ပျော်နေတဲ့ ကြီးမိုက်.. Happy Kyeemite

ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်း…၂၀.၁.၂၀၁၃(တနင်္ဂနွေ)နေ့မှာ

အောင်မြင်စွာနဲ့ပျော်ရွှင်စွာကျင်းပခဲ့ပီးပြီ.

.ကြီးမိုက်တစ်ယောက်ကတော့  ကိုယ့်ဒုက္ခနဲ့ ကိုယ်အလုပ်အများဆုံးကာလဖြစ်နေတော့..ပွဲဖြစ်မြောက်ရေးအတွက် အထိုက်အလျှောက်လေးကူညီနိုင်ခဲ့ပေမဲ့..ကျင်းပခဲ့တဲ့ပွဲနဲ့ပါတ်သက်ပြီးပို့စ်မတင်နိုင်ခဲ့သလို တင်ထားတဲ့ပို့စ်တွေလည်းအပြေးအလွှားပဲဖတ်လိုက်ရတယ်…ကွန်မန့်မပေးနိုင်ခဲ့သည်ရှိသော်..

ပို့စ်တင်သူများခွင့်လွှတ်ကြပါ(ခွင့်မလွှတ်လည်းဘယ်သူ့မှ သောက်ကရုမစိုက်ပါဘူး…ဟီး.နောက်တာနော်

စိတ်ဆိုး..စိတ်ကောက်မလုပ်ကျေး..)

ပျော်နေတဲ့ ကြီးမိုက်.. Happy Mite

၁၉.၁.၂၀၁၃….(စနေနေ့)

ဒီနေ့ ကျနော့မှာ လုပ်စရာအလုပ်နဲနဲများတယ်..

အလုပ်ထဲမှာလည်း အရေးကြီးတဲ့မီတင်ရှိတယ်..အဓိကဇါတ်ကောင်ကကျနော်..

အဖေဆုံးတာ မကြာသေးတော့ ကျန်ရစ်တဲ့ အမေ့ဆီလည်းပိတ်ရက်တိုင်းသွားပြီးအမေ့မျက်နှာလေးကြည့် အားပေးချင်တယ်..

တိုက်ဆိုင်တာက..ကျနော်အလွန် ပျော်မွေ့နေတဲ့ မန်းလေးဂဇက်ဆိုတဲ့ရွာကြီးရဲ့

ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်းမနက်ဖန်…၂၀.၁.၂၀၁၃(တနင်္ဂနွေ)

အဲဒီအတွက်လည်း ရွာသားဆယ်အိမ်ခေါင်း ရွှေတိုက်စိုးရယ် အမတ်မင်းရယ်နဲ့

ပွဲဖြစ်အောင်စီစဉ်ပေးစရာကလည်းရှိနေတယ်…ကိုင်းမင်းဘယ်လိုလုပ်မလဲ ကြီးမိုက်..

မင်းက ဆရာကြီးလိုဘာလိုလိုလုပ်နေတာ..ကဲ…

အခုဘယ်လိုလုပ်မလဲ..ပြောစမ်း…

ဒါတွေက လတ်တလော ကျနော့ စိတ်အစဉ်မှာဖြစ်ပေါ်နေတာတွေပါ….

ဒါနဲ့ပဲ..စနေနေ့မနက်..ကျနော့ကားယူပြီးရုံးကိုသွားလိုက်တယ်(ပုံမှန်ကတော့

ကျနော့်အိမ်ရှေ့ ရုံးကားလာကြိုနေကျပါ)ကားယူသွားလေ့မရှိပါဘူး..

၁၂ နာရီရုံးဆင်းတာနဲ့..မင်္ဂလာဒုံ၊ဝါယာလက်မှာရှိတဲ့ အမေ့ဆီရောက်အောင်သွား..

နှစ်နာရီလောက်အချိန်ပေးပြီး..အမေနဲ့ အမကြီးတို့ကို အားပေးစကားပြော၊ အမေ့ကိုနှုတ်ဆက်

ပြီး ရဲဘော်ရွှေတိုက်စိုးအိမ်ချီတက်ခဲ့ရတာပေါ့…

ရွှေတိုက်ဆိုတဲ့ဆယ်အိမ်ခေါင်းကလည်းသိပ်အချိန်တိကျ..သေချာတဲ့လူဗျ..

ကျုပ်သူ့အိမ်ရောက်သွားတော့..မနက်ဖန် တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအတွက် အစစအရာရာ

စီစဉ်ထားပီးနေပီ..ကျုပ်ရောက်သွားတာနဲ့..အမတ်မင်းကို ဆုံရပ်တစ်ခုမှာချိန်းပြီး..(အမတ်မင်းက ပွဲမှာနောက်ခံဆိုင်ဘုတ်အတွက် ဗွီနိုင်းရယ် အမှတ်တရစါလေးတွေရေးဖို့ဗွီနိုင်းရယ်တာဝန်ယူထားတာလေ)..အခမ်းအနားကျင်ပမဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းအဝင်လမ်းဆုံက ပီ-၃ စားသောက်ဆိုင်လေးကိုချီတက်ခဲ့ကြတာပေါ့….

ဆိုင်ရောက်တော့ နောက်နေ့ပွဲအတွက်လိုအပ်တာတွေပြင်ဆင်ညှိနှိုင်းပြီး…..

(ရွှေတိုက်ကသေချာအောင်ဆိုပီး..နောက်နေ့ကျွေးမဲ့မီနူးထဲက ခေါက်ဆွဲကြော်

မှာပီး ဖုတက်စ် လုပ်လိုက်ကြသေးတယ်…ခေါက်ဆွဲကြော်က ကောင်းမှကောင်းဗျာ..

အဟီးးး…မတက်ရောက်နိုင်တဲ့ လူတွေသွားရေကျအောင်ပြောတာ..)

အဲ..အဲအဲ..မေ့တော့မလို့ဗျို့…ကျုပ်တို့ ဆိုင်ကိုရောက်ပြီး..သိပ်မကြာဘူး.

ရွာ့ တံခါးစောင့်ကြီး ကိုဘလက်ချောရောက်လာပါတယ်…သူလည်းအခုအချိန်မှာ

အမေကဆေးရုံတင်ထားရတော့..ပွဲကိုလာနိုင်မလာနိုင်မသေချာတော့..အားတဲ့အချိန်လေး

အပြေးလာပြီး နောက်နေ့ကျင်းပကြမဲ့ .. ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲအတွက်စိတ်ပူပန်ပြီးလာရောက်ကူညီရှာပါတယ်….

အားလုံးစီစဉ်ပြီးပြန်တော့…လုံမလေးမွန်မွန်ဆီက ဖုန်းဝင်လာတယ်…

ဟောင်ကောင်နိုင်ငံကနေ တကူးတက လေယာဉ်လက်မှတ်ဖိုးသိန်းချီအကုန်ခံပီး

ကြိုးစားပြီး ဆုယူဖို့ရောက်လာတဲ့ ..`ဦးကျောက်ခဲ´ကဒီညမိတ်ဆွေတွေဖိတ်လို့ရသလောက်

ဖိတ်ပီးတွေ့ချင်ပါသတဲ့…လာခဲ့မယ်လို့ပြောလိုက်ပြီး..ကိုFRကလည်း အော်ဇီကနေဒီနေ့ပဲ ရန်ကုန်ရောက်နေပြီလို့ ကိုဘလက်ဆီကသိလိုက်ရတော့..ဖုန်းဆက်ပြီး ..ကိုFR ကိုလှမ်းဖိတ်လိုက်ပါတယ် ကိုဘလက်ခမျာမှာတော့ ညဦးပိုင်းသူတို့လင်မယား သူ့အမေကို

ဆေးရုံစောင့်ဖို့ဂျူတီကျလို့မတက်ရောက်နိုင်ကြောင်းပြောပြီး ပြန်လွန်တော်မူ..အဲ အဲ..မှားလို့

ပြန်သွားပါတယ်…ပြီးတော့ ရွှေတိုက်ရယ် အမတ်မင်းရယ် ခေါ်ပီး ရွှေတိုက်အိမ်သွား

အုပ်ချုပ်သူကိုသွားခေါ်ရပါသေးတယ်..(သူ့အုပ်အုပ်မပါရင် ဒီညသောက်ပွဲ တက်လို့မရဘူးဆိုလို့..)ဟီး..ရွားသားအားလုံး..ကျုပ်ကလွဲရင် `မယက´တွေချည်းပဲနော်..

အဲဒီကမှ..ရွာရဲ့စာပေဆုရှင်တစ်ဦးဖြစ်တဲ့..`ဦးကျောက်ခဲ´ကိုကြိုဆိုကြတဲ့ပွဲကို

တက်ရောက်ဖို့ချိန်းထားတဲ့ နေရာ ကိုုချီတက်ခဲ့ရပြန်ပါရောလားဗျာ…….

နေရာကတော့..ရန်ကုန်မြို့ရဲ့ သမိုင်းဝင်..ရာဇူး..လို့နာမည်ကြီးခဲ့တဲ့

ရန်ကုန်ဝိဇ္ဖာနဲ့သိပ်ပံ တက္ကသိုလ် ၊ ဂျပ်ဆင်နဲ့မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ခြမ်း

မှာရှိတဲ့ `PROME´ ဆိုတဲ့ဆိုင်လေးမှာပါ…..

ပွဲမှာလည်းလူတော်တော်လေးစုံပါရဲ့…

FR(သူလည်းမနေ့ကမှရောက်တာ)

ဦးကျောက်ခဲ(သောကြာနေ့ညသန်းကောင် လေပျံနဲ့ရောက်တာ..တနင်္ဂနွေ ပွဲတက်ဆု

ယူပြီး တနင်္ဂနွေည သန်းကောင်တစ်နာရီလေယာဉ်နဲ့ပြန်မှာတဲ့..တနင်္လာနေ့ရုံးတက်ရမှာဆိုပဲ.

..အံ့ရောဗျာ..ဂေဇက်ကိုချစ်ပုံ..တန်ဖိုးထားပုံပြောပါတယ်..)

ရဲစည်(တရုပ်နိုင်ငံကနေ မနေ့ညကမှရောက်)

ရွှေတိုက်

အုပ်အုပ်(ရွှေတိုက်မဟေသီ)

အမတ်မင်း

အေကေကေအို

အီးတုံး

ရွှေအိ

လုံမလေးမွန်မွန်

ကြောင်ဝတုတ်

အမ်လုင်

ကိုအာဂ

နွယ်ပင်

ပျော်တတ်တဲ့ ဦးကျောက်ခဲ ဦဆောင်တဲ့ပွဲမို့လို့..တစ်ဝါးဝါးတစ်ဟားဟားနဲ့

ရီလိုက်ပျော်လိုက်ကြတာဗျာ …တစ်ဆိုင်လုံးကလူတွေတောင်လှည့်ကြည့်ပီးအားကျနေလေရဲ့…

ည ဆယ်နာရီကျော်လောက်ကျတော့ ကိုအက်ဖ်အာ(အဘဖေါ) က

ကြည်နူးပျော်ရွှင်နေရင်းက သတိပေးတယ်…

မနက်ကျရင် အရေးကြီးတဲ့ တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးလည်းရှိသေးတယ်

လူစုခွဲကြရအောင်ဟေ့လို့ သတိပေးမှ အပျော်တွေဘရိပ်အုပ်

မနက်ဖန်ကျင်းပမဲ့ ထူးခြားတဲ့ ဂဇက်တွေ့ဆုံပွဲကြီး

အတွက်အပျော်တွေချန်ထားပီးညဆယ်နာရီခွဲလောက်မှာလူစုခွဲခဲ့ကြပါတယ်..

(မှတ်ချက်။ ကျနော်တို့လိုပဲအလွန်ပျော်တတ်သူ ရွာ့တံခါးစောင့်ကြီး`ဘလက်ချော´

မှာတော့မိခင်ကြီး အသဲအသန်နဲ့ ဆေးရုံတင်ထားရလို့ ဒီညပွဲရော မနက်ဖန်ပွဲရော

ပတက်ရောက်နိုင်မှန်းသိရလို့ပျော်နေကြတဲ့ကြားက အားလုံး

စိတ်မကောင်းဖြစ်ကြရပါသေးတယ်)

၂၀.၁.၂၀၁၃….တနင်္ဂနွေနေ့

မနက် ၄နာရီခွဲလောက်အိပ်ရာက ထုံးစံအတိုင်းနိုးလာပါတယ်..

ခါတိုင်းလိုပဲ အိမ်က စနက်ဆိုင်ဖွင့်ဖို့ ဝိုင်းကူလုပ်ပေးရင်း..တစ်လျှောက်လုံးစိတ်ထဲမှာဒီနေ့တွေ့မဲ့ ရွာသူားတွေ့ဆုံပွဲကိစ္စပဲ

ခေါင်းထဲရောက်နေတယ်…

ရနာရီလောက်မှာ ကားယူပီး ရွှေတိုက်အိမ်ဘက်ထွက်ခဲ့ပါတယ်…

ရွှေတိုက်ဆိုတဲ့ကောင်ကလည်း ဖိုးတက်ကြွဗျား..ကျနော်ရောက်သွားတော့

လင်မယားနှစ်ယောက်စလုံး ရယ်ဒီဖြစ်နေတဲ့အပြင်…

ပွဲအတွက်ဆုတွေ၊ စက်ကိရိယာပစ္စည်းတွေ အားလုံး ရယ်ဒီဗျာ…

မနေ့ညကလည်း လင်မယားနှစ်ယောက်လုံး ည၂နာရီလောက်မှအိပ်ရသတဲ့…

ဒါနဲ့ပဲ ကားပေါ်တင်ပြီး အခန်းအနားကျင်းပမဲ့ ကန်တော်ကြီး က ပီ-၃

ဆိုင်ရှိရာကိုချီတက်ခဲ့ကြတာပေါ့ဗျာ…..

၈နာရီ၁ဝမိနစ်လောက် အခန်းအနားကျင်းပမဲ့နေရာကိုရောက်ခဲ့ကြပြီး

အားလုံးအဆင်ပြေအောင်ပြင်ဆင်ကြတာပေါ့….

ဒါလေးကတော့ ကြီးမိုက် ပါဝင်ပါတ်သက်ခဲ့သော မန်းလေးဂဇက် မန်ဘာများတွေ့

ဆုံပွဲနဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲအတွက် ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံလေးပါ..

ကျနော်က အလုပ်တွေဖိစီးလို့ နောက်ကျပီးပို့စ်တင်ပေမဲ့ ဒီပို့စ်လေးကို ကျန်တဲ့ရွာသူားတွေ

တင်ကြတဲ့ပို့စ်လေးတွေနဲ့ တွဲဖတ်ရရင် ပိုပြည့်စုံသွားမယ်ထင်လို့ တင်လိုက်ရပါဂျောင်းးးးး

 

 

 

ယားလို့တောင် မကုတ်နိုင်လို့ ကုတ်ပေးဖို့ ကောင်မလေးတစ်ယောက်အရေးပေါ်ခန့်ထားလိုက်ရတဲ့…

ကြီးမိုက်။

IMG_20130120_085040

ကျနော်တို့ရွာသူားတွေ ရဲ့ တွေ့ဆုံပွဲနဲ့ ဆုပေးပွဲ ဆိုင်းဘုတ်

IMG_20130120_085656

အမှတ်တရ စာရေးပေးဖို့ စီစဉ်ထားတဲ့ ဗွီနိုင်းပေါ်မှာ စိတ်အားထက်သန်စွာရေးနေတဲ့ အလက်ဆင်းနဲ့ ရွာသူတစ်ဦး

IMG_20130120_095156

ဒါကတော့ မန်းဂဇက်ရွာရဲ့ ဆည်းလည်းလေးဖြစ်တဲ့..အနောင်ဆာ..ရွှေတိုက်စိုး…IMG_20130120_122107

ဒီလူကတော့..အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့…ရွာသားတစ်ဦးပါ..(ခွင့်ပြုချက်မတောင်းပဲဒီပုံတင်လို့ ကျေးဇူးတင်ကြောင်း ပြောမလား.တရားစွဲမလားတော့မသိ…ဟီး)

:hee: :hee::harr::harr::kwi::kwi:

ပွဲကျင်းပနေတဲ့တစ်လျှောက်လုံး..လုပ်ချင်တာလုပ်နေခဲ့တာမို့…ဓါတ်ပုံရိုက်ဖို့အချိန်မရလိုက်ဘူး..အဲဒီတော့အားကျမခံ

ရိုက်ဖြစ်ခဲ့သလောက်တင်လိုက်တယ်ဗျာ…

ပွဲတော်ကြီးကိုလာရောက်သူရွာသူရွာသားအပေါင်းအားကျင်းပရကြိုးနပ်ပါသဖြင့်ကျေးဇူးဥပကာရအထူးတင်ရှိပါဂျောင်းးး

လော့မကျတဲ့အိမ်မှာနေပြီး..လူသားတွေကိုမျှာက်ထိုးပင့်ကော် လုပ်နေပါသော၊မဲဖေါက်ဖို့ လက်ဆောင် မဖြစ်စလောက်ပေးပို့ပြီး ရွာသူားများစိတ်ဝမ်းကွဲအောင် သွေးခွဲရန်တိုက်နေပါသော..သဂျီးမင်းကိုတော့

ဒေါသအမျက်ချောင်းချောင်းထွက်မိပါဂျောင်းးးးး

အားလုံးကိုချစ်ခင်လေးစားလျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။

 

27 comments

  • မောင်ပေ

    January 21, 2013 at 9:37 pm

    သဂျီးက ဒီလကုန်က စပြီး
    ပို ့စ်တစ်ပုဒ် ၁၀၀ဝ ပွိုင့်
    ကွန်မင့်တစ်ခု ၁၀ဝ ပွိုင့်
    ပေးတော့မှာတဲ့ဗျာ
    အဲဒါ အဲဒါ

  • padonmar

    January 21, 2013 at 9:59 pm

    အဲဒါ အဲဒါ ဦးကျောက်ခဲနဲ့ မိုက်ပြိုင်လုနေတဲ့ Angry မိုက်ခဲကြီးပေါ့။

  • လုံမလေးမွန်မွန်

    January 21, 2013 at 10:04 pm

    ဦးမိုက်ရေ…
    ခွင့်ပြုပြု မပြုပြု..ဒီလို ခန့်ချောကြီးနဲ့ပုံကိုတင်တာ စိတ်တော့ မဆိုးလောက်ပါဘူးလို့..
    အဲ့ဒါလေး… 🙂

  • surmi

    January 21, 2013 at 10:40 pm

    မိုက်သဗျာ
    ကျနော်အစ်ကိုနဲ ့ဓတ်ပုံတစ်ပုံလောက်
    အမှတ်တရမရိုက်ဖြစ်လိုက်တာနာလိုက်တာ
    စကားလည်းအေးဆေးမပြောဖြစ်ခဲ ့ဘူး
    နောက်တစ်ပွဲ ကိုစောင် ့နေမယ်ဗျို ့

  • အောက်ဆုံးဂ ပုံဂျီးနဲ့ ပတ်သက်ပြီး ပေါချင်ဘာဒယ် … ငွင်းး ငွင်းး
    အိုက်ပုံတင်ဒဲ့အတွက် …
    ကာယကံရှင်ဂ စကား ပါးလိုက်ပါတယ် …
    ကျေးဇူးလည်း မတင်ဘာနဲ့ ….
    တရားလည်း မစွဲဘာနဲ့ဒဲ့ ……
    ရိုက်သာ ရိုက်ခဲ့လိုက်လို့ မှာလိုက်ဘာဒယ် …
    ဒီဒေါ့ဂါ .. ကျုပ်ဂဒေါ့ အမှာဒေါ်အတိုင်း ရိုက်ရတော့မှာပဲ …
    လာလေရော့ …. ဖျပ် .. ဖျပ် .. ဖျပ် … :mrgreen:

    ဒါနဲ့ …. စကားမစပ်ဗျာ …
    တစ်ခုလောက်တော့ မေးပါရစေ ….
    ရွှေတိုက်တို့က ဘာလို့ ၂ နာရီလောက်မှ အိပ်ရတာတုံးးးး :mrgreen:

  • kai

    January 22, 2013 at 1:43 am

    သူတို့ကျ.. ဝိုင်းဖွဲ့ သောက်သွားပြီးတော့.. ပြောရက်တယ်ကွယ်..
    ဆိုတော့.. အာကျမခံမနေ့ညက..၂ဝတန် ဝိုင်တလုံး ဝယ်လာပြီး တယောက်ထဲသောက်လိုက်တယ်..
    ..ကွိ.. :kwi:

  • marblecommet

    January 22, 2013 at 3:06 am

    အစ်ကိုကြီးရေ့
    အစ်ကိုကြီးရဲ့ ခံစားမှု့ကို
    ဆင့်ပွားခံစားသွားပါတယ်……

  • အရီးခင်လတ်

    January 22, 2013 at 3:08 am

    ဝိုး ဝိုး ဝိုး
    ကကြီးမိုက်
    ကြည့်စမ်း။
    တွမ်ဟန့်က်စ် Tom Hanks ပွဲ တက်ခဲ့တာကို ရှိုထားတယ်။
    ဒီလောက် နာမည်ကြီးသူရဲ့ ပုံကို တင်တာ ခွင့်ပြုချက်လေးတော့ တောင်းသင့်ပါတယ်။
    Tom Hanks ကြီးက အသက်ကြီးပေမဲ့လဲ အတော်ကြည့်ကောင်းတုန်း။
    ဒီလို မှန်းသိလို့ကတော့ ထီမပေါက်လဲ လာပါတယ်ဗျာ။
    :kwi:

  • marblecommet

    January 22, 2013 at 6:02 am

    အစ်စ်အီကွဲတူကိုကြီးမိုက်စ်…..

  • ဦး ကျောက်ခဲ

    January 22, 2013 at 7:23 am

    အကိုမိုက်ရေ

    မနေ့က ခရီးပန်း အိပ်ရေးပျက်လို့ ရုံးမှာငိုက်ရပေမယ့်…
    ရင်ထဲကအပျော်တွေကတော့ အေးခဲမသွားပါဘူး….
    အဲ….. လတ်လတ်ဆတ်ဆတ် အလွမ်းတွေကတော့ တိုးလာတာပေါ့ဗျာ…..

  • မိုချို

    January 22, 2013 at 8:12 am

    လက်စသက်တော့ မိုချိုတို့ အစ်ကိုတော်ကြီး က ခန့် ချောကြီးကိုး။

    စနေည ကလည်း အကြို၊ တနင်္ဂနွေ ည မှာလည်း ဆက် သေးတယ် ဆိုတော့ ပွဲတွေ က အများကြီးပေါ့ ။ တနင်္ဂနွေ ည ပွဲ ကကော ဘယ်သူ တင်မှာလဲ ဗျို့ ၊ ဖတ် ဖို့ စောင့် နေတယ်။

    အနောင်ဆာ ကလည်း ဆန်းထွဋ် နဲ့ နင်လား ငါလား ပဲ။ နောက်ဆို ဧည့် ခံပွဲ တွေ လက်ခံ လို့ ရပြီ တိုက်တိုက်ရေ။

  • ခိုင်ဇာ

    January 22, 2013 at 9:08 am

    ကိုကြီးမိုက် စကားကိုပဲ ငှါးပြောမယ်။

    ရေရေလည်လည် မိုက်တယ်ကွာ။ (မလိမ်မာဘူး။)

    :harr:

  • Thu Wai

    January 22, 2013 at 9:10 am

    ဦးကြီးမိုက်ကိုလုံးဝမကျေနပ်ပါ အဲဒီနေ့က ဦးကြီးမိုက်တို့ ဦးကျောက်ခဲတို့ ဝိုင်းက ပုလင်းကို လှမ်းမျှော်ကြည့်နေတာကို လုံးဝမသိချင်ယောင်ဆောင်နေတဲ့အတွက်ပါ။
    အံမယ်လေး အာခေါင်တွေခြောက်နေတာ ရေပဲဖိသောက်နေရတယ် ။ သူတို့ကျတို့ မြန်မာပြည်ကို ခဏပြန်လာတဲ့သူတွေပါလို့ထင်တယ် မြန်မာ ပုလင်းဒွေနဲ့ ။ အမှန်တကယ်သောက်သုံးမယ့် လူငယ်တွေကိုသာတိုက်ကြည့် သာဓုတွေခေါ်ပြီး ကုသိုလ်တွေ အများကြီးရမှာ ။ အခုတော့…….

  • Ma Ei

    January 22, 2013 at 9:21 am

    အလက်ဆင်းနဲ့ စာလုရေးမယ့်သူက
    အန်တီ မအိဖြစ်ပါတယ်…
    ခွင့်ပြုချက်မတောင်းပဲဒီပုံတင်လို့..တရားမစွဲပါကြောင်းနှင့်…
    ကျေးဇူးတင်ပါကြောင်းနော်…

  • မင်းနန္ဓာ

    January 22, 2013 at 9:36 am

    19 ရက်နေ့ မနက် ၆ နာရီကတည်းက ရန်ကုန်ရောက်တာ
    တမနက်လုံး တည်းအိမ်က သူငယ်ချင်းနဲ့ မြို့ထဲ ဟန်းဆက်အသစ်လိုက်ဝယ်
    နေ့ခင်း တရေးတမောနှပ်ပြီး ညခင်း လုပ်စရာမရှိ
    စကိုင်းနက်က လားရှိုးသိန်းအောင် လိုက်ဖ်ရှိုးကြည့်ပြီး အချိန်ဖြုန်းလိုက်ရတယ်
    အိပ်ရာထဲဝင်တော့လည်း သူငယ်ချင်းနဲ့ ရှေ့ဖြစ်ဟောင်းတွေ ပြန်ပြောပြီး
    တစ်နာရီကျော်မှ အိပ်ကြရအောင်ဆိုပြီး စကားဖြတ်ရတယ်. မနက်မနိုးမှာစိုးလို့
    ရန်ကုန်ရောက်ရောက်ချင်း အမတ်မင်းဆီ ဖုန်းဆက်ဦးမလို့ပဲ..
    ဆက်ဖြစ်လိုက်ရင် ဒီပွဲအကြောင်းသိပြီး လာနွှဲပါရဲ့
    တောက်စ်.. ရန်ကုန်မှာ ရှိရက်နဲ့ လွတ်သွားတာ နာတယ်

  • ဘဲဥ

    January 22, 2013 at 9:45 am

    အောက်ဆုံးပုံက ခန့်ချောဂျီးဂ ဘူဒုံးဂျ
    မြှောက်ပေးလိုက်ဘီ :kwi:

  • ဆူး

    January 22, 2013 at 9:53 am

    ဓါတ်ပုံထဲက မင်းသားက ဘူလဲကွဲ့.. တယ်ချောပါလား..
    ဝှစ် က နဲ မြန်မာပြည် ပြန်ရောက်ပြီး ဝှစ် ကနဲ ဟောင်ကောင် ပြန်ရောက်သွားတဲ့ ဥကျောက်တော့ မသိဘူး.. သူ့ ရဲ့ ပလန် ကို ကြည့်ရတာနဲ့တင် တော်တော် ပင်ပန်းမယ် ထင်တယ်။

  • Mon Kit

    January 22, 2013 at 9:54 am

    ဦးကြီးမိုက် က ခန့်ချောကြီးတော့…….
    :hee:

  • mamanoyar

    January 22, 2013 at 10:53 am

    ဒါဆို အောက်ဆုံးပုံက ဦးဦးကြိုက်မီးပေါ့
    :kwi:

  • ခင်ခ

    January 22, 2013 at 11:05 am

    ဒီလူကတော့..အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့…ရွာသားတစ်ဦးပါ..(ခွင့်ပြုချက်မတောင်းပဲဒီပုံတင်လို့ ကျေးဇူးတင်ကြောင်း ပြောမလား.တရားစွဲမလားတော့မသိ…ဟီး)

    တစ်ရာ တော့ မစွဲတော့ဘူး၊ တစ်သောင်းတန် အုပ်လိုက်ဆိုရင်သာ စွဲဖို့ စိတ်ဝင်စားသဗျ။

  • Tin Tin

    January 22, 2013 at 11:09 am

    ဓါတ်ပုံထဲကထက် အပြင်မှာ ပိုချော၊ ပိုခန့်သော ဦးကြီးမိုက် ဖြစ်ကြောင်းထောက်ခံအပ်ပါတယ်….
    ဦးကြီးမိုက်ရေ ကျမတို့လည်း ပျော်ရွှင်ခဲ့ကြရပါတယ်…စီစဉ်သူများအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်ရှင်……

  • ရွာသူ jujuma .

    January 22, 2013 at 11:41 am

    ဦးမိုက် နဲ့ ဦးကျောက် .. ဒီ ဇာတ်ဆောင်နှစ်ယောက်ပါလို့ ..
    ဂဇက်တွေ့ဆုံ ပွဲ က ပိုပြီး စည်ကားသွားတယ်လို့ ပြောရမလားပဲ ဗျ … :hee:

  • kyeemite

    January 22, 2013 at 1:38 pm

    ပွဲတက်တုံးက တကူးတက စကားမပြောလိုက်ရတဲ့လူတွေအားလုံးကို
    တောင်းပန်ပါတယ်ဗျို့…အခုကွန်မန့်လေးတွေနဲ့အားပေးချီးမြှင့်ကြတာကိုလည်း
    ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ကြောင်းပါဗျာ…ကိုကျောက်ခဲပါလို့ ပိုပြီး
    ပျော်ရွှင်စရာကောင်းခဲ့တာကို ဝန်ခံပါရဲ့…တစ်ဦးချင်း စကားမပြန်နိုင်တာခွင့်လွှတ်ပါ…
    ခွင့်မလွှတ်လည်း…….xxxxxx..ဟီး..နောက်တာနော..
    သဂျီးခင်ဗျား…
    သဂျီးရဲ့မဲတစ်ခုမှမပေါက်လိုက်လို့…နောက်တာပါဗျာ..
    မဲလက်ဆောင်လေးတွေ တကူးတက ပို့ပေးလို့ကျေးကျေးပါနော..
    :kwi:

  • MaMa

    January 22, 2013 at 5:25 pm

    ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင်ပြီးဆုံးသွားလို့ ဝမ်းသာကျေနပ်တဲ့ အပြောကို နားထောင်ရတော့မှ……
    ပွဲမစခင် အစောကြီးလာပြီး ကြိုတင်စီစဉ်ကြရတဲ့ စိတ်ပူကြရတဲ့ ခံစားမှုကို နားလည်မိပါတယ်။
    ဝိုင်းဝန်းမကူညီနိုင်ပဲ နှမ်းဖြူးရုံ ဖြူးခဲ့ရတာလည်း အားနာပါတယ်။
    နောက်တစ်ကြိမ် ပေ့ါ :hee:

  • စောဦး

    January 22, 2013 at 7:05 pm

    အောက်ဆုံးကပုံက ကိုကြီးကြီးက…
    မင်းသားဦးကျော်ဟိန်းနဲ. တူတယ်..ဟိဟိ.ဂလုဂလု….

  • အလင်းဆက်

    January 22, 2013 at 9:45 pm

    အယ်.. သားသား..ကို..အနောက်ကနေ.ရိုက်လိုက်တာကိုး…
    အဟိ ။
    ဒီတော့.သားရဲ ့ ့အလှ ကသိပ်မပေါ်တော့ဘူးပေါ့ ။
    🙂

  • အင်းကိုမိုက်ကတော့ ကိုမိုက်လို့ပြောရတော့မှာဘဲ
    စာဖတ်ပုံကြည့်ရင်းဘဲ အပျော်တွေခံစားလိုက်ပါတယ်

Leave a Reply