သတင်းနှင့်ဓာတ်ပုံ- မမ(လားရှိုး) သို့…..ပေးစာတစ်စောင်

 

တနင်္လာ၊ ဇန်န၀ါရီ ၂၁၊ ၂၀၁၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ ပြည်တွင်းသတင်း ကဏ္ဍမှာ

ပြည်ပပို့ကုန်အမယ်သစ်တစ်မျိုးဖြစ်လာနိုင်သည့် တစ်ပိုင်တစ်နိုင် မက်မန်းသီးလုပ်ငန်း  ခေါင်းစဉ်ဖြင့် ပြင်ဦးလွင်မြို့၏

အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော မက်မန်းသီးလုပ်ငန်းအကြောင်း သတင်းအဖြစ်တင်ပြထားပါတယ်။

မက်မန်းသီးလုပ်ငန်းအကြောင်းကို အပင်မှစ၍ စိုက်ပျိုးရာဒေသ၊ စိုက်ပျိုးပုံ အသီးဆွတ်ခူး ဈေးကွက်တင်ပို့သည်ထိ

စိုက်ပျိုးသူ၊ အ၀ယ်တော်၊ ကုန်ကြမ်းလုပ်ကိုင်သူ၊ စသည်ဖြင့် မေးမြန်းရေးသားထားသည်ကိုဖတ်ရှုရခဲ့ပါသည်။

မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သည့် စီးပွားရေးဖြစ်သည့်အတွက်ဆင်းရဲမှုလျှော့ချနိုင်သော အခွင့်အလမ်းများဖြစ်ပြီး ၀င်ငွေရစေနိုင်ပေသည့်မက်မန်းသီးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြမည်ဆိုလျှင် မက်မန်းဝိုင်သည် မြန်မာပြည်၏ တင်ပို့ကုန် အမယ်သစ် ဖြစ်လာနိုင်ကြောင်း သတင်းနှင့်ဓာတ်ပုံ- မမ(လားရှိုး) ကရေးသားထားပါတယ်။

 

ပြောချင်တာက သတင်းနှင့်အတူ တင်ပြထားတဲ့ ဓာတ်ပုံလေးပါ ။

သတင်းနှင့် ဓာတ်ပုံလို့ ရေးထားတဲ့အကြောင်းလေးပါ။

 

မက်မန်းသီး တစ်ပန်းကန်ပုံသည်  မမ(လားရှိုး) ဆိုသူ ကိုယ်တိုင်ရိုက်ကူးသော ဓာတ်ပုံဖြစ်ပါသည်လား ။

သတင်းကို ကိုယ်တိုင်မေးမြန်းရေးသားသကဲ့သို့ ဓာတ်ပုံကိုလည်း ကိုယ်တိုင်ရိုက်ကူးတင်ပြမှသာ သတင်းနှင့် ဓာတ်ပုံ ဟု ရေးသားရပါမည်။

 

 

ယခု သတင်းပါ မက်မန်းသီး တစ်ပန်းကန် ဓာတ်ပုံသည် ကျမတို့မိသားစု  ရှမ်းပြည်တောင်ပိုင်း အလည်သွားခဲ့စဉ်က ကလောဘူတာ အနီးခြံထဲမှ ခူးလာခဲ့သောမက်မန်းသီးများကို( Winner Hotel မှာ ပန်းကန်ထဲထည့်ပြီး ) ရိုက်ခဲ့တဲ့ပုံလေးဖြစ်ပါတယ်။မန်းဂဇက်တွင်  ချိုသော မက်မန်းသီးများနှင့် ကလောမြို့ အမည်ဖြင့် ပိုစ့် တင်ခဲ့ပါတယ်။

သတင်းစာပါပုံတွင် နေ့စွဲကိုဖျက်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံနှစ်ပုံ ယှဉ်ပြထားပါတယ်။

 

မအိ ရဲ့ မက်မန်းသီး တစ်ပန်းကန်ပါ...

မအိ ရဲ့ မက်မန်းသီး တစ်ပန်းကန်ပါ…

သတင်းဓာတ်ပုံ- မမ(လားရှိုး) ပါတဲ့...

သတင်းဓာတ်ပုံ- မမ(လားရှိုး) ပါတဲ့…

ပြောပါရစေ…

နိုင်ငံပိုင် သတင်းစာတွင်ဖော်ပြခြင်းခံရသော သတင်းရေးသားသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောကြားချင်ပါတယ်။ အင်တာနက်မှာ ဓာတ်ပုံမျိုးစုံရှိပါတယ်။ကူးယူလို့လဲရပါတယ်။ဒါပေမယ့် စီးပွားဖြစ်သုံးခွင့်မရှိပါဘူး။

ခွင့်ပြုချက်တောင်းရပါမယ်။ မသိတော့ရင်တောင် အချို့ဂျာနယ်မှာ ပါသလို ဓာတ်ပုံ အင်တာနက် လို့ ရေးရင်တော်သေး…….

အမှန်က ဓာတ်ပုံ မန်းဂဇက် လို့ရေးရပါမယ်။

 

ခုတော့  သူများပုံကို နေ့စွဲဖျက်ထည့်လိုက်ပြီး   သတင်းနှင့်ဓာတ်ပုံ- မမ(လားရှိုး)  တဲ့လား…..

မအိ

မန်းဂဇက်ရွာ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..