မိတ်ဆက်ခြင်း

 

ကျွန်တော် ဒီ ဂေဇက်ကို ဝင်ဝင်ဖတ်တာကြာပေမယ့် အခုမှ ရွာသားဘဝ ခံယူတာပါ ၊
ရန်ကုန်မှာနေတဲ့ ကချင်ပြည်နယ်ရွှေကူသားပါ ၊
အမေက စာရေးဆရာမ ကျွန်တော်က အားကစားဝက်ဘ်ဆိုက်အယ်ဒီတာပါခင်ဗျာ ၊

21 comments

  • ဦး ကျောက်ခဲ

    January 22, 2013 at 1:48 pm

    မန်းဂဇတ်ရွာမှ ကြိုဆိုပါတယ်ခင်ဗျာ

    ကျွန်တော်တို့ ရွာထဲမှာလည်း စာရေးပါခင်ဗျား…
    စည်းမျဉ်းတွေကိုတော့ သိပြီးဖြစ်မယ်လို့ယူဆပါတယ်…
    အားကစားဝက်ဘ်ဆိုက်အယ်ဒီတာဆိုတော့….
    ရွာသူရွာသားများ အားကစားအကြောင်းဖတ်ရမယ်ထင်ပ…. 🙂

  • Myo Thant

    January 22, 2013 at 2:08 pm

    ဟုတ်ကဲ့ပါ ၊ ဆရာပေနဲ့အပြိုင် ဘောလုံးပွဲတွေ မှန်းကြတာပေါ့ ၊ 🙂
    ဒါပေမယ့် ကျွန်တော်က ၂ ရက်လောက် ကြို တင်ရတာပါ ၊
    ဒီ ဝက်ဘ်ဆိုက်တွေက ကျွန်တော် တာဝန်ယူထားရတဲ့ ဆိုက်တွေပါ ၊

    http://www.myanmargoal.com/
    http://www.yatanarpon.com.mm/sports/

    • မောင့်ကျက်သရေ ဂီ့

      January 22, 2013 at 2:13 pm

      ဝဲလ်ကမ်းပါ အယ်ဒီတာ
      :kwi:

  • ရွာသူ jujuma .

    January 22, 2013 at 2:13 pm

    ကြိုဆိုပါတယ်ဗျာ …
    ဆရာပေနဲ့အပြိုင်ဆိုတော့ .. နှစ်မျိုး ရှု့ရတာပေါ့ .. မိုက်တယ် … :hee:

  • ခင်ခ

    January 22, 2013 at 2:30 pm

    အယ်ဒီတာကြီးတစ်ယောက် ရွာထဲရောက်လာတာတော့ ကြိုဆိုတယ်ဗျို့။
    ဘောလုံးပွဲအကြောင်းဘဲရေးမှာလား အဲလိုဆိုရင်တော့ ခင်ခ တို့တော့ ဖတ်ဖြစ်မန့်ဖြစ်မယ် မထင်ဘူးဗျာ။
    ကျွန်တော်က ဘောလုံးပွဲဆို ကိုယ့်ရှေ့မှာ ကန်နေတဲ့ အသင်းကလွဲလို့ ဘာမှသိဘူးဗျ။
    ကြည့်လည်းကြည့်ခဲတယ်လေ။ အဲ တင်းနစ်တို့၊ ကြက်တောင် နဲ့ ဘောလီဘော အကြောင်းလေးတွေ ရေးပေးရင်တော့ ဖတ်မယ်ဗျာ။

  • Myo Thant

    January 22, 2013 at 2:50 pm

    ကျွန်တော်က ကိုပေါက်လို ဓါတ်ပုံရိုက် မတော်
    ကိုသော်ဇင်လို ထိမိတဲ့ ရေးဖွဲ့မှူမျိုး သိပ်မတတ်
    တောကကိုရင်လိုလည်း ကဗျာ သိပ်မစပ်တတ်ပေမယ့်
    အားကစားမဟုတ်တဲ့ ရေးမိရေးရာလေးတွေ ရေးချင်လို့ ရွာသားဖြစ်လာတာပါ ၊
    ဂေဇက်လူသစ်လေးမှာ အမှားရှိရင် ခွင့်လွှတ်ကြပါဗျာ ၊ 🙂

  • ဗုံဗုံ

    January 22, 2013 at 3:35 pm

    မင်္ဂလာပါ အန်ကယ်မျိုးသန့်ရှင့် ကြိုဆိုပါတယ်ရှင် 🙂

  • kai

    January 22, 2013 at 3:38 pm

    ရွာထဲ..လူသစ်လူဟောင်းဆိုပြီးမထားပါဘူး..
    ရေးနိုင်တွေးနိုင်တဲ့..အစဉ်အလာ ဝါ သဘာနဲ့ကိုကြည့်ကြတာပါ…
    ဆိုတော့..
    အားကစားအကြောင်းတွေရေးတင်ဆွေးနွေးစေလိုပါတယ်ခင်ဗျား.. :harr:

  • Myo Thant

    January 22, 2013 at 3:51 pm

    အန်ကယ် တဲ့ဗျာ ၊ ပွဲဦးထွက်နေ့မှာပဲ ခံလိုက်ရပါလားကွယ် ၊ 🙁

  • မင်းနန္ဓာ

    January 22, 2013 at 3:57 pm

    Sport လိုင်းအတွက်
    အားထားရမယ့် နောက်တစ်ယောက်တိုးတာပေါ့
    ဝဲလ်ကမ်းပါ ကမျိုးသန့်ရေ

  • Myo Thant

    January 22, 2013 at 4:04 pm

    အားကစားသတင်းချည်းပဲဆိုရင်တော့ ရေးချင်ဘူးနော် ၊
    ရင်တွင်းဖြစ်တွေ ဝေငှချင်လို့ ရွာသားလုပ်တာပါဗျို့

    မောင်မျိုးသန့် ( ရင်တွင်းဖြစ် ) 😛

  • etone

    January 22, 2013 at 4:22 pm

    အယ်ဒီတာအူးအူးချင့် .. တမီးတို့ရဲ့ အရောင်သွေးစုံလင်လှတဲ့ ရွာလေးက ကြိုဆိုပါအိ
    ပျော်ရွှင်စွာ ရွာရိုးကိုးပေါက်မကျန် ခြေကျင်လျှောက်နိုင်ပါစေချင့် …… ။ :harr:

  • Wow

    January 22, 2013 at 4:30 pm

    အားကစားဆိုလို့ ဘောလုံးပွဲတွေမှာ ကစားသမားတွေ တစ်ယောက်ဘောတစ်လုံးနဲ့ ကိုယ့်ဘောကိုယ်ကန်ခိုင်းရင် မကောင်းဘူးလားဟင်င်င်င်င်…. :harr:

  • အရီး လေး

    January 22, 2013 at 5:10 pm

    ကိုမျိုးသန့်ရေ
    အရီးလေး ကလည်း ဝင်လာတာ မကြာသေးတဲ့ အသစ်ပါဘဲ
    ဖတ်လာတာတော့ ၆နှစ်လောက် ရှိပြီထင်ပါရဲ့
    ခပ်တည်တည်နဲ့ မိတ်မဆက် ဘဲဝင်လာတာ
    စာရေးတာ မကျွမ်းကျင် ဘူးလေ
    ခုဆိုရင် ကွန်ယက်ရွာကလေးက ပိုပြီးစည်ကားလာပြီ
    ကြိုဆိုပါတယ်
    :hee:

  • padonmar

    January 22, 2013 at 8:54 pm

    အယ်ဒီတာတစ်ယောက် ရွာသားဖြစ်တော့မယ်ဆိုတော့ ဂုဏ်ယူစွာ ကြိုဆိုလိုက်ပါတယ်။

  • surmi

    January 22, 2013 at 9:11 pm

    ကိုမျိုးသန် ့ရေ …..
    ကျနော်လည်း ဘော ဝါသနာအိုးဆိုတော ့ ….
    ဟဲ ဟဲ ငြင်းကြတာပေါ ့နော …. (အလကားနောက်တာပါ)
    ရေးပါဗျာ ..။ များများဖတ်ချင်ပါတယ် ။
    တစ်စုံတစ်ခု အဆင်မပြေရင်လည်း သဂျီး(Kai) ဆီကိုအကူအညီ တောင်းနိုင်ပါတယ် ။
    ပြီးတော့ …. ဒူပေ ဒါပေ ခံနိုင်ရည်ရှိစေချင်ပါကြောင်း းးးးးး
    :kwi:

  • Myo Thant

    January 23, 2013 at 1:13 am

    တကယ့်ကို ဆွေမျိုးတွေနဲ့ တွေ့ရသလို ပါပဲဗျာ ၊

  • Foreign Resident

    January 23, 2013 at 9:04 am

    ကြိုဆိုပါတယ်ဗျာ ။

    အဘဖေါ ( Foreign Resident ) ။

  • မောင်ပေ

    January 23, 2013 at 8:18 pm

    မင်္ဂလာပါ ကိုမျိုးသန် ့ရေ
    ကျုပ်က ဒီမှာ ဘောလုံးခန် ့မှန်းရေးတယ်ဆိုတာ ပွဲချိန်နားနီးမှ ဖြစ်တဲ့ အနေအထားတွေပေါ်ကြည့်ပြီးရေးတာပါ ။ ကိုယ်တိုင် အားပေးသူ ပူတူတူးလေးတစ်ယောက်ပါ
    ကိုမျိုးသန် ့ရဲ ့ခန် ့မှန်းချက်တွေကိုစောင့်မျှော်နေပါမယ်
    ဒီကနေ ့ညပွဲစဉ်တွေထဲကတော့ ၊ ကိုပါအီတာလီယာပွဲစဉ်ဖြစ်တဲ့
    အင်တာမီလန် ကို အိမ်ကွင်းမှာ တွေ ့မယ့်
    “““ ရိုးမား ””” ကို အားပေးရင် ပျော်ရဖို ့၅၀%ကျော်မယ်လို ့မြင်မိပါတယ်
    ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ ၁-၁ သရေကျခဲ့ပါတယ်

    • Myo Thant

      January 24, 2013 at 8:55 am

      အင်္ဂလန်လိဂ်ဖလား ဆီမီး
      ခန့်မှန်း ဆွမ်ဆီး 1-1 ချဲလ်ဆီး
      အကြိုက် ဆွမ်ဆီး
      ကိုပါအီတာလျံ ဆီမီး
      ခန့်မှန်း ရိုးမား 1-1 အင်တာ
      အကြိုက် ရိုးမား

      Result
      Roma 2 – 1 Internazionale
      Swansea 0 – 0 Chelsea

  • ရှဲရှဲ သန်းကျူး .. အဲ .. ဟုတ်ဘူးး :mrgreen:
    မင်ဂါဘာ .. ဝဲလ်ကမ်းဘာလို့ …..
    ဒါနဲ့ … ခညားဂ အိုက်ဆိုက်တွေရဲ့ အယ်ဒီတာဆိုတော့
    ချာဂျီးနေမှာပေါ့နော် …

Leave a Reply