ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်း…၂၀.၁.၂၀၁၃(တနင်္ဂနွေ)နေ့မှာ

အောင်မြင်စွာနဲ့ပျော်ရွှင်စွာကျင်းပခဲ့ပီးပြီ.

.ကြီးမိုက်တစ်ယောက်ကတော့  ကိုယ့်ဒုက္ခနဲ့ ကိုယ်အလုပ်အများဆုံးကာလဖြစ်နေတော့..ပွဲဖြစ်မြောက်ရေးအတွက် အထိုက်အလျှောက်လေးကူညီနိုင်ခဲ့ပေမဲ့..ကျင်းပခဲ့တဲ့ပွဲနဲ့ပါတ်သက်ပြီးပို့စ်မတင်နိုင်ခဲ့သလို တင်ထားတဲ့ပို့စ်တွေလည်းအပြေးအလွှားပဲဖတ်လိုက်ရတယ်…ကွန်မန့်မပေးနိုင်ခဲ့သည်ရှိသော်..

ပို့စ်တင်သူများခွင့်လွှတ်ကြပါ(ခွင့်မလွှတ်လည်းဘယ်သူ့မှ သောက်ကရုမစိုက်ပါဘူး…ဟီး.နောက်တာနော်

စိတ်ဆိုး..စိတ်ကောက်မလုပ်ကျေး..)

ပျော်နေတဲ့ ကြီးမိုက်.. Happy Mite

၁၉.၁.၂၀၁၃….(စနေနေ့)

ဒီနေ့ ကျနော့မှာ လုပ်စရာအလုပ်နဲနဲများတယ်..

အလုပ်ထဲမှာလည်း အရေးကြီးတဲ့မီတင်ရှိတယ်..အဓိကဇါတ်ကောင်ကကျနော်..

အဖေဆုံးတာ မကြာသေးတော့ ကျန်ရစ်တဲ့ အမေ့ဆီလည်းပိတ်ရက်တိုင်းသွားပြီးအမေ့မျက်နှာလေးကြည့် အားပေးချင်တယ်..

တိုက်ဆိုင်တာက..ကျနော်အလွန် ပျော်မွေ့နေတဲ့ မန်းလေးဂဇက်ဆိုတဲ့ရွာကြီးရဲ့

ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်းမနက်ဖန်…၂၀.၁.၂၀၁၃(တနင်္ဂနွေ)

အဲဒီအတွက်လည်း ရွာသားဆယ်အိမ်ခေါင်း ရွှေတိုက်စိုးရယ် အမတ်မင်းရယ်နဲ့

ပွဲဖြစ်အောင်စီစဉ်ပေးစရာကလည်းရှိနေတယ်…ကိုင်းမင်းဘယ်လိုလုပ်မလဲ ကြီးမိုက်..

မင်းက ဆရာကြီးလိုဘာလိုလိုလုပ်နေတာ..ကဲ…

အခုဘယ်လိုလုပ်မလဲ..ပြောစမ်း…

ဒါတွေက လတ်တလော ကျနော့ စိတ်အစဉ်မှာဖြစ်ပေါ်နေတာတွေပါ….

ဒါနဲ့ပဲ..စနေနေ့မနက်..ကျနော့ကားယူပြီးရုံးကိုသွားလိုက်တယ်(ပုံမှန်ကတော့

ကျနော့်အိမ်ရှေ့ ရုံးကားလာကြိုနေကျပါ)ကားယူသွားလေ့မရှိပါဘူး..

၁၂ နာရီရုံးဆင်းတာနဲ့..မင်္ဂလာဒုံ၊၀ါယာလက်မှာရှိတဲ့ အမေ့ဆီရောက်အောင်သွား..

နှစ်နာရီလောက်အချိန်ပေးပြီး..အမေနဲ့ အမကြီးတို့ကို အားပေးစကားပြော၊ အမေ့ကိုနှုတ်ဆက်

ပြီး ရဲဘော်ရွှေတိုက်စိုးအိမ်ချီတက်ခဲ့ရတာပေါ့…

ရွှေတိုက်ဆိုတဲ့ဆယ်အိမ်ခေါင်းကလည်းသိပ်အချိန်တိကျ..သေချာတဲ့လူဗျ..

ကျုပ်သူ့အိမ်ရောက်သွားတော့..မနက်ဖန် တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအတွက် အစစအရာရာ

စီစဉ်ထားပီးနေပီ..ကျုပ်ရောက်သွားတာနဲ့..အမတ်မင်းကို ဆုံရပ်တစ်ခုမှာချိန်းပြီး..(အမတ်မင်းက ပွဲမှာနောက်ခံဆိုင်ဘုတ်အတွက် ဗွီနိုင်းရယ် အမှတ်တရစါလေးတွေရေးဖို့ဗွီနိုင်းရယ်တာဝန်ယူထားတာလေ)..အခမ်းအနားကျင်ပမဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းအ၀င်လမ်းဆုံက ပီ-၃ စားသောက်ဆိုင်လေးကိုချီတက်ခဲ့ကြတာပေါ့….

ဆိုင်ရောက်တော့ နောက်နေ့ပွဲအတွက်လိုအပ်တာတွေပြင်ဆင်ညှိနှိုင်းပြီး…..

(ရွှေတိုက်ကသေချာအောင်ဆိုပီး..နောက်နေ့ကျွေးမဲ့မီနူးထဲက ခေါက်ဆွဲကြော်

မှာပီး ဖုတက်စ် လုပ်လိုက်ကြသေးတယ်…ခေါက်ဆွဲကြော်က ကောင်းမှကောင်းဗျာ..

အဟီးးး…မတက်ရောက်နိုင်တဲ့ လူတွေသွားရေကျအောင်ပြောတာ..)

အဲ..အဲအဲ..မေ့တော့မလို့ဗျို့…ကျုပ်တို့ ဆိုင်ကိုရောက်ပြီး..သိပ်မကြာဘူး.

ရွာ့ တံခါးစောင့်ကြီး ကိုဘလက်ချောရောက်လာပါတယ်…သူလည်းအခုအချိန်မှာ

အမေကဆေးရုံတင်ထားရတော့..ပွဲကိုလာနိုင်မလာနိုင်မသေချာတော့..အားတဲ့အချိန်လေး

အပြေးလာပြီး နောက်နေ့ကျင်းပကြမဲ့ .. ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲအတွက်စိတ်ပူပန်ပြီးလာရောက်ကူညီရှာပါတယ်….

အားလုံးစီစဉ်ပြီးပြန်တော့…လုံမလေးမွန်မွန်ဆီက ဖုန်းဝင်လာတယ်…

ဟောင်ကောင်နိုင်ငံကနေ တကူးတက လေယာဉ်လက်မှတ်ဖိုးသိန်းချီအကုန်ခံပီး

ကြိုးစားပြီး ဆုယူဖို့ရောက်လာတဲ့ ..`ဦးကျောက်ခဲ´ကဒီညမိတ်ဆွေတွေဖိတ်လို့ရသလောက်

ဖိတ်ပီးတွေ့ချင်ပါသတဲ့…လာခဲ့မယ်လို့ပြောလိုက်ပြီး..ကိုFRကလည်း အော်ဇီကနေဒီနေ့ပဲ ရန်ကုန်ရောက်နေပြီလို့ ကိုဘလက်ဆီကသိလိုက်ရတော့..ဖုန်းဆက်ပြီး ..ကိုFR ကိုလှမ်းဖိတ်လိုက်ပါတယ် ကိုဘလက်ခမျာမှာတော့ ညဦးပိုင်းသူတို့လင်မယား သူ့အမေကို

ဆေးရုံစောင့်ဖို့ဂျူတီကျလို့မတက်ရောက်နိုင်ကြောင်းပြောပြီး ပြန်လွန်တော်မူ..အဲ အဲ..မှားလို့

ပြန်သွားပါတယ်…ပြီးတော့ ရွှေတိုက်ရယ် အမတ်မင်းရယ် ခေါ်ပီး ရွှေတိုက်အိမ်သွား

အုပ်ချုပ်သူကိုသွားခေါ်ရပါသေးတယ်..(သူ့အုပ်အုပ်မပါရင် ဒီညသောက်ပွဲ တက်လို့မရဘူးဆိုလို့..)ဟီး..ရွားသားအားလုံး..ကျုပ်ကလွဲရင် `မယက´တွေချည်းပဲနော်..

အဲဒီကမှ..ရွာရဲ့စာပေဆုရှင်တစ်ဦးဖြစ်တဲ့..`ဦးကျောက်ခဲ´ကိုကြိုဆိုကြတဲ့ပွဲကို

တက်ရောက်ဖို့ချိန်းထားတဲ့ နေရာ ကိုချီတက်ခဲ့ရပြန်ပါရောလားဗျာ…….

နေရာကတော့..ရန်ကုန်မြို့ရဲ့ သမိုင်းဝင်..ရာဇူး..လို့နာမည်ကြီးခဲ့တဲ့

ရန်ကုန်ဝိဇ္ဖာနဲ့သိပ်ပံ တက္ကသိုလ် ၊ ဂျပ်ဆင်နဲ့မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ခြမ်း

မှာရှိတဲ့ `PROME´ ဆိုတဲ့ဆိုင်လေးမှာပါ…..

ပွဲမှာလည်းလူတော်တော်လေးစုံပါရဲ့…

FR(သူလည်းမနေ့ကမှရောက်တာ)

ဦးကျောက်ခဲ(သောကြာနေ့ညသန်းကောင် လေပျံနဲ့ရောက်တာ..တနင်္ဂနွေ ပွဲတက်ဆု

ယူပြီး တနင်္ဂနွေည သန်းကောင်တစ်နာရီလေယာဉ်နဲ့ပြန်မှာတဲ့..တနင်္လာနေ့ရုံးတက်ရမှာဆိုပဲ.

..အံ့ရောဗျာ..ဂေဇက်ကိုချစ်ပုံ..တန်ဖိုးထားပုံပြောပါတယ်..)

ရဲစည်(တရုပ်နိုင်ငံကနေ မနေ့ညကမှရောက်)

ရွှေတိုက်

အုပ်အုပ်(ရွှေတိုက်မဟေသီ)

အမတ်မင်း

အေကေကေအို

အီးတုံး

ရွှေအိ

လုံမလေးမွန်မွန်

ကြောင်ဝတုတ်

အမ်လုင်

ကိုအာဂ

နွယ်ပင်

ပျော်တတ်တဲ့ ဦးကျောက်ခဲ ဦဆောင်တဲ့ပွဲမို့လို့..တစ်ဝါးဝါးတစ်ဟားဟားနဲ့

ရီလိုက်ပျော်လိုက်ကြတာဗျာ …တစ်ဆိုင်လုံးကလူတွေတောင်လှည့်ကြည့်ပီးအားကျနေလေရဲ့…

ည ဆယ်နာရီကျော်လောက်ကျတော့ ကိုအက်ဖ်အာ(အဘဖေါ) က

ကြည်နူးပျော်ရွှင်နေရင်းက သတိပေးတယ်…

မနက်ကျရင် အရေးကြီးတဲ့ တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးလည်းရှိသေးတယ်

လူစုခွဲကြရအောင်ဟေ့လို့ သတိပေးမှ အပျော်တွေဘရိပ်အုပ်

မနက်ဖန်ကျင်းပမဲ့ ထူးခြားတဲ့ ဂဇက်တွေ့ဆုံပွဲကြီး

အတွက်အပျော်တွေချန်ထားပီးညဆယ်နာ၇ီခွဲလောက်မှာလူစုခွဲခဲ့ကြပါတယ်..

(မှတ်ချက်။ ကျနော်တို့လိုပဲအလွန်ပျော်တတ်သူ ရွာ့တံခါးစောင့်ကြီး`ဘလက်ချော´

မှာတော့မိခင်ကြီး အသဲအသန်နဲ့ ဆေးရုံတင်ထားရလို့ ဒီညပွဲရော မနက်ဖန်ပွဲရော

ပတက်ရောက်နိုင်မှန်းသိရလို့ပျော်နေကြတဲ့ကြားက အားလုံး

စိတ်မကောင်းဖြစ်ကြရပါသေးတယ်)

၂၀.၁.၂၀၁၃….တနင်္ဂနွေနေ့

မနက် ၄နာရီခွဲလောက်အိပ်ရာက ထုံးစံအတိုင်းနိုးလာပါတယ်..

ခါတိုင်းလိုပဲ အိမ်က စနက်ဆိုင်ဖွင့်ဖို့ ၀ိုင်းကူလုပ်ပေးရင်း..တစ်လျှောက်လုံးစိတ်ထဲမှာဒီနေ့တွေ့မဲ့ ရွာသူားတွေ့ဆုံပွဲကိစ္စပဲ

ခေါင်းထဲရောက်နေတယ်…

၇နာရီလောက်မှာ ကားယူပီး ရွှေတိုက်အိမ်ဘက်ထွက်ခဲ့ပါတယ်…

ရွှေတိုက်ဆိုတဲ့ကောင်ကလည်း ဖိုးတက်ကြွဗျား..ကျနော်ရောက်သွားတော့

လင်မယားနှစ်ယောက်စလုံး ရယ်ဒီဖြစ်နေတဲ့အပြင်…

ပွဲအတွက်ဆုတွေ၊ စက်ကိရိယာပစ္စည်းတွေ အားလုံး ရယ်ဒီဗျာ…

မနေ့ညကလည်း လင်မယားနှစ်ယောက်လုံး ည၂နာရီလောက်မှအိပ်ရသတဲ့…

ဒါနဲ့ပဲ ကားပေါ်တင်ပြီး အခန်းအနားကျင်းပမဲ့ ကန်တော်ကြီး က ပီ-၃

ဆိုင်ရှိရာကိုချီတက်ခဲ့ကြတာပေါ့ဗျာ…..

၈နာရီ၁၀မိနစ်လောက် အခန်းအနားကျင်းပမဲ့နေရာကိုရောက်ခဲ့ကြပြီး

အားလုံးအဆင်ပြေအောင်ပြင်ဆင်ကြတာပေါ့….

ဒါလေးကတော့ ကြီးမိုက် ပါဝင်ပါတ်သက်ခဲ့သော မန်းလေးဂဇက် မန်ဘာများတွေ့

ဆုံပွဲနဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲအတွက် ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံလေးပါ..

ကျနော်က အလုပ်တွေဖိစီးလို့ နောက်ကျပီးပို့စ်တင်ပေမဲ့ ဒီပို့စ်လေးကို ကျန်တဲ့ရွာသူားတွေ

တင်ကြတဲ့ပို့စ်လေးတွေနဲ့ တွဲဖတ်ရရင် ပိုပြည့်စုံသွားမယ်ထင်လို့ တင်လိုက်ရပါဂျောင်းးးးး

 

 

 

ယားလို့တောင် မကုတ်နိုင်လို့ ကုတ်ပေးဖို့ ကောင်မလေးတစ်ယောက်အရေးပေါ်ခန့်ထားလိုက်ရတဲ့…

ကြီးမိုက်။

IMG_20130120_085040

ကျနော်တို့ရွာသူားတွေ ရဲ့ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲ ဆိုင်းဘုတ်

IMG_20130120_085656

အမှတ်တရ စာရေးပေးဖို့ စီစဉ်ထားတဲ့ ဗွီနိုင်းပေါ်မှာ စိတ်အားထက်သန်စွာရေးနေတဲ့ အလက်ဆင်းနဲ့ ရွာသူတစ်ဦး

IMG_20130120_095156

ဒါကတော့ မန်းဂဇက်ရွာရဲ့ ဆည်းလည်းလေးဖြစ်တဲ့..အနောင်ဆာ..ရွှေတိုက်စိုး…IMG_20130120_122107

ဒီလူကတော့..အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့…ရွာသားတစ်ဦးပါ..(ခွင့်ပြုချက်မတောင်းပဲဒီပုံတင်လို့ ကျေးဇူးတင်ကြောင်း ပြောမလား.တရားစွဲမလားတော့မသိ…ဟီး)

:hee: :hee::harr::harr::kwi::kwi:

ပွဲကျင်းပနေတဲ့တစ်လျှောက်လုံး..လုပ်ချင်တာလုပ်နေခဲ့တာမို့…ဓါတ်ပုံရိုက်ဖို့အချိန်မရလိုက်ဘူး..အဲဒီတော့အားကျမခံ

ရိုက်ဖြစ်ခဲ့သလောက်တင်လိုက်တယ်ဗျာ…

ပွဲတော်ကြီးကိုလာရောက်သူရွာသူရွာသားအပေါင်းအားကျင်းပရကြိုးနပ်ပါသဖြင့်ကျေးဇူးဥပကာရအထူးတင်ရှိပါဂျောင်းးး

လော့မကျတဲ့အိမ်မှာနေပြီး..လူသားတွေကိုမျှာက်ထိုးပင့်ကော် လုပ်နေပါသော၊မဲဖေါက်ဖို့ လက်ဆောင် မဖြစ်စလောက်ပေးပို့ပြီး ရွာသူားများစိတ်ဝမ်းကွဲအောင် သွေးခွဲရန်တိုက်နေပါသော..သဂျီးမင်းကိုတော့

ဒေါသအမျက်ချောင်းချောင်းထွက်မိပါဂျောင်းးးးး

အားလုံးကိုချစ်ခင်လေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)