ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့
ဧရာဝတီဘေးက မြို့ကလေးပါ
အဲဒီကစ ကျွန်တော့်ဘဝ ၊
သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ
ချမ်းမြခြင်းနဲ့အတူ ကျွန်တော်လိုလူနဲ့ ခြားနားလှပေါ့ ၊
ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း
အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့
ကျွန်တော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊
ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ
ကျွန်တော်က လဘက်ရည်
ငပိရည်ဆိုတာ ကျွန်တော့အကြိုက်
သူ ခိုက္တာက ဟမ္ဘာဂါ ခက္ဘူးလားဗ်ာ ၊
စိုင်းစိုင်း ဆိုတာ ကျွန်တော်မသိခဲ့
ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊
ကျွန်တော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ
တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိုင် အဆိုအလွမ်းပိုင်ပေမယ့်
သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို
ဟစ်ဟော့လို ဆိုချင်ပါသတဲ့ ၊
ကဲ ဘယ့်နှယ်ရှိစ ကျွန်တော်နဲ့သူမ

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..