ဗလာမပါ ကံစမ်းမဲ

NovyJanuary 22, 20137min35362

မန္တလေးဂဇက်အဖွဲဝင်များဆုံစည်းပွဲနဲ့ ဆုပေးပွဲမှာ

ဥက္ကဌကြီးမမပဒုမ္မာနဲ့ အကျိုုးတော်ဆောင် ဖတ်ရွေးအဖွဲ့ဝင်တွေ / မိတိုက်နဲ့ အမတ်မင်းတို့ကလည်း

ထောင့်စေ့အောင်အကုန်စီစဉ်ပြီပြီး အစားအသောက်အတွက်လည်း အဘဖေါရဲ့ စေတနာလို့ကြားတယ်

ကိုယ်ဘက်ကဘာတွေလုပ်ပေးနိုင်မလည်းလို့ စဉ်စားလိုက်တယ်

အားလုံးလည်းပျော်ရအောင် ဗလာမပါကံစမ်းမဲလေးဖေါက်ပေးနိုင်ရင် ကောင်းမှာပဲလို့

စဉ်စားမိတယ် ဒါနဲ့ပဲမိတိုက်ဆီကို ဖုံးလေးခေါ် မရတာနဲ့ပဲ အမတ်မင်းဆီကို လှမ်းဆက်လူစာရင်းလေး

လှမ်းမေး တော့ အကြောင်းပြန်ပါ့မယ်တဲ့

ပစ္စည်းလေးတွေစပြီးစုရတာပေါ့ 16/01/2013 မှာ အမျိုးမတူတာ 30လောက်စုမိသွားတယ်

17/01/2013 မှာ ပါကင်လေးတွေထုပ်ရတာပေါ့

18/01/2013မှာ မိတိုက်ဆီကို ဖုံးထက်ဆက်တော့ အမတ်က သူ့ကို မပြောရသေးဘူးတဲ့

ဒါနဲ့ပဲ အစကနေပြန်ပြော ကံစမ်းမဲလေးဖေါက်ပေးခြင်တဲ့အကြောင်းပေါ့

မိတိုက်ကပြောတယ် သူကြီးနဲ့ပေါင်းမလားတဲ မပေါင်းနိုင်ဘူးလို့

( မဲကိုပြောတာနော်- )

တက်ရောက်မဲ့သူစာရင်းက52ယောက်တဲ့

မနိုကတော့ တန်းဘိုးအားဖြင့် ဘယ်လောက်မှ မရှိပေမဲ့ လူတိုင်းကိုရစေချင်လို့

ဗလာမပါလုပ်ချင်တယ်လို့ပြောလိုက်တယ်

19/01/2013 မနက်ပိုင်းမှာ လိုနေတဲ့ 25မဲစာကို ဖိုးပြုံးချိုကနေ စာရေးကရိယာထဲ့တဲ့အိတ်လေးတွေဝယ်ဖြစ်တယ်

အိမ်မှာရှိတဲ့ ဖယောင်းဘူတွေနဲ့ ဘုရာပုံတော်တွေထဲ့လိုက်တယ် 55မဲပြည့်သွားတယ်

ညနေပိုင်းမှာ အမတ်နဲ့ မိတိုက်က ဖုံးဆက်ပြီးကွန်ဖန်ဖြစ်လားမေးလာတော့ လုပ်ဖြစ်တယ်ပေါ့

20/01/2013မှာ မဲတွေဖေါက်ပေးပြီးတော့ အရမ်းကို ပျော်ခဲ့ရပါတယ်

မှတ်မှတ်ရရ နိုင်ငံကြားကရောက်လာတဲ့လူပိုကြီးဦးကျောက်နဲ့ လူပိုလေးရဲစည်က

ဝက်ဝံရုပ်တွေပေါက်သွားကျတယ်

ပန်ပန်လေးကတော့ သူနဲ့လိုက်တဲ့ ခါးပတ်ပန်းရောင်လေး

တုံတုံကတော့ ဘောပင်

ရွာ့လူပျိုလို့နံမည်ကြီးနေတဲ့ အမတ်ကတော့ foot spa ထုပ်လေးပေါက်သွားတယ်

ဆူးကတော့ ဖယောင်းတိုင်

လေးပါက မျက်မှန်

ကြောင်ဝတုတ်ကသွားတိုက်ဆေး

မမက သွားတိုက်တံ

မိတိုက်တို့စုံတွဲက မြွေရုပ်လေးနဲ့ ဘုရားစာအုပ်

လုံမလေးက စုံတွဲဖန်ခွက်

မှတ်မိသလောက်လေးပေါ့လေ

ဓာတ်ပုံတွေတော့ မရိုက်တော့ပါဘူး

ရိုက်မိရင်တင်မိနေမှာဆိုးလို့

အမြင်ဘူးသေးတဲ့ ရွာသူားတွေကော

မြင်ဘူးပြီးသားတွေကောပြန်လည်မြင်တွေ့ခွင့်ရတဲ့အတွက်

ဝမ်းသာပီတိဖြစ်ရပါတယ်လို့

62 comments

  • ခင်ခ

    January 22, 2013 at 2:58 pm

    ကောင်းပါပေ့ ကောင်းပါပေ့ ဗျာ။
    ပျော်စရာပွဲမှာ ပိုပျော်ရွှင်အောင်လုပ်ပေးတဲ့ မနိုဗွီလည်း ဘဝမှာ ပို၍ပျော်ရွှင်ပါစေလို့
    ဆုမွန်ချွေပါ၏။

    • Novy

      January 22, 2013 at 4:08 pm

      ကျေးဇူးပါကိုခရေ
      ပေးတဲ့ဆုနဲ့ပြည့်ပါရစေချင်

  • zarlay

    January 22, 2013 at 3:01 pm

    ကံစမ်းမဲဆိုရင်တော့ အကြံအဖန်လုပ်တော့မယ်နဲ့တူတယ်

    • Novy

      January 22, 2013 at 4:09 pm

      အမှန်အကန်ပါတော် ဗလာတောင်မပါဘူး

  • မိုချို

    January 22, 2013 at 3:04 pm

    ရွာ အလှူ တွေ လုပ်တိုင်း တစ်ခုခု ကြွေးလေ့ ရှိတဲ့ မနိုရဲ့ ဗလာမပါ ကံစမ်း မဲ လက်ဆောင် ပေးတဲ့ စိတ်ကူး ကို သဘောကျ မိတယ်။ နောက်လဲ များများ ကြွေးနိုင် ၊ ပေးနိုင် ပါစေ လို့ ဆုတောင်း ပါတယ်နော်။

    • Novy

      January 22, 2013 at 4:11 pm

      ကိုယ်နိုင်သလောက်လေးလုပ်ခွင့်ပေးတာကိုပဲ
      ရွာသူားတွေကို ကျေးဇူးပြန်တင်နေပါတယ် မိချိုရေ..

  • မင်းနန္ဓာ

    January 22, 2013 at 3:20 pm

    ရွာစားကျော်က
    အိတ်အကြည်လေး မဲပေါက်ပါတယ်ရှင့်.. အဲ ဗျ။
    :hee:

    • Novy

      January 22, 2013 at 4:13 pm

      ရွာစားရေ…
      အိတ်အကြည်လေးတွေက အသေး10လုံး
      အကြီး5လုံးဆိုတော့ပေါက်တဲ့သူများတယ်

  • ဆူး

    January 22, 2013 at 3:27 pm

    တိုက်တိုက် တို့ မြွေစုံတွဲ ရုပ်ကလေး ရတာ တွေ့လို့.. အဲ့ဒါ လာမည့်နှစ်ရဲ့ လာဘ်ကောင်လေး မျိုးဆက်သစ် ကလေး ရမည့် အတိတ်လို့ ပြောခဲ့သေးတယ်။

    ဆူး ကိုတော့ ဖယောင်းတိုင် ရလို့ ညကျရင် မီးထွန်းပြီး မန်မန် ချားဖို့ ပြောကြတယ်။
    ဆူး ကတော့ မီးပျက်တဲ့ ညမှ ထွန်းဖို့ သိမ်းထားတယ်။
    မှောင်နေချိန်မှာ ဖယောင်းတိုင် လိုတယ်လေ..
    အလင်းရောင် အတွက် ဖယောင်းတိုင်လေး မထွန်းပဲ သိမ်းထားတယ်။

    ပန်းတနော် အလှူ တုန်းကလည်း ကောက်ညှင်းထုတ်တွေ ဝေပြီး ကားတစီးလုံးကို ဒါန ပြုခဲ့ဖူးတယ်။

    တရုတ်ပြည်က လာတဲ့ လူပျိုကြီး နဲ့ ဟောင်ကောင် က လာတဲ့ လူပျိုကြီးတွေ အတွက် ဝက်ဝံရုပ် ပေါက်တာတော့ တော်တော် ရီရတယ်။

    အကုသိုလ် အတုံးအခဲလေးပါ ပြောတဲ့ ကိုကမ်းကြီးက ဘုရားပုံတော် ပေါက်တယ်..
    အတုံးအခဲလေး ဆိုတော့ နေပူရင် ပျော်သွားပြီး ပျောက်သွားလိမ့်မယ်လို့ ပြောနေကျမို့လား မသိဘူး။
    နေပူထဲမှာ မတ်တပ်ရပ်နေတဲ့ ဘုရားပုံတော်ကြီး သူ့ လက်ထဲ ရသွားတယ်။

    တန်ဖိုးက အရေးမကြီးပါဘူး ပျော်စရာ ကောင်းပါတယ်။
    ဒါနဲ့ အတောင်ပံ အမဲလေးနဲ့ ဘီးကုတ်လေးတွေ ဘယ်သူပေါက်လဲဟင်.. တယောက်ပြီး တယောက် တပ်ကြည့်နေကြတာ..

    • Novy

      January 22, 2013 at 4:14 pm

      အတောင်ပံ အမဲလေးနဲ့ ဘီးကုတ်လေးက မနိုကိုချစ်လို့ထင်တယ်
      မနိုရဲ့ခြင်းထဲကို ပြန်ပါလာပါတယ်ချင်

  • Ma Ei

    January 22, 2013 at 3:36 pm

    မုံရွာ ဗောဓိတစ်ထောင် ရုပ်ပွားတော်ပုံတော် ရခဲ့ပါတယ်…
    အမြတ်ဆုံး ဘုရားပုံတော် မဲပေါက်တာ ကံကောင်းလို့ပါနော်…
    ကျေးဇူးတင်ပါတယ်..နိုဗွီရေ…

    • Novy

      January 22, 2013 at 4:16 pm

      မအိရေ…
      အဆင်တူပါပဲ မနိုတို့သားအမိလည်း ဘုရားပုံတော်တွေပေါက်ပါတယ်ရှင်

  • ရွာသူ jujuma .

    January 22, 2013 at 3:39 pm

    ဂျူးမ ကတော့ နံပါတ်(၂၈) ဘူကြီးလေ .. ဟိဟိ
    ဗလာမပါကံစမ်းမဲဆိုတော့ ပိုက်ဆံအိတ်ကလေး တစ်လုံး ရလိုက်ပါတယ် ….. :kwi:

    • Novy

      January 22, 2013 at 4:52 pm

      အဲ့ဒီအိတ်ကလေးက ဘန်ကောက်ကတောင်ဝယ်လာတာပါအေ

      • Novy

        January 23, 2013 at 10:46 am

        ရွာသူရေ..မှားသွားလို့ မဲနံပါတ်တွေပြန်ကြည့်တော့
        အဲဒါ ဖိုးပြုံးချိုက စာရေးကရိယာထဲ့တဲ့အိတ်
        ဘန်ကောက်ကဟာဟုတ်ဘူး

  • panpan

    January 22, 2013 at 3:43 pm

    အနော်က ခါးပတ်ပန်းရောင်လေးပေါက်ပါတယ်ချင့်
    ခါးပတ်လေးက ချစ်ချာလေးပါ
    အနော့်ကိုယ်လုံးနဲ့တော့ကွက်တိ
    မျက်နှာနဲ့တွဲကြည့်တော့ နည်းနည်းကလေးဆန်နေသလားလို့ :hee:
    လက်ချောင်လေးတွေအတွက် ကျေးဇူးပါမနိုဗွီချင့်

    • ဆူး

      January 23, 2013 at 10:34 am

      အဲ့ဒီ ခါးပတ်ကလေး လှတယ်အေ့.. ကိုယ်လုံးနဲ့ ကွက်တိပဲ.. ကလေးဆန်တယ် ထင်ရပေမဲ့.. လှတာပဲ.. သူများတွေ သဘောကျလို့ လိုက်လုုပ်ဖို့ မလွယ်တဲ့ အရွယ်လေးပဲဟာ.. ဟိဟိ

    • Novy

      January 23, 2013 at 10:48 am

      ပန်ပန်နဲ့ကွက်တိကို လှနေပါတယ်တော်

  • ဦး ကျောက်ခဲ

    January 22, 2013 at 3:49 pm

    မနိုရေ

    ရွာတွေ့ဆုံပွဲက အပျော်တွေခုထိရင်ထဲမှာ စီးဆင်းနေတုံး….
    ဟုတ်ပါ့ဗျာ စိနတိုင်းကလာတဲ့ ကတုံးဆံပင်ပေါက် လူပျိုကြီး ညီနောင်နှစ်ယောက်မှ ရွေးပြီး ဝက်ဝံရုပ် မဲ ပေါက်တာတော့ ထူးသဗျ…
    ဟိ… ကျိန်းကျေမှာစိုးလို့…. လုံမလေးကို လက်ဆောင်ပေးလိုက်တယ်…
    :kwi:

    • Novy

      January 23, 2013 at 10:49 am

      ဦးကျောက် တို့ပျော်တာများတာဝန်တောင်ယူအုံးမယ်တဲ့ :harr:

  • etone

    January 22, 2013 at 3:55 pm

    မနိုရေ .. မင်္ဂလာပါ
    စိတ်ကူးကောင်းကောင်းနဲ့ ဗလာမပါ မဲလေးလုပ်ပြီး အမှတ်တရ ဖြစ်အောင် ဖန်တီးပေးတဲ့ မနိုကို ကျေးဇူးအများကြီးတင်ပါတယ် ။

    တလက်စတည်း … Mandalay Gazette Logo လေးနဲ့ ကီးချိန်းလေး လုပ်ပြီး လက်ဆောင်ပေးတဲ့ ကိုချိုကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။

    • Novy

      January 23, 2013 at 11:03 am

      အမှတ်တရဖြစ်တယ်ဆိုရင်ပဲ ကျေနပ်နေပါတယ်ချင်
      ကိုချိုကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်

  • mamanoyar

    January 22, 2013 at 4:20 pm

    ဗလာမပါကံစမ်းမဲလေးအတွက်
    အရမ်းဝမ်းသာပါတယ်
    ကြားရတာနဲ့ပဲ အရမ်းကိုပျော်စရာပွဲလေးလို့ မြင်မိပါတယ်

    • Novy

      January 23, 2013 at 11:05 am

      နောက်ပွဲတွေကျရင် နိုရာလည်းတက်ရောက်နိုင်ပါစေလို့ ဆုတောင်းပေးမယ်နော်

  • MaMa

    January 22, 2013 at 5:11 pm

    မနို်ရေ-
    အမှန်အတိုင်းပြောရရင် ကံစမ်းမဲ ပေါက်လေ့မရှိလို့…
    သဂျီးရဲ့ ကံစမ်းမဲကို စိတ်မဝင်စားဘူး။
    မနိုရဲ့ ဗလာမပါ ကံစမ်းမဲကိုပဲ စိတ်ဝင်စားနေတာ။
    ကံကောင်းချင်တော့ မနိုရဲ့ ကံစမ်းမဲက ပိုနေလို့ သဂျီးကံစမ်းမဲမှာ ထပ်ထည့်ဖောက်တော့ ၂ခါတိတိရသွားတာ အမှတ်တရပဲ။
    ပထမတစ်ခုက ကြယ်သီး။
    ဒုတိယတစ်ခုက သွားတိုက်တံ။
    🙂

    • Novy

      January 23, 2013 at 11:11 am

      မမရေ. နောက်တစ်ခါပွဲကျရင် မြန်မာအင်္ကျီးလေးမှာ အဲ့ဒီကြယ်သီးလေးတွေ
      တက်ခဲ့နော်

  • Tin Tin

    January 22, 2013 at 5:47 pm

    မနိုဗွီရဲ့ ဗလာမပါကံစမ်းမဲ အစီအစဉ်လေးကပါ အားဖြည့်ပေးလိုက်တော့ တွေ့ဆုံပွဲလေးက ပိုပြီး ပျော်ရွှင်ကြည်နူးစရာဖြစ်ခဲ့ပါတယ်…. ကျမလည်းအိတ်ကလေး တစ်လုံးပေါက်ပါတယ်…
    ကျေးဇူးပါ မနိုဗွီရေ… နောက်များမှာလည်း ထပ်တွေ့ကြမယ်နော်….

    • Novy

      January 23, 2013 at 11:12 am

      နောက်ပွဲတွေလည်းထက်ဆုံကြရအောင်ပါနော်

  • Mr. MarGa

    January 22, 2013 at 6:53 pm

    ဦးမာဃကတော့ ထူးသဗျ
    ပေါက်တာက တဘက်လေ
    ညကျ ကားပေါ်မှာ တစ်ခါထဲ အသုံးချလိုက်ရတယ်
    ကျေးဇူးဗျို့

    • Novy

      January 23, 2013 at 11:14 am

      မောင်မာဃတစ်ယောက် မနက်ကလိုကားပေါ်မှာ ပုဆိုးနဲ့မျက်နှာ မသုတ်ရတော့ဘူးပေါ့နော်

      • Mr. MarGa

        January 23, 2013 at 2:45 pm

        အွမ်
        ဘောင်းဘီလက်ရှည်နဲ့ လာတာကို
        ပုဆိုးမှ မပါတာဗျ
        မနက်က ကားလိုက်ကာနဲ့ သုတ်လာတာ
        ဘယ်သူ့မှ ပြန်မပြောနဲ့နော် :kwi:

  • Nyein Nyein

    January 22, 2013 at 7:53 pm

    မနိုဗွီရေ………… မှော်ဦးထုပ်လေးပါတဲ့ ဘီးကုပ်လေးကို အိမ်ရောက်တော့ ထပ်ပြီးတပ်ကြည့်တယ်။ မှန်ကြည့်လို့မဝဖြစ်နေတာ……….. ဒီကြားထဲ အဲဒီ့ဘီးကုပ်ကို ညီအစ်မတွေလုရသေးတယ်။ တစ်ယောက်တစ်လှည့်တပ်ကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ပါ။…… သူကြီးရဲ့ ကံစမ်းမဲမပေါက်ပေမယ့်လည်း မနိုဗွီရဲ့ ကံစမ်းမဲလေးရလို့ ပျော်ရွှင်ဝမ်းသာမိပါကြောင်း………….. ကျေးကျေးပါ မနိုဗွီရေ……………

    • Novy

      January 24, 2013 at 9:42 am

      ငြိမ်းငြိမ်းက မှော်ဦးထုပ်လေးကဆောင်းလိုက်တော့
      ကလေးလေးလိုချစ်ဖို့အရမ်းကောင်းသွားပါတယ်ကွယ်

  • padonmar

    January 22, 2013 at 8:29 pm

    မနိုလက်ရာ ဖယောင်းတိုင်လေးတွေရပါတယ်။
    လက်ဆောင်အတွက်လည်း ကျေးဇူးတင်ပါတယ်။
    ပွဲက မနိုရဲ့ ဗလာမပါ လေးကြောင့်ပိုပျော်ဖို့ ကောင်းသွားပါတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
    လူပိုဂျီး ၂ယောက်မှ ဝက်ဝံရုပ်ရတာတော့ ထူးဆန်းပါပေ့။(စိနတိုင်းကလာတာလည်းတူ၊ကတုံးကေချင်းလည်းတူ၊လူပိုဂျီးချင်းလည်းတူ၊
    ဝက်ဝံရုပ်ရတာလည်းတူ၊နောက်ဘာထပ်တူကြအုံးမလဲ)

    • panpan

      January 22, 2013 at 9:06 pm

      သူတို့ရတဲ့ဝက်ဝံရုပ်ကနူးနူးညံ့ညံ့လေးတွေဆိုတော့ သူတို့နဲ့လုံးဝမလိုက်ဖက်တာလည်း တူတူ
      ဒါ့ကြောင့် ချစ်ဖို့ကောင်းတဲ့ဝက်ဝံရုပ်လေးနှစ်ရုပ်ကို အဲ့လူဂျီးနှစ်ယောက်က ခပ်ချောချောကောင်မလေးနှစ်ယောက်ကို လက်ချောင်ပြန်ပေးလိုက်ရတာချင်းလည်း တူတူ
      ဟိဟိ
      (ချိတ်ချိုးနဲ့နော်…အတည်စတာ)
      အူးစီအရုပ် အနော်ရတယ် :harr:

      • Foreign Resident

        January 23, 2013 at 9:00 am

        ” အူးစီ အရုပ် အနော်ရတယ် ”

        အော် ၊ မောင်ရဲစည် ၊ မောင်ရဲစည် ။
        အဘ က မင်းကို ရိုးလှတယ် ထင်တာ ။
        အခုတော့ ရွာ့ ကွမ်းတောင်ကိုင်ကိုမှ မင်းက – – – – ။

    • Novy

      January 24, 2013 at 9:44 am

      မမပဒုမ္မာရဲ့ စာအုပ်လက်ဆောင်လေးတွေကိုလည်း
      ကြိတ်ပြီးလိုခြင်နေပါတယ်
      စာအုပ်လက်ဆောင်ရအောင် ကြိုးစားပါအုံးမယ်ရှင့်

  • surmi

    January 22, 2013 at 8:56 pm

    ကျနော်က ပိုက်ဆံအိပ် ပါ …..
    အိမ်လဲရောက်ရော ကီးချိန်းနဲ ့ မဲပေါက်တဲ ့ ပိုက်ဆံအိပ်ကို ကလေးနှစ်ယောက်က “မ” သွားလေရဲ ့
    သိပ်ပျော်စရာကောင်းတဲ့ပွဲလေးပါပဲ

    • Novy

      January 24, 2013 at 9:46 am

      နောက်တစ်ခါကျရင် ကလေးတွေမလို့မရတဲ့
      လက်ဆောင်စီစဉ်ပါ့မယ်နော်

  • မောင်ပေ

    January 22, 2013 at 9:05 pm

    မမဗွီတစ်ယောက် အခုလက်ရှိထက်မက ချမ်းသာကျန်းမာပါစေရယ်ဖို ့
    မောင်ပေ တစ်ယောက် ဆုမွန်ကောင်းတောင်းလိုက်ပါအိ

    • Novy

      January 24, 2013 at 9:49 am

      မေပေါင်ပေးတဲ့ဆုနဲ့ ပြည့်ပါရစေချင့်

      မနိုကို တကယ်ချောတာလားလို့ မေးလာတဲ့ မန်းလေးကလူကိုလည်းပြောလိုက်ပါနော်
      တကယ်ကြီးကိုပဲ………..ပါတယ်လို့ :harr:

  • ဂန္ဓာရီ ဆြာအုပ်

    January 23, 2013 at 12:11 am

    အနော်ကတော့ အိတ်ကလေးပေါက်ပါတယ်.. ကျေးကျေး မနို
    အိမ်ရောက်တော့ မလိုက်ရတဲ့ မိန်းမကို မျက်နှာ လုပ်လိုက်ပါတယ်

    • Novy

      January 24, 2013 at 9:52 am

      ဆြာအုပ်နဲ့ ဓာတ်သေတွဲမရိုက်လိုက်ရလို့
      မကျေနပ်ပါရှင့်

  • အရီးခင်လတ်

    January 23, 2013 at 3:01 am

    မနိုရေ
    စိတ်လဲလှ၊ မျက်နှာကလဲ ကြည်ကြည်လှလှလေး မို့
    အတိတ်ကံ ကောင်း တယ်လို့ ပြောလိုက်ရင် သူကြီး ကြိမ်လုံးစာ မိတော့မှာမို့ …..
    စိတ်လှလို့ ရုပ်ကြည် တာလား။
    ရုပ်ကြည်လို့ စိတ်လှတာလား။
    လို့သာ တွေးနေပါကြောင်း။
    😉

    • Novy

      January 24, 2013 at 9:55 am

      အရီးလတ်လည် ရုပ်ကြည်ကြည်လေးနဲ့ချောပါတယ်လို့
      သူကြီး ကြိမ်လုံးစာ မမိအောင် လိပ်ပြာလှတယ်လို့သုံးလိုက်မယ်နော်

  • kai

    January 23, 2013 at 5:54 am

    အိုင်ဒီယာအင်မတန်ကောင်းပါတယ်.. သာဓုလည်းခေါ်.. အသိအမှတ်ကြီးကြီးလည်း.. ပြုမိပါတယ်..။
    ပိုပျော်ရတာပေါ့ဗျာ…

    ဆိုတော့..
    နောက်တခါကွန်ဖရင်န့်ဆို..
    .. ဆိုင်ရာနယ်ကလာသူတွေ.. ကိုယ့်နယ်က.. ၂~၄လက်မအရွယ်လောက်.. ကျောက်တုံးကလေးများ.. ကောက်ယူလာခဲ့ကြဖို့…
    အဲဒီကျောက်တုံးကလေးများနဲ့.. ဂမ္ဘီရကျောက်တိုင်ထူမယ်ဖြစ်ပါကြောင်း… :harr:

    • Novy

      January 24, 2013 at 9:57 am

      သူကြီးကအသိအမှတ်ပြုတယ်ဆိုလို့ မာန်တက်သွားပါတယ်
      နောက်ပွဲတွေမှာ သူကြီးပေးမဲ့လက်ဆောင်ကို မျော်နေမယ်နော်

  • weiwei

    January 23, 2013 at 8:21 am

    ကံစမ်းမဲဆိုရင် ပေါက်လေ့မရှိဘူးဆိုတော့ ဗလာမပါဆိုတော့ ပေါက်မှာသေချာနေတာပေါ့နော် .. ဒါပေမယ့် မဲနှိုက်လိုက်တော့ နံပါတ်က ၄၆ ဆိုတော့ ဗလာမပါတာတောင် နံပါတ်ကြီးကြီးရတဲ့ ကံပဲလို့ တွေးနေတာ … ဒါပေမယ့် ပိုက်ဆံအိတ်သေးသေးလေးက ချစ်စရာလေးမို့လို့ ပျော်သွားပါတယ် …
    ကျေးဇူးတင်ပါတယ် … အမှတ်တရ သိမ်းထားမှာ …
    ကံကောင်းချင်နေတော့ သူကြီးရဲ့ ကံစမ်းမဲပါ ထပ်ပေါက်သွားသေးတယ် …

    • ဆူး

      January 23, 2013 at 10:38 am

      ဗလာမပါတဲ့ ကံစမ်းမဲတောင် ဆူး က ၄၉ ဆိုပြီး အမ နဲ့ ပြောဖြစ်သေးတယ်နော်.. အဲ့လို ပြောရင်းနဲ့ နောက်တခါ ထပ်နိုက်တော့ တယောက် တခုစီ ပေါက်ကြတယ်.. တကယ်ပျော်ဖို့ ကောင်းတယ်။

    • Novy

      January 24, 2013 at 10:02 am

      မဝေက ပိုက်ဆံအိတ်သေးသေးလေးကို သဘောကျတယ်ဆိုလို့ကျေးဇူးတင်ပါတယ်ရှင့်

  • P chogyi

    January 23, 2013 at 8:40 am

    ကျွန်တော်ကမဲနိုက်ရင်ပေါက်လေ့မရှိဘူး
    မနိုဗီရဲ့ကျေးဇူးကြောင့်(ဗလာမပါမို့)
    မဲပေါက်သွားတာ။
    သဂျီးလက်ဆောင်က နည်းနည်းလေးမို့
    မပေါက်ဘူး။
    သဂျီးရေ နောက်တစ်ခါကျရင်
    လူအရေအတွက်အတိုင်း လက်ဆောင်ပေးပါဗျို့။

    • Novy

      January 24, 2013 at 10:04 am

      ကိုချိုကြီးရဲ့ သော့ချိတ်လေးအတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်

  • ဦးကြောင်ကြီး

    January 23, 2013 at 10:42 am

    ဗလာမပါ
    တံငါရွာ
    အဆာပလာ
    ဇကာရှာ
    ကမာ္ဘတခါ
    အဝှာကြာ
    မပျာမယာ
    လဘာဂျာ..။

    • Novy

      January 24, 2013 at 10:08 am

      အူးကြောင် အချိန်ပေးပြီး ကဗျာလေးရေးတဲ့အတွက်ကျေးဇူးပါ

  • လုံမလေးမွန်မွန်

    January 23, 2013 at 11:46 am

    အစ်မရေ..
    တကယ်ကျေးဇူးတင်ပါတယ်…
    မွန်မွန်က ခွက်ဆို အရမ်းသဘောကျတာ..ကော်ဖီခွက်လှလှလေးတွေဆို အမြဲတမ်းဝယ်တယ်..
    ဒါမယ့်..စုံတွဲခွက်တော့ တစ်ခါမှ မဝယ်ဖူးဘူး… အစ်မပေးတဲ့လက်ဆောင်က ပထမဆုံးပဲ…
    တစ်ခွက်က အအေးသောက်မယ်.. တစ်ခွက်က.. :mrgreen:

    တစ်ခါတည်း ဦး P Chogyi ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်လို့…
    အဲ့ဒီသော့ချိတ်လေးကိုလည်း တကယ်ကြိုက်တယ်…

    ခင်တဲ့
    လုံမလေး

    • တစ်ခွက်က ကိုကိုအံ ကို ပေးပေါ့ကွယ် ..
      ကိုကိုအံ အဲ့ဒါကို ရင်ဘတ်ဂျီးထဲ သိမ်းထားမှာပေါ့ …
      ဟုတ်ဘူးလားလို့ …
      မပေးလည်း လုမှာပဲကွာ .. ကြာသလားလို့ … အဟီးး :mrgreen:

      • လုံမလေးမွန်မွန်

        January 23, 2013 at 10:53 pm

        ရောဂါ..ရောဂါ… ရွာထဲထိ ပါလာပါလား..
        နာ့ဘာသာ သောက်ချင်တာ ထည့်သောက်ဖို့ ထားတာကို… ဟွန်း..

    • Novy

      January 24, 2013 at 10:09 am

      စုံတွဲခွက်လေးတွေကို သဘောကျတယ်ဆိုလို့ ကျေးဇူးပါနော်
      စုံတွဲသောက်နိုင်အောင်မြန်မြန်ကြိုးစားနော်

  • ကျုပ်ဂဒေါ့ …
    ဒါ့ပုံဘောင်လေး ပေါက်တယ်ဗျ ..
    ပျော်လိုက်တာဗျာ …
    အဲ့ဒီ ဒါ့ပုံဘောင်လေးထဲမှာ အခုဆိုရင် ……… နေရာယူနေပေါ့ …..။

    • Novy

      January 24, 2013 at 10:12 am

      ခြောက်မျက်နှာရေ..
      အဲ့လိုကြွားရင်ယုံမယ်ထင်လား

      • ရှူးးး တိုးတိုး
        ဂျီးဒေါ်ကလည်း မသိတဲ့လူတွေ ..
        ယုံသွားလည်း နည်းမှတ်လို့ ..
        ဟုတ်ဘူးလားး :mrgreen:

  • cobra

    January 24, 2013 at 1:00 pm

    နောက်ဆို ကြီးကြီးလေး ပေးနိုင်ပါစေ။
    သားရတာက သေးလို့ 🙂

Leave a Reply