ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

padonmarJanuary 20, 20131min92643

ဂဇက် တွေ့ဆုံပွဲက ၂၀-၀၁-၂၀၁၃ နံနက်၉နာရီမှာ စပါမယ်တဲ့။

ရွာတော်ရှင်ဆူးက လူသိများတော့ ဧည့်ခံကြိုဆိုရေး ဥက္ကဋ္ဌ အမတ်မင်း အဖွဲ့ဝင် ရွှေတိုက်စိုး နဲ့

အခမ်းအနားပြင်ဆင်ရေး ဥက္ကဋ္ဌ ရွှေတိုက်စိုး အဖွဲ့ဝင် အမတ်မင်းတို့ကိုကူဖို့ စောစောသွားနှင့်ပါတယ်။

အနောင်စာလုပ်ဖို့ မှန်ရှေ့မှာ လေ့ကျင့်ရင်း ခါးနာသွားတဲ့ မမ ကြာကြာမထိုင်နိုင်မှာစိုးလို့

ကျမတို့ အမွှာညီအမ နှစ်ယောက် ကိုနေချား မောင်းပို့တဲ့ ကားနဲ့ P3 ထိုင်း စားသောက်ဆိုင် ကို ၉နာရီအရောက်သွားကြပါတယ်။

ကန်တော်ကြီးထဲ ဂန္ဓာရီလမ်းညွှန်အတိုင်း မောင်းဝင်သွားလိုက်တာ ရွှေရောင်စဉ့်အိုးကြီးတွေ ရှေ့မှာ P3 စားသောက်ဆိုင်ကိုရောက်လာပါတယ်။

ဝင်ပေါက်ကနေ အထဲကို ကဲကြည့်လိုက်တော့ လူတွေ တော်တော်ရောက်နေကြပါပြီ။

ထိုင်ခုံမှာထိုင်နေတဲ့ အန်တီချောချောကြီးကိုမြင်မြင်ချင်း မိုချိုမိတ်ဆက်ပေးထားတဲ့ မိုချို့အမေပါပဲလို့ သိလိုက်ရတဲ့အတွက် သွားပြီးနှုတ်ခွန်းဆက် ဂါရဝပြုလိုက်ပါတယ်။

အခမ်းအနားပြင်ဆင်ရေး ဥက္ကဋ္ဌကြီး ရွှေတိုက်ကတော့ မန္တလေးဂဇက် အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ ဆိုတဲ့ ဗွီနိုင်းကြီးရဲ့ရှေ့မှာ

လက်တိုလက်တောင်းကလေး ဦးကြီးမိုက် နဲ့

ကြိုးမဲ့မိုက်သုံးရမလား ကြီးတဲ့မိုက်ပဲသုံးရမလား ငြင်းခုန်ရင်းအလုပ်ရှုပ်နေပါတယ်။

မေ့တတ်တဲ့ ချာတိတ်ကလေး ဦးဦးပါကတော့ ဘာကျန်ခဲ့တယ်မသိပါဘူး၊ရွှေတိုက် ဟောက်လို့ ခပ်မြန်မြန်အိမ်ပြန်ယူနေရပါသတဲ့။

ဧည့်ခံကြိုဆိုရေး ဥက္ကဋ္ဌကြီး အမတ်မင်းကတော့ လာတဲ့လူတိုင်းကို attendance လက်မှတ်ထိုးပြီး

`အမှတ်တရရေးပေးပါ´ အော်ပြား(အော်တို အော်ရှည်မဟုတ်) ကြီးပေါ်မှာ ရေးပေးကြဖို့ ဆော်ဩနေပါတယ်။

ပြီးတော့ လေယာဉ် အက်ဆီးဒင့်ကနေ ၂ကြိမ်တောင်သီသီကလေးလွတ်ခဲ့တဲ့ ကံထူးရှင် ကို P Chogyi လက်ဆောင်ပေးတဲ့

မန္တလေး ဂဇက် လိုဂိုနဲ့ ကီးချိန်း လေးတွေ လူတိုင်းကို ဝေပေးပါတယ်။

ကို P Chogyi ဆိုတာ အသားညိုညို ထောင်ထောင်မောင်းမောင်း ခန့်ချောကြီးပါရှင့်။

(သဂျီးတောင် မပေးတဲ့ ဂဇက် ကီးချိန်း လက်ဆောင်ရထားတော့ ဒီလောက်တော့ ပြောပေးရပါမယ်)

ကိုယ့်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်ယူပြီးတဲ့အခါ ဘယ်သူတွေများရောက်နေကြပါလိမ့်လို့ လှည့်ပတ် စပ်စုကြပါတယ်။

ဟော…..ရှေ့မှာ စကားပြောနေတဲ့ အုပ်စုထဲက (ကြားနေတဲ့ ဂဇက်လိခ်အရ ရုပ်သွင်ဖမ်းလိုက်တော့)

ယူထားတဲ့ နာမည်နဲ့ ပြောင်းပြန် အသားဖြူဖြူ မျက်မှန်နဲ့ တရုတ်သူဌေးကြီးပုံပေါက်နေတဲ့ ဂျလေဘီသည် ကဆာမိကိုတွေ့လိုက်ရပါတယ်။

အသက်ကြီးကြီး အဖိုးကြီး တစ်ယောက်ဝင်လာရင် အဲဒါ ကျုပ်နွေဦးပါပဲလို့ ပြောထားတဲ့ /ဦးနွေဦးကလည်း

ခန့်ခန့်ငြားငြားကြီးပါပဲ။သူ့အသက် ၆ဝပါလို့ ပြောပေမယ့် ကလေးဗိုလ်ကြီး ကျမထက် သိပ်ကြီးလှတယ်လို့ မထင်ရပါဘူး။

(သူကလည်း နောက်ကွန်ဖရင့်နဲ့ ဆုပေးပွဲကျရင် အားဖြည့်ပေးနိုင်တဲ့ အလားအလာရှိပုံပေါက်တော့ ဖားထားပါရစေရှင့်)

ဒီဖက်လှည့်လိုက်တော့ ပိန်ပိန်ပါးပါး ချာတိတ်ကလေး တစ်ယောက်က အစွမ်းကုန်ပြုံးပြနေပါရော့လား။

ဒီမျက်နှာမြင်ဖူးလိုက်တာလို့ စဉ်းစားနေတုံး သူက `တားတားလေ၊ဓာတ်ပုံတွေ ပြထားတယ်လေ´

ဆိုမှ မမက `ဟာ အလက်ဆင်း´လို့ နှုတ်ဆက်လိုက်ရပါတယ်။

နောက် အရပ်ရှည်ရှည် မျက်နှာချိုချိုပြုံးပြုံးနဲ့ တစ်ယောက်က `ကျနော်က အပြာရင့်ရင့်လေး´လို့ဖော်ပြောတော့ `ကိုသွင်ဇေယျာမျိုး´ လို့အော်လိုက်ကြပါတယ်။

ပြောတော့ မိန်းမနဲ့ တစ်နှစ်သားကလေး ပါလာမယ်ဆိုပြီး ကလေးက ပန်းကိုကိုဖြစ်နေလို့ လူပျိုလုပ်လာပါတယ်တဲ့။

(သူကတော့ ညီမင်္ဂလာဆောင်ရှိလို့ ဂရုပုံ ရိုက်တဲ့ထိမနေပဲ ပြန်သွားပါတယ်)

အဲဒီအချိန်မှာပဲ လူယောင်ဖန်ဆင်းလာတဲ့ သိကြားမင်း ဦးမာဃ ကိုယ်ထင်ပြလာပါတယ်။

နတ်ဝတ်တန်ဆာတွေ ချွတ်ပြီး တစ်ဖက်တစ်ထောင်ပါမလာပဲ အသားညိုညို မျက်နှာက သကြားပီပီချိုလွန်းလို့ ပါးစပ်နားရွက်ချိတ်တော့မယ့် လူငယ်လေးပုံ ဖန်ဆင်းလာပါတယ်။

ကျမတို့ရဲ့ ခြောက်မျက်နှာ မောင်အံံကတော့ အွန်လိုင်းမှာ ပေါက်ပေါက်ဖောက်တာ သူမဟုတ်သလို တိတ်တိတ်ဆိတ်ဆိတ်လေးနေတဲ့ ပိန်ပိန်ပါးပါးလူချောလေးပါ။

Cobra ဆိုတဲ့ ရွာသားဟောင်းလေးက ခုမှ လူလုံးစပြတာဖြစ်လို့ ရွှေတိုက်တို့ မောင်မတ်တို့လို မျက်နှာမပြောင်ပဲ နည်းနည်းရှက်နေပါတယ်။

မင်းနန်နဝါလို့ မှားဖတ်ခံရလို့ အချိန်မီ နာမည်ပြောင်းတဲ့ ဦးမင်းအဏ္ဏဝါ က ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့ အချိန်ကျမှ

သူဟာ ရွာသူ Rosemin ရဲ့ အဖေပါတဲ့။သားအဖ သူငယ်ချင်းတွေလိုပေါင်းပြီး တစ်ရုံးတည်း တူတူလုပ်နေကြတယ်ဆိုလို့ အားလုံးက သဘောကျနေကြပါတယ်။

အဘဖေါရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဆိုတော့ It’s a small world လို့ ဆိုရမလိုပါပဲ။

မျက်နှာမှာ မီးခိုးရောင် အဝိုင်းလေး ဖုံးဖုံးထားတဲ့ အဘဖေါ ရဲ့ မျက်နှာကိုလည်း ရွာသူတွေ မြင်ရပါပြီ။

(လုံမလေးမွန်မွန်ကတော့ ချောင်းရိုက်ဖို့ ပြင်နေတာ ဗလချင်းမမျှလို့ စိတ်လျှော့လိုက်ရပါသတဲ့)

တက်တူး အထိုးကောင်းတဲ့ မင်းသုဝေကလည်း သူ့တက်တူးတွေမပေါ်အောင် ရှပ်အကျီင်္အကွက် လက်ရှည်လေးဖုံးပြီး ရောက်လာပါတယ်။

ရွာစားကျော် မင်းနန္ဒာ ကလည်း ကျောပိုးအိတ်ကြီးပဲ အဖော်လုပ်ပြီး နေပြည်တော်ကနေ အချိန်မီရောက်လာပါတယ်။

( ရှင်မွေးလွန်း ဖတ်မိရင် တစ်ယောက်ထဲလာတာပါလို့ယုံကြည်အောင် ရေးပေးပါ အန်တီ ပဒုမ္မာရယ်လို့

မျက်နှာငယ်လေးနဲ့ ပြောတဲ့ ရွာစားကို ကျမကတိအတိုင်း ကျောပိုးအိတ်ပဲ မြင်အောင်ကြည့်ပြီး ရေးပေးပါတယ်၊

ဘေးက ချောချောလေးတွေကို ကျမက ယုသန္တာတင်နဲ့ ဖွေးဖွေး ဟုတ်မဟုတ် မပြောပြတတ်တာ ခွေးလွှတ်ပါ ရွာစားရှင့်)

အားလုံးထဲမှာ ထင်ထင်ရှားရှား ပေါ်လွင်နေတာကတော့ သူပြောထားတဲ့အတိုင်း

ကပ္ပလီမင်းသား (ကျမက ရုပ်ရှင်သိပ်မကြည့်ဖြစ်တော့ နာမည်တွေ မသိဘူး)

မျက်မှန်တပ်ထားတဲ့ ရုပ်ပေါက်နေတဲ့ အာဝေနိက ချစ်ဒုက္ခသည်ကြီး ဦးကျောက်ခဲ ပါပဲ။

သူက တူမချောတွေ ရှိတယ်ဆိုတော့ ရွာ့ကာလသားတွေ ဝိုင်းဝိုုင်းလည်နေပါတယ်။

ဒါပေမယ့် သူက ကျမတို့ အဖွားကြီးတွေအဖိုးကြီးတွေနဲ့ စကားပြောရင်း ရွာသူအပျိုချောလေးတွေ ဝိုင်းဖက် လှမ်းလှမ်း မျှော်ကြည့်ပြီး စာရင်းတို့နေပါတယ်။

ရွာသူဝိုင်းကလည်း အဘသဂျီးမှာတဲ့ အတိုင်း ကပ်ကျေးဆောင်လာကြပါသတဲ့။

အဲဒီလို တရားမဝင် မိတ်ဆက်နေကြတုန်း ကြိုးမဲ့မိုက်အသုံးမပြုရေး ဆုံးဖြတ်ချက်ကျသွားတဲ့ ရွှေတိုက်တို့ ဆရာတပည့်က ၉နာရီခွဲပြီဖြစ်လို့

အခမ်းအနားစရအောင်ပြောရင်း လူတွေ နေရာယူပေးဖို့ ကြိုးနဲ့မိုက်ကနေ အော်လိုက်ပါတယ်။

43 comments

  • မင်းနန္ဓာ

    January 21, 2013 at 12:13 am

    ကျနော့်ဘေးက ကျောပိုးအိတ် သယ်လာပေးတာ ဖွေးဖွေး
    ရှင်မွေးလွန်းကို မျက်နှာလုပ်ဖို့ အပြန်လက်ဆောင် မုန့်အိတ်တွေဆွဲပေးတာ ယုသနာ္တတင်လေးပါ..
    .. အာ လာ လာ (ဒီမှာ တီဗွီကြီးက ဗိုက်ကြောဆွဲလိမ်နေဘီဗျ)

    • surmi

      January 21, 2013 at 12:27 am

      အိမ်ထမင်း အိမ်ဟင်းကရိုးနေပြီဆိုပြီး
      ဝက်သားဒုတ်ထိုးနဲ ့ ရှောက်သီးသုပ်လေး မြည်းချင်တယ်ဆိုလို ့
      မနဲဖျောင်းဖြတားလိုက်ရတယ် ရွာစားကတော်ရေ
      မလွယ်ဘူး…ဗျို ့…… 🙂

  • ဦးဦးပါလေရာ

    January 21, 2013 at 1:30 am

    မန်ဘာများ ဒါ့ပုံဆာ များကို ပြောပါရစေ

    အော့ဖစ်ရှယ်ပိုစ့်မှာ အော့ဖစ်ရှုယ်ပုံတွေတင်မှာဖြစ်ပေမယ့်

    အဲဒါကြောင့်တော့ အခြားမန်ဘာများ တွေ့ဆုံပွဲပိုစ့်တင်တာ၊ ဓါတ်ပုံတင်တာများကို

    မကန့်ကွက်ပါဘူး။ လက်ရှောင်စရာမလိုပါဘူး..။

    ခွင့်ပြုချက်ရထားတဲ့ အုပ်စုလိုက်ပုံများနဲ့ အခန်းအနားပုံများကို ဝေဝေဆာဆာ တင်ပေးလေကောင်းလေလို့ ယူဆပါကြောင်း။

    ပိုစ့်တွေ ကိုယ့်အမြင်ခံစားမှု့နဲ့ကိုယ် ဝိုင်းရေးကြမှာကိုလဲ ကြိုဆိုပါကြောင်း။

  • padonmar

    January 21, 2013 at 1:44 am

    ငှက်ကထကြီး ကြိမ်လုံးကိုကြောက်လို့ ဒါ့ပုံဆြာတွေ ငြိမ်နေကြတယ်နဲ့တူပါတယ်။
    အဝေးကလူတွေ ကြည့်ချင်လို့ မျှော်နေကြပါမယ်။ကျမမှာလည်း ဓာတ်ပုံ တစ်ပုံမှ မရှိပါကြောင်း၊
    လုလင်လည်း အလုပ်များနေဟန်ရှိပါကြောင်း။
    ငှက်ကထကြီး အမိန့်အရ ကျမ ရေးတာကိုသာစောင့်ဖတ်ရရင် ငုတ်တုတ်မေ့မှာဖြစ်တဲ့အတွက်
    ကွန်မန့်နဲ့ဖြစ်စေ၊ပို့စ်တင်ပြီးဖြစ်စေ
    ဝိုင်းရေးပေးကြစေလိုပါကြောင်း။

    • ဦးဦးပါလေရာ

      January 21, 2013 at 1:59 am

      သူတို့လား…
      :harr:
      ဒီည များတော့များနေမှာ သေချာတယ်…
      အလုပ် တော့ မဟုတ်ဘူးထင်တယ်…:kwi:

      မနက်ဖန် မှပဲ သူတို့ဒါ့ပုံတွေကို မျှော်ကြပါ….
      :mrgreen:

  • kai

    January 21, 2013 at 2:24 am

    လှုပ်ရှားနေပုံလေးတွေ မျက်စိထဲမြင်သွားတယ်..
    စေ့စပ်တယ်နော..။ တကွက်ချင်း.. လိုက်ကြည့်မှတ်ထားတာကျနေတာပဲ..။
    ကျေးဇူးတင်ပါတယ် ပွဲစီစဉ်သူများတို့ရေ.. :528:

  • အရီးခင်လတ်

    January 21, 2013 at 2:50 am

    ဒီလိုအရေးလေးမဖတ်ရတာကြာပါပေါ့။
    ကိုယ်တိုင်ဝင်နွဲနေရသလို ပါဘဲ၊
    မနက်စောစောနိုးချိန် မှာ အရင်ဆုံးစိတ်ကရောက်ခဲ့တာ ဂဇက်ပွဲကိုဘဲ၊
    အစားစားနေကျတဲ့အချိန်မို့ ချောင်းကြည့်နေတာ မမြင်ကြဘူး။
    “ကျနော်က အပြာရင့်ရင့်လေး” ဆိုတာကို သဘောမပေါက်လို့ အတော်စဉ်းစားလိုက်ရတယ်။
    ဦးမင်းအဏ္ဏဝါ ကို အားနာလိုက်တာ။
    လူငယ်လေးလို့ထင်ပြီး စည်းကမ်းကလနား ထုတ်မိတာ တောင်းပန်ပါတယ်။
    အစ်မရေ ကျွန်မတို့လို စောင့်နေသူတွေ အတွက်အချိန်ပေးပြီး အမြန်တင်ပေးလို့ ကျေးဇူးပါ။ :hee:

    • Na Way_Tain_Taung

      January 23, 2013 at 11:32 am

      “ဦးမင်းအဏ္ဏဝါ ကို အားနာလိုက်တာ။
      လူငယ်လေးလို့ထင်ပြီး စည်းကမ်းကလနား ထုတ်မိတာ တောင်းပန်ပါတယ်။”
      လူကြီးဆိုလျှင် စည်းကမ်းမလိုxxxxxxx လူငယ်သာလျှင် စည်းကမ်းလိုသည်လားဟင်…….
      လူကြီးစည်းကမ်းမရှိလျှင် အိုကေxxxxxxx လူငယ်စည်းကမ်းမရှိလျှင် ဝိုင်းဆော်မှာ….အဲသလိုလား ?????????????????????????????????????????????????????????????????????

      • ပန်းစံပါယ်

        January 23, 2013 at 11:59 am

        ကျမအယူအဆအရတော့ အမှန်တစ်ကယ် ဒီမိုစစ်စစ်ရွာ၊ ဒီမိုရွာစစ်စစ်(ဘယ်ဟာက ပိုမှန်လဲတော့မသိဘူး) ဒီမိုစိတ် ဆိုရင် စည်းကမ်းပဲဖြစ်ဖြစ် တစ်ခြားဘယ်အရာမှာပဲဖြစ်ဖြစ် မိမိမှန်လျှင် တရားမျှတလျှင် တစ်ဖက်လူက တစ်ကယ်ပဲမှားနေလျှင် လူကြီးမို့ လူငယ်မို့ ဘယ်သူဘယ်ဝါမှန်းမသိလို့ ဘယ်သူဘယ်ဝါမို့ ဘယ်သူဘယ်ဝါမှန်းမသိခင်တစ်မျိုး ဘယ်သူဘယ်ဝါမှန်းသိပြီးနောက်တစ်မျိုး ဆိုပြီး ခွဲခြားမှုမရှိနိုင်သလို ရှိလည်း မရှိသင့်ဘူးထင်ပါတယ်ရှင်။

      • အရီးခင်လတ်

        January 23, 2013 at 6:10 pm

        လူကြီးဆိုရင် စည်းကမ်း မလိုဘူးဆိုတဲ့ သဘောဖြစ်သွားလို့ အဲဒီအမှားကို ဝန်ခံပါတယ်။
        ပြောရရင် ဒီရွာမှာ ဘေးမှာရေးထားတဲ့ Rules Do& Don’t ကို လိုက်နာဖို့ကလွဲလို့ ထူးထူးခြားခြား စည်းကမ်းထုတ်စရာမလိုပါဘူး။

        အခုဟာက ပွဲစီစဉ်သူတွေအတွက် တွေးပြီး အဝေးကနေ လှမ်းနှမ်းဖြူးလိုက်မိတာပါ။
        ပွဲ အတွက်စည်းကမ်းပါ။ ရွာအတွက် စည်းကမ်း မဟုတ်တာကိုတော့ မင်း သိပါတယ်နော်။
        တော်ရုံမန်ဘာဆိုရင် ကိုယ့်ထက်အတော်ငယ်သူတွေများ တာမို့ ကြီးသူက ငယ်သူကို ဆုံးမသလိုအသံ ဖြစ်သွားတာ။
        ကြီးသူကို လေးစားရမယ် ဆိုတဲ့ ဂါရဝတရား ရှိသမို့
        ကိုယ့်ထက် အသက်ကြီးသူကို ကိုယ့်ထက်ငယ်သူကို ပြောလိုက်တဲ့ အသံနဲ့ ပြောလိုက်တာကို တောင်းပန်ထားတာပါ။
        ဒါကလဲ ငယ်သူတွေ ကို အနိုင်ကျင့်တာလို့ မထင်ပါနဲ့ဦး။ 😆

        နောက်ပြီး အဲဒီသူက ရွာမှာ ဗဟုသုတရစေမဲ့ မှတ်ချက်တွေ ကို အခါခါပေးဘူးသူမို့ အားနာသွားတာနဲ့ အမြန်ရေးလိုက်တာ အမှားအဓိပ္ပါယ်ပေါက်သွားပါတယ်။
        ဒီလိုထောက်ပြလို့လဲ ကျေးဇူးတင်ပါတယ်။
        ဒီလို မပြောပြခဲ့ဘူးဆိုရင် တစ်ခြားသူတွေပါအထင်လွဲမှာမို့ စိတ်ထဲ မရှင်းကြရင် ဒီလိုဘဲ ပွင့်ပွင့်လင်းလင်းပြောနိုင်ကြပါတယ်။
        ပြန်ပြီးဖြေရှင်းပေးရဖို့ ဝန်မလေးကြပါဘူး။
        အသက်ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ပညာတတ်သူဖြစ်စေ၊ မတတ်သူ ဖြစ်စေ စည်းကမ်းဖောက်ရင် အားလုံးကို ရှုံ့ချပြောဆိုနိုင်ပါတယ်။
        ကျွန်မ ကိုလဲ “ကြီးသူကိုတော့ ဂါရဝ ပေးတယ်။ ငယ်သူတွေကို မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။” ဆိုတာ တွေ့ရင် အချိန်မရွေး ဝင်ပြီး ဝေဖန်ပေးကြပါလို့လဲ ပန်ကြားပါတယ်။

        Na Way_Tain_Taung ကို ကျေးဇူးတင်ကြောင်း ထပ်ပြောရင်း ရွာထဲ မှာလဲ အချိန်ရရင် ဝင်ရောက် ဆွေးနွေး ပေးဖို့ လဲ ဖိတ်ခေါ်ပါတယ်နော်။

        ကဲ တောင်းပန်ပွဲပြီးတော့ ကိုယ့်အလှည့်ပေါ့။ 😉
        Na Way_Tain_Taung ဘဲ စဉ်းစားကြည့် အခုမှ ဝင်လာပြီး မှတ်ချက်ပေးသူဟာ တစ်ချို့လဲ လူတစ်ယောက်ထဲကနေ နာမည် အမျိုးမျိုး နဲ့ သုံးပြီး လိုရင်လိုသလို မလိုရင်မလိုသလို ရေးတာတွေရှိပါတယ်။
        အများဆုံး ဘယ်လိုပုံစံ လဲ ဆိုတော့။
        ကိုယ်က မဟုတ်တဲ့ သတင်းဖြန့်ပြီး ရွာဆူအောင် လုပ်ချင်ရင်ဘဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို အမြင်ကပ်ပေမဲ့ ကိုယ့်ပုံမှန် နာမည်ကို မသုံးချင်လို့ ဖြစ်ဖြစ် အဲဒီလို အခြေအနေမှာ နာမည်သစ်တစ်မျိုး နဲ့ ရေးလေ့ရှိပါတယ်။
        အဲဒီလိုမျိုး ပုံမမှန်တာတွေကိုတော့ ကျွန်မတို့ ဘယ်လိုလုပ်ပြီး ဆက်ဆံသင့်တယ် ထင်ပါသလဲ။ 🙄
        တကယ်တော့ ကျွန်မတို့ အများစုဟာ လူသစ်/လူဟောင်း၊လူငယ်/လူကြီး မရွေး အားလုံးကို အတူတူဘဲ ဆက်ဆံကြပါတယ်။
        ပန်းစံပါယ်ပြောတဲ့ “ဘယ်သူဘယ်ဝါမို့ ဘယ်သူဘယ်ဝါမှန်းမသိခင်တစ်မျိုး ဘယ်သူဘယ်ဝါမှန်းသိပြီးနောက်တစ်မျိုး ” ဆိုတာကတော့ အပြင်ကလက်တွေ့ လူမှု ပေါင်းသင်းဆက်ဆံရေး မှာလိုပါဘဲ။
        ဒါကတော့ ဒီမိုကရေစီ နဲ့ ဘာမှမဆိုင်လောက်ဘူးလို့ ထင်ပါရဲ့။
        ဒီမိုကရေစီ ဆိုတာ အများရဲ့ဆန္ဒနဲ့ အညီ လုပ်ဆောင်တာမို့ အခုလုပ်ခဲ့တဲ့ ပွဲ ကလဲ အများပူးပေါင်းနိုင်အောင် ဆန္ဒယူပြီးမှ လုပ်ခဲ့တာ၊ တစ်ဦးတစ်ယောက်နဲ့ လွှမ်းမိုးမှုမပါတာ အမှန်ပါ။
        ဒီရွာမှာ Post တွေတင် စာတွေရေးနေတာလဲ ကိုယ့်ဆန္ဒနဲ့ ကိုယ် ရေးခွင့် ပေးထားတာဘဲ။
        ကိုယ့်ကြိုက်တဲ့သူကိုမှ ကိုယ်မှတ်ချက်ပေးတာလဲ သူ့ဆန္ဒဘဲ၊
        ဒါကိုတော့ ဒီတစ်ယောက်ကို မှတ်ချက်ပေးရင် တစ်ခြားတစ်ယောက်ကိုလဲ ပေးကိုပေးရမယ်လို့ ပြောပိုင်ခွင့် မရှိပါဘူး မဟုတ်လား။
        ဒီတော့ ကိုယ်နဲ့ ခင်သူ သိသူမို့ ပေးတာ အပြစ်မဟုတ်ပါဘူး။
        ဒါပေမဲ့ အများစုကတော့ အားလုံးကို မျှအောင် မှတ်ချက်လေးတွေ ပေးတာ တွေ့ရပါတယ်။
        မဟုတ်လား။
        ပြန်ဆွေးနွေးလို့ ရပါတယ်နော်။ :hee:

        • Na Way_Tain_Taung

          January 24, 2013 at 9:49 am

          Na Way_Tain_Taung ဘဲ စဉ်းစားကြည့် အခုမှ ဝင်လာပြီး မှတ်ချက်ပေးသူဟာ တစ်ချို့လဲ လူတစ်ယောက်ထဲကနေ နာမည် အမျိုးမျိုး နဲ့ သုံးပြီး လိုရင်လိုသလို မလိုရင်မလိုသလို ရေးတာတွေရှိပါတယ်။
          အများဆုံး ဘယ်လိုပုံစံ လဲ ဆိုတော့။
          ကိုယ်က မဟုတ်တဲ့ သတင်းဖြန့်ပြီး ရွာဆူအောင် လုပ်ချင်ရင်ဘဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို အမြင်ကပ်ပေမဲ့ ကိုယ့်ပုံမှန် နာမည်ကို မသုံးချင်လို့ ဖြစ်ဖြစ် အဲဒီလို အခြေအနေမှာ နာမည်သစ်တစ်မျိုး နဲ့ ရေးလေ့ရှိပါတယ်။
          အဲဒီလိုမျိုး ပုံမမှန်တာတွေကိုတော့ ကျွန်မတို့ ဘယ်လိုလုပ်ပြီး ဆက်ဆံသင့်တယ် ထင်ပါသလဲ။ 🙄
          ဒီရွာထဲမှာ ဒီလိုမျိုးတွေရှိတာတော့ ကြားဘူးထားပါတယ်xxxx လိုရင်လိုသလို မလိုရင် မလိုသလိုဆိုတာတွေက တကယ်တန်း စားရေးသားတာတွေနဲ့ မဆိုင်ဘူးထင်တာပဲလေxxxx မဟုတ်မမှန်သတင်းဖြန့်ပြီး ရွာဆူအောင်လုပ်ရအောင်ကလဲ နိုင်ငံတော်သမ္မတအရေးလဲမဟုတ်ပါလားxxxx ကချင်အရေးကိစ္စလဲမဟုတ်ပါလားxxxx အိုဘားမား နဲ့ သူငယ်ချင်းဖြစ်ရမယ့် အရေးလဲမဟုတ်ပါလားနော်xxxxx အခုလုပ်ခဲ့တဲ့ပွဲအတွက် ပြောဆိုဝေဖန်ခြင်းမျိုးလည်း မဟုတ်ပါxxx အားရ အားကျဖွယ်ကောင်းလှတဲ့ပွဲလေးပါxxx အခုလိုပြောရတာကလဲ စကားအဓိပ္ပါယ်တစ်မျိုးဖြစ်နေတဲ့အတွက် ထောက်ပြခြင်းသက်သက်သာxxx အရင် ဒီဆိုဒ်ထဲမှာ စာဝင်ဖတ်နေတာကြာခဲ့ပါပီxxxx အခုမှ မန်ဘာအသစ်လဲမဟုတ်ပါxxx အရင်ကစာတွေက Login မဝင်လဲဖတ်လို့ရတယ်xxxxအခု Login မဝင်လျှင် ဖတ်လို့မရတဲ့စာတွေရှိလာတာကြောင့်လဲ Registration လုပ်လိုက်ခြင်းသာxxxx နောက်နောင်လဲ ဒီရွာထဲမှာ မြင်နေရဦးမှာပါ xxxx ဘယ်လိုဆက်ဆံသင့်တယ် ဘယ်လိုပြောဆိုသင့်တယ်ဆိုတာကတော့ မိမိသဘောအတိုင်း ပြောနိုင်မယ်ထင်တာပဲxxx မိမိဘာသာ ဆုံးဖြတ်ပါxxx နှုတ်တစ်ရာ စာတစ်လုံးတော့ကြားဘူးသားxxxx နှုတ်က တတွတ်တွတ်ပြောနေပေမယ့် ထိရောက်ချင်မှ ထိရောက်မယ်xxxစာကတော့ တစ်လုံးတည်းနဲ့ ထိရောက်အောင် ရေးလို့ရနိုင်တယ်ခင်ဗျxxx အရီးဆိုတဲ့ အသုံးကို သုံးထားတဲ့အတွက် အသက်အရွယ်အားဖြင့် မငယ်သူတစ်ယောက်လို့ သက်မှတ်ထားမိတယ်xxxx အရီးခင်လတ်အနေနဲ့ ကျွန်တော့်ကို မင်းလို့ သုံးနှုံးလိုက်ပြန်ပီxxxx ကြီးသူကိုရိုသေ ငယ်သူကိုလေးစားဆိုတဲ့ စကားကြောင့် ပြန်ပြောဖြစ်တာနော်xxx ကျွန်တော့်ကို မြင်တောင်မမြင်ဘူးသေးပဲ ဘယ်လိုဆုံးဖြတ်သုံးနှုန်းလိုက်တာပါလိမ့်?????? ဒေါသသံလေးတွေလျှော့ပီး ဆွေးနွေးသင့်တယ်မဟုတ်ပါလားဗျာxxx သစ်တစ်ပင်ကောင်း ငှက်အပေါင်းနားနိုင် ဆိုတော့ ရွာတစ်ရွာကောင်း လူအပေါင်းများစွာ ဖြစ်တည်ကြပါစေလို့ ဆုတောင်းထောပနာပြုရင်း ပြန်လည်ဆွေးနွေး အေးဆေးလေးပြောလိုက်ပါတယ်

  • koyinmaung

    January 21, 2013 at 4:05 am

    ကောင်းလိုက်တဲ့အရေးအသား တယောက်ချင်းပေါ်လွင်အောင်
    ရေးပေးတဲ့အတွက်ကျေးဇူးဘဲမမပဒုမ္မာရေး ဂဇက်ကွန်ဖရဲင့်စ်(၁)
    ဖတ်ပြီးလို့ ဂဇက်ကွန်ဖရဲင့်စ်(၂) သွားဖတ်လို့အုံးမယ်ဗျို့…….

  • Foreign Resident

    January 21, 2013 at 6:40 am

    အခုပွဲမှာ တကယ် စိတ်ရော ကိုယ်ပါ အပင်ပန်းခံပြီး ရှေ့ဆောင် လုပ်ခဲ့တာ ၊
    ရွှေတိုက် ၊ အမတ်မင်း ၊ ဦး ကြီးမိုက် ( တစ်ချို့ ထပ်ရှိပါသေးတယ် ) တို့ပါ ။

    သူတို့ကြောင့်သာ အဘ ၊ ဦးပါ ၊ မပဒုမ္မာ တို့ လူ သိပ် မပင်ပန်းခဲ့ရပါဘူး ။
    အထူး ကျေးဇူးတင် ၊ အသိအမှတ် ပြုပါတယ် နော် ။

  • မပဒုမ္မာရေ ဒီတစ်ခါတော့ အခန်းဆက်တွေရေးခဲ့တဲ့ကိုပေါက် ဝဋ်လည်ပြိထင်ပါရဲ့
    မြန်မြန်ရေးပါဗျို့
    မရောက်နိုင်အောင်ဖန်တီးခဲ့တဲ့ကံကြမ္မာကိုဘဲ ယုးိမယ်ဖွဲ့ရတော့မယ်ထင်ပါရဲ့

  • Mon Kit

    January 21, 2013 at 9:06 am

    ရင်ခုန်စွာ နဲ့ စောင့်မျှော် ဖတ်ရှုနေပါတယ်လို့……
    ဒါ့ပုံများကိုလည်း တစ်ဝကြီး ကြည့်ချင်လှပါပြီလို့…………
    :hee:

  • Thu Wai

    January 21, 2013 at 9:11 am

    ရုံးမှာ တိတ်တိတ်လေး ရုံးခိုးဆင်းတာအကျင့်ပါနေလို့ နုတ်မဆက်မိပဲ တိတ်တိတ်လေး ပြန်သွားမတာတောင်းပန်ပါတယ် အန်တီ ပဒုမ္မာ ။ အိမ်မှာ တက်တူးထိုးမယ့်သူတွေ ၁ဝနာရီလောက်ကတည်းကလာစောင့်နေတာရယ်။ ဖုန်း တ ဂွမ်ဂွမ်ဆက်နေတာရယ်ကြောင့်ပါ။

    • Wow

      January 21, 2013 at 10:47 am

      နင်သွားမဲ့ဟာ ငါ့ကိုမပြောဘူး မင်းကုဝေ… နင်တော့နာတော့မယ်…
      ငါ့ခမျာ တစ်ယောက်ထဲဆိုပြီး အားငယ်လို့ မသွားခဲ့ရဘူး.. :buu:

      • Thu Wai

        January 21, 2013 at 12:44 pm

        အင်းဟုတ်တယ်နောက်မမWOW မမနဲ့ ရွှေလက်တွဲပြီးသွားလိုက်ရင်သားသားလဲအားငယ်တော့ဝူး

  • မိုချို

    January 21, 2013 at 9:25 am

    အန်တီရေ ရေ
    ကိုယ်တိုင် ရောက်ခဲ့ ရသလိုကို မြင်လာအောင် ရေးတတ်လိုက်တာ ။ အမေ ဝမ်းသာအားရ ပြန် ပြော ပြ တာတွေ နဲ့ ပေါင်းပြီး ကျမ မှာ ကိုယ် တိုင် သွား ရ သလို အပျော်တွေ ကူး လာတယ်။
    အမေ ပြန်ပြော တာ …… သူ့ ကို တစ်ယောက်ပြီး တစ်ယောက် လာနှုတ်ဆက်ကြတယ် ဆိုတဲ့ အကြောင်း ၊ ကိုယ်နဲ့ တခါမှ မသိတဲ့ သူတွေ ပေမယ့် ..သူတို့ သား အမိမှာ ကြောင်မနေဘူး..ဆိုတဲ့ အကြောင်း ၊ ….အားလုံး က ရင်းရင်း နှီးနှီး နွေးနွေး ထွေးထွေး ရှိတဲ့ အကြောင်း၊ စုံနေတာပဲ ။
    …ကျမ အပါဝင် အမေတွေ့ ခဲ့ တဲ့ သူတွေ အားလုံး ဟာ အွန်လိုင်း ကတဆင့် သူ့ စာ ကိုယ်ဖတ် ဝေဖန်လိုက်၊ ကိုယ့် စာ သူဖတ် လေကန် လိုက် နဲ့ ခင်သွား ကြတဲ့ သူတွေ ချည်း ပဲ …လို့ ကျမ လည်းပြော ပြ လိုက်တယ်။ အရွယ်စုံ မိတ်ဆွေ တွေ အွန်လိုင်း မှာ စာတွေ ရေး ရင်း နဲ့ ငယ်ပေါင်းကြီးဖေါ် တွေ လို ရင်း နှီး ခင်မင် သွားကြတာကို ကြည့် ပြီး အမေ့ လို အဖွားကြီး အတွက်တော့ အတွေ့ အကြုံ အသစ် အဆန်း ဖြစ် နေတယ်။

  • P chogyi

    January 21, 2013 at 9:39 am

    အစ်မရေးပြလိုက်လို့
    မရောက်တဲ့သူတွေ သိသွားသလို
    ရောက်ခဲ့တဲ့သူတွေကလည်း
    ဝမ်းသာကြည်နူးမိပါတယ်။
    နောက်ထပ်ပွဲတွေလည်းဆုံချင်ပါသေးတယ်။

  • ဆူး

    January 21, 2013 at 9:58 am

    မနေ့က ပွဲ ကို ယနေ့ ထပ်ရောက်သွားသလို စာနဲ့ အတွေး အမြင် တထပ်တည်း ကျလှပါတယ်။
    ဆူး က ကံစမ်းမဲ အစီအစဉ်မှာ ဒေါ်လှ ၁ဝ ရရှိသွားပါတယ်။
    အဲ့ဒီ ကံစမ်းမဲ အတွက်လည်း ကျေးဇူးတင်ပါတယ်။
    မှတ်ချက်။ ။(နည်းလို့.. နောက်တခါ ဒေါ်လှ ၁၀ဝ လောက် ဖောက်စေချင်တယ်။)။။။ အဲ့.. အယ်.. ကိုရီးယား ကားထဲကလို အကျိုးရှိရှိ အသုံးချပါ့မယ်။ လာမည့် ၂၆ ၂ရ မှာ ဘုရားထီးတင်ပွဲ သွားဖို့ရှိပါတယ်.. အဲ့ဒီ ကို သွားရင် ရွာက ကလေးတွေ အတွက် မုန့်ဝယ်ဖို့ အစီအစဉ် ရှိတဲ့ အတွက် အဲ့ဒီ ပိုက်ဆံ နဲ့ ထည့်ဝယ်ပြီး ကလေးတွေ ကို ကျွှေးလိုက်ပါ့မယ်။ ကိုယ်တိုင်လည်း စားမယ်နော်.. 😛

  • weiwei

    January 21, 2013 at 10:25 am

    ကျွန်မနဲ့ဆူးနဲ့က မတွေ့တာကြာနေပြီဆိုတော့ တွေ့တုန်းလေး စကားလုပြောနေရတာနဲ့ တခြားသူတွေနဲ့တောင် သေချာနှုတ်မဆက်ဖြစ်ခဲ့ဘူး … အချိန်ကလဲ နဲလိုက်တာနော် … အခမ်းအနားအစီအစဉ်တွေထဲမှာ မျောပါနေတာနဲ့ အချိန်ကုန်လို့ကုန်မှန်းတောင် မသိလိုက်ဘူး ..
    နောက်တစ်ခါဆို တစ်နေ့လုံးအချိန်ယူပြီး လုပ်မှနဲ့တူတယ် ..

  • kyeemite

    January 21, 2013 at 12:00 pm

    ဥက္ကဋ္ဌဂျီးကတယ်သွက်ပါလား…
    ကောင်းပါလေ့ဗျာ…

  • ဦး ကျောက်ခဲ

    January 21, 2013 at 1:24 pm

    စာရေးကောင်းတဲ့ ဥက္ကဋ္ဌကြီးရဲ့ ဖွက်ထားတဲ့လက်သည်းတွေကို အခုမှမြင်ရပါ၏…..
    ပျော်လိုက်တာ ဥက္ကဋ္ဌကြီးရယ်….
    ကပ္ပလီမောင်ကျောက် မပြန်ချင်ပြန်ချင်နဲ့ ပြန်ခဲ့ရတာပါ…..
    ခုတော့ရင်ထဲမှာ အပျော်တွေရော၊ အလွမ်းတွေရော…..

  • Tin Tin

    January 21, 2013 at 2:23 pm

    အန်တီရေ .. မျက်နှာလေးကကြည်လင်ပြီး ပြုံးရွှင်နေသလို မှတ်ဉာဏ်ကလည်းကောင်းလိုက်တာ…
    တယောက်ချင်းစီရဲ့အပြောလေးတွေနဲ့ပုံစံတွေကို မျက်စိထဲ မြင်လာအောင် ရေးထားတာ တွေ့ဆုံပွဲကို
    ပြန်ရောက်သွားသလိုဘဲ…

  • အလင်းဆက်

    January 21, 2013 at 6:13 pm

    အဲဒီ အချိန်မှာ..
    အဲဒီလို ပွဲမျိုးဆို..
    လူရှေ ့သူရှေ ့သိပ်မထွက်ရဲ တဲ ့..အလက်ဆင်းက..
    မိုက် ခဲရမှာ..လန့်နေလို ့..
    ခြေတုန် လက်တုန်နဲ ့….
    အယောင်ယောင်အမှားမှား..တွေနဲ ့ပေါ့ ။

    ကြောက်နေပါတယ် ဆိုမှ..
    ကိုယ်စားတွေရော..
    ကိုယ့် အတွက်တွေရော..
    ခဏ ခဏ အရှေ ့ထွက်နေရလို ့…
    ပျော်လည်းပျော်…
    စိတ်လည် းလှုပ်ရှားနဲ ့…
    …..

    အလက်ဆင်း..
    ပျော်ပါတယ် ။
    အဲဒီလို.နောက်များမှာ.ဆုံချင် ပါသေးတယ် ။

    အန်တီရေ…
    အစစ အရာရာ အတွက်..
    ကျေးဇူးနော်။

  • အလင်းဆက်

    January 21, 2013 at 7:01 pm

    ကျွန်တော်…
    တွေ ့ဆုံပွဲမှာ..
    ပုံတွေ.အားရပါးရ ရိုက်မယ်.လို ့..
    အားခဲပြီး…
    ကင်မရာလေး ဆွဲ ထွက်လာခဲ့ပေမယ့်..
    ကံတရား များကြောက်စရာ ကောင်းလောက်အောင်ပါပဲ ။

    တွေ ့ဆုံပွဲ..ထဲ အလာ..ဆိုင်ထဲ မရောက်ခင်မှာကိုပဲ…
    ကင်မရာလေးက…
    ဘာ ခလုပ်မှ နှိပ်မရတောေ့လာက်အောင်..
    ကြောင်သွားပါတယ် ။
    ဘာကို နှိပ်နှိပ်..ဘာမှ အလုပ်မလုပ်တော့တာ..လေ။

    အဲဒါနဲ ့ပဲ.. စိတ်ညစ်နေတာ ။
    သူများ ရိုက်တဲ ့ပုံတွေပဲ..
    အခု…ဟိုတစ်စ ဒီ တစ်စ လိုက် သိမ်းနေရတယ် ။

    လေးလေး ပီချို နဲ ့
    ပုံလေးတွေ.ရိုက်ပေးကြတဲ ့..
    တင်ပြပေးကြတဲ ့ ကို M လုလင် တို ့..
    ကို အမတ်တို ့..
    အဘဖောတို ့..
    ဆြာအုပ်တိ ု့..
    ကိုရွာစားတို ့.ကို..
    ကျေးဇူးတင်မိပါကြောင်း….

    ကျွန်တော့် ကင်မရာ ဘယ်လောက်.. အကျင့်ယုတ်သလဲ..ဆို…
    အ်ိမ်ရောက်လို ့.. စိတ်ပျက်ပျက်နဲ ့ ပြန်ဖွင့်ကြည့်တော့…..
    အကောင်း အတိုင်းပဲ. ။

    :buu:

  • Mr. MarGa

    January 21, 2013 at 8:38 pm

    စိတ်အတွေးက အတော်စုံပါတယ်ဗျာ
    စကားမစပ်
    ဦးမာဃကို အသားညိုတယ်ဆိုလို့
    ငိုချင်သလိုလို
    ဒေါ်လေး ပဒုမ္မာရေ
    အသားက ညိုတော့ညိုတယ်
    ဒါပေမယ့် ညိုချော နော
    :kwi:

  • မောင်ပေ

    January 21, 2013 at 9:08 pm

    ဓါတ်ပုံတွေ ပြပါတော့ ဗျို ့
    ကြည့်ချင်လွန်းလှပါပီ

  • တီတီနော် ..
    အနော်ဂ ဘယ်မှာ ပေါက်ပေါက်ဖောက်လို့ဒုံးလို့ …
    ဘာဘဲကြောကြော …
    လူချောလေး ကြောလို့ ကြေပေးလိုက်ဗီ … :mrgreen:

    အိမ်းးး ရွာထဲက အပိုလေးတွေ ဒီပို့စ်ကို သေချာဖတ်ကွဲ့ …
    ကျုပ်ကို ကျိုက်ချင်ဒဲ့ အပိုလေးဒွေဒေါ့ စာရင်းသာ ပေးထားဂျ …
    ကံစမ်းမဲ နှိုက်ပြီး မိဖုရား ခန့်ပေးမယ် .. ငွင်းး ငွင်းး :mrgreen:

  • mamanoyar

    January 22, 2013 at 10:29 am

    အရမ်းပျော်စရာကောင်းမယ်ထင်ပါတယ်
    ဓါတ်ပုံတွေမြင်ချင်လှပြီ
    တက်ရောက်နိုင်သူတွေကိုယ်စား အရမ်းကိုပျော်မိပါတယ်

  • MaMa

    January 22, 2013 at 5:21 pm

    မှန်ကြည့်ပြီး အကြိမ်ကြိမ်လေ့ကျင့်ထားတာတွေ အလဟဿဖြစ်သွားလို့
    နောက်တစ်ကြိမ်ပွဲကျမှ အပြတ်နွှဲဖို့ ကြိုတင်ကြံစည်နေပါတယ်။ :harr:

  • Mg Paing

    January 22, 2013 at 5:27 pm

    ဖတ်ရင်းနဲ့ကို ပျော်လာသလိုပဲဗျို့….ဂေဇက် ကို အရောက်နောက်ကျသလိုတောင် ခံစားမိရင်း ဂေဇက်ရောက်အောင် ပိုစ့်တွေအကြောင်း စီကာပတ်ကုံး ပြောပြခဲ့တဲ့ ကျွေးသဖခင် တားတားရဲ့ဖေဖေကြီးကိုလည်း ကျေးဇူးတင်ပါရဲ့….။Facebook ပေါ်မှာ အွန်လိုင်းမင်းသားလေး လုပ်ခဲ့မိလို့ အငေါက်ခံခဲ့ရပေမယ့် ဂေဇက်ပေါ်မှာ အပျော်လွန်ပြီး မဆင်းတမ်းဖြစ်ခဲ့ရင်တော့ မငေါက်လောက်တော့ပါဘူး….ခိ..ခိ….။အန်တီဒေါ်ပဒုမ္မာတို့၊ဦးကြီးမိုက်တို့၊ဦးပေါက်(မန္တလေး)တို့ကို မမြင်ဖူးသေးပေမယ့် ရင်းနှီးခဲ့တာ ကြာလှပါပြီ။မန္တလေး နဲ့ ပြင်ဦးလွင် မဝေးလှတဲ့ခရီးမို့လို့ နောက် နောင်တွေမှာ ပါဝင်ဆင်နွဲဖို့ ကြိုးစားချင်သေးတယ်ဗျာ။လောလောဆယ် ကလေးပေါက်စန အဆင့်လေးနဲ့ပဲ ရေးထားတဲ့ပိုစ့်တွေကို အကုန် ပြန်လိုက်ဖတ်ကြည့်နေတယ်။ဖတ်ရင်း ဖတ်ရင်း သိသိလာတာကတော့ တားတားဘာသာ ခံယူထားတဲ့ တားတား စာရေးပါတယ်ဆိုတာ ဘာမှမဟုတ်ပါလား ဆိုတာ……တော့ သိလာတယ်ဗျ… အားလုံး ပျော်ရွှင်ကြပါစေဗျာ…

  • padonmar

    January 22, 2013 at 8:34 pm

    ရွာသားသစ်လေးမောင်ပိုင်ရေ
    နောက်ဆိုရွာထဲပျော်လွန်းလို့ သားအဖ ကွန်ပူတာကြီးလုနေရမယ်နော်။

  • ဂန္ဓာရီ ဆြာအုပ်

    January 23, 2013 at 12:04 am

    တားတားက နောက်မှရောက်လာတော့ ရှေ့ပိုင်းကို မသိဘူး ဖြစ်နေတာ..
    ခုမှပဲ သိရတော့တယ်. ကျေးကျေး အန်တီ ဘုံမာ

  • cobra

    January 23, 2013 at 10:50 pm

    ကြီးကြီး ပဒုမ္မာလုပ်မှပဲ
    ကျွန်တော် အရှက်ကြီးတာလူသိသွားပြီ။

  • အရီးခင်လတ်

    January 24, 2013 at 6:32 pm

    ကိုနဝေတိန်တောင်

    အချိန်ယူ ပြီး ရီပလိုင်း လုပ်ထားတာကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောပါရစေ။
    ရီစရာလိုပြောရရင် အင်္ဂလိပ်လို နာမ်စားသုံးရတာရှင်းတယ်။
    ကြီးကြီးငယ်ငယ် ကျားမ မရွေး သိသိမသိသိ You ဆိုရင်ပြီးရော။
    မြန်မာစကားမှာတော့ နာမ်စားအတွက် အမျိုးမျိုးသုံးလို့ ရနေတာကလား။
    ဒီတော့ မသိသူကို ဘယ်လို သုံးရမယ် မသိလို့ အထက်စီးသံဖြစ်နေရင် စောဒီးပါရှင်။

    ဒုတိယကတော့ – {{ ဒေါသသံလေးတွေလျှော့ပီး ဆွေးနွေးသင့်တယ်မဟုတ်ပါလားဗျာ }}
    Remind လုပ်ပေးတာကို ကျေးဇူးတင်ပါတယ်။
    ကျွန်မ ငယ်ငယ်က အင်မတန် စွာပါတယ်။ တစ်ခုခု အခန့်မသင့်လို့ ထစ်ကနဲ ဆို ပြန်ပက် လိုက်တာ အကျင့်ဘဲ။
    စိတ်လဲ အင်မတန်တိုတတ်ပါတယ်။ အမှောင်ဘက် ကလဲ ကြည့်တတ်ပါတယ်။
    ကိုယ်မှန်ရင် မလျှော့ဘူး ဟေ့။ ဘာဘဲဖြစ်ဖြစ် ဆိုတာက လက်ကိုင်စွဲ တဲ့ စကားပေါ့။
    ဒါမျိုးက ကျောင်းမှာ၊အိမ်မှာ ပြသနာ မဟုတ်ပေမဲ့ နောက်ပိုင်း အလုပ်လုပ်လို့ လူစုံတွေ့လာ ချိန်၊ ကိုယ်က အကြီးအကဲ (ကျွန်မဆို စာသင်တဲ့ ဆရာ) ဖြစ်လာချိန်မှာ ပြသနာပါဘဲ။
    ငါမှန်တယ် ဆိုတာကို လက်ကိုင်ထားမှာလား။
    အလုပ်ဖြစ်မြောက်ဖို့ ကို ဦးစားပေးမှာလား။

    ဒီမှာ တွေ့လာရတာက လူ နှစ်မျိုး ပေါ် မူတည်ပြီး လုပ်ငန်းခွင်အတွင်း လူမှုရေးပြသနာ တွေဟာ အကြီး အသေး ဖြစ်သွားပါမယ်။
    (၁) အလုပ်ကို မချစ်တတ်တဲ့ သူ/ တန်ဖိုး မထားသူ
    (၂) အလုပ်ကို ချစ်တတ်တဲ့သူ/ တန်ဖိုးထားသူ
    အလုပ်ကို မချစ်တဲ့ သူက သူကိုယ့်သူ ပိုပြီး တန်ဖိုးထားပါတယ်။ အလုပ်အောင်မြင်ရေးထက် သူ့စိတ်ချမ်းသာရေး- သူ့အတ္တကိုရှေ့တန်းထားရေး (ဒါမှမဟုတ်) သူတစ်ကိုယ်ကောင်းစားရေးကို သာကြည့်ပါတယ်။
    အလုပ်ကို ချစ်တဲ့သူက သူ့ဟာသူဘယ်လောက်မှန်တယ်ထင်ပါစေ။ အလုပ်အောင်မြင်ရေးကို ရှေ့တန်းတင်လိုက်တဲ့အခါ အခြားသူများ နဲ့ပါ အဆင်ပြေဖို့၊ တစ်ခြားသူများကိုလဲ သူနဲ့ပါအောင်ခေါ်ဖို့ ကြိုးစားပါတယ်။
    ဒီနေရာမှာ သူ့အတ္တ ကနောက်မှာရောက်သွားပါမယ်။

    သေချာတာပေါ့။ လူဘဲ။ တစ်ခါတစ်ခါ ကိုယ့်အလို နဲ့မကိုက်ရင် ဒေါသဖြစ်တာ ရှိ တာပေါ့။
    အဲဒါကို ထိန်းချုပ်ရတာကဘဲ ကျွန်မ တို့အတွက် Challenge ပါဘဲ။
    ဒါပေမဲ့ ကိုယ့်ကို remind လုပ်ပေးမဲ့၊ ဖေးမ ထိန်းကွပ်ပေးမဲ့ အဖွဲ့သားတွေ ရှိနေသမျှ ကျွန်မတို့ လမ်းမှားရောက်မသွားဘဲ မဖြစ်သင့်တာကို ထိန်းချုပ်သွားနိုင်ပါတယ်။

    ကျွန်မလဲ ဒီလိုဘဲ။ ပင်ကိုယ်စိတ်ထားမနူးညံ့ပါဘူး။ အင်မတန် ခေါင်းမာခဲ့ဘူးပါတယ်။
    ဒါပေမဲ့ သူငယ်ချင်းကောင်း၊ ပါတ်ဝန်းကျင်ကောင်း က ကျွန်မ စိတ်ကို ဖြစ်သင့်တဲ့ Positive အတွေး အမြင် ဘက်ကို တွန်းပေးပါတယ်။

    ဒီရွာမှာလဲ ဒီလိုပါဘဲ။
    ကျွန်မတို့တွေ စကားပြောရင်း၊ ဆွေးနွေးရင်းနဲ့ သူများစကားတွေနဲ့ ကိုယ့်ကိုယ်ကို evaluate လုပ်နိုင်ပါတယ်။
    အခု ကိုနဝေတိန်တောင် ရဲ့ comment မှာ ကျွန်မ သင်ခန်းစာယူလိုက်ရင် ကျွန်မ စိတ်ဓာတ်ကို အလေ့အကျင့်လုပ်ပြီး ကောင်းတဲ့ ဘက်ကို တစ်ဆင့် တက်သွားနိုင်ပါတယ်။
    မဟုတ်ဘဲ ဒေါသ နဲ့ ပြန်တုံ့ လိုက်ရင် အကျိုးအမြတ် မရဘဲ အရှုံးဖြစ်သွားမှာ မဟုတ်လား။

    ဒီရွာကနေ ရတဲ့ Positive အလေ့အကျင့်ဟာ ယူတတ်ရင် ကိုယ့်အလုပ်ခွင်ထဲမှာ လူတွေ နဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေပါတယ်။
    လူတွေ နဲ့ အဆင်ပြေလို့ အလုပ်ခွင်မှာ ပျော်ရင် ကိုယ့်အိမ် မိသားစု နဲ့ ဆက်ဆံရာမှာလဲ ပိုပြီး ပျော်ရွှင်ရပါတယ်။
    အားလုံးက ဆက်စပ်နေတာပါ။

    ကျွန်မ ပြောခဲ့ “ရွာဆူအောင်လုပ်တယ်” ဆိုတာ ကိုတိန်တောင် (ခင်မင်သွားပြီမို့ ရင်းနှီးသမှုခေါ်ပါတယ်) ကို မဆိုလိုရိုး အမှန်ပါ။
    ရွာပွဲ အကြောင်း သူများတွေ တက်တက်ကြွကြွ ပြောနေချိန် အရည်အဖတ်မရတဲ့ သတင်းတွေ တင်နေသူတွေမျိုး ကို ဆိုလိုတာပါ။
    ကိုတိန်တောင် လဲ မြင်မှာပါ။

    ကျွန်မ ဒီရွာမှာ ဝင် နေတာ အချိန်တွေ ပိုလွန်းလို့ ဝင်ဖြုန်းနေတာမဟုတ်ပါဘူး။
    ရခိုင်အရေးတွေ၊ ကချင်အရေးတွေ၊ ခရိုနီ အရေးတွေ အတွက် လေတိုက်ပွဲဝင်နေတာလဲ မဟုတ်ပါဘူး။
    ကိုယ့်အတ္တအတွက် သူများတွေ ကို ထိခိုက် နေတတ်တဲ့ စိတ်ထားများ ရှိရင် အသိတရားရနိုင်အောင် အတွက် အပြန်အလှန် remind လုပ်ဖို့ အချိန်ပေးပြီး ဝင်နေတာပါ။
    တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ဓာတ်တွေက နေ နိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ကို ဖြစ်စေနိုင် တယ်လို့ လဲ ယုံကြည်လို့ပါ။
    အဖွဲ့အစည်း တစ်ခုရဲ့ ရည်မှန်းချက် တစ်ခုအောင်မြင်ရေးမှာ တစ်ဦးတစ်ယောက် နဲ့ လုပ်မရဘဲ လူအများနဲ့ လုပ်ဆောင်ရတာမို့ လူမှုဆက်ဆံရေး၊ အတ္တမကြီးရေး၊ သူများကို (လူသားချင်း) စာနာတတ်ရေး၊ အများအတွက်ပါ စဉ်းစားတတ်ရေးတွေ က အင်မတန် အရေးကြီးပါတယ်။
    သူများပြောတိုင်း လိုက်လုပ်ရမယ် မဟုတ်ပါဘူး။ ဆင်ခြင်ဖို့ အချက်ရအောင်ပါ။
    ကျွန်မတို့ ငြင်းခုံနိုင်ပါတယ်၊ အော်ဟစ်နိုင်ပါတယ်။ တိတ်တိတ်ကြိတ်ပြီး နေတာထက် အများကြီး ကောင်းပါတယ်။
    ဒါပေမဲ့ အဲဒီ အကြောင်းတွေဟာ အဖွဲ့ရဲ့ ကောင်းကျိုး ကို ဖြစ်စေဖို့ ဦးတည်ချက်တော့ မှန်သင့်ပါတယ်။
    ငါ ကို ချန်ခဲ့နိုင်သ၍ အားလုံးက သာယာပါတယ်။
    မဟုတ်လား။

    ကိုတိန်တောင် လို လူမျိုးတစ်ယောက် အချိန်ပေးပြီး ဝင်လာရင် ရွာမှာ အင်မတန် အဖိုးတန်တဲ့ မှတ်ချက်တွေ၊ Post တွေ ဖတ်ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

    ဒီမှတ်ချက်ဟာလဲ ကိုတိန်တောင် ကိုပြောတာထက် ရွာထဲကသူအားလုံးကို Positive အမြင် ဖြစ်အောင် ကိုယ်လေ့ကျင့်ယူနေတာကို မျှတဲ့အနေနဲ့ ရေးတာပါ။

    ကြုံရင်ကြုံ သလို ဆရာလုပ်နေတာတော့ ခွေးလွှတ်ကြပါ။ 😉
    ကျွန်မလဲ Perfect ဖြစ်ပြီး အမြဲကောင်းနေသူမဟုတ်ပါဘူး။
    ဒါပေမဲ့ ကောင်းအောင်ဖြစ်ဖို့တော့ ကြိုးစားနေသူပါ။
    :kwi:

    • Na Way_Tain_Taung

      January 25, 2013 at 1:38 pm

      အစ်မလတ်ရေ (ခင်သွားပီမို့) :kwi:
      ပထမဆုံးအနေနဲ့ပြောချင်တာက အစ်မရဲ့ ခင်မင်မှုအတွက် ကြိုဆိုပါတယ်လု့ိ
      အစ်မရေ ကျွန်တော်တို့ လူကြီးတွေဟာ တစ်ချိန်က လူငယ်လေးတွေမဟုတ်ပါလားဗျာxxxx
      အစ်မကို ဝင်ပြော(ထောက်ပြ)မိတာက ရိုင်းသလိုဖြစ်ရင်လဲ ခွင့်လွှတ်စေချင်တယ်xxx ကျွန်တော်ပြောမိတာကလဲ လူငယ်တွေအမြင်မှာ လူကြီးတွေကို ကောင်းတဲ့အမြင်မျိုးမမြင်မယ့် စာလုံးအသုံးအနှုံးကြောင့်ပြောမိခြင်းသာxxxx ကျွန်တော့်အလုပ်မှာ ကျွန်တော့်လက်အောက်က လူငယ်ပေါင်းများစွာရှိနေပါတယ်xxxသူတို့လေးတွေအပေါ်မှာ အထက်စီးကျကျ မဆက်ဆံမိဖို့ အမြဲကြိုးစားပါတယ်xxx လူကြီးဆိုတာဟာ လူငယ်တွေရဲ့ ရှေ့ဆောင်မဟုတ်ပါလားဗျာxxx ဒီတော့ လူကြီးရယ်လို့ ဖြစ်လာပြီဆိုရင် လူကြီးပီသဖို့ကြိုးစားသင့်တယ်(ရမယ်)xxx လူငယ်တွေလမ်းမှန်ရောက်ဖို့ လူကြီးတွေက လမ်းမှန်လျှောက်မှ သူတို့လေးတွေအတွက် အလားလာကောင်းတွေ တသီကြီးပိုင်ဆိုင်နိုင်မယ်လေxxxx
      ကျွန်မ ဒီရွာမှာ ဝင် နေတာ အချိန်တွေ ပိုလွန်းလို့ ဝင်ဖြုန်းနေတာမဟုတ်ပါဘူး။
      ရခိုင်အရေးတွေ၊ ကချင်အရေးတွေ၊ ခရိုနီ အရေးတွေ အတွက် လေတိုက်ပွဲဝင်နေတာလဲ မဟုတ်ပါဘူး။
      ကိုယ့်အတ္တအတွက် သူများတွေ ကို ထိခိုက် နေတတ်တဲ့ စိတ်ထားများ ရှိရင် အသိတရားရနိုင်အောင် အတွက် အပြန်အလှန် remind လုပ်ဖို့ အချိန်ပေးပြီး ဝင်နေတာပါ။
      တစ်ဦးတစ်ယောက်ချင်းရဲ့ စိတ်ဓာတ်တွေက နေ နိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ကို ဖြစ်စေနိုင် တယ်လို့ လဲ ယုံကြည်လို့ပါ။

      ကျွန်တော်လဲ အချိန်တွေအရမ်းပိုနေလို့တော့မဟုတ်ပါဘူးxxxxကျွန်တော်က နယ်မြို့များသို့ပါ သွားရောက် ရောင်းဝယ်ဖောက်ကားနေသူတစ်ယောက်ပါxxxxရန်ကုန်ပြန်ရောက်ခိုက်မှာ စိတ်၏အပန်းဖြေရာအဖြစ် ဒီကွန်ယက်ကြီးထဲကို ဝင်ရောက်ရင်း ကျွန်တော့်အလုပ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ လူကြီးလူငယ်ပြဿနာနဲ့ တိုက်ဆိုင်လွန်းလို့ ဝင်ရောက် ဆွေးနွေးမိခြင်းသာxxx ငြင်းခုံခြင်းမဟုတ်ပါxxx COMMENT ဆိုတဲ့သဘောကတော့ အစ်မသိပြီးသား ဝေါဟာရတစ်ခုပဲလေxxx နောက်တစ်ခုမြင်တာလေး တစ်လက်စ ဆက်ဆွေးနွေးခွင့်ပြုပါxxx
      ရွာပွဲ အကြောင်း သူများတွေ တက်တက်ကြွကြွ ပြောနေချိန် အရည်အဖတ်မရတဲ့ သတင်းတွေ တင်နေသူတွေမျိုး ကို ဆိုလိုတာပါ။
      ကိုတိန်တောင် လဲ မြင်မှာပါ။

      ဟုတ်ကဲ့ ကျွန်တော်တို့ အပြင်မှာ ဝယ်ဖတ်ရတဲ့ သတင်းစာ/ဂျာနယ် တချို့ (အားလုံးဟုမဆိုလို)မှာတောင် အရည်အဖတ်မရတာတွေဖတ်ရတတ်ပါတယ်xxx ဒါပေမယ့် ကျွန်တော့်အမြင် အရည်အဖတ်တွေလို့ မမြင်ပဲ စာကို စာလိုသာ မြင်စေချင်ကြောင်း xx ဒီရွာထဲမှာသုံးသပ်ကြည့်ရရင်ဖြင့် ပုဂ္ဂိုလ်ရေးတွေရောထွေး နေပြီးစာပေရသ ပျောက်နေသယောင်တောင် မြင်မိပါတယ်xxx တကယ်တန်း စာကို စာလိုသာဖတ်လိုက်မယ်ဆိုလျှင်ဖြင့် လူတိုင်း လူတိုင်းဦးတည်ရာအားလုံးက တူညီနေမှာပါxxx Website တွေ အများကြီးရှိပါတယ် xxx ကျွန်တော်လဲ တော်တော်များများဝင်ဖတ်ဖြစ်တယ် xxx ဒီ မန်းဂဇက်ရဲ့ Result အရ ဒီနေရာမှာ ကျွန်တော်နဲ့ သက်တူရွယ်တူတော်တော်များများနဲ့ တကယ့် စာအရေးကောင်းတဲ့ ပုဂ္ဂိုလ်တွေရှိနေသမို့ မန်းဂဇက်အပါအဝင် အခြား ကွန်ယက် သုံးလေးခုကို ပဲဝင်မိပါတယ် xxx တချို့ ဆိုဒ်တွေဆို အဆဲအဆိုလေးတွေတောင် ပါတတ်တာ တွေ့မြင်ရပါတယ်xxx ဒီလိုဆဲဆိုတာတွေဟာ ဉာဏ်ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံနဲ့ ရေးသားတဲ့ သူတွေကို နှောင့်ယှက်နေတဲ့ အဖျက်ပိုးလေးတွေလို့မြင်မိတယ်xxx ဒါပေမယ့် အဲဒီအဖျက်ပိုးလေးတွေကို လာဖျက်လို့ဆိုပြီး ရိုင်းစိုင်းစွာ ပြန်လည်ပြောဆိုဆက်ဆံမိရင်ဖြင့် စာရေးသူ(ဖန်ဆင်းရှင်)တွေ ဘာဖြစ်သွားမယ်၊ ဘယ်လို အနေအထားရောက်သွားမယ်ဆိုတာကို တွေးကြည့်ရင်ဖြင့် သိနိုင်ပါတယ်xxxx မန်းဂေဇက်ဟာ စာပေဆုတွေတောင် ပေးနေပြီဖြစ်တဲ့ အတုယူဖွယ်ဆိုဒ်ကြီးပဲကွယ်xxx နားလည်ပေးမယ်ဆိုရင်ဖြင့် နားလည်ပေးလို့ရနိုင်ပါတယ်(ကျွန်တော့်အမြင်) x x x ဥပက္ခာတရားလက်ကိုင်ထား နားလည်ပေးလိုက်ပါ ကဲအစ်မလတ်ရေ ကျွန်တော့်ရေးတဲ့စာတွေလဲ တော်တော်များသွားပီထင့်xxx တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ဖြင့် အစ်မနဲ့တူတဲ့ကျွန်းစုလေးများ ရောက်နိုင်ကောင်းပါရဲ့xxx
      ခင်မင်ခြင်းများစွာဖြင့် ဆွေးနွေးချင်းသက်သက်
      နဝေတိမ်တောင်

      • အရီးခင်လတ်

        January 25, 2013 at 3:29 pm

        အစ်မလတ် ဆိုတော့ ကျွန်မ က အသက်ပိုကြီးတဲ့ သဘောပေါ့နော်။ 😥

        ငါ့ထက်ထက် အသက်ပိုကြီးသူတစ်ယောက် တော့ တိုးပြီဟဲ့ လို့ ကြိတ်ဝမ်းသာနေတာ။ 😉

        ရွာထဲမှာ အမှန်တရားအတွက် remind လုပ်ပေးမဲ့၊ အပြုသဘောအတွက် ဝေဖန်ပေးမဲ့ တိမ်တစ်လွှာ ထပ်တိုး လာတာကို ပိုပြီး ဝမ်းသာပါတယ် ကိုတိမ်တောင်ရေ။

        “အရည်မရ အဖတ်မရ” လို့ ကျွန်မ ပြောလိုက်တာကို ပြန်လည်ထောက်ပြပေးလို့ လဲ ကျေးဇူးတင်ပါတယ်။
        အနဲဆုံးတော့ Post တင်သူဟာ ဘာဘဲ တင်တင် သူ့အချိန်လေးတော့ စိုက်ထုတ်ပေးခဲ့ရတာမို့ အဲဒါကို လေးစားသော အားဖြင့် ကိုယ်နဲ့ သဘောမတွေ့တိုင်း မငြိုငြင်သင့်ဘူး ဆိုတာ ဆင်ခြင်လိုက်ပါတယ်။
        ကျန်တာကတော့ သူ့စေတနာနဲ့ သူပေါ့။ မဟုတ်လား။

        ဘာဘဲဖြစ်ဖြစ် ကျွန်မလဲ ရွာ့မောင်လေး တစ်ယောက်တိုးလို့ တကယ်ဘဲ ဝမ်းသာမိပါတယ်။
        ကံပိုဆက်ရင်တော့ တစ်နေ့ အပြင်မှာ တွေ့တတ်ပါတယ်။ (သူကြီးမမြင်စေရ) 😆

        • Na Way_Tain_Taung

          January 25, 2013 at 4:24 pm

          အစ်မလတ်ရေ အစ်မမောင်လေး နဝေတိမ်တောင် မှားတာရှိလျှင် ခွင့်လွှတ်ပေးတော်မူxxx
          ကံပိုဆက်မယ့် တစ်နေ့ အပြင်မှာ တွေ့ချင်ပါသေးတယ်xxx သူကြီး U/Ko Kai မမြင်စေရပါဘူးxxx ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဤရွာမှာ တိုးပွားပါစေသားxxx
          နောက်နေ့တွေရန်ကုန်မှာ ရှိဖို့မသေချာတော့တဲ့
          ခင်မင်တဲ့
          နဝေတိမ်တောင်
          (အလျဉ်းသင့်လျှင် သင့်သလို ဝင်ရောက်ဆွေးနွေးပါဦးမည်)

  • kai

    January 25, 2013 at 6:51 am

    သစ်တစ်ပင်ကောင်း ငှက်အပေါင်းနားနိုင် ဆိုတော့ ရွာတစ်ရွာကောင်း လူအပေါင်းများစွာ ဖြစ်တည်ကြပါစေလို့

    ကျွန်မတို့ ငြင်းခုံနိုင်ပါတယ်၊ အော်ဟစ်နိုင်ပါတယ်။ တိတ်တိတ်ကြိတ်ပြီး နေတာထက် အများကြီး ကောင်းပါတယ်။
    ဒါပေမဲ့ အဲဒီ အကြောင်းတွေဟာ အဖွဲ့ရဲ့ ကောင်းကျိုး ကို ဖြစ်စေဖို့ ဦးတည်ချက်တော့ မှန်သင့်ပါတယ်။

    မင်္ဂလာရှိသော စကားများပါခင်ဗျား…
    တကယ်လည်း.. ငှက်တသောင်းထက်.. ငှက်အပေါင်းဆိုပိုကောင်းတယ်..
    ဒီရွာထဲတောင်ရွာသူားအဖြစ်မှတ်ပုံတင်ထားတူ.. ၁သောင်း၃ရာရှိနေပြီမို့ပါ..။
    အာဖရိကတိုက်က..သစ်ပင်ကြီးတွေများ.. ကွင်ပြင်အလယ်ထီးထီး.. ငှက်တသိန်းလောက်တက်နားတာ.. ထင်တာပါပဲ..။ :harr:

    ပျော်ကြပါစေ…။

    • Na Way_Tain_Taung

      January 25, 2013 at 1:41 pm

      ကျွန်တော် နဝေတိမ်တောင်ရဲ့ ဆွေးနွေးချက်စေတနာကို အသိအမှတ်ပြုတဲ့ U/Ko Kai ကိုလဲကျေးဇူးတင်ပါတယ်

  • padonmar

    January 25, 2013 at 10:45 pm

    ငြင်းခုန်ခြင်းအနုပညာစတော့ ကိုယ်ကမငြင်းတတ်သူပီပီ ပုဏ္ဏားကွယ်လေးက အသာလေးချောင်းကြည့်နေရတယ်။
    ဟော လက်ဆွဲနှုတ်ဆက်ကြပြီဆိုတော့မှ ထွက်လာရဲပါတယ်။
    မလတ်ဖက်ကိုတော့ အကြောင်းသိပြီးသားမို့ စိတ်မပူပါဘူး။
    ကိုယ်မှားတယ်ဆိုရင်လညိး ဝန်ခံရဲတဲ့ ဗျတ္တိရှိပြီး
    မှန်တယ်ဆိုရင်လည်း အညံ့မခံရဲတဲ့ သတ္တိရှိလို့သာ ဂဇက်ရဲ့ ကြယ်လေးလုံးအရီးလတ်ဖြစ်ရတာပဲ။
    ကို နဝေတိမ်တောင် ကိုသာ ဆွဲရမလား ကာရမလားလို့ကြည့်ရတယ်။
    ကိုတိမ်တောင်ကလည်း အရည်အချင်းတွေ ပြသွားတော့ ကျမတို့ လူကြီးပေါတဲ့ ဂဇက်မှာ ခင်မင်စရာ လူတော် မောင်တစ်ယောက် တိုးပြန်ပြီလို့ မှတ်ထင်မိပါတယ်။
    ကိုတိမ်တောင်ရဲ့ ရှည်လျားတဲ့ ပြန်လှန်ဆွေးနွေးချက်တွေကလည်း ကိုစံလှကြီးကိုတောင် သတိရစေမိပါတယ်။
    နောင်ခါ ဂဇက်ကွန်ဖရဲင့်စ်ကျရင်/ဒီကြားထဲလည်း ကြုံကြိုက်ရင် ဂဇက်မိသားစု စကားဝိုင်း စားဝိုင်းတွေမှာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

Leave a Reply