စံပြရွာ

may maylayJanuary 22, 20131min1477

 

တချိုု့ရွာတွေမှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားကြတယ်။ဘာတဲ့…

စံပြရွာ တဲ့။

 

ဒို့မြေပုံက လူတွေကို ပြောပြချင်ပါတယ်…

စံပြရွာဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ဖို့ …စံပြရွာဆိုတဲ့ အသိအမှတ်အပြုခံရဖို့ထက်…                                                                                                            180143_109755095768805_4913432_n.

 

 

ဒို့ရွာသူ…ရွာသားတွေကိုယ်တိုင်က.. ပြောတာဆိုတာ စိတ်နေစိတ်ထားတွေက.. စံထားလောက်အောင်ကောင်းနေပြီဆိုရင်…

ဒီရွာကြီးကလည်း စံပြုထိုက်တဲ့ စံပြရွာကြီး ဖြစ်သွားမှာပဲ။ သူများပေးတဲ့ ”စံပြ” ရွာကြီး ဖြစ်သွားမှာပဲ။

 

သူများပေးတဲ့ ”စံပြ”ရွာဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေထက်… ဒို့ရွာသူရွာသားကိုယ်တိုင်က စံပြလူသားတွေဖြစ်အောင် ကြိုးစားကြဖို့ကို အထူးပြောချင်တယ်။

 

သူများပေးတဲ့အောင်လက်မှတ်ထက်…

ကိုယ်ပိုင်တကယ်အရည်အချင်းရှိသူတွေဖြစ်အောင် ကြိုးစားကြ။  ဒို့ကတော့ စံပြဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မြင်ရဖို့ထက် စံပြဖြစ်နေတဲ့လူတွေကိုပဲ မြင်ချင်တယ်။

 

( မောင်လမ်းညွန်  မြေပုံစာအုပ်မှ ကောက်နုတ်ထားပါသည်။)

7 comments

  • ဦးကြောင်ကြီး

    January 23, 2013 at 10:52 am

    မေလေးအတွက်ဆို ဦးကြောင် ဆန်ပြလုပ်သား ဖြစ်ပါရစေ။ ဆန်ပွဲရုံလုပ်ရင် ပြောတာပါ။
    ဆန်ပြလုပ်သားဂျီး ဦးကြောင် :harr:

  • ရွာသူ jujuma .

    January 23, 2013 at 11:41 am

    စံပြ ဆိုတဲ့ ဆိုင်းဘုတ်ကြီးလည်း ထောင်ဖို့ မလိုသလို …
    စံပြ ဆိုပြီး သူများမြင်အောင် ပြသဖို့လည်း မရှိ ..
    စံပြ ဖြစ်အောင်ကိုယ်ကိုယ်တိုင် ကိုယ့်အသိမှာ….
    စံပြ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ပဲ ရှိပါတယ် … :hee:

    • may maylay

      January 25, 2013 at 6:33 pm

      ကောင်းပါတယ်။ jujuma

  • kyeemite

    January 23, 2013 at 2:14 pm

    စံပြ ရွာဆိုတာ ဒီရွာပေါ့ဗျာ…

  • မောင်ပေ

    January 23, 2013 at 8:20 pm

    ဆီပြရွာတို ့
    ဆားပြရွာတို ့လဲ တွေ ့ချင်စမ်းပါဘိ

  • Mr. MarGa

    January 23, 2013 at 8:37 pm

    စံပြရွာ
    အမှန်ကကွာ
    တကယ်တော့
    စံပြရွာသာ
    :hee:

Leave a Reply