အချစ်တွေ အပျော်တွေ ခံစားနေ ၊ဘဝ နှစ်ခုမခြားပါ ၊ကျမတို့လူသားပါ

padonmarJanuary 20, 20131min26154

ပန်းတနော် အလှူတုံးက ကိုပေါက်က ပြောခဲ့ပါတယ်။

လူချင်းမတွေ့ဖူးပေမယ့် စိတ်ချင်းခင်ကြတဲ့ လေထဲကမိတ်ဆွေတွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးပါလို့။

ဝင့်ပြုံးမြင့်ကတော့ တိမ်ယံကြားက ဂဇက်ရွာပါတဲ့။

ဟုတ်ပါတယ်။

လေလှိုင်းထဲက (ပိုတိကျအောင်ပြောရရင် အင်တာနက်ထဲက) မိတ်ဆွေတွေ တွေ့ဆုံကြဖို့ အခွင့်အရေးလေး ရခဲ့ပါပြီ။

လွန်ခဲ့တဲ့ တစ်နှစ်ကျော် ရှုံးလူ မြန်မာပြည်ပြန်ရောက်တုံး တွေ့ကြဖို့ Moonpoem က စီစဉ်ပေမယ့် လူချောင်းပွဲလေးဖြစ်ပြီး တွေ့ခွင့်မသာခဲ့ပါဘူး။

ကြားထဲမှာ အလှူတွေ စီစဉ်ကြရင်း တွေ့ဖူးပြီးသားမိတ်ဆွေ အသိုင်းအဝိုင်းလေး ပိုပြီး ကျယ်ပြန့်လာပါတယ်။

ဒီတစ်ခေါက်တော့ မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲလေး စီစဉ်ဖြစ်ရင်း သူကြီးအဆို ဂဇက် ကွန်ဖရင့် လုပ်ဖြစ်သွားပါပြီ။

အင်တာနက်ထဲမှာ ကွန်မန့်တွေနဲ့ နောက်လိုက်ပြောင်လိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ခဲ့ရတဲ့ ရွာသူားတွေ ဆိုတာ လူသားစင်စစ်တွေပါလားလို့ မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါပြီ။

ဒီပွဲမှာ အော်ဇီက ဆုလာပေးတဲ့သူရှိသလို

ဟောင်ကောင်က ဆုလာယူသူလည်း ရှိတယ်။

မန္တလေးက ပွဲလာတက်သလို နေပြည်တော်ကလည်း လာတယ်။

စိနတိုင်းက ရဲစည်လည်း မူးမူးနဲ့ မျက်စိလည်လမ်းမှားပြီး ရောက်လာတယ်။

မန္တလေးက ကိုပေါက်က လေလှိုင်းကြားက ဖုန်းဆက်ပြီး လှမ်းအားပေးသလို စွယ်တော်ရွက်ကလည်း မတ်စိတွေပို့ပြီး နှုတ်ဆက်ပါတယ်။

ဒီပွဲလေးကို မန်ဘာအားလုံးတက်ချင်ကြမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။

ကိုယ်တိုင် တက်ရောက်ခွင့်မရလိုက်တဲ့ ဂဇက် မန်ဘာတွေအတွက် အတွေ့အကြုံလေးကို မှတ်တမ်းတင်ပေးဖို့ တာဝန်က တံခါးမှူးကြီး ကိုဘလက်ဖြစ်ပေမယ့်

မိခင်ကြီးကျန်းမာရေးကို အနီးကပ်စောင့်ရှောက်နေရတဲ့ ကိုဘလက်ခွင့်တိုင်သွားတာမို့ မျက်စိမရှင် နားထိုင်း

လက်တုန်တဲ့ အဖွားကြီး ကျမပဲရေးပေးပါလို့ ငှက်ကထကြီးက ဘီဒိုအာဏာနဲ့ အနိုင်ကျင့်ပါတယ်ရှင့်။

ဒါကြောင့် အားလုံး မျှော်လင့်နေတဲ့ ဆုံစည်းပွဲလေးကို ဖြည်းဖြည်းစောင့်ဖတ်ပေးကြပါလို့ ။

(သဂျီးဆီက ပွိုင့်ခိုးတာပါ)

တက်ရောက်သူတွေကတော့ ကြိုတင် စာရင်းပေးထားတဲ့သူတွေပါပဲ။

စာရင်းပေးပြီး မလာဖြစ်တာ မနောဖြူလေး၊ရို့စ်မင်းနဲ့ အိုဘားမားပါ။

ဆုရသူအားလုံး (ကိုယ်စားစေလွှတ်သူအပါအဝင်) လေးလေးစားစားလာယူသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ မှတ်တမ်းတင်သူက လုလင်နဲ့ ဆရာအုပ်ပါ။

စိတ်နဲ့ မှတ်ပြီး ပြန်ရေးရတာဖြစ်လို့ အမှတ်မှားတာ ကျန်တာတွေရှိရင်လည်း ကွန်မန့်တွေနဲ့ ဝိုင်းအားဖြည့်ပေးကြပါ။

ဂရုပုံနဲ့ မှတ်တမ်းပုံ အချို့ တင်ပေးပါမယ်။

နောက်ပွဲတွေ လုပ်ဖြစ်ရင် ဒီထက် မန်ဘာတွေ ပိုများများလာရဲအောင် ( Privacy ကို ထိန်းသိမ်းပေးတဲ့ အနေနဲ့)

ဓာတ်ပုံတွေကို အကန့်အသတ်နဲ့ တင်ပါမယ်။

ကိုယ့် ဓာတ်ပုံတင်တာ ကန့်ကွက်ရန်မရှိသူတွေ ကွန်မန့်နဲ့ ခွင့်ပြုချက် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

လက်နှေးတဲ့ အဖွားကြီး

ပဒုမ္မာ

54 comments

  • nozomi

    January 20, 2013 at 8:01 pm

    အန်တီလေး ရေ စောင့် အားပေးနေပါတယ်
    မြန်မြန်တင်ပေးပါ ဗျို့ လို့ ငယ်ငယ် ကလို အော်ရင် ကောင်းမလား စဉ်းစားနေတာ
    တကယ်ပျော်ဘို့ ကောင်းတဲ့ ပွဲလေး ဖြစ်မှာ သေချာပါတယ်

  • မောင်ပေ

    January 20, 2013 at 8:24 pm

    တော်ပါသေးရဲ ့ဗျာ
    ပုံတွေကြည့်ချင်နေပါတယ်ဆို
    အခုထိ မတင်ကြသေးလို ့
    ဟီဟိ

  • MaMa

    January 20, 2013 at 8:25 pm

    တစ်ယောက်ချင်းပုံလည်း မရိုက်ဖြစ်ပါ။
    (ကင်မရာမန်းတွေကလည်း အဖွားကြီးတွေကို ရိုက်ချင်မှာ မဟုတ်ဘူးဆိုတာ သိနေတယ်လေ) :harr:

    ဂရုပုံတင်တာလည်း ကန့်ကွက်ရန် မရှိပါ။

    သဂျီးဆီက ပို့လိုက်တဲ့ လက်ဆောင်တွေအပြင် စေတနာရှင် မနိုဗွီ နဲ့ အဘဖောတို့ရဲ့ လက်ဆောင်တွေကို မဲဖောက်ပေးတာကလည်း တကယ့်ကို ပျော်စရာပါပဲ။
    (လက်လွတ်သွားရင် အတော်စိတ်မကောင်းစရာဖြစ်မယ့်ပွဲပါပဲ) :kwi:

    ငှက်ကထကြီး ပြောသလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ရွာသူားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ငယ်ပေါင်းကြီးဖော်တွေလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး တွေ့ကြဆုံကြ ပျော်ကြရတဲ့ပွဲပါ။ :hee:

    နောင်နှစ် နောင်နှစ်တွေမှာလည်း ဒိ့ထက်ပိုပြီး ရွာသူားတွေ စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ချင်ပါသေးတယ်။
    အင်တာနက်မီဒီယာဟာ ပရင့်မီဒီယာတွေလိုပဲ အခိုင်အခန့်တည်တံ့တယ်ဆိုတာ လက်တွေ့ပြကြပါစို့…..
    မန်းဂဇက် အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲပါစေ :hee:

  • ဦးဦးပါလေရာ

    January 20, 2013 at 8:28 pm

    ကျုပ်လဲ နှစ်ခါပြန်တက်ရောက်ခွင့်ရခဲ့ပါတယ်..
    ရောက်ပြီးမှ ပစ္စည်းကျန်ခဲ့လို့ အိမ်ပြန်ယူပြီးပြန်ဝင်ရတာလေ..

    မဆုံရသေးတဲ့ လေလှိုင်းထဲက မိတ်ဆွေတွေအများအပြားနဲ့လဲ ဆုံဖြစ်ရတာပေါ့..
    မမိုချိုရဲ့မိခင်ကြီး၊ ကိုနွေဦး၊ ဆရာအုပ်၊ အံစာတုံး၊ ကိုချိုကြီး၊ ကိုကျောက်ခဲ…..
    ဟာ…. ဘယ် ရေနိုင်မတုန်း….
    အများ မှ အများကြီး…
    အားလုံးက အရမ်းခင်မင်စရာကောင်းတာ…
    ပြီးတော့ တစ်ခါမှမတွေ့ဘူးပေမယ့် ၊ အရမ်းကို ရင်းနှီးနေသလိုဖြစ်နေတာ…

    ပိုပျော်ဖို့ကောင်းတာက….

    ကျုပ်လေ
    သူကြီးရဲ့ လက်ဆောင်တစ်ခု မဲပေါက်သဗျ…

    :harr:
    :kwi:

  • အရီးခင်လတ်

    January 20, 2013 at 8:51 pm

    မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ အဖြစ် ဂဇက်ရွာသမိုင်းမှာ တွင်ခဲ့ပြန်ပြီပေါ့။
    ဒီလို ပွဲလေးဖြစ်ရလို့
    အလှူရှင် ကိုအဘဖော နဲ့ အဘဆွေ အမှူးထားပြီး စီစဉ်သူအားလုံး နဲ့ တစ်ကွ ကြွရောက်ခဲ့သော ရွှေပွဲလာပရိတ်သတ်ကြီးများ ကို အထူးကျေးဇူးတင်မိပါတယ်။

    နုပျိုဆဲနှလုံးသား နဲ့ အစ်မရေ မအိုသေးပါဘူး။
    မေတ္တာတွေ နဲ့ လွှမ်းပြီး ပျိုမြစ်နေဆဲပါ။
    ကျွန်မလဲ အိမ်မက်ထဲမှာ ပွဲကို ရောက်ခဲ့တယ်။ :hee:

  • weiwei

    January 20, 2013 at 9:22 pm

    ဒီတစ်ခါ တွေ့ဆုံပွဲက အရမ်းပျော်စရာကောင်းပါတယ် .. (သူကြီးရဲ့ လက်ဆောင်တစ်ခု မဲပေါက်ခဲ့လို့လေ .. :kwi: )
    အခုလို အဆင်ပြေတာကလဲ ဦးဦးပါလေရာနဲ့ အန်တီပဒုမ္မာတို့ရဲ့ ကြိုစားအားထုတ်မှုအများကြီးပါပါတယ် …
    အစီအစဉ် အစအဆုံး announcer လုပ်သွားတဲ့ ရွှေတိုက်စိုးကလဲ တကယ့် ပရော်ဖက်ရှင်နယ်အဆင့်မှီတယ် … တစ်စက်ကလေးမှ မပျင်းရအောင် တင်ဆက်သွားနိုင်ပါတယ် ..
    ဦးကျောက်ခဲနဲ့ ဦးကြီမိုက်တို့ မိုက်ခဏခဏ ဝင်လုပြီး ပြောနေတာကလဲ နားထောင်လို့ မဝနိုင်အောင် ရယ်နေရပါတယ် … ကံစမ်းမဲ အစီအစဉ်ကလဲ စိတ်ဝင်စားစရာကောင်းတယ် ..
    နောက်ထပ် ၆ လ ကြာရင်လဲ တစ်ခါထပ်ပြီး စီစဉ်ပေးနိုင်ဖို့ မျှော်လင့်ရင်းနဲ့ တစ်တပ်တစ်အား ပါဝင်ချင်ပါသေးတယ် ..

    • ဆူး

      January 21, 2013 at 11:03 am

      နောက် ၆လ မှာ ထပ်လုပ်တော့လည်း နောက်၆လ မှာ တခါ ထပ်ပြီး လက်ခုပ်လာ တီး ပေးအုန်းမယ်..

      မနေ့က ပွဲကတော့ တကယ်ပျော်ဖို့ ကောင်းတယ်.. အချိန်က တိုလွန်းလို့ စကားပြောလို့တောင် မဝ ခဲ့ဘူး။

  • surmi

    January 20, 2013 at 9:28 pm

    ဓတ်ပုံကိစ္စ အထူးပြောဖွယ်မရှိပါခင်ဗျာ ။ ကောင်းမယ်ထင်သလို တင်နိုင်ပါတယ် ဗျာ ။
    ( လှတာလေးတော ့ရွေးတင်ပေါ ့ ဟဲဟဲ )
    ကျနော် ့အနေနဲ ့ကတော ့ အထူးကိုပျော်ရွှင်မိပါတယ်
    အားလုံးကို အခုမှတွေ ့ဖူးတာမို ့ လူစုံအောင်မနဲ လိုက်နုတ်ဆက်ရင်း
    ပြောစရာစကားတွေ မပြောနိုင်ခဲ ့ပါဘူး ။ကုန်လွယ်လွန်းတဲ ့ အချိန်ကိုပဲ
    အပြစ်တင်နေမိတယ် ။ ဒီလိုပွဲမျိုးကြုံဖို ့တစ်နှစ်တိတိစောင် ့ရမှာကိုပဲ
    လက်ချိုးရေနေရတော ့မှာပါ ။
    အခြေအနေနဲ ့ အချိန်ကြောင် ့ လူတစ်ချို ့ကိုတိုက်ရိုက်နှုတ်ဆက်ခွင် ့
    မရလိုက်တာကိုလည်း မချင် ့မရဲဖြစ်မိပါတယ် ။
    ပြီးတော ့ ကျနော် ့ကိုအမှတ်တရ လက်ဆောင်ဆုချီးမြှင့်ပေးခဲ့ကြတာကိုလည်း
    မမျှော်လင် ့ပဲရခဲ ့လို့ ့အတိုင်းမသိ ကြည်နူးဝမ်းမြောက်မိပါတယ် ။
    ကျနော်တစ်ခါက အမှတ်မထင်ပြောခဲ ့တာလေးကို မှတ်မှတ်ရရ သတိတယနဲ ့
    လက်ဆောင်ချည်းမြှင် ့ပေးခဲ ့တဲ ့ အစ်မပဒုမ္မာကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ………..

    လေးစားလျှက်
    မောင်ဆာမိ

  • padonmar

    January 20, 2013 at 9:41 pm

    တက်မယ့် စာရင်းထဲပါပေမယ့် ကျန်းမာရေးကြောင့် မလာနိုင်တဲ့ ခိုင်ခိုင်၊ဘားကမ့်ပွဲ တာဝန်ကျနေတဲ့ နွေးသီး၊reserve ဆိုတဲ့ မိုးမင်းသားတို့ကို မျှော်နေမိပေမယ့် မလာနိုင်ခဲ့ကြပါဘူး။

  • ဦးကြောင်ကြီး

    January 20, 2013 at 10:29 pm

    လူသားစင်စစ်
    ခြူနွားကင်ရှစ်
    အူယားလင်ခြစ်
    သူမှားပြင်သစ်
    ဂူနားခွင်ဖြစ်
    ကူစားဝင်လစ်
    မြူအားထွင်ခေတ်
    ထူပါးရွှင်ဟစ်..။

  • လူမရောက်ပေမယ့် “လေ”ရောက်သွားအောင် လုပ်ပေးတဲ့ မိတို်က်ကိုကျေးဇူးတင်ပါတယ်။.
    ပိုစ်အများဆုံးရေးတဲ့အတွက် လက်ဆောင်ရတယ်ဆိုတဲ့(ကျနော့်ဘဝမှာ အမှတ်တရဖြစ်နေစေမယ့်)့ နာရီလေးကို
    ဒါဇင်ပလပ်အဖွဲ့လေးအတွက် ပြန်လည် လက်ဆောင်ပေးနိုင်အောင်စီစဉ်ပေးတဲ့
    M လုလင်ကိုလည်း ကျေးဇူးတင်ပါ၏။
    ဒီလက်ဆောင်လေး က ဂုဏ်ယူစရာလည်းကောင်းပါ၏။
    ကျနော် အားသမျှကိုယ်ပိုင်အချိန်တွေဖဲ့ပေးပြီး အင်မတန်မှ ဆိုးဝါးလှတဲ့ကော်နက်ရှင်ကြားမှာ
    ဓါတ်ပုံတွေတင်
    ပုံတင်ပြီးခါနီးမှ ကွန်နက်ပြုတ်ကျသွားလို့ အစဆုံးစိတ်တိုတိုနဲ့ပြန်လုပ်ခဲ့ရတဲ့
    အကြိမ်ပေါင်းများစွာ၊

    ခရီးထွက်တယ်ဆိုပြန်ရင်လဲ (သူများ လခစားဝန်ထမ်းဖြစ်နေတော့ ) ပိုင်ရှင်ကျေနပ်အောင် အလုပ်ကို မပြီးပြီးအောင်အမြန်လုပ် အားတာနဲ့ဓါတ်ပုံတွေလိုက်ရိုက်။
    ရောက်တဲ့အရပ်မှာ မနက်အစောကြီးထ လမ်းလျောက် ဆိုင်ကယ်ကယ်ရီငှား ဓါတ်ပုံလေးတွေရဘို့
    အချိန်ပေးခဲ့ရတာတွေ။

    မန်းလေးမှာနေပြန်ရင်လဲ ကိုယ်ပါတ်ဝန်းကျင်က လှတာလေးတွေ သူများတွေပြချင်တော့
    ဥပုဒ်နေ့အလုပ်ပိတ်ရက်ဆို ဆိုင်ကယ်တစ်စီးနဲ့ ဓါတ်ပုံလိုက်ရိုက်
    မနက်ဆိုလဲ အစောကြီးထလမ်းလျောက်ရင်းရိုက်နဲ့
    တကယ့်အရူးတစ်ယောက်လိုပါဘဲ။

    မန်းလေးဂေဇက်မှာ စတင်ဝင်ရောက်ချိန်မှာ အခြားသော ဆိုက်များမှာ ပိုစ်တွေရေးနေတာ အပုဒ်ခြောက်ဆယ်လောက်ရှိနေပါပြီ။
    ကိုယ့်ဝါသနာအရ ကိုယ်သိတာလေး မျှပေးချင်စိတ်ရှိတာကြောင့် ကိုယ်ဖြတ်သန်းမူ့လေးတွေကို
    စာဖတ်သူအကျိုးရှိအောင် ဖတ်ချင်အောင် နှစ်သက်အောင် တွေးလိုက်ရေးလိုက်ရတဲ့
    စာတွေ အတွက် ကျနော်အချိန်တွေအများကြိးပေးခဲ့ရပါတယ်။
    ဒီလိုစာရေးဘို့အတွက် ပုံတွေတင်ဘို့အတွက် ကျနော်ပေးလိုက်ရတာက
    အရင်က ရုပ်ရှင် ဗွီဒီယို တစ်နေ့တစ်ကားကြည့်တတ်သူက ရုပ်ရှင်ကြည့်တာကိုစွန့်လွှတ်လိုက်ရပါတယ်။
    နောက်အရင်က အားတာနဲ့စာဖတ်နေတတ်တဲ့ကျနော် ဂျာနယ်အချို့နဲ့ ရွှေအမြုတေမဂ္ဂဇင်းကလွဲရင်ကျန်တဲ့စာအုပ်အရင်လိုဖတ်ဘို့အချိန်မရတော့ပါဘူး။
    အရင်က အိမ်မှာ အားတာနဲ့ မိုက်ခဲ လေ့ရှိတဲ့ကျနော် ကျနော်ကာရာအိုကေသီချင်းခွေတွေဖုံတက်နေတာကြာပေါ့။
    အင်တာနက်ဆိုင်မှာနေ့စဉ်ကုန်ကျမယ့်စာရိတ်အတွက် ကျနော်ရဲ့ အချို့သောအသုံးစားရိတ်ကိုလျော့ချ။

    ညကိုးနာရီထုးိတာနဲ့အိမ်နားက အင်တာနက်ဆိုင်မှာ အပြေးအလွားသွားပြီး ညဆယ်တစ်နာရီ ဆယ်နှစ်နာရီထိ တကုပ်ကုပ်နဲ့ပုံတင် စာရေး ခဲ့ရတဲ့အချိန်တွေ
    ကျနော့်ဘဝထဲက နာရီပေါင်းများစွာ နုတ်ယူလို့သွားခဲ့ပါတယ်။
    ဒါပေမယ့် ကျနော်တင်ခဲ့သမျှ ဓါတ်ပုံ တင်ခဲ့သမျှစာတွေ မှာ
    ဂုဏ်သိက္ခာ မဲ့လောက်တဲ့ အရေးအသား တွေ ဓါတ်ပုံတွေ မပါတာခဲ့တာကတော့ သေချာပါတယ်။
    နောက်တစ်ချက် ကျနော်က အရေအတွက်ရဘို့ အဓိက ထားပြီး ရေးသားနေသူတစ်ယောက်လဲမဟုတ်ပါဘူး။
    ကျနော်အသက် 54နှစ်ရှိပါပြီ။
    သေခါ နီးတဲ့အရွယ်လို့ပြောရင်ရပါတယ်။
    ဒါကြောင့်မသေခင်လေး
    မျက်စေ့က မော်နီတာပေါ်က စာလုံးလေးတွေကိုဖတ်နိုင်တုန်းလေး
    ကွန်ပြူတာရှေ့မှာထိုင်နိုင်တုန်းလေး
    စာရေးခွင့်ဓါတ်ပုံတင်ခွင့်ရနေသမျှလေးမှာ အပြေးအလွှားလုပ်နေရတာဘဲဖြစ်ပါတယ်။
    ဘာဘဲပြောပြော ပိုစ်အရေအတွက်အများဆုံး တင်နိုင်လို့ လက်ဆောင်တစ်ခုရခဲ့တာကို ဝမ်းသာပါတယ်။
    ဂုဏ်ယူပါတယ်။
    ကျနော်ကို ဒီလိုလက်ဆောင်လေး ပေးဘို့ သတိရသူ အကြံပေးသူ စီစဉ်ခဲ့သူအားလုံးကိုလည်း
    ကျေးဇူးတင်ပါတယ်။
    နောက်စကားဆက်စပ်လို့ပြောရရင် မန်းလေးဂေဇက်က ပွိုင့်တစ်သိန်းပြည့်လို့ပေးတဲ့
    မြန်မာကျပ်ငွေ တစ်သိန်းကို 2010ခုနှစ်ဒီဇင်ဘာလမှာတစ်ကြိမ် 2012ခုနှစ်ဒီဇင်ဘာလမှာတစ်ကြိမ်
    နှစ်ကြိမ်တိတိရခဲ့ဘူးပါတယ်။
    ဒါပေမယ့် သေချာတာ တစ်ခုက တတိယအကြိမ်ရဘို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့တဲ့ကိစ္စဆိုတာကိုတော့
    စိတ်ထဲမှာအလိုလိုသိနေသလိုပါဘဲ။
    အသက်ကြီးလာလေလေ စွမ်းဆောင်နိုင်စွမ်းက ကျဆင်းလေလေ မို့ပါဘဲ။
    ဒီလိုပိုစ်တင်ဘို့ဆိုတာကဉာဏစွမ်းအား တင်မကဘဲ ကာယစွမ်းအားပါ စိုက်ထုတ်ရတဲ့အတွက်
    ကျနော်အရင်လိုအပင်ပန်းမခံနိုင်တော့ဘူးဆိုတာကလဲ အမှန်ပါဘဲ။
    အခုရတဲ့ လက်ဆောင်လေးက လူရောစိတ်ပါ ပင်ပန်းခဲ့တာတွေအတွက် အသိအမှတ်အပြုခံရတယ်လို့ လဲ စိတ်ထဲမှခံယူပါတယ်။
    နောက်တစ်ချက် ဒီလက်ဆောင်ရတဲ့နာရီလေးက ကျနော်အိမ်မှာချိတ်ထားရင် ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။
    အိမ်မှာက ဟိုပစ္စည်း ဒီပစ္စည်းကြော်ငြာသူတွေက လက်ဆောင်ပေးထားတဲ့နာရီတွေရှိနေလို့ပါဘဲ။
    အခု ဒါဇင်ပလပ်အဖွဲ့ကို ပြန်လည် လှူဒါန်းဘို့ပေးအပ်လိုက်တဲ့အတွက် ကျနော်အိပ်မှာချိတ်ထားတဲ့စာရင်
    လိုအပ်တဲ့နေရာလေးမှာ အသုံးတဲ့သွားမယ်လို့ ယုံကြည်ပါတယ်။
    ကျနော်ပြန်လည်ပေးအပ်လိုက်တဲ့နာရီလေးကို လက်ခံပေးတဲ့ ဒါဇင်ပလပ်အဖွဲ့ကိုလဲ ကျေးဇူးတင်ပါတယ်။
    (မေ့သွားတယ်ဗျာ ကိုယ်လက်ဆောင်ရတဲ့နာရီလေးကို ဓါတ်ပုံရိုက်ထားလိုက်ဘို့ မမှာလိုက်ရဘူး။)
    ဘယ်လိုဘဲပြောပြော ဒီနေ့လေး 20-1-2013 နေ့လေးက အင်မတန်မှ မင်္ဂလာရှိသောနေ့လေးဆိုတာကိုတော့ အမြဲတမ်းအမှတ်ရနေမှာအသေအချာပါဘဲ။
    နောင် လာမယ့်ခြောက်လမှာ ထပ်မံကျင်းပမယ့် တွေ့ဆုံပွဲလေးကို အသက်ရှင်နေသေးရင်တော့ တက်ချင်ပါသေးတယ်။
    (သူများပိုစ်မှာ လေကြောရှည်မိတာ ကိုယ်ရည်သွေးသလိုရေးမိတာ ဆိုရင် ခွင့်လွှတ်စေလိုပါတယ်ခင်ဗျာ)

    • အရီးခင်လတ်

      January 21, 2013 at 3:14 am

      အနောက်တိုင်းမှာ အသက် ၇ဝ ကို ပင်စင်ပေးမဲ့အသက်လို့ ပြောရင် ၅၄ ဆိုတာ အတော်ငယ်သေးတယ်ဗျို့။ :kwi:

      • ပင်စင်ယူဘို့စိတ်ကူးမရှိပါဘူး ကိုလတ်ရေ
        အလုပ်လုပ်တာကလဲပုဂ္ဂလိက လုပ်ငန်းမှာလုပ်တာဆိုတော့ ပင်စင်မရှိပါဘူး။

    • နွေဦး

      January 21, 2013 at 10:20 am

      “ကျနော်အသက် 54နှစ်ရှိပါပြီ။
      သေခါ နီးတဲ့အရွယ်လို့ပြောရင်ရပါတယ်။”
      အသက်အကြောင်း မပြောကြပါနဲ့ဗျာ..
      ၆ဝနားကပ်နေတဲ့ အဘိုးကြီး အားငယ်လို့ပါ…။

    • ဆူး

      January 21, 2013 at 10:55 am

      ဒီတခေါက် ပွဲမှာ ကိုပေါက် ရတဲ့ ဆု က ပိုစ်အများဆုံး တင်တဲ့ ဆု ဆိုပေမဲ့ အမှန်တော့.. ဇွဲ ဆု ရသွားတာ..
      ဇွဲကောင်းကောင်းနဲ့ တင်နိုင်တဲ့ အတွက် ရတဲ့ ဆုပါ..

      တနေ့ တနေ့ အချိန်ပေးပြီး ရေးဖို့ ရိုက်ဖို့ တင်ဖို့ ဆိုတာ.. တော်တော်လေး ခက်ပါတယ်..
      အချိန်မှန် ပုံမှန်လေး တင်ပေးနိုင်တယ် ဆိုကတည်းက ဇွဲလုံ့လ မပါပဲ ကို မရပါဘူး။
      မြန်မာပြည် အင်တာနက်က အားလုံး သိတဲ့ အတိုင်းပဲ.. အားလုံးကို ကျော်ဖြတ်ရမယ် ဆိုတဲ့ သီချင်း အတိုင်း.. အနှေးဆုံး နဲ့ အလေးဆုံးတွေ ကို ကျော်ဖြတ်ပြီးမှသာလျှင် ပုံ တပုံ စာတပုဒ် အင်တာနက်ပေါ်ရောက်ရတာပါ။

      ဘာပဲ ပြောပြော အလှူ အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။

      အမှတ်တရတွေနဲ့ အသက်ရှည်ရှည် မဒမ်ပေါက် နဲ့ နှစ်ပေါင်းများစွာ တိုးလို့ ချစ်နိုင်ပါစေ။

      • ရွှေ ကြည်

        January 21, 2013 at 6:33 pm

        မဆူးနောက်ကလိုက်ပါတယ် 😆

  • ဦးဦးပါလေရာ

    January 20, 2013 at 10:43 pm

    ဒီတွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကျင်းပရေးအတွက် အားလုံး စုပေါင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတယ်။
    နေရာကြည့်တာ အခန်းအနားပြင်ဆင်တာ လိုအပ်တာတွေ ရှာဖွေစိုက်ဖြည့်တာ စသဖြင့် အဓိက ဆောင်ရွက်ခဲ့သူတွေက
    ကိုကြီးမိုက်
    ရွှေတိုက်စိုး နဲ့
    အမတ်မင်း တို့ဖြစ်ပါတယ်။

    ကျုပ်ကတော့ တာဝန်အပျက်ကွက်ဆုံးလို့တောင် ပြောလို့ရတယ်။
    အခုရက်ပိုင်း တခြားကိစ္စတွေရှုပ်နေလို့ သူများပွဲစီစဉ်ပြီးမှ ကျော့ကျော့လေးသွားတာ..
    :mrgreen:

    ရွှေတိုက်စိုးကတော့ အစအဆုံး တကိုယ်တော်ကြဲသွားတာ..
    တကယ့်လူ…..

    • ဆူး

      January 21, 2013 at 10:58 am

      ရွှေတိုက်စိုး မိုက်ခဲပြီး တကိုယ်တော် ကြဲနေတာ.. နောက်ပိုင်း ရွာရဲ့ အလှူ မင်္ဂလာ ပျော်ပွဲရွင်ပဲ စတာတွေ အတွက် အငှားလိုက် မိုက်ခဲ လို့တောင် ရတယ်.. တင်မိုးလွင် နဲ့ နင်လား ငါလား.. ( အရပ် ကို ပြောတာ မဟုတ်)

  • တညင်သား

    January 20, 2013 at 11:47 pm

    ပျော်စရာကြီး …….:eee:

    တီတီလေး …ကျွန်တော့်ဓါတ်ပုံကို လုံးဝ တင်ခွင့်မပြုဘူးနော် ……..

  • ရွှေတိုက်စိုး

    January 20, 2013 at 11:49 pm

    ဟုတ်တယ်ဗျာ အတော်ပျော်စရာကောင်းတဲ့ ပွဲလေးပါ…
    ကံစမ်းမဲတွေကလဲ မိုက်သဗျာ…….ဟိဟိ အခုကို တဂျီးပေးဒဲ့ ဝယာလက်ခ် မောက်စ် လေးနဲ. ကောမန်.လေးရေးနေ.ဒါ…….ဟိဟိဟိဟိ
    မနိုဗွီကလဲ..လူအပြည့်ဗလာမပါ ကံစမ်းမဲ ဖောက်ပေးသေး…
    ကို ပီချိုကြီးကလဲ ကီးချိမ်းလေးတွေနဲ. လက်ဆောင်ပေးတာ……..
    ခေါက်ဆွဲကြော်ကလဲ ကောင်း၊ ယိုးဒယားဟင်းချိုကလဲ စပ်စပ်လေးနဲ. မိုက်သဗျာ..
    မလာတဲ့သူတော့ နေပေါ့…ဟွန်.

    အားလုံးပဲပျော်ရတယ်ဗျာ……….. တကယ်တကယ်…

  • တညင်သား

    January 21, 2013 at 12:13 am

    အကိုကြီး ရွှေတိုက်ကိုလဲ ကြိုးစားပန်းစား အပျော်တွေကူးဆက်နိင်အောင် ကူညီပေးတဲ့ အတွက် စိတ်ထဲက ကျေးဇူးတင်နေကြောင်း ပြောပါရစေ ဦးအမတ်လ ဲပါတယ် ဘဘကြီးပါလေယာ ရော တီတီ ပဒုမ္မာ နှင့်အန်တီ မမ ဟာဂျာ ..ဟာဂျာ အကုန်လုံး ပါတယ်…

  • မင်းနန္ဓာ

    January 21, 2013 at 12:20 am

    တင်ပါဗျို့
    ကျနော့်ပုံလည်းတင်နိုင်ပါတယ်.. တခြားလူတွေပုံလည်း တင်ပါဗျားးး

  • kai

    January 21, 2013 at 2:51 am

    လူလုံးပြ..
    ကွန်ဖရဲင့်န်တက်သူများ.. ရာထူးတိုးမှာဖြစ်ပါတယ်… လို့..
    အဲဒါ.. စာရင်းလေးပို့ပေးပါဦးလို့.. ပွဲစီစဉ်သူများကို.. တောင်းဆိုပါရစေ..

    ဒီနှစ်ထဲ.. နောက်ပွဲတခုဆိုရင်တော့.. လာနိုင်အောင်ကြိုးစားမယ်ဆိုတဲ့… အကြောင်း… :kwi:

    • Wow

      January 21, 2013 at 11:20 am

      လူလုံးပြသူများ ရာထူးတိုးမယ်ဆိုရင်ဖြင့် မင်းအုပ်စိုးတို့ သဇင်တို့ကို ဂန်ဒူးဆောင်နာယကများတင်သင့်ပါဂျောင်း (ကိုယ်တိုင် မလာခဲ့ရသဖြင့် မလိုတမာပြောချင်း.. ) :mrgreen: :harr:

    • မင်းနန္ဓာ

      January 21, 2013 at 12:21 pm

      မနှစ်က ပန်းတနော်ခရီးမှာ တစ်ခါပြ..
      ဒီနှစ် ဆုပေးပွဲမှာ ထပ်ပြတဲ့ အနော်တို့ကိုရော ရာထူးထပ်တိုးပေးမှာလား..
      ပြောပေးပါ ဗဂျီးခိုင် ခင်ည.. ဟိ ဟိ

    • padonmar

      January 21, 2013 at 10:04 pm

      သူကြီးရေ
      တကယ်ပြောတာလားဟင်၊ဒီပို့စ်မှာ ပြောထားတာဆိုတော့ ရက်ကော့ပြန်ရှာချင် လွယ်လွယ်လေးနော်။

  • Foreign Resident

    January 21, 2013 at 4:56 am

    အရီးခင်လတ် says:
    ” အလှူရှင် ကိုအဘဖော နဲ့ အဘဆွေ အမှူးထားပြီး စီစဉ်သူအားလုံး နဲ့ ”

    မှန်တာပြောရရင် ၊ အဘ စိတ်ထဲက ကြိုမှန်းထားတဲ့ စရိတ် ရဲ့ ၊
    တစ်ဝက်လောက်ပဲ ကုန်ခဲ့ပါတယ် ။
    ရွာသူားတွေကို ကျွေးရတာ သိပ် အား မရလှပါဘူး ။

    အဲဒီတော့ ၊ အာသာပြေသွားအောင် ၊
    နောက်တစ်ပွဲ ထပ်ကျွေး လိုက်မှ ထင်တယ် ။
    ဟို လမ်းလျှောက်နေတဲ့ ဂျော်နီ ဆိုတဲ့သူ ရဲ့ သေရည် လေးမှ မပါရင် ၊
    ပျော်ရတာတွေကလဲ နဲနဲပေါ့တယ်လို့ တစ်ချို့ ရွာသူားတွေ က အဘကို ပြောကြတယ် ။
    အဲဒီတော့ကာ ၊ ဟီ ဟိ ။

    • Mr. MarGa

      January 21, 2013 at 6:21 pm

      အဘရေ
      တကယ်ပျော်ခဲ့ပါတယ်
      တဝတပြဲ စားချင်ပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိသူမို့ ချင့်ချိန်လိုက်ရတယ်
      နောက်တစ်ခေါက်ကို မျှော်နေမယ်ဗျာ

  • အန်တီပဒုမ္မာရေ..

    လွန်ခဲ့တဲ့ တစ်နှစ်ကျော်က လူချောင်းပွဲဆိုတာလေးရယ်… ကျွန်တော့်နာမည်လေးရယ်ကို သမိုင်းကြောင်း ပြန်လှန်ပေးထားလို့ ကျေးဇူးတင်ပါကြောင်း… အဲဒီအချိန်တုန်းကတော့ အမှန်တော့ ရွာထဲမှာ တွေ့ဆုံပွဲလေးဖြစ်ဖို့ကို ကျွန်တော်ကစပေးလိုက်ရာမှာ Moon Poem က အားတက်သရော စီစဉ်တာပါပဲ… ကျွန်တော်လဲ သွားဖြစ်တယ်ပေါ့.. ခက်တာက ဘယ်လိုဝတ်လာပါတို့၊ ဘယ်လိုအသိအမှတ်ပြုပါမယ်တို့မပါတော့ ကျွန်တော်လဲ သွားစောင့်နေတာပေါ့… ဘယ်သူတွေများလာလေမလဲလို့… ဘယ်သူမှလဲ မတွေ့မိပါဘူး… ဒီလိုပဲ ဝင်/ထွက်စားသောက်နေကြသူတွေကလွဲလို့ ဘယ်သူမှ မတွေ့ဖြစ်ခဲ့ဘူး… အဲဒီတုန်းကဆိုရင် ရွာထဲမှာ ခုလောက်လဲ စည်းစည်းလုံးလုံးမရှိကြသေးသလို မျက်နှာပြဖို့လဲ အတော်လေးကြောက်နေကြတာလား..

    အဲဒီတုန်းက ထင်ရှားတဲ့ စာရေးသူများဆိုရင် ဆူး၊ အီးတုန်း၊ လေးပေါက်၊ ဦးဖက်၊ ရွှေမင်းသား၊ နိဂိမိ77၊ နေဝန်းနီ၊ အူးကြောင်၊ နိုဇိုးမိ၊ ကိုယင်ကောင်(ကိုရင်အောင်)၊ နွယ်ပင်၊ အီးရိုး(eros)၊ (ဦး) လင်းမွေ၊ Captain America၊ အဘ FR၊ ကိုသော်ဇင်(လွိုင်ကော်)၊ wai wai၊ ရန်ဖြစ်ဖော်ဖြစ်ဖက် နန်းမတော် မယ်ပုချ် ၊ ဘီလူးကြီး အစရှိသည်များ (တစ်ချို့လဲ မမှတ်မိတော့ပါ) တို့ ရှိနေကြတယ်ပေါ့နော်… ကျွန်တော်လဲ ဒီရွာလေးကို သံယောဇဉ်ရှိနေတော့ ရွာထဲမှာ မျက်နှာဖုံးတွေနဲ့ စာရေးနေကြသူတွေချင်း ခင်မင်ချင်တာနဲ့ တွေ့ဆုံပွဲလေး လုပ်ကြမယ်ဆိုပြီး အစဖော်ပေးလိုက်ရာကနေ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး တွေ့ကြမယ်ဖြစ်လာပါလေရော… တစ်ကယ့်တစ်ကယ်နေ့လဲကျတော့ ဘယ်သူမှ မလာကြတော့ဘူး… နောက်တစ်ပါတ်နေတော့ ဦးဖက်က သူ မြေနီကုန်းက City Mart က ကော်ဖီဆိုင်မှာ ကင်မရာလွယ်ပီး စောင့်နေသူဟာ သူဖြစ်ပါကြောင်းနဲ့ တွေ့ကြဖို့ ဆော်ဩပြန်ပါရော… အဲဒါလဲ ဘယ်သူမှ မသွားဖြစ်ကြဘူးထင်တယ်… သိပ်မကြာပါဘူး… အဲဒီပွဲလဲပြီးရော အတော်စာရေးသွက်သူများ ရွာထဲက လက်တောင်မပြပဲ ထွက်သွားကြတာတွေ မြင်မိပါတယ်..

    ပရောဂမကင်းတာပဲလား၊ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်ပဲလားမသိ… ပျောက်ချင်းမလှ ပျောက်ဆုံးသွားသူများ၊ လက်ရည်မတက်လာပဲ လက်ရည်ကျသွားသူများကို ယခုလို အောင်မြင်နေသည့် ဆိုက်ကြီးတစ်ခုအဖြစ် မြင်နေရချိန်မှာတော့ သတိတရ ရှိနေမိပြန်ပါသည်။ ကျွန်တော်ကိုယ်တိုင်လဲ ပျော်သည့်အခါ၊ ဝမ်းနည်းသည့်အခါ၊ ရင်ဖွင့်စရာ ရှာမရသည့်အခါ ယခုမန့်သလေးဂွဇွတ်ကြီးကို ဝင်ကြည့်မိသော်လည်း အရင်ကလိုတော့ စိတ်ရော ကိုယ်ပါ ချစ်ခင်ခြင်းမရှိတော့သည့်အတွက်ကြောင့်တစ်ကြောင်း၊ လူမှုရေးကိစ္စများရှုပ်ထွေးနေသည့်အတွက်ကြောင့်လည်းကောင်း ယခုကဲ့သို့ အောင်အောင်မြင်မြင်ပြီးဆုံးသွားသည့် ပထမဆုံးအကြိမ် စုပေါင်းတွေ့ဆုံပွဲကြီးကို အဝေးမှနေပဲ အားပေးလိုက်ရပါတယ်။

    အထူးသဖြင့် ယခုတစ်ကြိမ်မှာ မဖြစ်ဖြစ်အောင် လုပ်ခဲ့သူ Moonpoem ရဲ့ မဆုတ်မနစ် အားထုတ်မှုကိုလဲ ဂုဏ်ယူလေးစားမိပါကြောင်းနဲ့ ကျွန်တော် မေလမှာ ပြန်လာစရာ မလိုတော့ပါကြောင်း…

    ရှူံးနိမ့်မှုများနဲ့.. လူ
    (ခေတ္တလူ့ပြည်)

    • moonpoem

      January 21, 2013 at 11:21 am

      ကိုရှုံးလူရေ တမြန်မနှစ်က အဖြစ်အပျက်တွေက လွမ်းစရာပါ။ အဲဒီ့နောက်ပိုင်း ပျောက်သွားခဲ့တာကတော့ အလုပ်အကိုင် အပြောင်းအလဲတချို ့ကြောင့်ရယ် ပြီးတော့ ရွာသူရွာသားတွေက တကယ် မခင်မင်ကြပါလားလို ့ဝမ်းနည်းတဲ့စိတ်နဲ ့မယုံကြည်ခဲ့တာတွေကြောင့်လည်း ပါပါတယ်။ ဒါပေမယ့် မနေ ့ကပွဲကတော့ သံသယတွေအားလုံးကို ချေဖျက်နိုင်ခဲ့ပြီး အားသစ်ပြန်မွေးနိုင်ခဲ့ပါတယ်။ အဆင်သင့်ရင် အားလုံးသော ရွာသူရွာသားများနဲ ့ကိုရှူံးလူကိုလည်း တွေ ့ချင်ပါသေးတယ်။

  • မိုချို

    January 21, 2013 at 8:46 am

    ကျမလည်း လေးပေါက်လိုပဲ ဖုန်းနဲ့ နှုတ်ဆက် ဖို့ စိတ်ကူးမိလို့ အခမ်းနား လုပ်နေတဲ့ တချိန်လုံး အမေတို့ ဖုန်း ကိုခေါ်တာ ခေါ် မရ ခဲ့ ဘူး။ တနင်္ဂနွေ ဆို ဖုန်းခေါ် ရတာ လိုင်း ကြပ် တတ်တာမေ့ ပြီး ထိုင်ခေါ် နေမိတာ။
    အင်တာနက် ဆိုင်ကနေ အမေ ခေါ် မှ ပဲ ကောင်းကောင်း ပြောရတော့ တယ်။ ဒီပွဲလေး အောင်မြင်စွာ ကျင်း ပ နိုင်ဖို့ ငွေအား ၊လူအား စိုက် ထုတ် ဆောင်ရွက် ခဲ့တဲ့သူတွေ အားလုံး ကို ကျေး ဇူး တင်မိ သလို ကျမ ကိုယ်စား အမေတို့ သား အမိကို ရင်းရင်း နှီးနှီး ၊ နွေးနွေးထွေးထွေး ကြို ဆို နှုတ် ဆက် ခဲ့ ကြတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ တော်တော် ပျော်စရာ ကောင်း မယ် ဆိုတာ အမေ ပြန် ပြော ပြ ကတည်း က ခံစား မိတယ်။

  • ူ Moonpoem စီစဉ်တဲ့ပွဲပျက်သွားပြီးတဲ့နောက်မကြာခင်မှာဘဲ
    ဦးဖက်တီးစီစဉ်လို့ ပထမဆုံးအကြိမ ်အပြင်ထွက်မျက်နှာပြကြတာအောင်မြင်ခဲ့ပါတယ်။
    နောက် ကျနော်ရန်ကုန်ပထမဆုံးရောက်တဲ့ 2011ဇူလိုင်လမှာ ရွာသူားအချိို့နဲ့ မြေနီကုန်းက ကော်ဖီဆိုင်မှာရယ် အခြားနေရာမှာရယ် သုံးဖွဲ့ ခွဲပြီးတွေ့ဖြစ်ခဲ့ပါတယ်။
    နောက်ပိုင်း မကြာခဏတွေ့ဖြစ်ကြတာရှိပေမယ့်
    အိတုန်စီစဉ်တဲ့ ပထဆုံးဂေဇက်အလှူပွဲလေးမှာ မတိုင်ခင်မှာ ကျနော်အပါအဝင် ရွာသူားတွေကော်ဖီဆိုင်မှာ
    တွေဖြစ်ခဲ့ရင်းအလှူအတွက် စီစဉ်ခဲ့ကြပါတယ်။
    နောက်တော့ ဦးကျော်သူရဲ့နာမူ့အသင်းကို သွားပြီး အလှူလုပ်ဖြစ်တဲ့အခါမှာလည်း ရွာသူားတွေလှုုရင်းနဲ့ တွေ့ဖြစ်ခဲ့ကြပါတယ်။
    နောက်ပိုင်း အလျင်းသင့်သလို တွေ့ဖြစ်ခဲ့ကြပေမယ့် ပန်းတနော်အလှူပွဲ မှာတော့ စီစဉ်သူ ဆူးတို့ မမတို့ကြောင့် ပန်းတနော်အထိ ကားစီးပြီးပျော်ပျော်ပါးပါးသွားခဲ့ဖြစ်ကြပါတယ်။
    သူ့နောက်မှာတော့ ရခိုင်အရေးအခင်းအတွက်အလှုငွေပေး ရင်းတွေ့ကြ။
    ဒီတစ်ခါတွေ့ဆုံပွဲ မှာတော့ အရင်က မဆုံဘူးတဲ့ ရွာသူားအသစ်တွေပါ လာရောက်ခဲ့ကြတာ အားရပါးရ။
    ဒီပွဲကိုမရောက်ဖြစ်ခဲ့ရတာကိုတော့ နာ တယ်လို့ထင်ပါတယ်။
    နောက်တစ်ကြိမ်မှာတော့ ရောက်အောင်လာမယ်လို့စိတ်ကူးမိပါတယ်။
    ဒါက လူအများစုပါဝင်ခဲ့တဲ့တွေ့ဆုံပွဲတွေကို သတိရတာလေးပြန်ရေးကြည့်မိတာပါ။

    • padonmar

      January 21, 2013 at 10:18 pm

      တကယ်တမ်း ပထမဆုံးလူများများစပြီးတွေ့ဖြစ်တာ အိတုန်နဲ့ AKKO ကြိုးစားမှုကြောင့်ပါ။
      အရဲစွန့်ပြီး ဖုန်းနံပါတ်ကို ပို့စ်တင် အလှူလက်ခံပေးခဲ့တဲ့ အိတုန်လေး ကျေးဇူးပါ။
      နာရေးကူညီမှုအလှူသာ မဖြစ်ခဲ့ရင် ဒီလို ရင်းနှီးချစ်ခင်မှုတွေ ရလာမှာ မဟုတ်ပါဘူး။

  • P chogyi

    January 21, 2013 at 10:01 am

    ကျွန်တော်ပုံကို အပြင်မှာထက် ပိုချောအောင်
    မတင်နိုင်ရင်တော့ တင်ခွင့်မပြုဘူး။

  • Thu Wai

    January 21, 2013 at 10:09 am

    တင်လိုက်ပါအန်တီရယ်ရပါတယ် ဓာတ်ပုံပါမှာကြောက်မှတော့ အစောကြီးကတည်းကလာမယ့်စာရင်းထဲပေးမထားပါဘူး ။ ကျွန်တော်ကမိတ်ဆက်တော့လဲ အသံမကောင်းလို့ရုပ်နဲ့ ထိန်းပြီးပြောသွားရတာဆိုတော့ ကိစ္စမရှိပါဘူး။
    :hee:

  • ဦး ကျောက်ခဲ

    January 21, 2013 at 10:20 am

    ကျွန်တော်မောင်ကျောက်ကတော့ ရှော့မရှိ….
    အိမ်သာနဲ့ ရဲစခန်းမှာ မကပ်ဘူးဆိုရင် တင်နိုင်ပါ၏……
    ပျော်လိုက်တာဗျာ…..
    ခုတော့ လွမ်းစရာဖြစ်ပြန်ပြီ…..

    • နွေဦး

      January 21, 2013 at 10:32 am

      အလုပ်ထဲ ပြန်ရောက်ပြီပေါ့..
      ပြန်တွေးရင်း အလုပ်တွေများတော့မယ်…။

  • ဆူး

    January 21, 2013 at 10:43 am

    မနေ့က ပွဲမှာတော့.. အစီအစဉ် ကြေညာသူ ရွှေတိုက်စိုး ကလည်း မပျင်းရအောင် သွက်သွက်လက်လက် နဲ့ စကားတွေ ပြောသလို.. မိုက်လုလုပြီး မိုက်ခဲ နေတဲ့ ဦးကျောက်ခဲ ကလည်း လူပျိုကြီး ဘွ ကနေပြီး အစွံထုတ်ဖို့ အတိတ်စိမ်းပေးတဲ့ ဝက်ဝံလေး ကို စွန့်ထားခဲ့ ရှာတယ်..
    ဗလာမပါ လက်ဆောင်တွေ ပေးတဲ့ မနိုဗွီ ကိုလည်း ကျေးဇူးတင်ပါတယ်။
    ကံစမ်းမဲ ဆိုရင် မပေါက်တတ်လွန်းလို့ တခါမှ မျှော်လင့်ချက်မထားခဲ့တာ ဒေါ်လှ ၁ဝ ကံစမ်းမဲ ပေါက်လို့ ပျော်ခဲ့တယ်။
    ပွဲ ကို စီစဉ်ပြီး ဖြစ်မြောက်အောင် လုပ်ကြတဲ့ လူကြီး အဖွဲ့ဝင်တွေ လူလေး အဖွဲ့ဝင်တွေ အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။
    မနေ့ကလည်း တကယ်ကို ပျော်ရွင်ခဲ့ရပါတယ်။

  • minn_annawar

    January 21, 2013 at 10:50 am

    ကိုယ့် ဓာတ်ပုံတင်တာ ကန့်ကွက်ရန်မရှိသူတွေ ကွန်မန့်နဲ့ ခွင့်ပြုချက် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

    ဆိုလို့…
    လူသိမခံဝံ့ တဲ့ အလုပ် လုပ်တာမဟုတ်လို့ ဓါ့ပုံ ဖေါ်ပြတာ ကန့်ကွက်ရန်မရှိပါ။
    မဖေါ်ပြစေချင်ရင် အစထဲက လာမည်မဟုတ်ပါ။
    ဘာဘဲဖြစ်ဖြစ် အခုလိုတွေ့ ဆုံရတာ ပီတိဖြစ်မိပါတယ်၊
    နောက်တခါ တွေ့ ဆုံပွဲကြရင် backdate နဲ့ ကင်ပွန်းတပ်ပွဲ၊ ဒါမှမဟုတ် နာမည် ပြောင်းပွဲ လုပ်မှာဖြစ်ကြောင်း

  • ရွာသူ jujuma .

    January 21, 2013 at 11:04 am

    ဓါတ်ပုံတွေ တင်ရန်အတွက် ကန့်ကွက်စရာ မရှိပါကြောင်းးးး :hee:

  • Novy

    January 21, 2013 at 11:17 am

    အရမ်းရမ်းကို ပျော်ပါတယ်ရှင်
    ဗလာမပါမဲလေးတွေကို လာရောက်လက်ခံသူအပေါင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်

    • Thu Wai

      January 21, 2013 at 1:18 pm

      မနိုဗွီ ရေ ကျွန်တော် နံပါတ်သုံး ပေါက်တဲ့ ထမင်းဗူးလေး က တော်တော်အသုံးတည့်ပါကြောင်း ကျေးဇူးတင်ကြောင်းပြောပါရစေ။
      မှတ်ချက် – အခြားကိစ္စ တစ်ခုရှိနေလို့ ထမင်းဗူးကို အဲဒီနေရာမှာတင်အသုံးချပြီး ခေါက်ဆွဲကြော်နှင့် ထမင်းကြော် ပါဆယ် မထည့်မိတာ နောင်တရပါကြောင်း :harr:

    • လုံမလေးမွန်မွန်

      January 21, 2013 at 10:31 pm

      မနိုရေ..မွန်မွန်က နံပါတ် (၄).. ခွက်လေးနှစ်ခွက်ပါ… နှစ်ခွက်ဆိုတော့ နည်းနည်းတော့ စဉ်းစားရတာပေါ့နော်… လေးကျောက်ရဲ့ အရုပ်ကိုလည်း ရလိုက်ပါတယ်…. ဆိုတော့ ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ပြန်ခဲ့ရတာမို့ ကျေးဇူးကဘာဆာရောပါလို့…

  • Ma Ei

    January 21, 2013 at 12:00 pm

    ခင်မင်ရတဲ့ရွာသူားတွေနဲ့ တွေ့ဆုံခွင့်ရလို့ စီစဉ်ပေးသူများကို ကျေးဇူးတင်ပါတယ်…
    ပျော်ရွှင်စရာ ပွဲလေးကိုပြန်မြင်လာအောင်ရေးပေးတဲ့ အမပဒုမ္မာကိုကျေးဇူးအထူးတင်ပါတယ်…
    ဓါတ်ပုံလေးတွေ ကြည့်ချင်ပါတယ်…ကန့်ကွက်စရာမရှိပါကြောင်းလဲ သတင်းပို့လိုက်ပါတယ်နော်…

  • ဦးဦးပါလေရာ

    January 21, 2013 at 12:17 pm

    ကျုပ်ကိုတော့ ဘယ်သူမှ ဓါတ်ပုံမရိုက်ကြလို့ ကန့်ကွက်စရာလဲမရှိ မကန့်ကွက်စရာလဲ မရှိပါကြောင်း..

    :mrgreen:

  • Shwe Ei

    January 21, 2013 at 1:55 pm

    သများတို့ အပျိုရီးများ စားပွဲဝိုင်းကိုရော မှတ်တမ်းတင်ထားဝူးလားဟင်။
    ကို့ပုံကိုပြန်ကျိချင်လို့ဘာ :mrgreen:

  • ကြွားစမ်းဗျာ ရောက်တဲ့သူတွေ အားရပါးရ
    မရောက်လိုက်ရတဲ့သူတွေ့ကတော့ ဖတ်ပြီး အားကျ

  • Tin Tin

    January 21, 2013 at 2:05 pm

    ရွာသူ ရွာသားတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံကြရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်….
    ဓါတ်ပုံတွေ တင်ဖို့အတွက်လည်းကန့်ကွက်စရာ မရှိပါဘူးရှင်….

  • Mr. MarGa

    January 21, 2013 at 6:28 pm

    တိတိကျကျ ပြောပါမယ်
    ဦးမာဃ နည်းနည်း ရိုက်ခဲ့ပါတယ်
    တင်လို့ ရပါတယ်
    တစ်ခုပဲ
    မလှရင်တော့ တရားစွဲမယ်
    :harr:

  • အလင်းဆက်

    January 21, 2013 at 7:11 pm

    တိုက်တိုက်…တို့ စုံတွဲနဲ ့ လေးလေး.ကြီးမိုက် ..တို ့..ပြီးရင်..

    အဲင်္ဒီ ပွဲကို…..သားသား..အရင်ရောက်တာ ။

    အဲးဒီ ပွဲကို လာချင်လွန်းလို ့…
    မနက် 5 း00 ထ ပြီး.ရေချိုး..လိုက် ရတယ် ။
    ချမ်းလိုက်တာ ။
    ပွဲ မရောက်လိုက်ပဲ.. ချမ်းလို ့..တေတွားမှာတောင် စိုးရဒယ် ။

    အဟိ ။

  • အလင်းဆက်

    January 21, 2013 at 7:13 pm

    ပုံတွေ တင်ဖို ့ကတော့…..
    ဦးမာလက ပြောသလိုပဲဗျိ်ု ့…
    :buu:

  • padonmar

    January 21, 2013 at 10:11 pm

    ဟုတ်ကဲ့ ဓာတ်ပုံတင်ဖို့ ခွင့်ပြုကြတာကျေးဇူးတင်ပါတယ်။
    နောက်ပွဲတွေမှာလည်း ကျန်မန်ဘာတွေ တက်ရဲအောင် ဂဇက်မန်ဘာတွေဟာ သူတပါးရဲ့ Privacy ကို ထိန်းသိမ်းပေးကြကြောင်း သိသာစေဖို့ပါ။
    မှတ်တမ်းတင်တဲ့ လုလင်နဲ့ ကျမ အားချိန်စောင့်ရင် ပုံမြင်ချင်တဲ့ ရွာသူားတွေ လည်ပင်း ပဒေါင်မ ဖြစ်မှာစိုးလို့ လူပြိုကြီး အမတ်မင်းနဲ့ အရီးလတ်တို့ ကြိုးစားတင်ပြီး တင်ထားပါတယ်။

  • လုံမလေးမွန်မွန်

    January 21, 2013 at 10:33 pm

    ပုံတွေအတွက် ကန့်ကွက်စရာမရှိပါကြောင်း အန်တီရေ…
    အန်တီ့ရဲ့ ပို့စ်တွေကိုဖတ်ပြီး ရွာပေါ်မှာထားတဲ့ လူကြီးတွေရဲ့ စေတနာကို တကယ်လေးစားမိပါတယ်လု့ိ…

  • ဒီနေရာကနေ ဖွ .. အဲ .. ပြောလိုက်ရအုံးမယ် ..
    ကရဲစည်တို့ မူးချက်က လွန်ပါတယ်ဗျာ …
    ကန်တော်ကြီးကို ဆယ်ပတ်လောက် ပတ်တာတောင် ပီ၃ ကို တွေ့ဘူးဒဲ့ …
    ဘယ်တွေ့မလဲ မူးမူးနဲ့ လိုက်ငမ်းနေဒါ နေမှာပေါ့နော့ … :mrgreen:

    ကျနော်လည်း လာမယ် .. လာမယ် နဲ့ အားခဲထားတာဗျာ …
    တကယ် .. တကယ် ..
    ကပ်လွဲသွားတယ် .. အတော် ပျော်စရာကောင်းမယ့် ပွဲလေးပါပဲ အန်တီရေ ….

Leave a Reply