ဒီနေ့ဂဇက်ရွာတွေ့ဆုံပွဲမှာ ပြောသွားကြတဲ့ ရွာသူ/ရွာသား တွေရဲ့ မိတ်ဆက်စကား တွေဖြစ်ပါတယ်.. ရီကောဒင်းလုပ်တဲ့နေရာမှာ ချွတ်ယွင်းတာလေးရှိ ခဲ့ တာကြောင့် ၃၄ ယောက်သာ ပါပြီး အကုန်မပါ တဲ့အတွက် ကျန်ရစ်ခဲ့ သူ များကို တောင်းပန်ပါဂျောင်း.. ဓာသေတွေကိုတော့ ကိုမတ် နဲ့ ရိုက်ကူးရေးတာဝန်ယူထားတဲ့ ကလုလင် ကိုပေးလိုက်မှာ မို့လို့ ဂေဇက်ရဲ့ အော့ဖစ်ရှယ် ပို့စ် အနေနဲ့ သူတို့က တင်မှာ ဖြစ်ကြောင်း

ဦးကြီးမိုက် : တစ်စုတစည်းတည်းပျော်ပျော်ရွှင်ရွှင် စုံစည်းရတာ အရမ်းဝမ်းသာပါတယ်.. အဲတော့ အားလုံးကို ခုမိတ်ဆက်စကားပြောရင်းနဲ့ ကျွန်တော်တို့ စီစဉ်သူတွေဘက်က အနေနဲ့ အရေးကြီးတာလေးတစ်ခု ကျနော် ပြောချင်ပါတယ်.. အဲဒါကတော့ ခုလူတိုင်းမှာ ကင်မရာတွေပါတယ် ဖုံးတွေကလဲ ကင်မရာတွေနဲရိုက်တယ် လွတ်လွတ်လပ်လပ်ရိုက်ပါ အမှတ်တရ ပျော်ပျော်ပါးပါးရိုက်ပါ ဒါပေမယ့် မန်းလေးဂေဇက်မှာ သော်လည်းကောင်း တခြားတခြားသော website တွေမှာ သော်လည်းကောင်း ဒီပုံတွေကိုတင်မယ်ဆိုရင်တော့ ပုံထဲမှာပါတဲ့ ကာယကံ ရှင်ကိုဆက်သွယ်ပြီးတော့ ခွင့်ပြုချက်လေးတောင်းပါလို့ ဒါ အနူးအညွတ် မေတ္တာရပ်ခံပါတယ် အဲဒါအားလုံးလဲ (recording ပြတ်တောက်သွားပါသဖြင့်)

မမိုချိုအမေ : ဟုတ်ကဲ့ အားလုံးမင်္ဂလာပါရှင်.. ကျွန်မ မိုချိုရဲ့အမေပါရှင် မန္တလေးဂေဇက်ရဲ့ အဖွဲဝင်အားလုံး ကျန်းမာပါစေ ချမ်းသာပါစေ လို့ဆုတောင်းပါတယ်ရှင်

ရွာသူ jujuma: အားလုံးမင်္ဂလာပါရှင် ကျွန်မကတော့ ရွာသူ ဂျူဂျူမ ပါ၊ ရွာသူစစ်စစ်ပါ၊

ငြိမ်းငြိမ်း : အားလုံးပဲမင်္ဂလာ သမီးက ငြိမ်းငြိမ်း ဖြစ်ပါတယ် ရွာထဲကိုမရောက်တာတော့ လေးငါးလလောက်တော့ရှိပြီ ဒါပေမယ့်ကြားထဲမှာ အဆက်ပြတ်သွားတယ်.. အလုပ်ဝင်နေတာဆိုတော့ လေ အခုနောက်ပိုင်းတော့ ကြိုးစားပြီး ရွာထဲ ပြန်ဝင်ဖြစ်အောင် ကြိုးစားနေပါတယ်လို့.. ဟုတ် အားလုံးပဲ တွေရတာ ၀မ်းသာပါတယ်

E Tone: အားလုံးပဲမင်္ဂလာပါ အီးတုံးဖြစ်ပါတယ်ရှင့် (ဘာပြောမှန်းမကြားလိုက်ပါ) အော့ကျောလန်ပါ.. ခွင့်လွှတ်ပေးကြပါ

မရွှေအိ : ကျွန်မက မရွှေအိပါ..စာတော့ အများကြီးမရေးဖြစ်ဘူး နဲနဲပျင်းလို့လေ.. စာတော့ဖတ်ဖြစ်ပါတယ်. ကွန်မန့်လဲများများပေးနိုင်အောင် ကြိုးစားပါမယ် အားလုံးပဲမင်္ဂလာပါ

Green Rose အားလုံးပဲမင်္ဂလာပါရှင် ကျွန်မကတော့ Green Rose ပါ.. ဘယ်နေရာမှာပဲ ဘယ်လိုလူမျိုးပဲ ဘယ်လိုပုံစံမျိုးနဲ့ပဲရပ်တည်နေပါစေ ပေါ့နော် မန္တလေးဂေဇက်ထဲမှာ တော့ ကျွန်မက green rose အနေနဲ့ပဲ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ပါရှင်

မအိ : မအိပါ.. မအိပေးထားပေမယ့် တကယ်တော့အန်တီ မအိပေါ့နော် ..ရွာထဲကိုစ၀င်တာကတော့ မဝေေ၀ရဲ့ ဓာတ်ပုံပိုစ်တွေကို ကြည့်ပြီးတော့ စ၀င်ဖြစ်တာပါ ပေါ့ပေါ့ပါးပါးလေးပဲရေးဖြစ်နေပါတယ် အားလုံးပဲကျေးဇူး တင်ပါတယ်

မတင်တင် : အားလုံးပဲမင်္ဂလာပါ.. ကျွန်မကတော့ တင်တင် ဖြစ်ပါတယ်..ကျွန်မသိပ်တော့ စာမရေးဖြစ်ပါဘူး ကွန်မန့်တော့ ပေးဖြစ်ပါတယ်

Moon Poen : ဒီတစ်ခါတော့ လူချောင်းပွဲ မဟုတ်တော့ဘူး ကျေးဇူးအများကြီးတင်ပါတယ် အာလုံး moon poen ပါရှင့်

နွယ်ပင် : အားလုံးပဲမင်္ဂလာပါ နွယ်ပင် ဖြစ်ပါတယ်ရှင် အပျိုတော့မဟုတ်ပါဘူး.. အာဂ မိန်းမပါ

ကြောင်ဝတုတ်: ကျွန်တော်ကပြောရရင် ဟိုလဲပါဒီလဲပါဖြစ်နေတော့ မသိတဲ့သူမရှိလောက်ဖူး ထင်ပါတယ်.. ကျွန်တော့ Fatty Cat ပါ

အံစာတုန်း : ကျွန်တော်ကတော့ အံစာတုန်းပါ.. ဘာမှမပြောတတ်ဘူးဗျဟဲဟဲ.. အထဲမှာသာပြောတတ်တာ ဒါပါပဲ

Cobra: ကျွန်တော်ကတော့ cobra ပါ ကျွန်တော်လဲဘာမှ မပြောတတ်ဘူး

AKKO : အားလုံးပဲမင်္ဂလာပါ ကျွန်တော် ပါ.. အရင်ကတော့တစ်ပါတ်ကို post တပုဒ်လောက်တော့ ရေးဖိုးစဉ်းစားထားတယ် ဒါပေမယ့် ဆေးရုံဂျူတီတွေနဲ့ ရှုပ်နေတော့ တစ်ပါတ်ကို တစ်ပုဒ် ကျတော့လဲ မရေးနိုင်ဘူး အဲဒါနဲ့ တစ်လ တစ်ပုဒ်လောက်ရေးမယ် စဉ်းစားကြည့်တော့လဲ မရေးနိုင်သေးဘူး ဖြစ်နေပြန်ရော .. အဲလိုဖြစ်နေတော့ ရေးဖို့ကတော့ ကြိုးစားကြည့်ပါမယ်

မင်းအန္န၀ါ : ကျွန်တော် မင်းအန္န၀ါပါ.. အဲ အဲဒီ မင်းအန္န၀ါဆိုလို့ ကျန်ခဲ့တဲ့ အပါတ်ကပဲ ကျွန်တော်ရှင်းခဲ့ရပါသေးတယ် ကျွန်တော့ နာမည်ကို မင်းနန္န၀ါနဲ့မှားမှားနေလို့ပါ တကယ်ကျတော့ ကျနော်က အီးမေးမှာ အန်ဒါစကိုး မခံခဲ့တော့ အဲဒီမှာ မင်းနန္နာဝါ ဖြစ်သွားတာပါ နောက်ပိုင်း မင်းနန္န၀ါ ကနေ မင်းအန္န၀ါ လို့ပြောင်းလိုက်တာပါ.. မင်းနန္နာလဲရှိနေတော့ ကွဲသွားပြီထင်ပါတယ်။ အဲဒီထဲမှာ ချစ်သူတွေ ဇနီးမောင်နှံတွေပါတယ် ကျနော်တို့ကျတော့ နဲနဲထူးခြားမလား မသိဘူး ကျနော်က Rose Minn အဖေပါ၊ အဲဒီတော့ သားအဖပါ အဲတော့ သားအဖ အနေနဲ့ပါတယ်ဆိုတော့ ဒီထဲမှာ နဲနဲထူးခြားတယ် ထင်ပါတယ် မန်းလေးဂဇက်က အင်မတန်ပျော်ဖို့ကောင်းပါတယ် ဒါပေမယ့် ကျနော့ အနေနဲ့ ပို့စ်တွေ သိပ်မရေးနိုင်ပါဘူး မရေးနိုင်တာ ဘာကြောင့်လဲဆိုတော့ ကျနော်က ရှင်းရှင်းပြောရရင် တခါတလေ ကင်းကွာနေတယ်..တခါတလေ အလုပ်က သွားသွားလုပ်နေရတယ် တခါတလေကျတော့လဲ ကွန်နစ်ရှင် မရှိတဲ့နေရာမှာ ရောက်တယ် အဲတော့ ရသလောက်လေးတော့ ကြိုးစားရေးနေပါတယ်လို့ တခါတလေတော့ ကိုယ်ဆီရေးတဲ့ ကွန်မန့်တောင် မပြန်နိုင် တဲ့ အနေအထားမျိုးလဲရှိပါတယ် အဲဒါမျိုးလည်း သည်းခံ ခွင်လွှတ်ကြပါလို့.. အားလုံးကျေးဇူးတင်ပါတယ်

THU WAI: အားလုံးပဲ မင်္ဂလာပါ ကျွန်တော် မင်းသုဝေပါ. သုဝေဆိုတဲ့နာမည်နဲ့ စာရေးပါတယ်.. မှားတာရှိရင် ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်

Kthwinzayarmyo : ကျွန်တော်က သွင်ဇေယျာမျိုးပါ စာထဲမှာတော့ Kthwinzayarmyo ဆိုပြီးရေးပါတယ် ရွာထဲကိုရောက်လာတာကတော့ သိပ်မကြာသေးပါဘူး ဒါကြောင့်လဲ သိပ်ပြီးတော့ မငြင်းသေးတာပါ ကျနော်ကတော့ လှိုင်သာယာမှာ နေတယ် စက်ရုံမှာလုပ်ပါတယ် စက်ရုံမှာလုပ်ရင်း နာမည်ကြီးတာက စိတ်ရှည်ရှည်နဲ့ အရှုံးမပေးပဲနဲ့ပေါ့နော် နိုင်အောင်ငြင်းတတ်တယ် ဆိုပြီးတော့ပါ ဒါပေမဲ့ အခု ၀င်တာသိပ် မကြာသေးဘူးဆိုတော့ သိပ်မငြင်းသေးပါဘူး နောက်ပိုင်းဆိုရင်တော့ ပိုပြီးတော့ ငြင်းနိုင်မယ်လို့မျှော်လင့်ပါတယ်..

ရွာစားကျော် : မင်းနန္နာခေါ် ရွာစားကျော်ပါ နေပြည်တော်က လာတာပါခင်ဗျ.. ကလေးတစ်ယောက်ခွဲ အဖေလူပြိုပါ

ဂန္ဓာရီ ဆြာအုပ် : အားလုံးလဲမင်္ဂလာပါ.. ကျွန်တော်လဲမပြောတတ်ပါဘူး အကုန်လုံးလဲသိအောင် (အ၀တ်အစားကို) ဒီလိုစီစဉ်လိုက်တာပါ ကျေးဇူးတင်ပါတယ်.. . ဂန္ဓာရီ ဆြာအုပ်ပါ –(ကိုရွှေတိုက်မှ “လူပျိုပါ”) အာ မဟုတ်ပါဘူး…စိတ်မပျက်ကြပါနဲ့ နောင်ဘ၀ကျ တွေ့နိုင်ပါသေးတယ်

မနိုဗီ : နိုဗီပါ အပျိုကြီးတော့မဟုတ်ဘူးနော် (ကိုကျောက်ကိုကြည့်လျှက်)..အုပ်ထမ်းသူပါလာပါတယ် .. ဂေဇက်ကို အရမ်းကို စွဲလန်းပါတယ် … အိမ်ကဒါလင်ကြီးနဲ့တောင် နေ့တိုင်းဖုံးပြောဖြစ်ချင်မှ ပြောဖြစ်ပါတယ် ဒါပေမယ့် ရုံးရောက်တာနဲ့ ဂေဇက် ဆိုက်ကိုတော့ မဖွင့်ပဲ နဲ့ မနေနိုင်ပါဘူး မမန့်ဖြစ်ရင်တောင် ၀င်ကြည့်ဖြစ်ပါတယ် ..ကျေးဇူးတင်ပါတယ်

သျှားထက်မန် : မင်္ဂလာပါ..သျှားထက်မန်လို့ခေါ်ပါတယ် ဂဇက်ကိုဝင်တာ သိပ်တော့ မကြာသေးပါဘူး သူငယ်ချင်းမွန်မွန်ရဲ့ ပြောဆိုမှုနဲ့ စာရေးချင်စိတ်လေးနဲနဲရှိလို့ ၀င်ခဲ့တာပါ နောက်ပိုင်းမှာတော့ ကကပေါ်က ဘ၀ အပိုင်းအစများလိုပဲ သုတ ရသစာ ပေတွေကိုတော့ ဆက်ရေးပေးသွားဖို့ရှိပါတယ်.. ဝေဖန်အားပေးကြပါအုံးနော်

လုံမလေးမွန်မွန် : အလုံမှာမနေပါဘူး လှည်းတန်းမှာ နေတာပါ ဒီရက်ပိုင်းက ရုံးမှာအင်တာနက် ပိတ်ခံလိုက်ရတော့ ရွာထဲကို သိပ်ပြီးတော့ မ၀င်ပါဘူး အားရင်တော့ ရွာပြင်ကလာချောင်းပါတယ်..ကွန်းမန့်တွေ ပို့စ်တွေ နည်းရင်တော့ နည်းနည်းသည်းခံပေးပါလို့ ကျေးဇူးတင်ပါတယ်

ဦးမာဃ : အော်ကျွန်တော့ကိုတော့ လူသိပ်မသိဘူးထင်ပါတယ် ကျွန်တော်က အဲ ကိုယ့်ဘွဲ့ကို စဉ်းစားလိုက်ဦးမယ် နော် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ ၀ဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ နေမျိုးဗလကျော်သူ ဘာကျန်သေးလဲမသိဘူး အောင်ဆန်းသူရိယ ဦးမာဃ ပါ။ သိကြားမင်းပါခင်ဗျ၊ သြော် ဟုတ်ကဲ့ နတ်ဝတ်တန်ဆာက ဖုန်းရှိတဲ့သူမှ မြင်ရတာပါ၊ ဒါက ရိုးရိုး မြင်ရအောင် လုပ်ထားတာပါ၊ မန္တလေးကလာတာပါ ဒီရောက်တော့ ကျနော့်ကို အစစ ကူညီပေးတဲ့ ဦးဆာမိရယ် နောက်ပြီးတော့ ကျနော့်ရဲ့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် ပြောဖော်ပြောဖက် ကိုအံစာတုံးရယ်ကို အရမ်းကျေးဇူးတင်ပါတယ်လို့ ဒီကိုရောက်အောင်လုပ် ပေးလို့ .. အားလုံးကိုကျေးဇူးတင်ပါတယ်.. (ထွက်သွားပြီးမှ ပြန်လှည့်လာပြီး) ရေမရောပါဘူး လူပျိုစစ်စစ်ပါ

P Chogyi : ရွာသူရွာသားများ အားလုံး အခုလိုဆုံတွေ့ ခွင့်ရတဲ့ အတွက် အထူးပဲကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောချင်ပါတယ်. အားလုံးကိုလဲ မင်္ဂလာရှိသောနေ့များ ဖြစ်ပါစေလို့ ..အဲကျွန်တော်ကတော့ ကို P Chogyi ပါခင်ဗျ.. ကျွန်တော်ဗိုလ်တထောင်မှာ နေပါတယ်..ကျနော်ဒီရွာသူရွာသားတွေ စုစုစည်းစည်း နဲ့ ညီညီညွတ်ညွတ်တွေ့ ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်.. ရွာထဲမှာ တင်မဟုတ်ပါဘူး ရွာပြင်မှာ လည်းတွေ့ရင် ခေါ်ပြော ဆက်ဆံ နိုင်ပါတယ် ဆိုတဲ့ အကြောင်းပြောချင်ပါတယ်

အလင်းစက် : မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ အက္ခရာမင်းသားလေး နာမည်ခံ မင်းသားချောလေးပေါ့နော် အလက်စင်း အလင်းစက်ပါ .. ကျနော် ဒီဂေဇက်ကို ၀င်တာ နဲနဲတော့ကြာပါပြီ ၀င်ပြီးကတည်းကလဲ အဲလို မပြတ်တမ်းပေါ့နော် နေ့စဉ် စာတွေရေးဖို့ ကြိုးစားတယ် ဖတ်တယ် ကွန်မန့်တွေလဲ ပေးဖြစ်အောင်တော့ ကြိုးစား ပါတယ် ဂေဇက်ဝက်ဆိုက်ဆိုတာ ကျနော့်ဘ၀ရဲ့ အစိတ် အပိုင်း ခပ်ကြီးကြီးတစ်ခု ဖြစ်နေပါပြီ အဲဒီအတွက် အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်

သူရဿဝါ : မင်္ဂလာပါ ကျနော်က ပြေတီဦးပါ စတာပါ ကျနော် သူရဿဝါ ပါ.. ကျနော် ပေါက်ကရ လေးဆယ် ကော အတည်ကော အခန့်ကော အနောက်ကော အကုန်ရေးလို့ရတာ မှန်သမျှ ကျနော် အကုန်ရေးပါတယ်.. ဒီနေ့ပွဲကတော်တော် ထူးခြားပါတယ် ကျနော်တို့ ခါတိုင်းတွေ့ နေကြ တွေ့ဆုံပွဲတွေ ဆိုလို့ရှိ ရင် ကျနော်တို့ လူငယ်တွေပဲ များပါတယ် .. ဒီနေ့ကလူကြီးတွေပိုများပါတယ်.. ကျနော်က ၀မ်းသာပါတယ် ကျနော်တို့ လူငယ်တွေဦးဆောင်နေတဲ့ ခေတ်မှာ လူကြီးတွေကို ဒီနေ့ပွဲမှာ ကျနော်တို့က လက်တွဲခေါ်နိုင်တဲ့ အတွက် ကျနော် အများကြီးဝမ်းသာပါတယ် ကျနော်ကျေးဇူးတင်ပါတယ် အားလုံးကို

ကိုကမ်းဝေး : မင်္ဂလာပါ ကျနော်က ကမ်းကြီး အကုသိုလ်အတုံးအခဲ ဒီနေ့.. ရွာသားတွေနဲ့တွေ့ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်.ရွာသာ ဖြစ်ခွင့်ရတဲ့ အတွက် လည်း ဂုဏ်ယူပါတယ်.. ပြီးတော့ ဆုရသွားတဲ့ ရွာသားဆရာ ဆရာမတွေ ကိုလည်း လေးစားဂုဏ်ယူပါတယ် ခင်ဗျာကျေးဇူးတင်ပါတယ်

ပန်ပန်ချစ် : မင်္ဂလာပါရှင့် ကျမ ပန်ပန်ဖြစ်ပါတယ်. ခုနောက်ပိုင်းစာကတော့ သိပ်မရေးဖြစ်တော့ဘူး နဲနဲအပျင်းကြီးတာလဲပါတယ် နောက်တခုက အခုလိုမျိုးတွေ့တော့ လူကြီးအရမ်းများနေတယ် လူကြီးတွေချည်းပဲဆိုတော့ ကိုယ်ရေးရင် ပေါက်တတ်ကရ ဖြစ်သွားမှာ စိုးလို့ တချို့ကျတော့ စာရေးဆရာတွေလဲ ပါတော့ မရေးရဲတာလဲပါတယ် စာရေးတာ နဲနဲ ၀ါကျ ဆင်တာကအစ မှားမှာလဲကြောက်တယ် အဲဒါနဲ့ ဟင်းဟင်းဟင်း (ရီသံ)..သတ်ပုံကတော့ ဒီလောက်ကြီး မှားတော့ မမှား အောင်တော့ ရေးပါတယ် ဒါပေမယ့် ဟိုလိုမျိုးပေါ့ အဆင် မချောတာတို့ အပြောအဆို မညက်မှာ စိုးတာလဲပါတယ် နဲနဲ ပျင်းတာလဲပါတယ်.. .. (ဒီနေရာမှာ ရီကော့လုပ်တာ ရပ်သွားပါတယ်) ဟို ကြိုးစားသွားပါဦးမယ်

Recording ပြတ်တောက်သွားပါသဖြင့်…..

မဝေေ၀ : မင်္ဂလာပါ. ကျမ ဝေေ၀ပါ အီးဇီးကွက်နဲ့ အားလုံးသိကြပါတယ်..အရင်ကတော့ ခရီးသွား ပို့စ်တွေရေးတယ် ..ခုနောက်ပိုင်းတော့ သိပ်လဲမသွားဖြစ်ဘူး စာလဲသိပ်မရေးဖြစ်ဘူး သိပ်မအားလို့ပါ နောက်ပိုင်းတော့ ရေးဦးမှာ ပါ

ဦးဆြာမိ : အားလုံးလဲမင်္ဂလာပါခင်ဗျာ အခုလို တွေ့ဆုံရတာ အလွန်ပဲ ၀မ်းမြောက် ၀မ်းသာရှိပါတယ် .. ကျနော့်ကိုယ် ကျနော် မိတ်ဆက် အရင်ဆုံးမိတ်ဆက်ရမယ်ဆိုရင် ကျနော် တခါတလေ ရွာထဲမှာ ဂျလေဘီ ရောင်းပါတယ် မောင်ဆာမိ ပါ..ကျေးဇူးတင်ပါတယ်

Water polo : အားလုံးလဲမင်္ဂလာပါခင်ဗျာ ကျနော်ကတော့ ဒီအဖွဲ့အစည်းထဲကို ခုမှ သိပ်မကြာသေးခင်ကမှ ၀င်ရောက်လာတဲ့ ၀ါးတားပိုလိုပါ အခုလိုစာဖတ် စာပေကို ချစ်မြတ်နိုးတဲ့ သူတွေကို တနေရာထဲမှာ စုံစုံစိစိ တွေ့ရတဲ့ အတွက် အရမ်းကို ၀မ်းသာပါတယ် နောက်လဲ ကျနော် ကြိုးစားပြီးတော့ စာတွေကို ရေးသွားပါမယ် ကွန်မန့် တွေ ရေးသွားမယ်လို့ စိတ်ကူးထားပါတယ် ခင်ဗျ

Water Fish : အားလုံးလဲမင်္ဂလာပါ.. သမီးကတော့ ၀ါးတားဖစ်ရှ် ပါ.. တွေ့ရတာ အားလုံးကိုဝမ်းသာပါတယ်

ရင်နင့်အောင် : ကျနော့နာမယ် ရင်နင့်အောင်ဖြစ်ပါတယ်.. ဒီမန္တလေးဂဇက်ဝင်အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)