ ကျားမာယာကို သတ်ိထား။ အချစ်ကို လွယ်လွယ်လက်ခံသူကို လွယ်လွယ်ပဲ စွန့်ခွာတတ်ကြတယ်။ အချစ်စိတ်ဟာ များစွာပြင်းထန်တော့ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ချစ်ဒုက္ခရေရေလည်လည် ခံရတတ်တယ်။ ကဲဆင်ခြင်လော့ ။ 😛 ကူထားတာ ။

2 comments

  • HayMonChan

    September 9, 2010 at 6:25 pm

    ကျေးဇူူးအရမ်းတင်ပါသည်

  • april

    September 10, 2010 at 4:31 am

    မာယာသမားဟာ ညှာတာခြင်းကင်းတယ် ဆိုတာ ထောက်ခံပါတယ်။ ျေ

Leave a Reply