ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး (ဒုဝန်ကြီးချုပ်လည်း ဖြစ်သူ) တာရိုအာဆိုကတော့

သက်ကြီးရွယ်အိုတွေဟာ သက်တမ်းရှည်ကြာကြာ အသက်ရှင်ဖို့ ကျန်းမာရေး

အထောက်အပံ့ ကုန်ကျစရိတ်တွေ အစိုးရကို ကုန်ကျစေမယ့်အစား စောစောနဲ့ မြန်မြန်

သေလိုက်သင့်တယ် လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

 

photo_1358767739100-1-0

Finance Minister Taro Aso
AFP

 

ဒုတိယ၀န်ကြီးချုပ်အဖြစ်၂ကြိမ်တိုင်တိုင် ရွေးကောကတင်မြှောက်ခြင်းခံရတဲ့ ..

ကမ္ဘာ့ပျမ်းမျှ သက်တမ်းအရှည်ကြာဆုံးနဲ့ သက်ကြီးရွယ်အို အပေါများဆုံး တိုင်းပြည်ရဲ့

ဒုတိယခေါင်းဆောင်က နိုင်ငံတော်အဆင့် လူမှု လုံခြုံရေး ပြန်လည်ပြုပြင်ပြောင်းလဲရေး

ကောင်စီမှာ သည်လို ဆိုခဲ့ပါတယ်။

သင်ဟာ သေချင်နေတဲ့အချိန်မှာ  ဆက်လက်  အသက်ရှင်အောင် အတင်းအကျပ် အားထုတ်ခံရမှုမျိုးကို

ကောင်းကင်ဘုံက တားမြစ် ပါတယ်။ ဒီအတွက် ကုန်ကျစားရိတ်တွေကို အစိုးရက ကုန်ကျခံနေရတယ်

ဆိုတာကို သိခဲ့ရင် သင် ညဘက် ကောင်းမွန်စွာ အိပ်စက်နိုင်မှာ မဟုတ်တော့ပါဘူး

သည်လူတွေကို စောစော စီးစီး သေခွင့်ပြုတာကလွဲလို့ ဒါဟာဖြေရှင်းနိုင်မယ့်

ပြဿနာတရပ် မဟုတ်ဘူး

လို့ .. သူက ဆိုပါတယ်။

 

ကျနော် ကိုယ်တိုင်လည်း ဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေ မလိုအပ်ပါဘူး။ ကျနော်ဟာ

စောစောစီးစီးပဲ သေဆုံးပစ်လိုက်မှာပါ

လို့ ဆိုခဲ့တဲ့သူဟာ သေတမ်းစာမှာ သဘာဝကို တုပပြီး အသက်ဆက်စေမယ့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး

အလိုမရှိလို့ ရေးထားခဲ့သူ လည်းဖြစ်ပါတယ်။

 

ဒီစကားတွေဟာ အစည်းအဝေးတွင်း မှာ သူက ဆိုခဲ့တာဖြစ်ပြီး  မိမိဘာသာ ရှင်သန်အသက်ရှင်စွမ်း

မရှိကြတော့တဲ့  ဖန်ပေါင်းချောင်လူသားတွေကို ရည်ညွှန်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 

အသက် ၇၂နှစ်ရှိတဲ့ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ သူဟာ လွန်ခဲ့တဲ့ တလ အတွင်းကမှ

လက်ရှိ ရာထူးကို ပြန်လည်ရယူခဲ့သူလည်း ဖြစ်ပါတယ်။

 

အဲ့သည့်လို တနင်္လာနေ့က စကားမှား အပြီးမှာတော့ သူဟာ

ဒီစကားတွေဟာ သူ့ကိုယ်သူ သာရည်ညွှန်းခြင်းဖြစ်ပြီး သူ့ရဲ့ အိုမင်းမစွမ်းဘ၀မှာ မြန်မြန် ဇီဝိန်ချုပ်ချင်တယ်

(ချုပ်သင့်တယ်) ဆိုတာ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်ကြောင်း သူ့စကားကို ပြန်လည်ဖာထေး ခဲ့ပါတယ်။

 

ကျနော် ကိုယ်ပိုင်အမြင်နဲ့ ယုံကြည်ရာကို ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။  ဘ၀နိဂုံး ကျန်းမာရေး

စောင့်ရှောက်မှု စနစ်တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ တကယ်တော့ သင်ဟာ သင့်ဘ၀ရဲ့

နောက်ဆုံးနေ့တွေကို ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ဖို့ပဲ အရေးကြီးတယ်မဟုတ်လား လို့

သူက သတင်းထောက်တွေကို ဆိုပါတယ်။

 

အာဆို ဟာ ဆွေကြီးမျိုးကြီး စက်မှုလုပ်ငန်းရှင်မိသားစု က ပေါက်ဖွားဆင်းသက်သူဖြစ်သော်လည်း

ပါးစပ် အထိမ်းသိမ်းနိုင်မှု စကားကြမ်းကြမ်းတွေ ပြောတတ်မှုနဲ့ ကျော်ကြားပါတယ်။

 

သူဟာ ကမ္ဘာစစ်ကြီးအပြီး ဂျပန်နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့တဲ့ ဂျပန်ပြည်ရဲ့ သြဇာအရှိခဲ့ဆုံး

ဝန်ကြီးချုပ်တွေထဲက တစ်ဦးဖြစ်တဲ့ ယိုရှီဒါ ရှီရဲရု ရဲ့ မြေးဖြစ်ပြီး အခြား ၀န်ကြီးချုပ်ဟောင်း

တစ်ယောက်ရဲ့ သမီးကို လက်ထပ်ထားသူလည်းဖြစ်ပါတယ်။

 

လူဦးရေ ၁၂၈-သန်း ရှိတဲ့ ဂျပန်နိုင်ငံဟာ စုစုပေါင်းလူဦးရေရဲ့ ၄ပုံ ၁ပုံလောက်ဟာ အသက် ၆၀ အထက်

ဖြစ်ပြီး နောင်နှစ်၅၀ အတွင်း ၄၀% လောက်ထိ မြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ်။

 

တချိန်တည်းမှာ နည်းပါးလျော့ကျလာတဲ့ လုပ်သား အင်အားစုဟာ လူမှုဖူလုံရေးစနစ်ကို မီခိုနေရသူတွေ

အတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်မှု မရှိခြင်းအားဖြင့်  ကြီးကြီးမားမား ထိခိုက်လျက်ရှိနေပါတယ်။

 

 

 

Ref:

http://www.japantoday.com/category/politics/view/aso-says-elderly-should-be-allowed-to-hurry-up-and-die

 

 

 

P.S ပွားချင်တာ ပွားကြပေတော့ အရပ်ကတို့…။

(ဟိုလူကြီးမြှောက်ပေးလို့ ဘာသာကောက်ကတ်ပြန်လိုက်ပါသည်)

 

130104014508_arso_304x171_afp_nocredit

 

အောက်ကတော့ အဲ့သည့် အာဆိုဂျီး မြန်မာပြည် လာသွားတာ မကြာသေးဝူးဆိုတဲ့သတင်းပါ..။

(ဟိ… ဘပြောင်ကို ဘာတွေ ကြပ်ပေးခဲ့သလဲ မဆိုနိုင်ဝူး..)

http://www.bbc.co.uk/burmese/world/2013/01/130103_japanarso.shtml

 

Point man: Taro Aso inspects a port near Yangon on Jan. 4. KYODO

Point man: Taro Aso inspects a port near Yangon on Jan. 4. KYODO

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011