မန္တလေးဂဇက်အဖွဲဝင်များဆုံစည်းပွဲနဲ့ ဆုပေးပွဲမှာ

ဥက္ကဌကြီးမမပဒုမ္မာနဲ့ အကျိုးတော်ဆောင် ဖတ်ရွေးအဖွဲ့ဝင်တွေ / မိတိုက်နဲ့ အမတ်မင်းတို့ကလည်း

ထောင့်စေ့အောင်အကုန်စီစဉ်ပြီပြီး အစားအသောက်အတွက်လည်း အဘဖေါရဲ့ စေတနာလို့ကြားတယ်

ကိုယ်ဘက်ကဘာတွေလုပ်ပေးနိုင်မလည်းလို့ စဉ်စားလိုက်တယ်

အားလုံးလည်းပျော်၇အောင် ဗလာမပါကံစမ်းမဲလေးဖေါက်ပေးနိုင်ရင် ကောင်းမှာပဲလို့

စဉ်စားမိတယ် ဒါနဲ့ပဲမိတိုက်ဆီကို ဖုံးလေးခေါ် မရတာနဲ့ပဲ အမတ်မင်းဆီကို လှမ်းဆက်လူစာရင်းလေး

လှမ်းမေး တော့ အကြောင်းပြန်ပါ့မယ်တဲ့

ပစ္စည်းလေးတွေစပြီးစုရတာပေါ့ 16/01/2013 မှာ အမျိုးမတူတာ 30လောက်စုမိသွားတယ်

17/01/2013 မှာ ပါကင်လေးတွေထုပ်ရတာပေါ့

18/01/2013မှာ မိတိုက်ဆီကို ဖုံးထက်ဆက်တော့ အမတ်က သူ့ကို မပြောရသေးဘူးတဲ့

ဒါနဲ့ပဲ အစကနေပြန်ပြော ကံစမ်းမဲလေးဖေါက်ပေးခြင်တဲ့အကြောင်းပေါ့

မိတိုက်ကပြောတယ် သူကြီးနဲ့ပေါင်းမလားတဲ မပေါင်းနိုင်ဘူးလို့

( မဲကိုပြောတာနော်- )

တက်ရောက်မဲ့သူစာရင်းက52ယောက်တဲ့

မနိုကတော့ တန်းဘိုးအားဖြင့် ဘယ်လောက်မှ မရှိပေမဲ့ လူတိုင်းကိုရစေချင်လို့

ဗလာမပါလုပ်ချင်တယ်လို့ပြောလိုက်တယ်

19/01/2013 မနက်ပိုင်းမှာ လိုနေတဲ့ 25မဲစာကို ဖိုးပြုံးချိုကနေ စာရေးကရိယာထဲ့တဲ့အိတ်လေးတွေဝယ်ဖြစ်တယ်

အိမ်မှာရှိတဲ့ ဖယောင်းဘူတွေနဲ့ ဘုရာပုံတော်တွေထဲ့လိုက်တယ် 55မဲပြည့်သွားတယ်

ညနေပိုင်းမှာ အမတ်နဲ့ မိတိုက်က ဖုံးဆက်ပြီးကွန်ဖန်ဖြစ်လားမေးလာတော့ လုပ်ဖြစ်တယ်ပေါ့

20/01/2013မှာ မဲတွေဖေါက်ပေးပြီးတော့ အရမ်းကို ပျော်ခဲ့ရပါတယ်

မှတ်မှတ်ရရ နိုင်ငံကြားကရောက်လာတဲ့လူပိုကြီးဦးကျောက်နဲ့ လူပိုလေးရဲစည်က

ဝက်ဝံရုပ်တွေပေါက်သွားကျတယ်

ပန်ပန်လေးကတော့ သူနဲ့လိုက်တဲ့ ခါးပတ်ပန်းရောင်လေး

တုံတုံကတော့ ဘောပင်

ရွာ့လူပျိုလို့နံမည်ကြီးနေတဲ့ အမတ်ကတော့ foot spa ထုပ်လေးပေါက်သွားတယ်

ဆူးကတော့ ဖယောင်းတိုင်

လေးပါက မျက်မှန်

ကြောင်ဝတုတ်ကသွားတိုက်ဆေး

မမက သွားတိုက်တံ

မိတိုက်တို့စုံတွဲက မြွေရုပ်လေးနဲ့ ဘုရားစာအုပ်

လုံမလေးက စုံတွဲဖန်ခွက်

မှတ်မိသလောက်လေးပေါ့လေ

ဓာတ်ပုံတွေတော့ မရိုက်တော့ပါဘူး

ရိုက်မိရင်တင်မိနေမှာဆိုးလို့

အမြင်ဘူးသေးတဲ့ ရွာသူားတွေကော

မြင်ဘူးပြီးသားတွေကောပြန်လည်မြင်တွေ့ခွင့်ရတဲ့အတွက်

ဝမ်းသာပီတိဖြစ်ရပါတယ်လို့

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011