ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

padonmarJanuary 21, 20131min48231

အခမ်းအနားစဖို့ လူတွေနေရာယူမယ်လို့ပြင်နေတုန်း ခေါင်းပေါင်းကြီးနဲ့ တိုက်ပုံအဖြူဝတ်လို့ ရွှေတိုက်နဲ့ နင်လားငါလား ထွားကျိုင်းတဲ့ အရပ်ပိုင်ရှင် ဝင်လာပါတယ်။

အို ဂဇက်ရွာသူသားတွေကို ဒီလို ရုပ်ဖျက်လာလို့ ဘယ်ရမလဲ။

လူတိုင်းက မိုင်နိမ်းအစ်စ် ဖတ်ထားတဲ့သူတွေပဲ၊

`ဂန္ဓာရီစာအုပ်´လို့ ဝိုင်းအော်လိုက်ကြတာပေါ့။

ဆုယူမယ့်သူ ၆ယောက်မှာ တစ်ယောက်လိုနေသေးတော့ ခဏစောင့်နေတုန်း

လိမ့်လိမ့်လိမ့်လိမ့်နဲ့ တောင်ကြီးနှစ်လုံးလို Fatty Cat တို့စုံတွဲ ရောက်လာပါတယ်။

အာဂနဲ့နွယ်ပင် မောင်နှစ်မ(အာဂအပြောပါ)လည်း ကရဝိက်ဖက်ကနေ ရောက်လာပါတယ်။

ဘာမှ မပတ်သက်ပါဘူးဆိုတဲ့ အိတုံနဲ့ ဒေါက်တာ AKKO ကတော့ လူရင်းတွေပီပီ အစောကြီးကတည်းက ကြိုဆို နေရာချပေးနေပါတယ်။

အဲဒီအချိန် လူတစ်အုပ်ဝင်လာတာတွေ့တော့ ဘယ်သူတွေများပါလိမ့်လို့ ဝိုင်းအကဲခတ်ကြပါတယ်။

မောင်ဝါဝါ ကတော့ သူ့အဗာတာ ပုံအတိုင်း ပြေတီဦးထက်ချောတဲ့ ရုပ်နဲ့ဆိုတော့ မှတ်မိကြပါတယ်။

ရင်နင့်အောင် ကလည်း ပုံထဲကရုပ်နဲ့ သိပ်မကွာပါဘူး။

ဩဂုတ်လ ဆုရှင် ဘကြီးအောင် ဆိုတဲ့ အောင်မိုးသူက နည်းနည်းနောက်ကျမှရောက်ပါတယ်။

ဘောင်းဘီလက်ရှည် ရှူးဖိနပ်နဲ့ စမတ်ကျကျ လာတာကတော့ Water Polo ပါတဲ့။

(ဒေါက်တာ ဆိတ်ဖွားတော့ မဟုတ်ပါဘူးနော်လို့ မေးကြရပါတယ်)

သူနဲ့အတူ ဝင်လာတဲ့ ရှမ်းမလေးလို ဖြူဖြူချောချောလေးက Water Fish ပါ။

ရွှေတိုက်က မီးဖိုနားသိပ်မကပ်နဲ့၊ကြော်လိုက်လိမ့်မယ် လို့ စေတနာ ဗလဝနဲ့ သတိပေးလို်က်ပါတယ်။

(အုပ်အုပ်က မျက်စောင်းထိုးပါတယ်။)

သူတို့ကိုတော့ ချောင်လေးထဲ ငြိမ်ငြိမ်လေး ထိုင်နေတဲ့ easycook ဝေဝေနဲ့ ဆူးတို့ ဝိုင်းကိုပို့ပေးလိုက်ပါတယ်။

ဗွီနိုင်းရဲ့ရှေ့မှာ မိုချို့မောင်လေးနဲ့ ဆုယူရမယ့် ဆုရှင် ၆ ဦးက တစ်ဝိုင်း

ဖတ်ရွေးတွေနဲ့ တောက်တိုမယ်ရ စုံစီနဖာ အဖွဲ့ဝင်တွေဖြစ်တဲ့ M လုလင်၊ဦးပါ၊အဘဖေါ၊အမတ်မင်း ၊အာဂ၊မမနဲ့ ပဒုမ္မာတို့ က တစ်ဝိုင်း နေရာယူလိုက်ကြပါတယ်။

အဲဒီနောက်မှာတော့ ရွာသူားတွေ အတွက် ဝိုင်း ၄ဝိုင်းစီစဉ်ထားပါတယ်။

ထိပ်ဆုံး(ဆုယူရမယ့်သူတွေရဲ့ ဝိုင်းနဲ့ မျက်စောင်းထိုးကလေး၊မျက်လုံးကလေး စွေလိုက်ရုံနဲ့ မြင်ရမယ့် အနေအထားမှာ)ရွာသူ အပျိုချော ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကလေးတွေပါ။

ပန်းရောင်ဇာအကျီင်္နဲ့ လှနေတဲ့ မအိရဲ့ `ကောင်မလေးတွေ ကပ်ကျေး အသင့်´ဆိုတဲ့ကွန်ထရိုးအောက်မှာ

အပျိုကြီး ရွှေအိ

MG မောင့်ကို တစ်နေ့မတွေ့ရရင် မနေနိုင်ပါဘူးဆိုတဲ့ ရွာသူ ဂျူးဂျူးမ၊

အပျိုကြီးလုပ်မှာဆိုတဲ့ အိတုံ၊ (အိညီအမ ၃ဖော်ပါ)

ဘယ်လိုတောင်းတောင်းမပေးဘူးဆိုတဲ့ Green Rose

လူချောင်းပွဲ …အဲမှားလို့ တွေ့ဆုံပွဲ အစဦးဆုံးစီစဉ်ခဲ့သူ Moonpoem

ကွန်မန့်လေးတွေ အပေးကောင်းတဲ့ TinTin ၊မျက်မှန်လေးနဲ့ ပြုံးပြုံးလေးနေတတ်တဲ့ ငြိမ်းငြိမ်း

အာဂရဲ့ ညီမလေး နွယ်ပင် တို့ နေရာယူထားကြပါတယ်။

(ကပ်ကျေးတွေကတော့ စလင်းဘက်ထဲဆိုတော့ မမြင်ရပါဘူး)

ဦးကျောက်ကတော့ အဲဒီဝိုင်းနားသွားရဖို့ အခွင့်အရေးချောင်းနေတာ အနားက ဦးကြီးမိုက်က ဆုယူဖို့ လွတ်သွားပါမယ်ကွာ ဆိုပြီး ဆွဲထားရပါတယ်။

အဲဒီဝိုင်းဘေးမှာတော့ Dr.AKKO ၊ဦးမင်းအဏ္ဏဝါ ၊Cobra၊ မင်းသုဝေ၊ရွာစားကျော်၊P Chogyi ၊ဦးမာဃ၊ကိုသွင်ဇေယျာမျိုး၊အံစာတုံး၊ကမ်းဝေး၊Fatty Cat တို့စုံတွဲ ထိုင်ကြပါတယ်။

အလယ်တည့်တည့်မှာတော့ ကင်မလာကြီးတွေနဲ့ လုလင်နဲ့ ဆရာအုပ်က အပီအပြင်နေရာယူပြီးဖြစ်ပါတယ်။

တတိယဝိုင်းမှာတော့ ဗလာမပါ ကံစမ်းမဲ အလှူရှင် ရွာရဲ့ အလှပဂေး မနိုဗွီ နဲ့ အုပ်ထိန်းသူ ဂျူနိုလေး၊

တိုက်တိုက်ရဲ့ အုပ်ထိန်းသူ စိမ်းမမစိမ်း၊

လူငယ်သလောက် စကားလုံးတွေ ပြောင်မြောက်တဲ့ လုံမလေးမွန်မွန်

သူ့ရဲ့ ချစ်သူငယ်ချင်း သျှားသက်မန် (သူတို့လေးတွေ နှစ်ယောက်က ရုပ်ကလေးလည်းဆင်၊နာမည်ရင်းလည်းတူ၊လက်စွမ်းထက်ပုံချင်းလည်းတူ၊အလုပ်ကလည်း တူ ဆိုတော့ တကယ့် အမွှာညီအမပါပဲ)

ကျမတို့ အမွှာညီအမလို တစ်ဖက်လိုက်မနေပါဘူး။

မျက်မှန်လေးနဲ့ လှနေတဲ့ မယ်စကြဝဠာဆိုက် ပန်ပန်ချစ်၊

အက္ခရာမင်းသား အလင်းဆက်၊

Net Guide Journal ရဲ့ ပင်တိုင် ကလောင်ရှင် သူရဿဝါ၊

ဆန်ခါတင်ထဲ မကြာမကြာပါတဲ့ ရင်နင့်အောင် တို့ဖြစ်ပါတယ်။

စတုတ္ထဝိုင်းကတော့ ရွာတော်ရှင်ဆူး၊အီးဇီးကွတ် ဝေဝေ၊ ရောင်းလက်စ ဂျလေဘီ ဗန်း ခဏသိမ်းလာတဲ့ ကိုဆာမိ၊

Water Follow Fish Follow အော်မှားလို့ Water Polo နဲ့ Water Fish တို့ဖြစ်ပါတယ်။

လူတွေစုံပြီဆိုတော့ အစီအစဉ်ကို အခမ်းအနားမှူး ရွှေတိုက်စိုးက ကြေငြာပါတယ်။

(မမက အနောင်စာလုပ်ဖို့ ဆံပင်တောင်ကောက်ထားရတာကို မသိချင်ထောင်ထောင်ပြီး

အန်တီမမခါးနာနေပါတယ် အကြောင်းပြပြီး မိုက်ခဲကြီး ရွှေတိုက် မိုက်ကို မလွှတ်ကြောင်း

ဆုံးမသည့်အနေဖြင့် နှစ်နာရီတိတိ တရားထိုင်ခိုင်းရင်း ဒဏ်ခတ်ပေးပါရန်

အုပ်အုပ်သို့ ဤနေရာမှ ဆန္ဒထုတ်ဖော်ရင်း ခဏနားပါရစေ)

31 comments

  • ဦးဦးပါလေရာ

    January 21, 2013 at 1:54 am

    သိတယ်လေ.. ကိုယ့်အမလက်ရာကို…
    မန်ဘာအကုန်ကို သိနေ အမှတ်တရရှိနေပြီး ၊
    ဒေါင့်စေ့အောင်မြင်တတ် – သူများမျက်စေ့ထဲ ထင်မြင်လာအောင်ရေးတတ်တာ..။

    ဒါကြောင့် အခန်းအနားပိုစ့်တင်ပေးဖို့ တတွတ်တွတ်ပူဆာထားရတာ….

    ရွာသူားများ ကျုပ်-ဦးပါ ကို ကျေးဇူးတင်ကြပါ…

    :harr:

    • ကထူးဆန်း

      January 21, 2013 at 9:11 am

      ဒါကြောင့် ငှက်ကထကြီးဖြစ်နေတာလေ ..ဘယ်သူကို ဘယ်နေရာမှာသုံးရမယ်ဆိုတာလည်း သိပါ့ ။။
      ဒါပေမဲ့ ဒါပေမဲ့… ငှက်ကထကြီးရဲ့ လက်ရာက်ို ဒီလ ဆု ကြေညာတဲ့ ပိုစ်မှာ မြင်ရမှာမို့လား ဟင်င်င်င်… :harr:

  • padonmar

    January 21, 2013 at 1:57 am

    https://myanmargazette.net/164389 ရွာသူ/ရွာသား တွေရဲ့ မိတ်ဆက်စကား- ဂန္ဓာရီ ဆြာအုပ်
    နဲ့ ဆက်ပြီး ဖတ်ကြစေလိုပါတယ်။(ဟိဟိ အကွက်မြင်လို့ အချောင်ခိုလိုက်ပြီ)

  • padonmar

    January 21, 2013 at 2:05 am

    အော်..အဲဒါကြောင့် ကျမရဲ့ မိတ်ဆက်စကားမှာပြောခဲ့ပါတယ်။
    ကျမကို ဥက္ကဋ္ဌကြီး ဥက္ကဋ္ဌကြီးနဲ့ မြှောက်မြှောက်ပြီး သူတို့ခိုင်းတာလုပ်နေရတာပါလို့။
    ………
    ကျမ အဖီလေးကနေ ခေါင်းနဲ့ ဆင်းရရင်တော့ ဦးပါနဲ့ ရွှေတိုက်ကြောင့်ပဲ။

  • kai

    January 21, 2013 at 2:42 am

    မနက်ဖြန်က.. အိုဘားမားဒုတိယသက်တမ်း ကျမ်းကျိန်ပွဲရှိတာမို့.. ဒီနေ့တနေ့လုံးက.. ဝါရှင်တန်မှာ အင်မတန်အလုပ်များတဲ့နေပေါ့..
    လူသိန်းချီသွားကြတဲ့ပွဲပါ.. သန်းဂဏန်းတောင်ရောက်မလားမသိ..
    တီဗီသတင်းတွေမှာ.. ဒါချည်းပြနေတာ..။

    ဆိုတော့…
    ပထမမန်းဂဇက်ကွန်ဖရဲင့်စ်နဲ့.. အမှတ်တရ.. :harr:

    • အရီးခင်လတ်

      January 21, 2013 at 2:59 am

      ဒါကြောင့် “အိုဘားမား” စာရင်းပေးပြီး မတက်ဖြစ်တာကိုး။ 😆

  • Foreign Resident

    January 21, 2013 at 6:38 am

    အခုပွဲမှာ တကယ် စိတ်ရော ကိုယ်ပါ အပင်ပန်းခံပြီး ရှေ့ဆောင် လုပ်ခဲ့တာ ၊
    ရွှေတိုက် ၊ အမတ်မင်း ၊ ဦး ကြီးမိုက် ( တစ်ချို့ ထပ်ရှိပါသေးတယ် ) တို့ပါ ။
    သူတို့ကြောင့်သာ အဘ ၊ ဦးပါ ၊ မပဒုမ္မာ တို့ လူ သိပ် မပင်ပန်းခဲ့ရပါဘူး ။
    အထူး ကျေးဇူးတင် ၊ အသိအမှတ် ပြုပါတယ် နော် ။

  • surmi

    January 21, 2013 at 8:37 am

    ဓတ်ပုံတွေ မပါသေးပေမဲ ့ တကယ်ပဲ အသက်ဝင်လှပါတယ်
    တချို ့ဝိုင်းတွေက သူတွေကို သေသေချာချာ မတွေ ့ခဲ ့ရတာ အခုတော ့
    အစ်မပဒုမ္မာ မှတ်သားရေးပေးလို ့ သိရပါကြောင်း
    ကျေးကျေးပါဗျာ ။ဒီနေ ့ဖတ်ရပေမဲ ့ မနေ ့ကကိုပြန်ရောက်သွားပါတယ်…….။

  • ကထူးဆန်း

    January 21, 2013 at 9:13 am

    သူကြီးကို အန်တီပဒုမ္မာကိုတော့ တစ်နေ့ နှစ်ပုဒ် ခြွင်းချက် ပေးပါလို့တောင်းဆိုရမယ် ထင်တယ် …. :kwi:

  • nozomi

    January 21, 2013 at 9:15 am

    အန်တီလေး ရေ
    ကိုယ်တိုင် တက်ရသလို မျက်လုံးထဲ ကို မြင်လာတယ်
    စီစဉ်သူ တက်သူ ရေးသူ အားလုံးကျေးဇူးတင်ပါတယ်

  • Thu Wai

    January 21, 2013 at 9:24 am

    အန်တီ ပဒုမ္မာ သိမှာပါ ကျွန်တော် မိတ်ဆက်စကားပြောတော့ လူကြီးတွေများလို့ နည်းနည်းရှိန်နေတော့ လိုတိုရှင်းပြောလိုက်ရတာ အမှန်တကယ်က စိတ်ထဲမှာပြောဖို့စဉ်းစားထားတဲ့စကားတွေကအများကြီး။
    နောက်တစ်ခါတွေ့ဆုံပွဲကြရင် အဲလိုမဖြစ်ပဲ ပြောရဲဆိုရဲ ရှိအောင် ကွမ်းစားပြီးပြောရင်ကောင်းမလား ။ ဒါမှမဟုတ် အဲဒီ မိုက်တွေ ဆောင်းဘောက်တွေ ကိုအိမ်သယ်သွားပြီး နောက်တစ်ခေါက်ပွဲအတွက်လေ့ကျင့်ရင်ကောင်းမလား လို့စဉ်းစားနေတာ ။

    • ရွာသူ jujuma .

      January 21, 2013 at 11:38 am

      ဟားးးး အကြံတူနေပီ ကိုသုဝေရေ ..
      ဂျူးမက မိုက် ကြောက်တဲ့ရောဂါရှိတယ် …
      မနေ့ကတောင် တော်တော်အားတင်းပြီးပြောလိုက်ရတာ …
      နောက်တွေ့ဆုံပွဲတွေအတွက် အိမ်မှာ မိုက်နဲ့ပြောရဲအောင် ကျင့်ရင်ကောင်းမလားစဉ်းစားနေမိတယ်.. :kwi:

      • P chogyi

        January 22, 2013 at 11:57 am

        မိုက်ကြောက်တယ်ဆိုတော့
        ဦးကြီးမိုက်နားသိပ်မကပ်နဲ့နော်

  • Mon Kit

    January 21, 2013 at 9:31 am

    ဒါ့ပုံကြည့်ပီး မြင်နေရသလိုဘဲ…
    အန်တီပဒုမ္မာ က ရေးတတ်ချက်တော်……..
    P3 ကို ရောက်သွားသလိုပါဘဲ…
    မျှော်နေအုံးမယ်… ဒါ့ပုံတွေကို……..

  • မိုချို

    January 21, 2013 at 9:35 am

    အန်တီ ရေ
    မျက်စိမရှင်၊ နားထိုင်းပြီး စိတ်နဲ့ မှတ်ပြီး ပြန်ရေးရတဲ့ လက်နှေးတဲ့ အဖွားကြီးဖြစ်ပေ လို့ သာပဲ နော်။ စေ့စေ့ စပ်စပ် နဲ့မန်ဘာအားလုံး ကိုပုံ ပန်း သွင်ပြင် နဲ့ ၊ ထိုင်တဲ့ နေရာက အစ သေချာ မှတ် ထား နိုင်တဲ့ အန်တီ့ မှတ်ညဏ် ကတော့ တကယ်အား ကျစရာပဲ။ ကျမ သာ အန်တီ့ အရွယ် ဆို အဲလောက် မှတ်မိ ပါ့ မလား မသိဘူး။

  • Wow

    January 21, 2013 at 11:01 am

    မရောက်ခဲ့ရပေမဲ့ ပွဲအလယ်ရောက်နေသလို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးတတ်လိုက်တာ မပဒုမ္မာရယ်…

  • ဆူး

    January 21, 2013 at 11:13 am

    တိုတောင်း လှတဲ့ အချိန် အတွင်းမှာ မဆုံတွေ့တာ ကြာတဲ့ မိတ်ဆွေ တွေကို နှုတ်ဆက်ဖို့ ရီပြပြီး စကားတောင် သေချာ မပြောနိုင်ခဲ့ဘူး။
    အချိန်တွေရယ် ကုန်မြန်လွန်းလှပါတယ်.. နောက်တခါ အချိန်ပိုများများ လုပ်ဖို့ လိုမယ် ထင်တယ်.. ဟိဟိ

    ပျော်ခဲ့ပါတယ်.. ပွဲစီစဉ်သူတွေကော ပွဲတက်ရောက်သူတွေ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။

  • Shwe Ei

    January 21, 2013 at 1:14 pm

    ဆယ်နာရီခွဲလောက်မှာ မပြောမဆို လစ်ထွက်လာမိတာ
    စိတ်ထဲမကောင်းဝူးဖစ်နေတာရှင့်။ ညီအမလိုချစ်ရတဲ့ သယ်ရင်းရဲ့ မင်ဂါဆောင်ကိုကလဲ
    မသွားမဖစ်သွားရမှာဆိုတော့လေ………
    နောက်ပိုင်းအစီအစဉ်တွေကိုတော့ အန်ကယ်ဒုံရဲ့ ကွန်ဖရင့်စ်မှာဘဲ ဆက်လက်
    ခံစားတော့မည်ဖစ်ပါဂျောင်းးးး။

  • aung moethu

    January 21, 2013 at 2:51 pm

    တား နည်းနည်းလေးနောက်ကျတာပါ…….. ဟီးးးး

  • အာဂ

    January 21, 2013 at 5:31 pm

    အန်တီ ပဒုံမာ က အပျိုကြီးဆိုတာ တားတား ပြောလိုက်မိတယ်နော်..။ အဲဒါ သား ပြောတာ မဟုတ်ဘူး အဘဖောပြောခိုင်းလို့ပြောလိုက်တာ နော်..။ ကဲ အဘဖောရေ ဆက်ရှင်းပေတော့.. ဟိ ဟိ ..လွန်တာရှိ ဝန်တာမိပါနော့်..။

  • ရွှေ ကြည်

    January 21, 2013 at 6:04 pm

    အန်တီပဒုမ္မာရေ တစ်နဲ့နှစ်ပေါင်းဖတ်ပြီးမန့်လိုက်တယ်နော် အခုလိုလေးဖတ်ချင်တာ ဘယ်သူများပြောပြမလဲမျှော်နေရတာ ဖေ့ဘွတ်မှာတွေ့သမျှလိုက်မေးနေတာ။ အခုတော့ဘဝင်ကျသွားပြီမို့ကျေးဇူးတင်ပါတယ်ရှင့်။ အတွေးနဲ့ပဲပျော်လိုက်ပါမယ်။

  • panpan

    January 22, 2013 at 1:03 pm

    အန်တီရေ
    သမီးကို မယ်စကြာဝဠာဆိုဒ်တဲ့
    ကျေးဇူးကမ္ဘာပါချင့်… :mrgreen:
    အပြင်မှာတော့ လူကပုစိညှောက်တောက်လေး
    အဟီးးးး :harr:

  • Mr. MarGa

    January 22, 2013 at 9:27 pm

    ဒေါ်လေး ပဒုမ္မာရေ
    နည်းနည်းလွဲတာလေး ပြင်မလို့
    ဦးမာဃက မနိုဗွီတို့ ဝိုင်းမှာဗျ
    အဲဒါလေး အဟီး
    :kwi:

    • padonmar

      January 22, 2013 at 10:30 pm

      ဦးမာဃ ညိုချောလေးကို နတ်ဝတ်တန်ဆာတွေ မပါတော့ မျက်စိ ခလုပ်တိုက်သွားတာပါတော်၊ခွေးလွှတ်ပါ။

  • မောင်ပေ

    January 22, 2013 at 9:35 pm

    လာမယ့်နှစ် ပွဲတော်ကိုတော့ နွှဲပျော်နိုင်အောင် ကြိုးစားပါမည်။

  • ဂန္ဓာရီ ဆြာအုပ်

    January 23, 2013 at 12:19 am

    အဲလိုမျိုးဖြစ်အောင်တော်တော်ကြိုးစားလိုက်ရတယ် .. :har:

    • MaMa

      January 25, 2013 at 10:44 pm

      မစ္စတာအာဂက မိတ်ဆက်သူတွေကို လူပျိုပါ အပျိုပါလို့ ဘေးက တစ်လျှောက်လုံး ထိုင်အော်ပေးနေတာ။
      နွယ်ပင်အလှည့်ကျတော့ ဘေးက လူတွေက အာဂညီမလေး လို့ ပြောကြလို့ သူ့ကိုယ်သူလည်း လူပျိုကြီးလိုလို ဘာလိုလို လုပ်နေတာ….
      နွယ်ပင်က အပျိုမဟုတ်ပါဘူး။ အာဂ မိန်းမ ပါလို့ ပြောလိုက်လို့ ကျွတ်ဆင်ဖြစ်သွားတယ်။ :harr:

      ဂန္ဓာရီ ဆြာအုပ် says:
      အဲလိုမျိုးဖြစ်အောင်တော်တော်ကြိုးစားလိုက်ရတယ် .. :har:

      တစ်ယောက်ချင်းစီကို မမ တို့ မြဝတီက လိုက်ဗျူးတော့ ဆြာအုပ်က လူပျိုတော့ မဟုတ်ပါဘူး လို့ ဝန်ခံသွားပါတယ်။
      အိမ်သူဘာလို့ ပါမလာသလဲမေးတော့….
      အိမ်သူက အစက လိုက်မလို့ပါပဲ တဲ့။
      နောက်မှ ဒီပုံစံအတိုင်းသွားမှာလား။
      ဒီပုံစံနဲ့ဆို မလိုက်ဘူးလို့ ပြောပြီး ကျန်နေခဲ့တာတဲ့။

      စာအုပ်ရဲ့ မိန်းမကို ခေါ်မလာချင်လို့ လုပ်တဲ့ အကြံအဖန်နဲ့ ဆင်ကွက်လေး နှောင်းလူတွေ အတုယူ လိုက်နာနိုင်ဖို့ ဖော်ထုတ်ပေးလိုက်တယ်။ :kwi:
      (ချစ်တူမလေး နွယ်ပင်အတွက် အာဂ မပါ။)

  • Nyein Nyein

    January 25, 2013 at 7:52 pm

    အန်တီပဒုမ္မာရေ………. တစ်ယောက်ချင်းစီရဲ့ ပုံစံကို သေချာပုံဖော်ပေးထားတာ အပြင်မှာမြင်တွေ့နေရသလိုပဲ………….. မှတ်ဉာဏ်ကောင်းချက်ကတော့နော်……………. :mrgreen:

Leave a Reply